" ကျေးဇူးတင်ပါတယ် "
==============
တစ်ယောက်တည်း ရှင်သန်တတ်အောင်
သင်ကြားပေးခဲ့တဲ့ ကျောခိုင်းသွားသူတွေကိုလဲ
ကျေးဇူးတင်တယ်။
သူများလက်ထဲက ပိုက်ဆံဟာ
ကိုယ့်ပိုက်ဆံမဟုတ်ဘူးဆိုတဲ့ အတွေးခေါ်ကို
ခေါင်းထဲထည့်ပေးခဲ့တဲ့ ပိုက်ဆံ ချေးမရသူတွေကိုလည်း
ကျေးဇူးတင်တယ်။
အားမနာသင့်တာကို အားနားရင်
ခါးတင်မဟုတ် တစ်ကိုယ်လုံးတောင်
ပါသွားနိုင်တဲ့ဆိုတဲ့ သင်္ခန်းစာကို
လက်တွေ့သရုပ်ဆောင် သွားကြတဲ့
ပိုက်ဆံချေးပြီး ပြန်မပေးတဲ့သူတွေကိုလဲ
ကျေးဇူးတင်တယ်။
ကိုယ်တကယ် ဒုက္ခရောက်တဲ့အခါ
ကိုယ့်ကိုယ် ကယ်တင်နိုင်တဲ့သူဟာ
ကိုယ်ကလွဲပြီးတခြားမရှိ
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပါဆိုတဲ့
ကိုယ့်အားကိုယ်ကိုးတတ်လာအောင်
လက်တွေ့သင်ကြားပေးခဲ့တဲ့
ဖာသိဖာသာ နေကြသူတွေကိုလည်း
ကျေးဇူးတင်တယ်။
စကားကြမ်းတိုင်းလည်း မယုတ်
စကားချိုတိုင်းလည်း စိတ်ထားမချိုဆိုတဲ့
ဒဿနကို ပိုပြီးယုံကြည်သွားအောင်
လက်တွေ့ပြသပေးခဲ့တဲ့
ရှေ့မှာတော့ ဟုတ်ပါ့ မှန်ပါ့ဆိုပြီး
နောက်ကျောကို ဓားနဲ့ထိုးသွားသူတွေကိုလည်း
ကျေးဇူးတင်တယ်။
ကတိဆိုတာ...
ပေးဖို့ လွယ်သလောက်
တည်ဖို့ ခက်တယ်
ကတိတည်ဖို့ ကြိုးစားရမယ်ဆိုတဲ့
အတွေးမျိုး လမ်းပြပေခဲ့တဲ့
ကတိမတည်သူတွေကိုလည်း
ကျေးဇူးတင်တယ်။
ဒေါသနဲ့ အမုန်းတရားဟာ
ကိုယ်အရင် ပူလောင်ရတယ်ဆိုတဲ့
😢😢😢😢😢😥😥
စကားကို မီးမောင်းထိုးပြလိုက်တဲ့
ကိုယ်မုန်းနေတဲ့ တချို့သောသူတွေကိုလည်း
ကျေးဇူးတင်တယ်။
တကယ်တော့....
လောကမှာ ယူတတ်ရင် ပညာတွေချည်းပါပဲ...။
ကိုယ် ဘယ်လိုထုတ်ယူမလဲ ဆိုတာသာ
အရေးကြီးမယ် ထင်ပါတယ်....။
