Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Raya and the Last Dragon (2021)
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ …..
ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။
ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။
တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်ကျင့်ကြတဲ့အခါမှတော့ …… နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။
နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း
၅ ပိုင်း ကွဲသွားခဲ့ပါတယ်။
နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို ကြိုးစားတဲ့အခါမှာတော့ …..
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/kdramabox1/208
အပင် အားဆေးရည် ပြုလုပ်နည်း*🌱🥜🌽
🎄🎄🎄 တောင်သူ လယ်သမားများ ၊ အလှပန်းပင်စိုက်ပျိုးသူများ ၊ဥယျာဉ်ခြံ စိုက်ပျိုးသူ အားလုံး အသုံးပြုလို့ရတဲ့ အကုန်အကျ သက်သာပြီး လုပ်ဆောင်ရ လွယ်ကူတဲ့ အပင် အားဆေးရည် ပြုလုပ်နည်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
⛄ပါဝင်သော ပစ္စည်းများ⛄
၁/ ကြက်ဥ - ၃ လုံး
၂/ ဆန်ဆေးရည် - တစ်လီတာ
၃/ အချိုမူန့် - ၂ ဇွန်း (ထမင်းစားဇွန်း)
လွယ်ကူရိုးရှင်းတဲ့ ပြုလုပ်နည်းလေး မပြောခင်မှာ ပါဝင်ပစ္စည်း တစ်ခုချင်းစီရဲ့ အပင်အတွက် အသုံးဝင်ပုံလေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
၁/ ကြက်ဥမှာ ပိုတက်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ကယ်လ်ဆီယမ် ၊ သံဓာတ် ၊ ဆိုဒီယမ် စသည့် အပင်များအတွက် လိုအပ်သော အာဟာဓာတ်များစွာ ပါရှိပါသည်။
၂/ ဆန်ဆေးရည်မှာ ကယ်လ်ဆီယမ် ၊ သံဓာတ် ၊ကာဗွန်ဟိုက်ဒြိတ် ၊ စီလီကာဓာတ် ၊ ကစီဓာတ် ၊ဗီတာမင်ဓာတ် စသည့် အပင်အတွက် အကျိုးဖြစ်ထွန်းစေသည့် အာဟာဓာတ်များစွာ ပါရှိသည်။
ဆန်ဆေးရည်ကို စိုက်ပျိုးပင်များမှာ တိုက်ရိုက် ပတ်ဖျန်းပေးခြင်းဖြင့် ကျန်းမာ သန်စွမ်းတဲ့ အပင်များ ရမှာ ဖြစ်ပါတယ်။
ဆန်ဆေးရည်ကို အချည်ဖောက်ပြီး အပင်မစိုက်ပျိုးမီ စိုက်ကျင်းထဲသို့ ကြိုပြီး ပက်ဖျန်းပေးခြင်းဖြင့် မိူ၊ပိုး၊ပျ၊စုပ်စားပိုး စသည့် မြေအောင်းပိုးများကိုလည်း နှိမ်နင်းပေးနိုင်ပါတယ်။
ဆန်ဆေးရည်ဟာ မိမိမြေဆီလွှာ၏ ချည်ငံဓာတ်ကိုလည်း အတန်အသင့် ပြုပြင်ပေးနိုင်စွမ်း ရှိသည့် အတွက် မိမိစားဖိုဆောင်မှ ရရှိသည့် ဆန်ဆေးရည်များကို မစွန့်ပစ်ဘဲ အပင်အတွက် စုဆောင်းထားရန် လိုအပ်ပါသည်။
၃/ အချိုမူန့်ဟာဖြင့် အပင်အတွက် လိုအပ်သော အနဲလို အများလို အာဟာရဓာတ်များစွာ ပါဝင်သည်။အပင်များအတွက် အစာချက်အားကောင်းစေသည်။မြေအောင်း အပင်အကျိုးပြု အဏုဇီဝပိုးများစွာ ပွားများစေသည်။အပင်ရဲ့ အရွက် အရွယ်အစားကြီးစေပြီး ပန်းပွင့်မူကို လူံ့ဆော်ပေးသည်။
⛄ပြုလုပ်နည်း⛄
ရှေးဦးစွာ ကြက်ဥသုံးလုံးကို ဖောက်ပြီးပန်းကန်တစ်ခုထဲသို့ မွှေနောက်ပါ။ရလာတဲ့ ကြက်ဥရည်ကို ဆန်ဆေးရည် ထည့်ထားတဲ့ တစ်လီတာဗူးထဲထည့်ပါ။ထို့နောက် အချိုမူန့် နစ်ဇွန်းကို ဆန်ဆေးရည်ဗူးထဲထပ်ထည့်ကာ ဗူးကို လူပ်ခါပေးပြီး အသုံးပြုလို့ရပါပြီ။လေးဂါလံ ဆေးဖျန်းပုံးတစ်ပုံးကို ဆန်ဆေးရည် ၊ ကြက်ဥ အပင်အားဆေးရည် တစ်လီတာထည့် အသုံးပြုလို့ရပါတယ်။
မက်စ်ရဲ့သခင်က ကလေးမွေးပြီးနောက် ကလေးမချစ်တတ်တဲ့ မက်စ်တစ်ယောက် ကလေးထိန်းရသောအခါ....
The Secret Life of Pets 2 ( 2019 ) 📱
===========================
ဒီဇာတ်လမ်းမှာတော့ မက်စ်ရဲ့သခင် ကေတီဟာ ချပ်ခ် နဲ့အိမ်ထော င်ရက်သားကျပြီး လီယန်ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးခဲ့ပါတယ်
ကလေးမချစ်တတ်တဲ့ မက်စ်တစ်ယောက် လီယန်နဲ့တွေ့တဲ့အခါမက်စ်တစ်ယောက် လီယန်ကို ချစ်သွားပါတော့တယ်။
ဒီဇာတ်လမ်းမှာ မက်စ်ဟာ အစိုးရိမ်ကြီးလွန်းတဲ့ စိတ်ရောဂါဝင်လာပြီးတော့ အရာရာကို ကြောက်နေတတ်ပါတယ်။
သူချစ်တဲ့ လီယန်လေးကိုလည်း အရမ်းတွေ စိုးရိမ်ပါတယ်။
ကေတီဟာ မက်စ်ကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပြီးတဲ့အခါမှာတော့ မက်စ်တိုဟာ နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။
မက်စ်ရဲ့အစိုးရိမ်လွန်၊ အကြောက်လွန်တဲ့ရောဂါဟာ ပျောက်နိုင်ပါ့မလား ?
တစ်ချိန်ထဲမှာပဲ ယုန်ဆိုးလေး စနိုးဘောဟာ ကပ္ပတိန်စနိုးဘောအနေနဲ့ ပါဝင်လာဦးမှာပါ။
တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့သူတွေအနေနဲ့ သဘောတွေ့ မနောခွေ့ရဦးမယ့် ဇာတ်ကားတစ်ကားပါ။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/relaxmovie1/1319
ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးကိုသတ်ပြီး ကမ္ဘာကြီးကို ကယ်တင်မယ့်တပ်ဖွဲလေး
Dragon Hunters ( 2008 ) 📱
=====================
ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးက နှစ် (၂၀) ပြည့်တိုင်း ပေါ်လာပြီး လူတွေကို သတ်ဖြတ်ပါတယ်
အဲ့ဒီနဂါးရဲ့ ရန်ကိုကြောက်တဲ့ ဘုရင်ကြီးက သူ့ရဲ့တူမလေးကို နဂါးကြီးကိုသုတ်သင်နိုင်တဲ့ သူရဲကောင်းကို ရှာဖိုလွှတ်လိုက်ပါတော့တယ်
တစ်ဖက်မှာ နဂါးရဲ့ရန်ကြောင့် မိဘကိုဆုံးရှုးလိုက်ရတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ သူငယ်ချင်းတိုဟာအသက်မွေးဝမ်းကြောင်းအတွက် မုဆိုးအလုပ်ကိုလုပ်ပြီးပိုက်ဆံလှည့်လည်ရှာဖွေကြပါတယ်
သူတိုနှစ်ယောက်နဲ့ ဘုရင်ရဲ့တူမလေးတို မတော်တဆတွေ့ဆုံကြပြီး ကမ္ဘာကြီးကိုကယ်တင်ဖို နဂါးကြီးကို ဘယ်လိုတွေရင်ဆိုင်သုတ်သင်ကြမလဲဆိုတာကိုတော့.....
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/Night_Movie_MM_Sub/385
🍀..ပြောင်းစိုက်ပျိုးနည်း🌽🌽🌽🌽🌽
🌽🍀..ကြိုက်နှစ်သက်သောမြေ
မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း မြေစေးမဆန်သော မြေရွ နှင့် သဲမဆန်သော မြေအမျိုးအစား ဖြစ်သင့်သည်။ ရေ မ ဝ ပ် ၊စိမ့်မစွဲသောမြေ၊ အစိုဓာတ်ထိမ်းနိုင်သောမြေ၊ သစ်ဆွေးဓာတ် ကြွယ်ဝသောမြေ၊ နုံးမြေ၊ နုံးစနယ်မြေ ကြိုက်နှစ်သက်သည်။ မြေချဉ်ငံဓာတ်(၆-၆.၈) အတွင်း ကြိုက်နှစ်သက်သည်။
🌽🍀..ကြိုက်နှစ်သက်သော ရာသီဥတု
အပူချိန် (၆ဝ-၉၅) ဒီဂရီဖာရင်ဟိုက်ရှိသော အခြေအနေတွင် ပြောင်း ဖြစ်ထွန်းနိုင်သည်။ နေ့အပူချိန် (၅၅) ဒီဂရီ ဖာရင်ဟိုက်အောက် ကျဆင်းသောရာသီတွင် စိုက်မရပါ။ အပူချိန် (၇၀-၇၅) ဒီဂရီဖာရင်ဟိုက်၊ (၂၁-၂၄) ဒီဂရီစင်တီဂရိတ်ရသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ညအပူချိန်(၆၅) ဒီဂရီဖာရင်ဟိုက်၊ (၁၈) ဒီဂရီဆယ်လ်စီးယပ်စ်နှင့် အထက်ရှိသောရာသီကို ကြိုက်သည်။ ယင်းအပူချိန်ထက် အေးသောဒေသတွင်မစိုက်သင့်ပါ။
🌽🍀..စိုက်ချိန်
နေ့အပူချိန် (၆၅-၉ဝ) ဒီဂရီဖာရင်ဟိုက်ရှိသော လတွင် စစိုက်ပါ။ အပင်သက်တမ်း (၁ဝဝ-၁၂ဝ) ရက်အတွင်း ယင်းအပူချိန် ပုံမှန် ရှိသင့်ပါသည်။
🌽🍀..မြေပြုပြင်ခြင်း
ပြောင်းစိုက်မည့် မြေကွက်အား ကြိုတင်ထယ်ရေးပြင်ထားရသည်။ ယခင်သီးနှံအကြွင်းအကျန်များနှင့် ပေါင်းမြက်များ ထယ်စာခဲအောက်မြုပ်စေခြင်းဖြင့် အော်ဂဲနစ်ဓာတ်များရစေပြီး ပေါင်းမြက်ပေါက်မှု သက်သာ စေပါသည်။ ပြောင်းစိုက်ခါနီး ထယ်ရေးမပြင်မီတွင် သစ်ဆွေး၊နွားချေးဆွေးများ ထည့်ပြီးမှ မြေပြင်ပါ။ ထယ် (၁-၂) စပ် နှင့် ထွန် (၂-၄) စပ် မြေအမျိုးအစား အနေအထားအရ ပြုပြင်ပါ။
🌽🍀..စိုက်စနစ်
ပြောင်းသည် လေဖြင့် ဝတ်မှုန်ကူးသောအပင်ဖြစ်၍ အတန်းများအား လေသွားလမ်းကြောင်းကို ကန့်လန့် ဖြတ်၍ ထားသင့်သည်။ အတန်းကြား(၂၄-၃၄) လက်မ၊ အပင်ကြား (၈-၁၂) လက်မတွင် (၁) ကျင်း (၁) ပင် ချန်ထားပြီး စိုက်ပါ။ မျိုးနှင့်စိုက်စနစ် ကွဲပြားသည်နှင့်အမျှ အတန်းကြား၊အပင်ကြား ကွာခြားနိုင်ပါသည်။ တစ်ဧက (၁၇၀၀၀) မှ (၂၄၀၀၀) ပင်ဝင်အောင်စိုက်ပါ။
🌽🍀..ရေပေးသွင်းခြင်း
ပြောင်း တစ်ရာသီ အပြည့်အဝကြီးထွား ဖြစ်ထွန်းရန် ရေ (၂၂-၂၅) ဧကလက်မ လိုပါသည်။ (၁) ဧကလက်မ အတွက် ရေ (၂၇,ဝဝဝ) ဂါလန်လိုအပ်၍ ၂၂ ဧကလက်မအတွက် (၅၉၄,ဝဝဝ) ဂါလန်လိုပါသည်။ လုံလောက်သော မိုးရေမရပါက (သို့မဟုတ်) ရေသွင်းစိုက်ပါက ၂ဝ၊ ၄ဝ၊ ၆ဝ၊၈ဝ၊ ၁ဝဝ ရက်သားများတွင် ရေပေးသွင်းပါ။ တစ်ကြိမ် နှင့်တစ်ကြိမ် တိုးပြီး ပေးသွင်းသင့်ပါသည်။
🌽🍀..မြေသြဇာကျွေးခြင်း
မြေခံအဖြစ် ကောမက်စွမ်းအား (၁) အိတ် နှင့် ကောမက်ဂျစ်ပ်ဆမ် (၁) အိတ် ရောစပ်၍ တစ်ဧကနှုန်းကျွေးပါ။
၂၀-၂၅ ရက်သားဘောင်လုံးချိန်တွင် ရွှေကောမက် (၁) အိတ်ကို ကောမက် ဂျီ-၂၁ (၁) အိတ်နှင့် ရောစပ်ကျွေးပါ။
🌽🍀..ပေါင်းမြက်နှိမ်နင်းခြင်း
ပြောင်းထယ်ရေးမပြင်မီ ပေါက်နေသော ပေါင်းမြက်များအား ပေါင်းကေလာ၊ ပရိုင်မာဆေးများဖြင့် ကြိုတင်နှိမ်နင်းပါ။ ပြောင်းစိုက်မြေဖုံးပြီးမှ (၁ဝ) ရက်သားအတွင်း ပြောင်းရွေးချယ်ပေါင်းသတ်ဆေး အတက်ခ်၊ မဟာမိတ်ဖြင့် နှိမ်နင်းပါ။ အတက်ခ်၊မဟာမိတ်ပေါင်းသတ်ဆေးအား ပေါင်းပင်အရွက် (၂) ရွက်ထွက်ချိန် နောက်ဆုံး အသုံးပြုပါ။ မြက်ပေါင်းအဓိကပေါက်သောပြောင်းခင်းများတွင် မဟာမိတ်ပေါင်းသတ်ဆေးအား အတက်ခ်ကဲ့သို့သုံးပါ။ ပြောင်း(၁)လသားခန့်တွင် ပရိုင်မာပေါင်းသတ်ဆေးအား
အတန်းကြား ပေါင်းမြက်များ သတ်ရန် သုံးနိုင်သည်။ ပရိုင်မာသုံးလျှင် ဆေးဖျန်းခေါင်းအား အုပ်ဆောင်းတပ်၍ ဖျန်းပါ။
BL မှ BL ဆိုတဲ့အစ်မတိုအတွက် ဂန်းစတား BL Animation ကားလေး 😊
Twittering Birds Never Fly - the Clouds Gather ( 2020 ) 📱
ရှင်းစေးခအိလုပ်ငန်းစုရဲ့ ဥက္ကဌနဲ့ခေါင်းဆောင် ယရှိရိုကတော့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတဲ့ လိင်မှုကိစ္စနဲ့ ရက်စက်မှုမှာ နာမည်ကြီး ရခုဇတစ်ယောက်ပဲဖြစ်ပါတယ်။
တစ်နေ့ ယရှိရိုဆီကို ဒိုအုမဲခိဆိုတဲ့ သက်တော်စောင့်တစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ ဒိုအုမဲခိကတော့ ဖြစ်ရပ်တစ်ခုကြောင့် ပန်းသေနေတာပါ။
ကာမကိစ္စမှာ အပျော်ကျူးတဲ့ ယရှိရိုတစ်ယောက် ဒိုအုမဲခိ အပေါ်တဖြည်းဖြည်း စိတ်ဝင်စားတိမ်းညွှတ်လာတဲ့အခါ..
ရခုဇ(မာဖီးယား)ဂိုဏ်းရဲ့ အာဏာလုမှုအရှုပ်အထွေးများစွာနဲ့ မပျံသန်းနိုင်တဲ့ အချစ်ငှက်ငယ်လေးနှစ်ကောင်ရဲ့ ဇာတ်ကြောင်းကို တရေးရေးမြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်ကားထဲတွင် ကြမ်းတမ်းသည့် လိင်မှုကိစ္စမြင်ကွင်းများ အသုံးအနှုန်းများပါဝင်သည့်အတွက် အသက်ပြည့်မှ ကြည့်ရှုစေလိုပါတယ်
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/relaxmovie1/1343