#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျာမနီတွင် ရထားလမ်းချော်မှုကြောင့် လူသုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ခရီးသည်တင်ရထား လမ်းချော်မှုကြောင့် လူသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၇ရက်တွင် ပြောသည်။
ဒို့ချ်ဘန်း ရထားကုမ္ပဏီ၏ အဆိုအရ ယင်းအဆိုပါရထားသည် စတုဂတ် မြို့အနီး ရိဒ်လင်ဂျန်တွင် လမ်းချော်ခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေ။
မတော်တဆမှုမတိုင်မီ မုန်တိုင်းကျခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ဂျာမနီအခြေစိုက်သတင်းဌာနများ၏ အဆိုအရဒေသစံတော်ချိန် ညနေ ၆ နာရီတွင် သစ်တောအတွင်း ရထားတွဲနှစ်ခုလမ်းချော် တိမ်းမှောက်စဉ် ရထားပေါ်၌ ခရီးသည်ပေါင်း ၁ဝဝ ခန့် ရှိခဲ့သည်။ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ဂျာမနီဝန်ကြီးချုပ်က ထုတ်ပြန်သည်။
ပြည်ထဲရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးများက အခြေအနေကို အနီးကပ်ကိုင် တွယ်နေပြီး အရေးပေါ်ဝန်ဆောင်မှုများ လိုအပ် သမျှပေးရန်ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ် က ပြောသည်။
ရထားတွဲတွင် ပိတ်မိနေသူများကို ကယ် ဆယ်ရေးသမားများက ကယ်ထုတ်ရန် ဆက်လက်လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့၏ ကနဦး ထုတ်ပြန်ချက်တွင် လူသုံးဦးသေဆုံးပြီး အခြားခရီးသည်များ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘီဘီစီ

image