လူ တွေဟာ သူတိုချစ်ရသူကိုဆို လှတဲ့ နေရာ တွေ ရောက်ရင် သတိရတယ်။ ဒီ နေရာမှာ သူနဲ့သာ အတူဆိုရင်..ဆိုတဲ့စိတ်နဲ့ ပြုံးတတ်ကြတယ်။ အရသာရှိတဲ့ စား ကောင်း သောက် ကောင်း တွေ တ ယောက်တည်းစားမိပြန်ရင်လည်း သူနဲ့အတူလာဦးမှဆိုပြီး မှတ်ထားတတ်ကြတယ်။

ဒီလိုပါပဲ လူ တွေဟာ တ ယောက်တည်း ပျော်ရရင် တောင် ပျော် နေတဲ့ကြားက အတူတူသာဆိုရင်ဆိုတဲ့အ တွေးနဲ့ ချစ်ရသူကို သတိရတတ်ကြတာပါပဲ။

image

စိတ်ပူပန်ရမယ့်အကြောင်းတွေ တွေးမိရင်
အကုန်လုံးကို စိတ်မချရတာချည်းပဲ ။

အဖေနဲ့အမေကို နေကောင်းနေစေချင်တယ် ၊
မောင်နှမတွေကို အလုပ်တွေအဆင်ပြေစေချင်တယ် ၊
သူငယ်ချင်းတွေကို အသည်းမကွဲစေချင်ဘူး ။

ချစ်ကြသူတိုင်း ပေါင်းရပြီး
အနတ္တနဲ့ ဒုက္ခတွေ
ဘဒ္ဒကမ္ဘာမှာ ဝေးစေချင်တယ် ။
မင်းစိတ်လည်း အေးစေချင် ၊
မုန်းစိတ်လည်း ငြိမ်းစေချင်ပါတယ် ။

image
27 w - Translate

"ပေးတဲ့လက်ပဲဖြစ်ချင်တဲ့ လူမျိုးပါ
တစ်ခုခုဆို ငါဘာလုပ်ပေးနိုင်လဲ
ဆိုတာပဲ တွေးပြီး လုပ်ပေးနိုင်တာဆို
လုပ်ပေးလိုက်တယ်။
လူတစ်ဦးကို ချစ်တာပဲဖြစ်ဖြစ်
ခင်မင်တာပဲဖြစ်ဖြစ် သူတို့ဆီကနေ
ငါဘာရမလဲဆိုတဲ့ စိတ်မျိုး မရှိဘူး။
ငါ့ဖက်က ဘာပေးနိုင်မလဲဆိုတာပဲ
စဉ်းစားပါတယ်။
မိသားစုမှာဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေး
မှာဖြစ်ဖြစ် သူတို့လိုအပ်လာချိန် ငါဘာ
ကူညီပေးနိုင်မလဲပဲ အမြဲတွေးထားတယ်။
ကူညီပြီးရင် တစ်ဖက်လူဆီက ဘာပြန်ရမလဲလို့
မမျှော်လင့်တတ်ဘူး။
ငါအကောင်းဆုံး ကူညီပေးလိုက်နိုင်တယ်။
တစ်ဖက်မှာလည်း အဆင်ပြေသွားတယ် ဆိုရင်
ရပါပြီ ။
ကိုယ့်စေတနာကို အသိအမှတ်ပြုခြင်း၊
မပြုခြင်းတွေ ၊ ကိုယ်မတွေးဘူး ။
အဓိက က ကိုယ်သည်
စေတနာသန့်သန့်နဲ့ ဖြူစင်သော မေတ္တာများဖြင့်သာ
ကူညီပေးကမ်းနိုင်ဖို့ကိုပဲ အမြဲရှေးရှုထားသည်။
ပေးကမ်းနိုင်သော လက်တစ်စုံအဖြစ်နဲ့
အမြဲကြိုးစားရှင်သန်နေပါမယ်။

image
27 w - Translate

အသက်ကြီးလာရင် နေတတ်မှ..
မနေတတ်ရင်
ကိုယ်က အားလုံးရဲ့..
ရွံကြောက်ကြီးဖြစ်မယ်..
တချို့အရာတွေကို
မမေးရဘူး မသိချင်ရဘူး..
သူတို့မှာသူတို့ပြဿနာနဲ့သူတို့ရှိနေကြတယ်
ကိုယ်ပါဖို့လိုအပ်ရင်သူတို့ပြောလိမ့်မယ်
မပြောရင် ကိုယ့်ကိုမလိုအပ်လို့ ...
တချို့ကိစ္စတွေကို
မမေးဘဲနဲ့မပြောရဘူး
မတောင်းဘဲနဲ့ အကြံဉာဏ်တွေမပေးရဘူး
သင့်ခေတ်တုန်းကအတွေ့အကြုံတွေကို
သူတို့ခေတ်မှာ ကိစ္စတိုင်းမှာမလိုအပ်တော့ဘူး
အသုံးမဝင်တော့ဘူး တန်ဖိုးမထားတော့ဘူး
နေရာတကာမပါရဘူး
တချို့အရာတွေကို
မသိချင်ယောင်ဆောင်ပေးရတယ်
ငါက အ ဖေ ပဲ ငါက အ မေ ပဲ
ငါကဦးလေးပဲငါကအဒေါ်ပဲ
ငါကအဖိုးပဲ ငါကအဖွားပဲဆိုတဲ့
"အသက်အရွယ်ကြီးမှု"တစ်ခုတည်းနဲ့
နေရာတကာမှာ ဖျာဝင်ခင်းချင်နေလို့မရဘူး
လူအများစုနဲ့အဆင်ပြေအောင်နေရတယ်
စုဆောင်းထားတဲ့အထုပ်ရှိရင်
ဥစ္စာစည်းစိမ်ကြောင့် လူရိုသေနေလိမ့်မယ်
စုဆောင်းထားတဲ့အထုပ်မရှိရင်
တရားရှိအောင်နေရတယ်
ဒါမှလူလေးစားမယ်...
တချို့ကိစ္စတွေမှာ
အတွေးအခေါ်ဟောင်းတွေ
မလိုအပ်တော့ဘူးဆိုတာ သိရမယ်...
အတွေ့အကြုံကောင်းတွေက
ခေတ်မမီတော့ဘူးဆိုတာ သိရမယ်
အသက်ကြီးလို့လူကြီးဖြစ်လာတာဟာ
ငယ်သူတွေအားလုံးက
မဖြစ်မနေရိုသေနေရမယ်ဆိုတဲ့အတွေးကို
ဆင်ခြင်ပါ ။
ခေတ်ဟာ ပိုပြီးဆုတ်ယုတ်လာဖို့ပဲရှိတယ်
ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်လာတာနဲ့အမျှ
လူတွေဟာပိုပြီးရိုင်းစိုင်းလာဖို့ပဲရှိတယ်..
ဒါ့ကြောင့် ..
နောက် ဆယ်နှစ်/ အနှစ်၂၀/၃၀ မှာ
အိုမင်းလာမယ့်သင့်အတွက်
နေရာတိုင်းမှာနေတတ်အောင်နေဖို့ပဲ
ကြိုးစားပါ ။
အခုကတည်းက အိုစာမင်းစာစုဆောင်းပါ
ကိုယ့်ဝန်ထုပ်ဟာ သူများအပေါ်မပိအောင်
ကျန်းမာရေးစတင်လိုက်စားပါ
မေတ္တာတရား(အမှန်တကယ်)
ကိန်းအောင်းအောင်
စိတ်ကိုလေ့ကျင့်ပါ..
မာန်တွေရှိရင် တဖြေးဖြေးနဲ့လျှော့ချပါ
သင့်ထက်ကြီးကျယ်ခမ်းနားခဲ့တဲ့လူတွေ
သင်္ချိုင်းရဲ့ကမ္ဗည်းမှာအများကြီးဖတ်လို့ရပါတယ်
" ဘယ်သူနဲ့မှ မနေဘူး ငါ့ရာထူး ငါ့စည်းစိမ်နဲ့
ငါ့ဖာသာငါတစ်ယောက်တည်းနေမယ်" ဆိုတာ
သင်မအိုသေးလို့ မနာသေးလို့ပြောတာပါ...
လူအိုရုံတို့ ဘိုးဘွားရိပ်သာတို့ကလူတွေလည်း
သန်တုန်းမြန်တုန်း ရှာနိုင်ဖွေနိုင်တုန်းငယ်စဉ်က
အဲ့ဒီလိုကြွေးကြော်ခဲ့ဖူးတယ်ဆိုတာ
သင်မမေ့ပါနဲ့
မေတ္တာဖြင့်သာ ရှင်သန်ပါ
သင့်နားမှာ လူတွေအမြဲတမ်းရှိနေမှာပါ။

image
27 w - Translate

တချို့လူတွေက
သူတို့မှားတယ်ဆိုတာ သိတယ် ။
ဒါပေမယ့် အဲ့ဒီအမှားကိုဝန်ခံဖို့
ဘယ်တော့မှ မတွေးဘူး ။
မှန်နေတဲ့လူက နေပါစေတော့ ဆိုပြီး
နှုတ်ဆိတ်နေတဲ့အခါ
အမှားလုပ်ထားတဲ့သူက
မပြုပြင်တဲ့အပြင် သူတို့အမှားကို
အမှန်ပါလို့ သတ်ပုံပြင်လိုက်ကြတယ် ။
တချို့ကျ သူတို့ဘက်က
လွန်တယ်ဆိုတာ သိတယ် ။
ဒါပေမယ့် ဆောရီးတစ်ခွန်းနဲ့
တောင်းပန်ဖို့တောင် ဝန်လေးတတ်ကြတယ် ။
ခံရတဲ့သူက ထားလိုက်ပါတော့လေ ဆိုပြီး
နားလည်ပေးတဲ့အခါ
သူတို့စည်းကျော်တာကို
သူတို့မေ့သွားပြီး တဖက်လူကို
ထည့်စဉ်းစားဖို့ အတွေးမရှိကြတော့ဘူး ။
ငြိမ်ခံနေဖို့ မသင့်တော်တဲ့အချိန်ဆိုတာ ရှိတယ်.. သည်းခံဖို့ မတန်တဲ့
အတိုင်းအတာ ဆိုတာလည်း ရှိပါတယ် ။
တချို့လူတွေက ခွင့်လွှတ်ပေးခြင်းနဲ့တန်ပေမယ့် တချို့လူတွေကျ ပြန်ပြောနိုင်မှ
တော်ကာကျတာပါ ။
အဲ့ဒီတော့ တန်ပြန်ပဲ ဆက်ဆံပေးလိုက်တယ် ။
သူတို့လုပ်ရပ်အပေါ်
သူတို့ကိုယ်တိုင် ရှက်စရာလို့ မြင်သွားမှ
နောက်လူ ကိုယ့်လိုမခံရမှာ ။
နောက်ကို ဆင်ခြင်တတ်သွားမှာ ..
ကိုယ့်လူနောက်လူမခံရဖို့
အမုန်းခံပြီး ထောက်ပြသင့်ရင် ထောက်ပြရမှာပါ ။
မကောင်းတဲ့သူရဲ့
လက်တစ်လုံးခြားလှည့်စားမှုကိုခံရတဲ့
သားကောင်ထဲ ကိုယ်ဟာနောက်ဆုံးဖြစ်ပါစေ......

image
27 w - Translate

#ငွေထက်ပိုတန်ဖိုးကြီးတဲ့အရာဆယ်ခု
လောကမှာ ဘ၀တစ်ခု ရှင်သန် ရပ်တည်နိုင်ဖို့
ငွေဟာ မရှိမဖြစ် လိုအပ်တဲ့ အရာ တစ်ခုပါ။
ဒါပေမယ့် ဘ၀မှာ ငွေထက် ပိုပြီး တန်ဖိုးကြီးတဲ့
အရာတွေလည်း များစွာ ရှိနေပါတယ်။
အဲဒီအရာ ဆယ်ခုကို အခု ပြောပြပေးသွားပါမယ်။
၁။ ။ မိဘနှစ်ပါး
ဆုံးရှုံး သွားပြီးရင် ဘယ်တော့မှ ပြန်မရနိုင်တော့
တဲ့ အရာတွေထဲမှာ မိဘ နှစ်ပါး ပါဝင်ပါတယ်။
ဒါကြောင့် အသက်ရှင်နေတုန်း သင့်ရဲ့ မိဘကို တန်ဖိုးထားပါ။
ဂရုစိုက်ပေးပါ။ပြုစုပေးပါ။
မိဘတွေ မရှိတော့မှ တမ်းတနေတာထက်အသက်
ရှင်နေတုန်း ဂရုတစ်စိုက် ပြုစု ၊ယုယ၊ကျေးဇူးဆပ်ပေးပါ။
၂။ မိသားစု
လောကမှာ သင်ဆိုးသည်ဖြစ်စေ၊ကောင်းသည်
ဖြစ်စေ၊ သင့်ရဲ့ ဖြစ်တည်မှုတိုင်းကို အရှိအတိုင်း
နားလည် လက်ခံပေးနိုင်တာ သင့်ရဲ့ မိသားစုပါ။
ကမ္ဘာကြီး မှာ ဘယ်အရာမှ မိသားစုလောက်
အရေးမကြီးပါဘူး။
သင့်မိသားစုကို အခြား အရာတွေနဲ့ ဘယ်တော့မှ အစားမထိုးမိပါစေနဲ့။
သင့်မိသားစု ပြိုကွဲအောင်မဖန်တီးပါနဲ့။
သင့်မိသားစုကို တန်ဖိုးထားပါ။မြတ်နိုးပါ။ကာကွယ်စောင့်
ရှောက်ပါ။
၃။ ကျန်မာရေး
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရင် ကိုယ့်ကျန်မာရေးကို ဂရုစိုက်ပါ။
ကိုယ်ကျန်မာမှ စိတ်ချမ်းသာမှာပါ။
ကိုယ်ကျန်မာ၊ စိတ်ချမ်းသာမှ အခြားသူများ
ကို ကူညီထောက်ပံ့ ပေးနိုင်ပါမယ်။
ဘယ်လောက်ကြာကြာ အသက်ရှင်ရမယ်မှန်း
မသိတဲ့ လူ့ဘ၀မှာ အသက်ရှင်တုန်း အနာမဲ့ဖို့၊
ကျန်မာရေးကို အထူးဂရုစိုက်ပါ။ ။
၄။ မတျတောတရား
ကမ္ဘာကြီးရဲ့ အတောင့်တဆုံးနဲ့ အဆာငတ်ဆုံး
သော အရာဟာ မေတ္တာတရားပါ။
လူတိုင်း လူတိုင်းက မေတ္တာတရားကို ဆာငတ်
နေကြတယ်တဲ့။
ဒါကြောင့် နေရာတိုင်းမှာ မေတ္တာတရားကို ဖြန့်ဝေပါ။
အမုန်းတရားတွေကို ချေဖျက်ဖို့ အင်အားအကြီး
မားဆုံးသော လက်နက်က မေတ္တာတရားပါတဲ့။
ကမ္ဘာကြီးမှာ အမုန်းအာဃာတတွေအစား ချစ်ခြင်းမေတ္တာတွေ မွှေးပျံ့နေပါစေ။
၅။ အချိန်
အချိန်ကို တန်ဖိုးထားပါ။အချိန်ဟာ သင့်ရဲ့ဘ၀၊
သင့်ရဲ့ အနာဂတ်ပါ။
အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်ဖို့ သင်ယူပါ။
သင်အောင်မြင်တာ၊ကျရှုံးတာ အချိန်ကိုဘယ်လို အသုံးချသလဲ ဆိုတဲ့ အပေါ်အများကြီးမူတည်ပါတယ်။
ဘ၀တစ်ခု ကို အချိန်နဲ့ တည်ဆောက်ထားတာမို့
သင့်ဘ၀ကို တန်ဖိုးထားရင် အချိန်ကိုလည်း တန်
ဖိုးထားပါ။
၆။ ပျော်ရွှင်မှု
လူ့ဘ၀က တိုတောင်းလွန်းပါတယ်။စိတ်ညစ်စရာ၊ ဝမ်းနည်းစရာတွေကို မတွေးပါနဲ့။
ဖြစ်ပျက်သမျှ အရာအားလုံးကို အတိတ်မှာ
ထားခဲ့လိုက်ပါ။ဖြစ်ပြီးသမျှ အရာအားလုံးက
ပြီးသွားပါပြီ။လွှတ်ချထားလိုက်ပါ။
ပျော်စရာတွေကို တွေးပါ။ပျော်ပျော်နေပါ။
ကမ္ဘာကြီးမှာ ဖြစ်ပျက်သမျှ အရာအားလုံးက
သင်နဲ့ မဆိုင်ပါဘူး။
သင့်ကို စိတ်ဆင်းရဲစေမယ့် ဘယ်လိုအရာတွေ
မဆို မေ့ပစ်လိုက်ပါ။ပျော်ရွှင်ရယ်မောစရာကိုသာ
ဖန်တီးပါ။စိတ်ပျော်ရွှင်အောင် နေပါ။
၇။ ယုံကြည်မှု
ဆုံးရှုံးသွားပြီးရင် အသစ် တစ်ဖန် ပြန်လည်
တည်ဆောက်လို့ မရနိုင်တဲ့ အရာတွေထဲမှာ
ယုံကြည်မှု' လည်း ပါတယ်။
လူတွေ သင့်နာမည်ကြားတာနဲ့ သူဆိုရင် ယုံကြည်
တယ် ဆိုတဲ့ အဆင့်အထိ ဖြစ်အောင် နေပါ။
လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဘယ်တော့မှ
အလွဲသုံးစား မလုပ်မိပါစေနဲ့။
သင့်ရဲ့ ဂုဏ်သိက္ခာက သင့်ရဲ့ တန်ဖိုးပါ။ ။
၈။ ကိုယ်ချင်းစာတရား
သူ့နေရာမှာ ငါသာ ဆိုရင် ဆိုတဲ့ကိုယ်ချင်းစာ
တရား အမွဲထားပါ။
ဘ၀မှာ ဘာမှ မပိုင်ဆိုင်ခဲ့ရရင်တောင် လူတွေအပေါ် ကိုယ်ချင်းစာတရား ထားတတ်အောင် နေထိုင်ပါ။
လူကို လူလို မြင်ပါ။လူတွေအပေါ်စာနာစိတ်
မွေးပါ။လူတစ်ယောက်အပေါ် ဘယ်တော့မှ
မယုတ်မာပါနဲ့။မရက်စက်ပါနဲ့။
၉။ မိတ်ဆွေ
သင်အမှန်တကယ် အကူညီ လိုအပ် ချိန်မှာ
သင့်ကို ကူညီပေးတဲ့ သူတွေကို တန်ဖိုးထားပါ။
ဆွေမျိုး၊ထောင်သောင်းထက် စစ်မှန်တဲ့ မိတ်ဆွေ
စစ်တစ်ယောက်က ပိုတန်ဖိုးကြီးပါတယ်။
သင့်ရဲ့ မိတ်ဆွေအပေါ် ဘယ်တော့မှ သစ္စာ မဖောက်ပါနဲ့။
သူ့အပေါ် ကျေးဇူးမကန်းပါနဲ့။ အမြဲတန်ဖိုးထားပေးပါ။
၁၀။ ဘဝလက်တွဲဖော်
သင့်ဘဝရဲ့ လက်တွဲဖော်ကို တန်ဖိုးထားပါ။
မြတ်နိုးပါ။ သူ့အပေါ် သစ္စာရှိပါ။ရိုးသားပါ။
ကမ္ဘာပေါ်မှာ ရှိတဲ့သန်းပေါင်းများစွာသောလူတွေထဲက
အကောင်းဆုံးသောသူကို သင့်အတွက် ဘုရား ပြင်ဆင်ပေးထားတဲ့သူပါ။
ဒီ(၁၀ )ခု ကို ဘယ်တော့မှ ငွေကြေးနဲ့ တန်ဖိုး
မဖြတ်လိုက်ပါနဲ့။
ငွေကြေးထက် ပိုတန်ဖိုး ကြီးမားပါတယ်။

image

Funny fall videos

27 w - Translate

ကြွက်သားတည်ဆောက်ချင်တာလား။
အလေးမ၊ ကာဒီရိုနည်းနည်းလုပ်
အသားများများစား အိပ်ရေးဝဝအိပ်
တနေ့ကိုကယ်လိုရီ ၂၀၀/ကနေ ၅၀၀ ပိုစား
စိတ်ရှည်အချိန်ယူ။
အဆီချချင်တာလား?
အလေးမ၊ ကာဒီရိုနည်းနည်းလုပ်
အသားများများစား အိပ်ရေးဝဝအိပ်
တနေ့ကိုကယ်လိုရီ ၂၀၀/ကနေ ၅၀၀ လျော့စား
စိတ်ရှည်အချိန်ယူ။
ဒီအပေါ်အချက် ၂-ချက်မှာမတူတဲ့အချက်လေး
တစ်ခုပဲရှိတယ်။ဒီရိုးရှင်းတဲ့ဖော်မြူလာသိရင်
ခင်ဗျားလမ်းမမှားဘူး။

27 w - Translate

ခါးဘေးအဆီ၊ ဗိုက်ခေါက် နဲ့ နောက်ကျောက
အဆီတွေကို ဘယ်လို လျော့ချမလဲ???
ဝိတ်ချတဲ့ သူအတော်များများ တကယ်ကြိုးစား
ရင် တကယ်ဝိတ်ကျတာက သတင်းကောင်းပါ။
ဒါပေမဲ့ နှစ်ပေါင်းများစွာ လူတယောက်ရဲ့ခန္ဓာ
ကိုယ်ထဲ နေရာယူလာခဲ့တဲ့ stubborn fat
တွေဟာ ဗိုက်ခေါက်၊ ခါးဘေးlove handle ၊
Bra flab နဲ့ ပေါင်သားတွေမှာ အခေါက်လိုက်
ထူထဲစွာ ကျန်နေခဲ့ပါတယ်။😏
🧔နည်းပြတွေ အနေနဲ့ကလည်း တနေရာထဲကွက်
အဆီချခြင်း Spot Reduction ဆိုတာ မဖြစ်နိုင်
လို့ခံယူတဲ့အတွက်၊ အဆီချ Clients တွေရဲ့
ကျစ်လစ်လှပတဲ့ အိပ်မက်ဟာ ရွှေပြည်တော်
မျှော်တိုင်း ဝေးခဲ့ရပီပေါ့။😒
✅Stubborn fat နဲ့ Spot Reduction အကြောင်း
ကို ဆောင်းပါးအရှည်အဖြစ်ရေးပေးပါ့မယ်။✍️
ဒီဆောင်းပါးမှာတော့ Stubborn Fat ချလိုသူတို့
ကျူးလွန်တတ်တဲ့အမှား ❌အချို့ကို ထောက်ပြ
ပေးပါ့မယ်။
ယေဘူယျ အဆီချသူတွေ အနေနဲ့ လေ့ကျင့်ခန်း
ပိုလုပ်ပီး အစားလျော့စား 🍽️ခြင်းနည်းလမ်းနဲ့
ဝိတ်ချကြပါတယ်။ Body Fat @ Body weight
လျော့ချရေးအတွက်တော့ အကောင်းဆုံးနည်း
လမိးကောင်းတွေပါ။ ဒါပေမဲ့✅
- တသမတ်ထဲ Dieting လုပ်ခြင်ကို ရပ် ✋တံ့ပစ်ရပါမယ်။ အဲ့ဒီအစား
-Diet ကို Cycle လုပ်ရပါမယ်။
-Stubborn fat များနေတဲ့နေရာကို Target 🎯
ထားပီး လေ့ကျင့်ခန်း 🏋️‍♂️တွေ ရွေးချယ် ပြုလုပ်ရ
ပါမယ်။✅
နောက်ထပ်ဘာတွေလုပ်ရဦးမလဲဆိုရင်👇
🔑လုံလောက်တဲ့ Training intensity နဲ့volume
တိုးပီးလေ့ကျင့်ရပါမယ်။
🔑 Hypertrophy နဲ့ Strength ရောသမမွှေ
လေ့ကျင့်ပေးပီး၊ တကျော့နဲ့တကျော့ကြားနား
ချိန်လျော့ချပေးရပါမယ်။
🔑 processed food 🥘 တွေကို လျော့ချ
ရှောင်ကြဉ်ရပါမယ်။
🔑 Insulin sensitivity တိုးစေသော vinegar ကို
ကစီတိုးစားချိန်တွင် ရောစားပါ။
🔑 အရည်အသွေးမြင့် အသားများ🥩ငါး 🐟များ
ကိုတိုးတိုးစားပါ။
🔑အိပ်ရေးဝဝ အိပ်ပါ။ စိတ်ဖိစီးမှုလျော့ချပါ။
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
🎯post တွင်ပါသော ကျွန်တော့်ပုံသည် fat% 7
လောက်ပဲကျန်တော့သော်လည်း အချိန်ကာလ
ကြာရှည်စွာ အဆီအချို့နေရာယူခဲ့သော
Love handle and lower abs တွင် အရေပြား
အနည်းငယ်တွဲနေသည်ကို မြင်နိုင်ပါသည်။
အဝလွန်နေသူများဆိုလျင်တော့ တွေးကြည့်
နိုင်ပါသည်။ သင့် Body Change ဖို့ အတွက်
ဝန်ဆောင်မှု ပေးရန် ကျွန်တော့် Team မှ အသင့်
ရှိနေပါသည်။

image
27 w - Translate

ပခုံးအိုး(ဆုံ)တွေ ကြီးထွားဖို့ဆိုရင်
ခန္ဓာကိုယ်တစ်ခုမှာ ရင်အုပ်ဘယ်လောက်လှလှ၊ ကျောပြင်ဘယ်လောက်ကျယ်ကျယ်၊ အဆုံး
သတ်အနားကွပ် ပခုံးသားတွေသေးနေရင်တော့၊ ဘယ်လိုမှတင့်တယ်မဟုတ်ပါဘူး။ ယေဘူယျ
ဆုံမကြီးထွားဘူးဆိုတဲ့သူတွေကို လေ့လာကြည့်ရင်၊ လေ့ကျင့်မှု စံမမှီတာမဟုတ်ဘဲ၊ လေ့ကျင့်မှု
လွန်ကဲနေတာကို တွေ့ရပါလိမ့်မယ်။ ပခုံးသား (ဆုံ)တွေကြီးထွားဖို့အတွက် အကြံပြုလမ်းညွှန်ချက်
အချို့ကိုတင်ဆက်ပေးလိုက်ပါတယ်။
ပထမဦးစွာ ခန္ဓာဗေဒလုပ်ဆောင်ချက် တစ်ခုကို ရှင်းလင်းတင်ပြချင်ပါတယ်။ အဲ့ဒါကတော့
ကစားသမားတွေ သတိမထားမိဘဲ လေ့ကျင့်မှုလွန်ကဲရတဲ့ ပင်မအခြေခံအကြောင်းအရင်း ပါပဲ။
ကျွန်တေ်ာတို့ပြောနေတဲ့ ဆုံတွန်းခြင်းမှာ ကစားသမားအများစုက ဆုံအရှေ့တွန်းခြင်း(Military
Press)၊ ဘားတိုဆုံတွန်းခြင်း (Dumbbell press) နှင့် ဆုံနောက်တွန်းခြင်း(Behind the neck press)
တို့ပဲဖြစ်ပါတယ်။ တကယ်တော့မည်သို့ပင်တွန်းသည်ဖြစ်စေ၊ Pressing Movements တိုင်းဟာ
Shoulder Girdle တစ်ခုလုံးကို ထိရောက်စေပါတယ်။ ဒါကြောင့် အထက်ပါသုံးမျိုးလုံးကို တွန်းခြင်းက
Over training ဖြစ်စေနိုင်သလို၊ Energy အလဟသကုန်ခမ်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
နောက်တစ်ခုက ဆုံအရှေ့ကို ထိရောက်စေချင်တယ်ဆိုရင်၊ front raise ကိုဘားတိုဖြင့်ဖြစ်စေ၊
ဘားရှည်ဖြင့်ဖြစ်စေ၊ ကေဘယ်ဖြင့်ဖြစ်စေ လေ့ကျင့်နိုင်ပါတယ်။ ဆုံဘေးသားကို အထူးပြု
ထိရောက်စေချင်ရင် lateral raise ကိုလေ့ကျင့်ပေးပါ။ ဆုံနောက်သားကို အထူးပြုမယ်ဆိုရင်တော့
bent raise ကိုဘားတိုဖြင့်ဖြစ်စေ၊ ကေဘယ်ကြိုးဖြင့်ဖြစ်စေ လေ့ကျင့်နိုင်ပါတယ်။ နောက်ကျောသား
အတွက် Bent over rows တွေ ဂုတ်သားလေ့ကျင့်တဲ့ shrug လေ့ကျင့်ခန်းတွေကလည်း ဆုံ
နောက်သားကို ထိရောက်စေနိုင်ပါတယ်။
နောက်တစ်ခုက၊ ဆုံကြွက်သားတွေမှာ၊ Fast twitch fibres နှင့် Slow twitch fibres
တွေ ၅၀% စီပါဝင်နေတယ်လို့သုတေသနတွေက တင်ပြထားတဲ့အတွက်၊ ဆုံလေ့ကျင့်ရင်၊pressing
Movements တွေကိုအလေးများများ အကြိမ်နည်းနည်း လေ့ကျင့်ပြီးတော့၊ front,lateral and
bentover raise တွေကို လေ့ကျင့်ရာမှာ အလေးအတင့်အသင့်နဲ့အကြိမ်များများ လေ့ကျင့်ခြင်းက
ကြွက်သားမျှင်အမျိုးအစားနှစ်ခုလုံးကို ထိရောက်စေနိုင်တဲ့အတွက် ကြီးထွားဖို့အထောက်အကူပြုနိုင်
ပါတယ်။
ဆုံကြွက်သား ကြီးထွားဖို့အတွက်၊ လူတွေလုံးဝမလေ့ကျင့်တဲ့ လေ့ကျင့်ခန်းကောင်းတစ်ခု
ကိုမိတ်ဆက်ပေးပါ့မယ်။ အဲ့ဒါကတော့ Wide grip upright row ပါ။ ဘားတိုနဲ့လေ့ကျင့်နိုင်သလို
ဘားရှည်နဲ့လည်းလေ့ကျင့်နိုင်ပါတယ်။ လေ့ကျင့်နည်းကို Youtube မှာလေ့လာကြည့်ပါ။ အလျဉ်း
သင့်ရင် ကျွန်တော်ကစားပြီး တင်ပေးပါ့မယ်။ ဒီကစားနည်းက ဆုံဘေးသားတွေအတွက် နံပါတ်တစ်
ပါ။ ကျွန်တော့်ရဲ့Myanmar Insane Training Theory စာအုပ်ကို လေ့လာဖူးသူဆိုရင် ဒီလေ့ကျင့်
ခန်းကို ရင်းနှီးနေလောက်ပါပြီ။ ဒီလေ့ကျင့်ခန်းကိုတော့ အလေးများများ အကြိမ်နည်းနည်း၊ လေ့ကျင့်
ပါ။ တစ်ခါတစ်ရံ အလေးလျော့ပြီး အကြိမ်များများလေ့ကျင့်ပေးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဆုံမှာ
ကြွက်သားမျှင် နှစ်မျိုးလုံး အချိုးကျစွာပါဝင်နေလို့ပါပဲ။ ဒီနေရာမှာ ကြုံလို့ထပ်သတိပေးချင်တာက
မည်သည့် ကြွက်သားအစိတ်အပိုင်းတွင်မဆို ကြွက်သားမျှင်တွေဖြစ်တဲ့(type 1,type 2A and type
2တွေဟာ သူ့ခန္ဓာတည်ဆောက်ပုံ ရာခိုင်နှုန်းအလိုက်ပါဝင်နေတဲ့အတွက်၊ လူတစ်ယောက်နဲ့တစ်
ယောက် တုံ့ပြန်ပုံမတူညီနိုင်ပေမဲ့၊ လေ့ကျင့်နည်းစနစ် တစ်ခုမကောင်းရင် နောက်တစ်ခုကို ပြောင်းဖို့
မမေ့ပါနဲ့ဆိုတာပါပဲ။ ကဲဒီလောက်ဆိုရင်တော့ လမ်းညွှန်အကြံပေးချင်တာတွေ လုံလောက်ပီထင်
တယ်။ လိုက်နာလေ့ကျင့်ဖို့က သင့်တာဝန်ပါ။ တသွေမတိမ်း လိုက်နာလေ့ကျင့်ရင်တော့ သေချာတယ်
သင့်ဆုံတိုးတက်ရေး မဝေးတော့ဘူးဆိုတာ-

image