“အသက် ၆၂ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဒေါ်စံဟာ နာတာရှည် ဝမ်းချုပ်တာ၊ အစာအိမ် အက်ဆစ်ဓာတ် အချဥ်ရည်ပြန်ဆန်တက်တာနဲ့ အိပ်မပျော်တာ စတဲ့ပြဿနာတွေ ရှိခဲ့ပါတယ်။ ငှက်ပျောသီး ပျားရည်စိမ်ကို မနက်တိုင်း ၂ ချပ်စီ စားကြည့်ပြီး ၂ ပတ်လောက်အကြာမှာတော့ သိသိသာသာ သက်သာလာပါတယ်။ နေ့တိုင်း ဝမ်းမှန်မှန်သွားပြီး ဗိုက်လည်း မနာတော့သလို အိပ်ရေးလည်း ပိုမိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာပြီး နိုးလာတဲ့အခါလည်း လန်းဆန်းနေတယ်” လို့ ဆိုပါတယ်။

ငှက်ပျောသီး ပျားရည်စိမ် ပြုလုပ်နည်း 🍌
ပါဝင်ပစ္စည်းများ........ 👇
* ငှက်ပျောသီး မှည့် ၁၀ လုံး
* ငှက်ပျောသီးမြုပ်လောက်အောင် ပျားရည်စစ်စစ်
* သန့်ရှင်းသော ဖန်ပုလင်းတစ်လုံး

ပြုလုပ်နည်း........ 👇
၁။ ငှက်ပျောသီးကို အခွံနွှာပြီး အနေတော် အတုံးလေးတွေ
လှီးပါ၊ ဒါမှမဟုတ် အလုံးလိုက်လည်း စိမ်လို့ရပါတယ်။
၂။ ဖန်ပုလင်းထဲမှာ ငှက်ပျောသီးတွေကို ထည့်ပါ။
၃။ ငှက်ပျောသီးတွေ မြုပ်သွားအောင် ပျားရည်ကို လောင်း
ထည့်ပါ။
၄။ အဖုံးကို လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ သို့မဟုတ်
အအေးဓာတ် ရှိတဲ့နေရာမှာ ၂-၃ ရက်ခန့် စိမ်ထားပါ။
၅။ အချိန်စေ့တဲ့အခါ ငှက်ပျောသီးတွေက နူးညံ့၊ ချိုပြီး မွှေး
နေပါလိမ့်မယ်။ စားသုံးရန် အသင့်ဖြစ်ပါပြီး......။

ကျန်းမာရေးအတွက် ငှက်ပျောသီး ပျားရည်စိမ် စားသုံးနည်း 🍽
မနက်စာ မစားမီ ၁-၂ ချပ် စားပြီး ရေနွေးနွေးလေး သောက်ပါ။
ဒါမှမဟုတ် အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ညမအိပ်ခင် စားပါ။

ငှက်ပျောသီး ပျားရည်စိမ်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ 👇
✅၁။ အစာခြေစနစ်ကို အားဖြည့်ပေးခြင်း.....။
ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူလမ်းကြောင်းကို
ကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။
✅၂။️ အစာအိမ်ကို အားဖြည့်ပေးခြင်း...။
အစာအိမ်အက်ဆစ်ကို လျှော့ချပေးပြီး အစာအိမ်အနာ
ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
✅၃။ လျင်မြန်စွာ ခွန်အားတိုးစေခြင်း...။
ငှက်ပျောသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာ
ကြောင့် ချက်ချင်း လန်းဆန်းတက်ကြွစေပါတယ်။
✅၄။ အစာအိမ် အချဥ်ရည်ပြန်ဆန်တင်ခြင်းကို
လျှော့ချပေးခြင်း...။
အစာအိမ်နဲ့ အစာပြွန်ကို ကာကွယ်ပေးတဲ့ အာနိသင်ရှိလို့ပါ။
✅၅။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အားဖြည့်ပေးခြင်...။
ပိုတက်စီယမ်နဲ့ ဗီတာမင် B ကြွယ်ဝသောကြောင့် ဖြစ်
ပါတယ်။
✅၆။ အိပ်စက်ခြင်းကို ကောင်းမွန်စေခြင်း...။
ပျားရည်မှာ အာရုံကြောကို ပြေလျော့စေတဲ့ ဓာတ်တွေ
ပါဝင်ပါသောကြောင့် ဖြစ်ပါတယ်။
✅၇။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း...။
ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် C နဲ့ ပျားရည်မှာပါတဲ့
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။
✅၈။ သွေးတိုးကို လျှော့ချပေးခြင်း...။
ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်ကြောင့် ဖြစ်ပါတယ်။
✅၉။ ဓမ္မတာလာစဉ် နာကျင်မှုကို လျှော့ချပေးခြင်း...။
ဟော်မုန်းတွေကို မျှတအောင် ထိန်းညှိပေးလို့ပါ။
✅၁၀။ အသားအရေကို အားဖြည့်ပေးခြင်း...။
ပျားရည်က အသားအရေကို နူးညံ့စေပြီး အိုမင်းရင့်ရော်
မှုကို နှေးကွေးစေပါတယ်။

image
1 y - Translate

ကိုယ့်ဘဝထဲက ပျော်ရွှင်လတ်ဆတ်မှုတွေကို စိတ်ဖိစီးမှုတွေက အစားထိုးသွားပီလား။

စိတ်တွေဖိစီးနေတယ် ၊ Mental Health အားနည်းနေတယ်လို့ပြောလိုက်ရင်

လူအများစုက အိပ်ရာထဲကမထနိုင်ပဲ စိတ်ဓာတ်ကျနေတာမျိုးကိုမှ ထင်တတ်ကြပါတယ်။

တကယ်တော့ စိတ်ဖိစီးမှုဆိုတာ — ကျွန်မတို့လို Busy Lifestyle သမားတွေဆီမှာ ကိန်းအောင်းနေတတ်ပီး

နေ့စဉ်ဘဝထဲကပျော်ရွှင်မှု နဲ့ လွတ်လပ်မှုတွေကို "တတ်တဆိတ် လှိုက်စားနေတဲ့" အရာပါ။

🧠 ဒါဆို ခုပြောပြပေးမဲ့ အချက် (၇) ချက်ထဲက ဘယ်နချက်က ကိုယ်နဲ့တိုက်ဆိုင်နေပီလဲ။

1️⃣ ကိုယ်ရဲ့ဉီးနှောက်က အချိန်ပြည့် အလုပ်လုပ်နေတာ -
အိမ်ပြန်ရောက်လို့ အနားယူမယ်ဆိုရင်တောင် ခေါင်းထဲ လုပ်စရာတွေ တစ်ခုပီးတစ်ခုပေါ်လာပီး ဉီးနှောက်ထဲ ပြည့်နေတာမျိုး ကြုံဖူးလား။

2️⃣ စိတ်တို လွယ်လာတာ -
စကားကို နှစ်ခွန်းထက်ပိုမပြောချင်တော့တာ၊
လူတွေနဲ့ ဆက်ဆံရာမှာပဲ ဖြစ်ဖြစ် ၊ တစ်ခုခု စောင့်ရတာကိုပဲ ဖြစ်ဖြစ် အလွယ်တကူ စိတ်ပျက်တတ်လာတာ။

3️⃣ ကိုယ်ခန္တာ လေးလံ ကိုက်ခဲတာ -
မျက်ရိုးနဲ့ နားထင်တစ်ဝိုက် ကိုက်ခဲတာ (ဒါမှမဟုတ်) တစ်ညလုံးအိပ်ထားပြီးတာတောင် နိုးလာတော့ ခေါင်းလေးပြီး ပင်ပန်းနေတာမျိုးဖြစ်ဖူးလား။ ဒါက stress တွေကို ခန္တာကိုယ်ကပါ ထမ်းထားရပီဆိုတဲ့ အဓိပ္ပါယ်ပါ။

4️⃣ ဆုံးဖြတ်ချက် အသေးလေးတွေ မချနိုင်တော့တာ -
အရင်ကဘာစားမယ်၊ ဘယ်သွားမယ်ဆို အမြဲ active ဖြစ်နေတဲ့သူပါ။ ဒါမဲ့ ဒီရက်ပိုင်းတွေမှာ ဦးနှောက်က ဝန်ပိနေပြီး ရိုးရှင်းတဲ့ ရွေးချယ်မှုတွေတောင် ခက်ခဲနေတာမျိုးဖြစ်တတ်ပါတယ်။

5️⃣ အလုပ်တွေ အချိန်ဆွဲမိလာတာ -
ဖိအားအရမ်းများနေတာကြောင့် အလုပ်တစ်ခုမပြီးခင် နောက်အလုပ်တွေခေါင်းထဲဝင်လာတာ၊ အာရုံစိုက်ရခက်ပီး result တွေပါ ကျလာတာ၊အလုပ်တစ်ခုခု လုပ်မယ်ဆိုပီး တော်တော်နဲ့မစတင်ဖြစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

6️⃣ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ -
ညတိုင်းနီးပါး ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ စိတ်ထဲမှာ အတွေးတွေ ပြေးလွှားနေတာမျိုး ဆိုရင်တော့ စိုးရိမ်ပူပန်မှုက သင့်အိပ်စက်ခြင်းကို ဆိုးဆိုးရွားရွား ထိခိုက်နေပါပီ။ အိပ်ချိန်လုံလုံလောက်လောက်မရရင် နောက်ဆက်တွဲဆိုးကျိုးတွေ များစွာရှိတာမို့ ဒီအချက်ကိုလဲ သတိထားမိဖို့ လိုပါလိမ့်မယ်။

7️⃣ ဖုန်းကို လက်ကမချရဲတာ -
ဒါဟာ စိုးရိမ်စိတ်ကနေ ဖြစ်လာတဲ့ မကောင်းတဲ့အကျင့်တစ်ခုပါ၊
အရေးကြီးတဲ့ကိစ္စတွေ လွတ်သွားမှာ စိုးရိမ်စိတ်ကြောင့် ဖုန်းထဲက အသံတစ်ခုကြားတိုင်း "Just One More Time" ဆိုပီး မနားမနေ စစ်ဆေးချင်စိတ်က စိတ်ဖိစီးမှုကို သံသရာလည်သွားစေပါတယ်။

—————————
ခုမင်မင်ပြောပြသွားတဲ့ လက္ခဏာတွေကနေ တစ်ဆင့် ကိုယ့်မှာ Silent Anxiety ရှိနေတာ သတိပြုမိသွားပီဆိုရင်
ဒါကိုယ့်ရဲ့ lifestyle သာယာမှုအတွက် အရမ်းကို ကောင်းတဲ့ ပထမခြေလှမ်းပါပဲ။

ဒုတိယခြေလှမ်း _ကိုင်တွယ်ဖြေရှင်းဖို့ အတွက်ကတော့
ကိုယ့် lifestyle နဲ့ကိုက်ညီပီး လွယ်ကူတဲ့ လက်တွေ့ကျကျ နည်းလမ်းတွေ လိုအပ်ပါတယ်။

Lemon Baby changed his profile picture
1 y - Translate

HBD to me

image

Me : ပီဇာဝ- ယ်လာတယ်
Mom : ထမင်းနဲ့စာ:
Me :

image
1 y - Translate

ဆော်ဒီနိုင်ငံမှာ မြန်မာရေငန်ငါးများဈေးကွက်ရရှိနေ

(စီးပွားရေး) ဇူလိုင် ၁၀
ဆော်ဒီ-မြန်မာနှစ်နိုင်ငံ ငါးတင်ပိုမှုမှာ မြန်မာ၏ရေချိုမွေးမြူရေးငါးတင်ပိုခွင့် ယာယီပိတ်ပင်ခံထားသော်လည်း ရေငန်ငါးများမှာ ဈေးကွက်ရရှိနေဆဲဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ဆော်ဒီအာရေးဗျနိုင်ငံအပါအဝင် ယူအေအီး၊ကာတာ၊ ကူဝိတ်၊ အီရတ်၊ ဘာရိန်း အစရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများသို သဘာဝရေငန်ငါးများနှင့် မွေးမြူရေး ရေချိုငါးများကို နှစ်စဉ်ပုံမှန် တင်ပိုလျက်ရှိရာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလနောက်ပိုင်းမှစ၍ ဆော်ဒီအာရေဗျနိုင်ငံသို မွေးမြူရေးငါးတင်ပိုမှုကို ယာယီရပ်ဆိုင်း ပေးထားခဲ့ရကြောင်း သိရပါတယ်။

သိုသော်မြန်မာနိုင်ငံမှငါးများကို အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများက နှစ်သက် ကြပြီး နှစ်စဉ်ဒေါ်လာသန်း ၁၀၀ အထိ ဈေးကွက်ရှိနေရာ ဆော်ဒီအာရေးဗျနိုင်ငံထံမှ ဝယ်လက်ပိုမိုရရှိကြောင်း သိရပါ တယ်။

ဒါကြောင့် ဆော်ဒီနိုင်ငံသို မြန်မာနိုင်ငံမှ ငါးတင်ပိုမှုမှာ ရေချိုမွေးမြူရေးငါးများ ယာယီပိတ်ထားသော်လည်း ၎င်းတိုဘက်မှ ပြန်လည်ကမ်းလှမ်း၊ စစ်ဆေးမှုများလုပ်ဆောင်လိုကြောင်း အကြောင်းပြန်လာပါက အဆင်သင့် ဖြစ်အောင် လုပ်ဆောင်ထားကြောင်း သိရပါတယ်

image
1 y - Translate

ပြည်ပသို သုံးလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၆ သိန်းကျော်တင်ပိုထားပြီးဖြစ်

(စီးပွားရေး) ဇူလိုင် ၁၀
ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ သုံးလတာကာလအတွင်း ပြည်ပသို ဆန်နှင့်ဆန်ကွဲတန်ချိန် ၆ သိန်းကျော် တင်ပိုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း ပြည်ပသို ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၁၄,၇၀၅ တန်တင်ပိုထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၂၁၄ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကာလအတွင်း ပြည်ပသို ဆန်နှင့်ဆန်ကွဲတင်ပိုမှုအနေနဲ့ ဆန်တန်ချိန် ၃၂၉,၃၃၅ တန်နှင့် ဆန်ကွဲတင်ပိုမှုအနေနဲ့ တန်ချိန် ၂၈၅,၃၆၉ တန် တင်ပိုထားခြင်းဖြစ်ပါတယ်။

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပိုရာ ဧပြီလမှာ တန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်နှင့် ဇွန်လတွင် ၂၁၂,၄၁၆ တန် တင်ပိုနိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသိုဆန်တန်ချိန် ၃ သန်းတင်ပိုရန်လျာထားပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ ပြည်ပသို ဆန်နှင့်ဆန်ကွဲတင်ပိုရန် လျာထားချက် ပမာဏတန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း သာ တင်ပိုနိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။

ပြည်ပသို ဆန်တင်ပိုမှုအနေနဲ့ ဥရောပဈေးကွက်၊ တရုတ်ဈေးကွက်၊ အာဆီယံဈေးကွက်၊ အာဖရိကဈေးကွက်သို ကုမ္ပဏီ ၆၀ ဝန်းကျင်ခန့်က တင်ပိုခြင်းဖြစ်ကြောင်း သိရပါတယ်။

image
1 y - Translate

တစ်နေ့လုံး ပင်ပန်းခဲ့ရပြီးပြီမို့ ...
အိပ်ချိန်လေးမှာတော့ ..
အေးလည်း အေးချမ်းချင်သလို
အိပ်လို့လည်း ပျော်စေချင်တယ် ။
#စာတို

ကိုယ့်ကို နာကျင်စေသူကိုတောင်
နှစ် လ တွေကြာတဲ့ထိ မြတ်နိုးနိုင်သေးတာပဲ

ကိုယ့်ဆီကို ပျော်ရွှင်ခြင်းတွေ ယူလာပေးတဲ့သူကိုရော
ဘာကြောင့် မဆုပ်ကိုင်နိုင်ရမှာလဲ

ဘဝမှာ အမြဲတမ်း ပိုချစ်ရတဲ့သူက
ကိုယ်ပဲဖြစ်ခဲ့ရတယ် မဟုတ်လား
တစ်သက်မှာ တစ်ခါတော့
ပိုချစ်ခံရတဲ့သူက ကိုယ်လဲ ဖြစ်ရဦးမှာပေါ့

ကိုယ့်အတွက် ဖြစ်တည်တဲ့သူမဟုတ်ရင် ပျံသန်းခွင့်ပေးပြီး
ကိုယ့်အတွက် ဖြစ်တည်တဲ့သူရဲ့ အရိပ်မှာခိုပါ

အမြဲမပျော်ရရင်တောင်
တစ်ချက်မှတော့ ငိုစေမယ်မထင်ဘူး
အချစ်ခံရတာကိုး ။

1 y - Translate

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ကောင်းနေတာလဲ? တဲ့
သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်သိပါတယ်
အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ
စိတ်ထဲရှိတယ်
နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ
ဒါပေမဲ့
လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး
လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်
ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။

image
1 y - Translate

At least two people were killed in Kyiv and 16 others were injured across Ukraine in an overnight Russian drone and missile bombardment, Ukrainian Pres. Volodymyr Zelenskyy said on Thursday morning.
https://abcnews.go.com/Interna....tional/russia-kills-

image