45 w - Translate

San Andreas
2015 ‧ Action/Thriller ‧ 1h 54m

ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တိုရဲ့အချစ်တော် Legendary ကတုံး
ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။
သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖိုလည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး
အဖွဲက ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့်
တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး
သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။
သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖိုကရှိနေပါတယ်။
တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပိုနိုင်ခဲ့ပါဘူး။
ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။
ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။
တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။
ကျွန်တော်တိုရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ…ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး
အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddariဘလိတ်) ရဲ့
အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။

🙆Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ🗓

👑Channel Link

https://t.me/+fNZjMKbzHF5mZmM1

🖥ဇာတ်ကားကြည့်ရန် Link

https://t.me/c/2305672701/1723

image

သုခဘုံ ပျောက်ဆုံးသွားသောအခါဝယ်

အသက် ခြောက်ဆယ်တန်း၊ ခုနှစ်ဆယ်တန်းတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့စကားထဲမှာ သူတို့ခေတ်တုန်းက ဘယ်ရုံမှာ ဘယ်လိုရုပ်ရှင်တွေ ကြည့်ခဲ့ရတာ၊ ဘယ်ဇာတ်ကားတွေက ဘယ်လိုကောင်းတာဆိုပြီး မှတ်မှတ်ရရ ပြန်ပြောင်းအောက်မေ့ပြီး ပြောတဲ့စကားတွေ ပါလာတတ်တာကို သတိထားမိတယ်။ ဒါတင်မကသေးဘဲ သူတို့ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားတွေကို ဘယ်ရုံမှာ ကြည့်တယ်ဆိုတာကအစ ဘောလုံးကွင်းထဲ ပိတ်ကားထောင်ပြီး ပြတာအဆုံးတောင်မှ ပါတတ်သေးတယ်။

ရယ်စရာတစ်ခုက ရုပ်ရှင်ထဲမှာ ဖိုက်တင်ပလေးတဲ့ အခန်းတွေ ပါလို့ မင်းသားက ခံနေရပြီဆိုရင် လူအုပ်ကြီးက မရိုးမရွဖြစ်လာပြီး ဒေါသတွေ ပေါက်ကွဲကြတယ်တဲ့။ ဒါတင်မကသေးဘဲ ပိတ်ကားကြီးကိုပါ ခဲနဲ့ ထုကြလို ပေါက်ပြဲကုန်ပြီး လျော်ရတာလည်း အကြိမ်ပေါင်း မနည်းဘူးလို့ ပြောကြသေးတယ်။ နောက်ထပ်ရယ်စရာတစ်ခုက ကိုယ့်အကြောင်းပါပဲ။ ကလေးတုန်းက ရုံသွားကြည့်ရင်း ကိုယ်က တအားသိုင်းကစားပြတာ။ ဘယ်လိုလဲဆိုတော့ ရုပ်ရှင်ထဲမှာ ချခန်း၊ဖိုက်ခန်းတွေ ပါလာရင် လူက ခြေမြှောက်လိုက်၊ လက်မြှောက်လိုက်နဲ့ ရုပ်ရှင်ထဲ ဈာန်ဝင်စားသွားတတ်တယ်။

တကယ်တော့ လူတွေအတွက် တကယ် တကယ်တမ်းပြောရရင် အရေးအကြီးဆုံးက စားဝတ်နေရေးပါပဲ။ ဒါပေမဲ့ အသံတိတ်ရုပ်ရှင်တွေ စပေါ်လာကတည်းက လူတွေရဲ့ ဘဝမှာ ဒီနေ့ဒီအချိန်အထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကတော့ ရုပ်ရှင်တွေလို့ ပြောရမယ်။ လူတွေက သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူရည်းစားတွေနဲ့ ရုပ်ရှင်ရုံထဲသွား၊ တစ်ယောက်တည်းသွားလည်း ဘာမှမဖြစ်ဘူး။ ရုံထဲမှာ သူလိုကိုယ်လို အဖော်တွေ များကြီးရှိတယ်။ အထီးကျန်နေမှာ မဟုတ်ဘူး။ ပြနေတဲ့ ရုပ်ရှင်က ကြောက်ဖို့ကောင်းနေရင် လူတွေရဲ့ မျက်လုံးတွေက ပိတ်ကားပေါ် မရှိတော့၊ ရယ်စရာကောင်းနေရင် လူတွေရဲ့ ရယ်သံက ရုံအပြင်ဘက်အထိတောင်မှ ထွက်လာတတ်သေး၊ ဝမ်းနည်းစရာဆိုရင်တော့ မှိန်တလှည့် လင်းတလှည့် ပိတ်ကားဆီက အလင်းပြန်တဲ့ အလင်းရောင်အောက်က လူတွေရဲ့ မျက်နှာမှာ မျက်ရည်တွေ အတိုင်းသားကျလို့။

ဒီအကြောင်းတွေက ကျန်ခဲ့ပြီဖြစ်တဲ့ အတိတ်တုန်းက အကြောင်းအရာတွေပေါ့။ လူအများစုက အကြောင်းကြောင်းကြောင့် ရုပ်ရှင်ရုံတွေဆီ မရောက်ဖြစ်ကြတော့ဘူး။ ရုပ်ရှင်ဇာတ်ကားတွေကလည်း လူတွေကို လာကြည့်ဖို့ မဆွဲခေါ်နိုင်တော့ဘူး။ မျက်စိရှေ့မှောက်မှာတင် ပြိုကျပျက်စီးခဲ့ပေါ့။ လူတွေနည်းတူ လောကဓံရဲ့ ရိုက်ပုတ်မှု ဒဏ်ကို ခံရတဲ့အထဲ ရုပ်ရှင်ရုံတွေ၊ ရုပ်ရှင်ကားတွေလည်း ပါတယ်ဆိုတဲ့ သဘောပါပဲလေ။


ဖြစ်ရပ်မျိုးစုံ ပါဝင်ပြီးတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆင့်ကဲပြောင်းလဲလာတဲ့အကြောင်းကိုမှ သိပ်ကို ကြည်နူးဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ ရသအဖုံဖုံ လွှမ်းထုံထားတဲ့ အီတလီ ဂန္ထဝင်ရုပ်ရှင်တစ်ကား ရှိတယ်။ ရုပ်ရှင်နာမည်က ‘Cinema Paradiso’ တဲ့။ ရုပ်ရှင်နာမည်ကိုက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်လမ်းလေးကလည်း သဘောကျဖို့ကောင်းတယ်။ ပြည်တွင်းပြည်မှ အသိအမှတ်ပြုခံရရုံသာမကဘဲ ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရှင်ဆုတွေလည်း အများကြီး သိမ်းပိုက်ထားနိုင်သေးတယ်။

ဇာတ်လမ်လေးက ဒီလို။ ရောမမှာ နေတဲ့ Salvatore Di Vitta ဆိုတဲ့လူက နာမည်ကြီး ဒါရိုက်တာတစ်ယောက်ပါ။ အိမ်ပြန်နောက်ကျတဲ့ တစ်ညမှာ သူ့ကို သတင်းတစ်ခုက စောင့်နေတယ်။ ဒါက သူ့အမေ ဖုန်းဆက်တယ်၊ ချန်ခဲ့တဲ့ သတင်းက Alfredo ဆိုတဲ့လူ ဆုံးပါးသွားခဲ့တဲ့။ ဒီသတင်းကို ကြားလိုက်ပြီးတဲ့နောက် ပြန်မရောက်တာ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဖြစ်တဲ့ စီစလီက မွေးရပ်မြေရွာလေးမှာ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တွေက သူ့မှတ်ဉာဏ်ထဲကို တားမရဆီးမရ ဝင်ရောက်လာခဲ့တော့ပါပဲ။ ကျန်တာကိုတော့ မပြောတော့ဘူး။ ပရိသတ်တွေပဲ ဇာတ်လမ်းထဲမှာ စီးမျောရင်း ခံစားကြည့်ပါလို့။

စာဖတ်ဝါသနာပါသူတွေက စာအုပ်ကောင်းတစ်အုပ်တွေ့ရင် အချင်းချင်း လက်တို့ပြီး ဝေမျှကြသလို ရုပ်ရှင်ပရိသတ်တစ်ယောက်ဖြစ်တဲ့ ကိုယ်ကလည်း ‘Cinema Paradiso’ ဆိုတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား တွေ့ထားမို့ ဝါသနာတူချင်း လက်တို့လိုက်ပါတယ်။

El

image

ရုပ်ရှင်ရိုက်မယ့်ပိုက်ဆံကိုဖြုန်းပစ်တဲ့ ဟောလိဝုဒ်ဒါရိုက်တာကို ရဲဖမ်းပြီ



Netflix က ဒါရိုက်တာတစ်ဦးကို ဒေါ်လာ ၅၅ သန်းပေးပြီး သိပ္ပံရုပ်ရှင်ရိုက်ခိုင်းပေမယ့် ကားတွေ၊ စတော့တွေနဲ့ crypto တွေမှာ အလွဲသုံးစားလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရပြီဖြစ်ပါတယ်။

Netflix ဟာ 47 Ronin ရုပ်ရှင် ဒါရိုက်တာ Carl Rinsch ကို သိပ္ပံရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးဖို့အတွက် ဒေါ်လာ ၅၅ သန်း ပေးအပ်ခဲ့ပေမယ့်၊ Rinsch က အဲဒီငွေတွေကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Rinsch ဟာ Netflix နဲ့ Conquest လို့ အမည်ရတဲ့ သိပ္ပံရုပ်ရှင်စီးရီးတစ်ခု ရိုက်ကူးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး၊ Netflix က ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမယ့် Rinsch က အဲဒီငွေတွေကို ရုပ်ရှင်ရိုက်ကူးရေးအတွက် အသုံးမပြုဘဲ၊ ဇိမ်ခံကားတွေ ဝယ်ယူတာ၊ စတော့ဈေးကွက်နဲ့ cryptocurrency တွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေအရ Rinsch ဟာ ရုပ်ရှင်အတွက် ပေးအပ်ထားတဲ့ ငွေထဲကနေ Rolls-Royces ကား အစီးရေများစွာနဲ့ တခြားဇိမ်ခံပစ္စည်းတွေကို ဝယ်ယူခဲ့ပြီး၊ စတော့ဈေးကွက်မှာလည်း ဒေါ်လာ သန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါ့အပြင် cryptocurrency တစ်မျိုးဖြစ်တဲ့ Dogecoin မှာလည်း ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။

Netflix က Rinsch ရဲ့ ငွေကြေးသုံးစွဲမှုတွေကို သိရှိသွားပြီးနောက်မှာတော့ Conquest ရုပ်ရှင်စီမံကိန်းကို ဆက်လက်လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Rinsch ရဲ့ လုပ်ရပ်တွေကြောင့် Netflix အနေနဲ့ ငွေကြေးဆုံးရှုံးမှု ကြီးမားခဲ့ပြီး၊ ဒီကိစ္စဟာ ဟောလိဝုဒ်မှာတော့ ပြောစမှတ်တွင်စရာ ဖြစ်လာခဲ့ပါတယ်။

image

“Coco 2” ဆက်ထွက်မယ်လို့သိရ !

လက်ရှိမှာတော့ Pixar ကနေ Coco 2 ကို ၂ဝ၂၉ ခုနှစ်မှာထွက်မယ်လို့သိရပါတယ်။ ဇာတ်ကားကိုတော့ မူလ ဒါရိုက်တာ Lee Unkrich ကပဲ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

“ဇာတ်ကားက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် ဒီဇာတ်ကားမှာ ဟာသတွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်
နှက်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ Bob Iger က ပြောကြားခဲ့ပါတယ်။

image

Universal ရဲ့ အလွန် Jason Bourne ကို ဘယ်သူတွေဆက်ပြီးတာဝန်ယူမလဲ
မတ် ၂၁၊ ၂၀၂၅။
စာရေးဆရာ Robert Ludlum ရဲ့ သည်းထိတ်ရင်ဖိုဝတ္ထုစာစဥ်တွဲဖြစ်တဲ့ Jason Bourne ဝတ္ထုတွေကို Universal Studios က သရုပ်ဆောင် Matt Damon နဲ့ ရုပ်ရှင်ငါးကားအထိ ဖန်တီးခဲ့ပေမယ့်လည်း ယခုအခါမှာတော့ Universal ဟာ Jason Bourne ဝတ္ထုတွေကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။
Jason Bourne ကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အတွက် မူပိုင်ခွင့်ကို Universal Studios ဆီကနေ နောက်ထပ်စတူဒီယိုတစ်ခုဆီကို ရောက်ရှိသွားမှာဖြစ်ပြီး နာမည်ကြီးဟောလိဝုဒ်ရုပ်ရှင်စတူဒီယိုတွေဖြစ်ကြတဲ့ Skydance, Apple နဲ့ Netflix တို့ဟာ စာရေးဆရာ Robert Lundlum နဲ့ တွေ့ဆုံပြီး ဝယ်ယူဖို့ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က Universal ဟာ သရုပ်ဆောင် Matt Damon နဲ့ ဆဋ္ဌမမြောက် Jason Bourne ရုပ်ရှင် The Bourne Dilemma ကို ဒါရိုက်တာ Edward Berger နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ အဆိုပါ Jason Bourne ဟာ အဆုံးသတ်ခဲ့ပြီလို့ ယူဆရတော့မှာပါ။
သရုပ်ဆောင် Matt Damon ရဲ့ Jason Bourne ရုပ်ရှင်ငါးကားမှာ ‘The Bourne Identity,’ ‘The Bourne Supremacy’ နဲ့ ‘The Bourne Ultimatum’ တို့ကတော့ ပိုမိုလူကြိုက်များခဲ့ပြီး ‘The Bourne Legacy’ နဲ့ ‘Jason Bourne’ ကတော့ ရောထွေးတဲ့ရလဒ်တွေကိုရရှိခဲ့ပါတယ်။
ဟောလိဝုဒ်ဟာ အထင်ကရရုပ်ရှင်တွေကို reboot ချ၊ remake ရိုက်၊ sequel ထုတ်နဲ့ သံသရာလည်လျက်ရှိနေပြီး စီအိုင်အေအရာရှိဟောင်း Jason Bourne ဟာလည်း ဒီသံသရာထဲမှာ နစ်မြောခဲ့ပြီလို့ ပြောရတော့မှာပါ။
Ref: Internet

image
45 w - Translate

July လ 5 ရက်နေ့မှာထွက်ရှိမယ့် ဒီ Anime 4 ကား

ဘယ်ကားကို အမျှော်လင့်ကြဆုံးလဲ?
အမျှော်လင့်ကြဆုံးလဲ? အကုန်လုံးကတော့ Animation အလန်းတွေပဲ

image
45 w - Translate

July လ 5 ရက်နေ့မှာထွက်ရှိမယ့် ဒီ Anime 4 ကား

ဘယ်ကားကို အမျှော်လင့်ကြဆုံးလဲ?
အမျှော်လင့်ကြဆုံးလဲ? အကုန်လုံးကတော့ Animation အလန်းတွေပဲ

image
45 w - Translate

July လ 5 ရက်နေ့မှာထွက်ရှိမယ့် ဒီ Anime 4 ကား

ဘယ်ကားကို အမျှော်လင့်ကြဆုံးလဲ?
အမျှော်လင့်ကြဆုံးလဲ? အကုန်လုံးကတော့ Animation အလန်းတွေပဲ

image
45 w - Translate

July လ 5 ရက်နေ့မှာထွက်ရှိမယ့် ဒီ Anime 4 ကား

ဘယ်ကားကို အမျှော်လင့်ကြဆုံးလဲ?
အမျှော်လင့်ကြဆုံးလဲ? အကုန်လုံးကတော့ Animation အလန်းတွေပဲ

image
45 w - Translate

July လ 5 ရက်နေ့မှာထွက်ရှိမယ့် ဒီ Anime 4 ကား

ဘယ်ကားကို အမျှော်လင့်ကြဆုံးလဲ?
အမျှော်လင့်ကြဆုံးလဲ? အကုန်လုံးကတော့ Animation အလန်းတွေပဲ

image
image
image
image