3 w - Translate

သတိရတဲ့အခါ မေတ္တာပို့ပါ
သတိရတိုင်း မေတ္တာပို့တတ်တဲ့ အကျင့်လေးကို မွေးမြူထားပါ ။ ကိုယ်ချစ်ရတဲ့ မိဘကို သတိရလို့ပဲဖြစ်ဖြစ် ၊ ကိုယ့်သူငယ်ချင်းကို သတိရလို့ပဲဖြစ်ဖြစ် ၊ ကိုယ့်ချစ်သူကို သတိရလို့ပဲဖြစ်ဖြစ် ၊ မပိုင်ဆိုင်ခဲ့ရတဲ့ တစ်စုံတစ်ဦးကို သတိရလို့ပဲဖြစ်ဖြစ် ၊ သေဆုံးသွားတဲ့ တိရစ္ဆာန်လေးကို သတိရလို့ပဲဖြစ်ဖြစ် သတိရတိုင်း မေတ္တာပို့ပါ ။ မေတ္တာဆိုတာ တစ်ဖက်လူကို ကိုယ့်ထက်ပိုပြီး အဆင်ပြေစေချင်တဲ့ သဘောဖြစ်ပါတယ် ။
တစ်ဖက်လူ အဆင်ပြေဖို့ ၊ ပျော်ရွှင်ဖို့ ၊ ဘေးအန္တရာယ် ကင်းရှင်းဖို့အတွက် အမြဲ စိတ်ဆန္ဒဖြစ်နေတာကို မေတ္တာလို့ ခေါ်ပါတယ် ။ မေတ္တာပို့တယ်ဆိုတာဟာလည်း တစ်ဖက်လူ ကံကောင်းခြင်းတွေ ရောက်လာဖို့ ၊ ကျန်းမာချမ်းသာဖို့အတွက် ဆုတောင်းပေးတာ ဖြစ်ပါတယ် ။
"အရှင်ဘုရား...ရှင်သန်ခဲ့တဲ့ ကာလတစ်လျှောက် တပည့်တော် ဆိုးသမျှကို သည်းခံပြီး တပည့်တော်အပေါ် လွန်စွာအနစ်နာခံခဲ့တဲ့ တပည့်တော်ရဲ့ မိခင် စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ ”
“အရှင်ဘုရား...တပည့်တော်ကို လူလားမြောက်သည်အထိ ကျွေးမွေးပြုစု ပေးခဲ့တဲ့ ဘုရားတပည့်တော်၏ ဖခင်သည် ယနေ့မှစ၍ အသက်ရှည်လို့ ကျန်းမာ ၊ ချမ်းသာပါစေ”
“ အရှင်ဘုရား...တပည့်တော်အပေါ် မငြိုမငြင်နဲ့ ချစ်ခင်ပေးခဲ့တဲ့ တပည့်တော်၏ ချစ်ရသူသည် ယနေ့မှစ၍ ဘေးအန္တရယ်ကင်းရှင်းပြီး အေးချမ်း ပျော်ရွှင်ပါစေ ”
“ အရှင်ဘုရား... ဘုရားတပည့်တော်ကို စိတ်လုံခြုံမှု ၊ ပျော်ရွှင်မှုတွေပေးတဲ့ တပည့်တော် သူငယ်ချင်းသည် ယနေ့မှစ၍ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ ”
“အရှင်ဘုရား...တပည့်တော်အပေါ် ကျေးဇူးသိတတ်တဲ့ တပည့်တော်ချစ်ရတဲ့ ခွေးပေါက်ကလေးသည် ကောင်းရာဘုံဘဝကို ရောက်ရှိပါစေ ။ ရောက်တဲ့ဘုံမှာလည်း အေးချမ်းပါစေ ။ ပျော်ရွှင်ပါစေ ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ”
ဘယ်သူ့ကိုပဲ သတိရရ ၊ သတိရတဲ့အခါတိုင်း မေတ္တာပို့ပါ ။ မေတ္တာပို့တဲ့အခါ တစ်ဖက်လူကို အန္တရာယ်ဖြစ်စေလိုတဲ့စိတ်နဲ့ မပို့ပါနဲ့ ။ မေတ္တာစိတ်နဲ့ပဲ မေတ္တာပို့ပါ ။ မေတ္တာဆိုတဲ့ အဓိပ္ပာယ်က တစ်ဖက်လူကို ကောင်းကျိုးချမ်းသာရစေချင်တဲ့ စိတ်ဆန္ဒ ဖြစ်ပါတယ် ။
#သော်တာမင်း(Thaw Tarr Burmese Diary)
#သတိရတဲ့အခါမေတ္တာပို့ပါ

image