#နိုင်ငံတကာသတင်း
◼ အီရန်ထိပ်သီးခေါင်းဆောင်အားလုပ်ကြံနိုင်ခြေသတင်းအပေါ်မဆွေးနွေးလိုကြောင်း ပူတင်ပြောကြား
အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီအား အစ္စရေး နှင့် အမေရိကန်ကလုပ်ကြံသွား နိုင် သည်ဆိုသော ဖြစ်နိုင်ခြေကို ဆွေးနွေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြင်းဆိုခဲ့ကာ တီဟီရန်ခေါင်းဆောင်ပိုင်းအား အီရန် ပြည်သူများက အခိုင်အမာဝန်းရံနေကြကြောင်း ပြောကြားသည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်တွင် အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်နိုင်ကြောင်းကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပေါ်ပေါ်ထင်ထင် ဆွေးနွေးနေချိန်မှာပင် အီရန် ထိပ်သီးခေါင်းဆောင် မည်သည့် နေရာ၌ ပုန်းအောင်းနေသည်ကို မိမိတို့ အတိအကျ သိရှိထားကြောင်း နှင့် ဝါရှင်တန် က လော‌လောဆယ် ၎င်းအား သုတ်သင်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ပြောကြားခဲ့သည်။
အမေရိကန်၏ အကူအညီဖြင့်အစ္စရေးက ခါမေနီအား သုတ်သင်ခဲ့ပါက ၎င်း၏တုံ့ပြန်မှု မည်သို့ဖြစ်မည်နည်းဟု မေးမြန်းမှုအပေါ် “ ဒီဖြစ်နိုင်ခြေကို ကျွန်တော် မဆွေးနွေးချင်ပါဘူး။ မပြောချင်ပါဘူး” ဟု မစ္စတာပူတင်က ပြောကြားသည်။
“ ဒီနေ့ အီရန် မှာ ကျွန်တော်တို့မြင်တွေ့နေရတာက ရှုပ်ထွေးတဲ့ ပြည်တွင်းနိုင်ငံ‌ရေးလုပ်ငန်းစဉ် ဖြစ်ပေါ်နေချိန်မှာ နိုင်ငံရဲ့‌ခေါင်းဆောင်ပိုင်းအပေါ် ပြည်သူလူထုရဲ့ အခိုင်အမာရပ်တည်မှု ရှိနေပါတယ်။” ဟု ရုရှားမြောက်ပိုင်း စိန့်ပီတာစဘာ့ဂ်မြို့၌ ရောက်ရှိနေသော ပူတင်က သတင်းဌာနအကြီးတန်းအယ်ဒီတာများအား ပြောကြားသည်။
အီရန်အတွက် ငြိမ်းချမ်းသောနျူကလီးယားအင်အား ပိုင်ဆိုင်ခွင့်နှင့်ဂျူးနိုင်ငံတော်၏ ခြွင်းချက်မရှိလုံခြုံ‌ရေးအတွက် အစ္စရေး၏ အခွင့်အရေးကို သေချာစေသော နည်းလမ်းတစ်ရပ်ဖြင့် ရန်လိုမှုများအား အဆုံးသတ်ရေး နည်းလမ်းများကို ရှာဖွေသင့်ကြောင်းလည်း ရုရှားသမ္မတ ပူတင် က ဆက်လက်ပြောကြားသည်။
လေကြောင်းတိုက်ခိုက်မှုများခြောက်ရက်မြောက်လာပြီးတီဟီရန်၌နေထိုင်သူများ မြို့‌ တော်မှ အလု အယက် ထွက်ခွာနေကြချိန်တွင် အီရန်၏ နျူကလီးယား နှင့် ဒုံးကျည်စခန်းများအား အစ္စရေးနှင့်အတူ အမေရိကန်က ပါဝင် ဗုံးကြဲတိုက်ခိုက်မည်လား ဆိုသည့်အပေါ် ကမ္ဘာကြီးကခန့်မှန်းရခက်အောင် ထရန့် က လုပ်ဆောင်ထားချိန်၌ ပူတင် ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့နောက်ဒေါ်နယ်ထရန့် ၊ နေတန်ယာဟုတို့နှင့် အဆက်အသွယ်ရှိနေကြောင်းလည်း ပူတင် က ပြောကြားသည်။
အီရန်က အစ္စရေးတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် ရုရှားက အီရန်သို့ ခေတ်မီလက်နက်များ ထောက်ပံ့ရန် အသင့်ရှိပါသလားဟု မေးမြန်းရာတွင် တီဟီရန်နှင့် ဇန်နဝါရီလက လက်မှတ်ထိုးခဲ့‌သော မဟာဗျူဟာမြောက်ပူးပေါင်းမှု ၌ စစ်ရေးပူးပေါင်းဆောင်ရွက်ရေးကို မမျှော်မှန်းခဲ့ကြောင်း နှင့် အီရန် ကလည်း တရားဝင်အကူအညီတောင်းခြင်း မရှိကြောင်း ရုရှားသမ္မတ က ပြောကြား သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

#နိုင်ငံတကာသတင်း
◼ အစ္စရေး-အီရန် စစ်ပွဲတွင် အမေရိကန်တိုက်ရိုက်ပါဝင်ရန်ထရန့်သဘောတူသော်လည်းဆုံးဖြတ်ချက်မချသေး
အီရန်အပေါ် တိုက်ခိုက်ရေးအစီအစဉ်များကို ‌အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သဘောတူထားပြီ ဖြစ်သော်လည်း အစ္စရေးအားကူညီရန် အမေရိကန်အား စစ်ပွဲအတွင်းသို့ ဆွဲသွင်းရန် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။
အီရန်ကနျူကလီးယားအစီအစဉ်အား စွန့်လွှတ်ရန် သဘောတူခဲ့ပါက ဆိုသော မျှော်လင့်ချက်ကြောင့် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ကို ထိန်းထားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အမေရိကန် CBS News နှင့် ဝေါလ်စထရိဂျာနယ်တို့အား ပြောကြားကြသည်။
အစ္စ‌ရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု စတင်သည့်အချိန်အထိ အမေရိကန်က အီရန်နှင့် နျူကလီးယားသဘောတူညီချက်အတွက် ဆွေးနွေး‌နေခဲ့သည်။
“ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန် နောက်ဆုံးစက္ကန့်ကျမှ ကျွန်တော်ဆုံးဖြတ်ချက် ချချင်ပါတယ်။ အကြောင်းကတော့ အခြေအနေတွေက ပြောင်းလဲနေတယ်။ အထူးသဖြင့် စစ်ပွဲဖြစ်နေချိန်မှာပါ။” ဟု ထရန့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုအတောအတွင်းမှာပင် အီရန်နှင့် အစ္စရေးက တစ်ဖက်နှင့်တစ်ဖက် ဆက်လက်တိုက်ခိုက်နေကြသည်။
မြို့တော် တီဟီရန်မှ စစ်‌ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စ‌ရေးစစ်ဘက် ကပြောကြားပြီး အစ္စရေးအား ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အီရန်ဘက်ကလည်း ပြောသည်။
အီရန်စစ်တပ်၏ အစ္စရေးအား ဒုံးကျည်အမြောက်အမြားဖြင့် ပစ်လွှတ်တိုက်ခိုက်နိုင်စွမ်း ကျဆင်းသွားအောင် အစ္စရေးစစ်ဘက်က ထိုးနှက်နိုင်ခဲ့ကြောင်း အစ္စရေးအရာရှိကြီးတစ်ဦးက CNN သတင်းဌာနအား ပြောကြားခဲ့သည်။
အီရန် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စင် ၄၀ ရာခိုင်နှုန်းခန့်ကို အစ္စရေးက ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း ၎င်းအရာရှိက ဆက်ပြောသည်။
အီရန်၏ လေကြောင်းကာကွယ်ရေးကို တာဝန်ယူထားသော စစ်ဘက်အကြီးအကဲများကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် သောကြာနေ့က ပဋိပက္ခစတင်ခဲ့ပြီးနောက် အီရန် က အစ္စရေးနိုင်ငံအား ပဲ့ထိန်းဒုံးကျည်ပေါင်း ၄၀၀ ခန့် ၊ ဒရုန်းပေါင်း အစီး ၁၀၀၀ ခန့် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်အရာရှိကြီး တစ်ဦးက ပြောသည်။
ယမန်နေ့ည သန်းခေါင်ယံ ကျော်တွင် အီရန် က အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ယင်းတွင် အသံထက်မြန်သော Fattah-1 ဒုံကျည်များလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
အစ္စရေးက ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တုံ့ပြန်ခဲ့ပြီး တီဟီရန်မြို့မှ လေကြောင်း ကာကွယ် ရေးစနစ် များဖြင့် ကာကွယ်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားသည်။
တိုက်လေယာဉ် အစီး ၆၀ ကို အသုံးပြု၍ အီရန်၏ လက်နက်ထုတ်လုပ်ရေးစခန်းများ ၊ ယူရေနီယံသန့် စင်စက် ထုတ်လုပ်သောနေရာများ၊ နျူးကလီးယားလက်နက်စီမံကိန်း အတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာများအား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက် က ထုတ်ပြန်ပြောကြားသည်။
အစ္စ‌ရေးနှင့်အတူ ရပ်တည်ခြင်းအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောကြားချိန်မှာပင် စစ်ပွဲတွင် ပါဝင်ခြင်းမပြုရန် အီရန်က အမေရိကန်အား သတိပေးပြောကြားသည်။
အမေရိကန်စစ်ဘက်ပါဝင်ပတ်သက်ခြင်းသည် ပြန်လည်ပြင်ဆင်၍မရသော ပျက်စီးမှု ဖြစ်စေနိုင်ကြောင်း အီရန်ထိပ်သီးဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမီနီ က နိုင်ငံတော်သို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
ယင်းတွင် အရှေ့အလယ်ပိုင်းမှ အမေရိကန်စစ်စခန်းများအား တိုက်ခိုက်မှုများလည်း ပါဝင်နိုင်ကြောင်း သိရသည်။
ဖိအားပေးခံနေရချိန်တွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်မည်မဟုတ်ကြောင်း နှင့် ခြိမ်းခြောက်မှုများအား တန်ပြန်ခြိမ်းခြောက်မှုများဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
လတ်တလောတွင်အမေရိကန်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများတွင် မပါဝင်သေးကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-UPI

image
34 w - Translate

Virgo ♍️ soulmate earth signs လို့ပြောကြပေမဲ့ တကယ်က သူတို့က 12 signs လုံးကို ပတ်ပလေး ဟိုမလွတ် ဒီမလွတ် အကုန်လုံးကိုချစ်တတ်တဲ့ဟာတွေ 🥹🥹
virgo ♍️ ချင်းတူတူတောင် Sep ဂိုဂိုတွေက ပိုနီသလိုပဲရော်

image
34 w - Translate

Zodiac signs တွေရဲ့ နှလုံးသား ဘယ်နေရာမှာရှိလဲ 👀
ဒါနဲ့ စကော်ရဲ့ အသည်းက ဘယ်ရောက်နေတာလဲဟင် 🤭🧐

image
34 w - Translate

zodiac signs တွေက earth 🌍, Fire 🔥, Water 💦, Air 🌪️ အဲ့ဒီ၄မျိုးထဲမှာမှ
Water 💧 လေးတွေကို တွဲကြည့်ဖို့ recommend ပေးချင်တာ
ဘာလို့ဆိူ သူတို့က တခြားသူတွေနဲ့ယှဉ်ရင် ရေဆိုတော့ အေးချမ်းတယ်လေနော်။ရေဆိူတာလူရဲ့မရှိမဖြစ်ပဲ🥲
တခုပဲသတိထားရမှာ ရေနစ်ရင်တော့thay တတ်တယ်လေ မရူမလှလေး အေးအေးချမ်းချမ်းလေး thay တတ်တာလေးတခုပဲသတိထားရမှာ”)

ကိုယ့်ကို အ - ပျော်- တွဲ- တာလားလို့ မေးရအောင်လည်း
သူ့ကြ- ည့်ရတာ ပျော် နေတဲ့ပုံ မ -ပေါ်- ဘူး

image

Me : အပြင်မလို- က်တော့ဘူး အိမ်မှာလု” ပ်စရာတွေရှိသေးတယ်
Also me :

image

အတန်းထဲမှာ ခွီနေရင်းအတူတူ သူငယ်ချင်းမှ စာထမေးခံရသောအခါ 🫵😂😝

image

~~~~~~~~~~~~
ကြက်ချဥ်စပ် ချက်နည်းလေး မျှဝေပေးမယ်နော်
ပါဝင်ပစ္စည်းတွေကတော့
ကြက်သား
ကွကျဥ
ကြက်သွန်ဖြူနီ ဂျင်း
ကိုင်းခရမ်းချဥ်သီး
ငရုတ်သီးစိမ်း
ငရုတ်အကြမ်းဖက်မှုန့်
ကော်မှုန့် နဲ့
ရှောက်သီး တို့ပဲ ဖြစ်ပါတယ်
ကြက်သားကို အသားသီးသန့် အဖတ်လေး (သို့) ခပ်ရှည်ရှည်လေးတွေ ကိုယ်ကြိုက်သလိုပုံစံ ပါးပါးလေးတွေ လှီးပီး ဆေးကျောသန့်စင်ထားပါ။
ကြက်ဥနှစ်လုံး (သို့) တလုံး
ဆားအရသာမှုန့်အနည်းငယ်
ဂျင်းကြက်သွန်ဖြူထောင်းထားတာနဲ့
ကော်မှုန့် လက်ဖက်ရည်ဇွန်းတဝက်ခန့်ကို သန့်စင်ထားတဲ့ ကြက်သားနဲ့ ရောနယ်ပါမယ်။
ဒယ်အိုးထဲ ဆီခပ်များများထည့်ပီး ဆီပူလာရင် နယ်ထားတဲ့ကြက်သားတွေ ထည့်ပြီး ခပ်ဖွဖွမွှေကြော်ပေးပါ။
ကြက်သားပါးပါးလေးတွေမို့ အကြာကြီးကြော်ဖို့မလိုပါဘူး ၅မိနစ်လောက်ဆို ဆယ်ယူလို့ရပါပြီနော်။
ဆယ်ထားတဲ့ကြက်သားတွေကို ဆီစစ်ပေးထားပါ။
ဒယ်အိုးထဲကဆီကို တဝက်လောက်ပြန်နူတ်ယူပြီး ကျန်တဲ့ဆီထဲကို ငရုတ်သီးစိမ်း ငရုတ်ကြမ်းဖက်နဲ့ ငပိစိမ်းစားအနည်းငယ်ထောင်းထားတာလေးထည့်ပြီး ဆီသပ်ပါမယ်။
အနံလေးမွေးလာရင်တော့ ကိုင်းခရမ်းချဥ်သီး ၃လုံးလောက် လှီးထည့်ပါ။
ခရမ်းချဥ်သီးတွေကြေပီဆိုရင် ကြက်သွန်နီလှီးထားတာလေးထည့်ပါ ပီးရင်တော့ ဆီစစ်ထားတဲ့ကြက်သားတွေထည့်မွှေလို့ရပါပြီ။
ခပ်ဖွဖွလေးမွှေပေးပါနော်။
နှံ့စပ်အောင်မွှေပီးရင် ငံပြာရည်တဇွန်း
ငရုတ်ဆုံကျင်းထားတဲ့ ရေနည်းနည်းကိုထည့်ပီးရင်
ငရုတ်သီးစိမ်းလေးတွေချိုးထည့်ပီး ရေခမ်းအောင် ခဏ ဖုံးအုပ်ထားပေးပါ။
အခုနောက်ဆုံးမှာတော့ ရှောက်သီးတလုံးရဲ့ ၃ပုံ တပုံခန့်ကို အရည်ညှစ်ထည့်ပေးပါ။
ပီးရင် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့် ဖျော်ထားတဲ့ကော်ရည်လေးတွေကိုထည့်မွှေပါ။
ဟင်းခတ်ရွက်အနည်းငယ်လှီးထည့်ပီးရင်တော့ အိုးချလို့ရပါပြီ။
ဒါဆိုရင်တော့ အရသာ ချဥ်ငံစပ် ခပ်ကဲကဲလေးနဲ့
ဆိုင်မှာ ဝယ်စားရတဲ့ ရောင်းတန်းဝင်အရသာနဲ့ ကြက်ချဥ်စပ်ဟင်းကောင်းလေးတခွက် ရပါပြီ။
ထမင်းစားမြိန်ကြပါစေနော် 😋😋😋

image
34 w - Translate

◾️Sales Promoter - Yangon
Company: Jupiter Furniture
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/24206

◾️Sales Executive - Yangon
Company: Jupiter Furniture
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/24205

◾️Page Admin ( Digital Marketing) - Mandalay
Company: Myanmar Tea Leaf Company Limited
Salary Range: Negotiation
https://www.joimyanmar.com/job/detail/24204

image