Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကိုကယ်ဆယ်ရန် နာရေးကူညီမှုအဖွဲ့နဲ့အတူ မန္တလေးသို့ ထွက်ခွာလာတဲ့ ထွန်းကိုကို
သရုပ်ဆောင်ထွန်းကိုကိုက နာရေးကူညီမှုအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူတူ မန္တလေးသို့ ယနေ့ညနေမှစတင်ပြီး ထွက်ခွာလာခဲ့တာပါ။ ရေဘေးဒဏ်ရာတွေ မကောင်းသေးတဲ့အချိန်မှာတောင် ငလျင်ဘေးသင့်တဲ့သူတွေကို ကယ်ဆယ်ရမှာမို့ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ သရုပ်ဆောင်ထွန်းကိုကိုဟာ နာရေးကူညီမှုအသင်းမှာ အမြဲတစေပါဝင်ကူညီပေးနေတဲ့ အနုပညာရှင်တစ်ဦးပါ။
မြန်မာငလျင်သည်ထိပ်တန်းအဆင့် အရေးပေါ်အခြေအနေဖြစ်၊ အရေးပေါ် ရန်ပုံငွေရှာေဖွ-ကမ္ဘာ့ကျန်းမာရေးအဖွဲ့
မြန်မာငလျင်ဘေးသည် ထိပ်တန်းအဆင့် အရေးပေါ်အခြေအနေတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၃၀ ရက် နေ့တွင် ပြောကြားလိုက်ပြီး အသက်ကယ်ဆယ်ရန်နှင့် လာမည့် ရက် ၃၀ အတွင်း ကူးစက်ရောဂါဖြစ်ပွားမှုများကို တားဆီးကာကွယ်ရန်အတွက် အရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈ သန်းကို ရန်ပုံေငွရှာဖွေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ခွဲစိတ်ကုသနိုင်မှု နည်းပါးခြင်းကြောင့် ေ-သဆုံးသူအရေအတွက် မြင့်မားနေပြီး ထိခိုက်ဒဏ်ရာရရှိသူများသည် ရောဂါကူးစက်မှုများဖြစ်နိုင်ခြေမြင့်မားကြောင်းနှင့် နိုင်ငံ၏ နောက်ခံအခြေအနေများကြောင့် ငလျင်ဘေးသည် ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားကြောင်း WHO က ပြောကြားခဲ့သည်။
“WHO သည် ယခုအကြပ်အတည်းကို ၎င်း၏ အရေးပေါ်တုန့်ပြန်ရေးမူဘောင်တွင် အမြင့်ဆုံးဖြစ်သည့် အဆင့် ၃ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည်” ဟု ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ရန်ပုံငွေဆိုင်ရာ ပန်ကြားချက်တွင် ပြောဆိုခဲ့သည်။
မြန်မာတွင် ပဏာမ အကဲဖြတ်ချက်များအရ အေ-သအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်သည် မြင့်မားနေပြီး အရေးပေါ်ကုသစောင့်ရှောက်မှုများကို အရေးတကြီး လိုအပ်နေကြာင်း၊ လျှပ်စစ်နှင့် ရေပေးဝေမှု ပြတ်တောက်နေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိမှု အခြေအနေဆိုးလာပြီး ရေနှင့် အစားအစာကြောင့်ဖြစ်သော ရောဂါဘယများဖြစ်ပွားနိုင်ခြေ သည် ပိုများလာကြောင်း WHO က ပြောသည်။
လာမည့်ရက် ၃၀ အတွင်း အရေးတကြီး ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၈ သန်း လိုအပ်ပြီး အသက်များကို ကယ်တင်ရန်၊ ရောဂါဘယများကို တားဆီးရန်၊ မရှိမဖြစ်သော ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်ထူထောင်ရန်အတွက် လိုအပ်သော ရံပုံငွေဖြစ်သည်ဟု ဆိုသည်။
ရန်ပုံငွေ ချက်ချင်းမရရှိပါက အသက်များ ဆုံးရှုံးကာ ထိခိုက်လွယ်သော ကျန်းမာရေးစနစ်သည် ယိုယွင်းလာမည်ဟု WHO က ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
#မြေငလျင်သတင်းအချက်အလက်
◼ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမေရိကန်ကဒေါ်လာနှစ်သန်းထောက်ပံ့မည်
မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အမေရိကန်က ဒေါ်လာနှစ်သန်းထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ယမန်နေ့(မတ် ၃၀ ရက်) တွင်ထုတ်ပြန်သည်။
ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိသည့် မြန်မာပြည်သူများနှင့်အတူ အမေရိကန်နိုင်ငံကရပ်တည်လျက်ရှိကြောင်း၊ အသက်ဆုံးရှုံးမှုများနှင့်လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ မြန်မာနိုင်ငံရှိငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် သောက်သုံးရေရရှိနိုင်မှုအပါအဝင်လိုအပ်ချက်များအတွက် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ယခုမတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်အင်အားပြင်ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နှင့် မြန်မာပြည်အလယ်ပိုင်းရှိဒေသအတော်များများ ငလျင်ဘေးဒဏ်ဖြင့်ကြုံတွေ့ခဲ့ရသည်။
အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ဗြိတိန်နိုင်ငံမှစတာလင်ပေါင် ၁၀ သန်း၊ ဩစတေးလျအစိုးရမှလည်း လူသားချင်းစာနာမှု လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ဒေါ်လာနှစ်သန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း ICRC မှတစ်ဆင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တရုတ်အစိုးရကလည်း အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ်သန်း ၁၀၀ ပံ့ပိုးကူညီရန်ဆုံးဖြတ်ခဲ့ကြောင်း သက်ဆိုင်ရာသံရုံးအသီးသီးက ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ယနေ့ မတ်လ (၃၁)မှစ၍ ဧပြီ (၆)ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ ယနေ့ မတ် ၃၁ ရက်မှစ၍ ဧပြီ ၆ ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့များအတွင်း၌ နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရမည်ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်အဆောက်အအုံပြိုကျမှုစစ်ဆေးချက်ခုနစ်ရက်အတွင်းတင်ပြရန်
တရုတ်ကုမ္ပဏီတစ်ခုကတည်ဆောက်ခဲ့သော နိုင်ငံတော် စာရင်းစစ်ရုံး အဆောက်အဦပြိုကျမှုကို စုံစမ်းစစ်ဆေးကာ တွေ့ရှိချက်များကို ခုနစ်ရက်အတွင်း တင်ပြရန် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးက တောင်းဆိုလိုက်ပြီး အဆိုပါ အခင်းဖြစ်ဧရိယာမှ စာရွက်စာတမ်းများကို ယူဆောင်သွားခဲ့သည့် တရုတ်အလုပ်သမား လေးဦးကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။
ပြိုကျခဲ့သည့် လုပ်ငန်းခွင်ကို စစ်ဆေးရန် တရုတ်အစိုးရက ကျွမ်းကျင်ပညာရှင်တစ်ဦးကို စေလွှတ်ထားကြောင်း သိရသည်။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်အတွက် ကော်မတီဖွဲ့ထားပြီး ခုနစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှုကို အပြီးသတ်ရန် မျှော်လင့်သည်ဟု ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ကော်မတီတွင် ပြည်သူ့ဆောက်လုပ်ရေးနှင့် မြို့ပြစီမံကိန်းဦးစီးဌာနမှ အတွေ့အကြုံရင့် အင်ဂျင်နီယာများနှင့် ယုံကြည်စိတ်ချရသော ကျွမ်းကျင်ပညာရှင်များ ပါဝင်သည်ဟု သူက ပြောသည်။
“ထိုင်းနိုင်ငံအနေနဲ့ ဒီ အဆောက်အအုံက ဘာကြောင့် ပြိုကျရသလဲဆိုတာကို အမြန် စစ်ဆေးဖော်ထုတ်သွားပါမယ်၊ ဒါက ဆောက်နေဆဲပဲ ရှိသေးတယ်၊ ငလျင်ဒဏ်ခံနိုင်အောင် ဒီဇိုင်းထုတ်သင့်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဘန်ကောက်မြို့တော် ချာတူချတ်ခရိုင်တွင် တည်ဆောက်နေသည့် အထပ် ၃၀ မြင့် နိုင်ငံတော် စာရင်းစစ်ရုံးသစ်ကို သူက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စာရင်းစစ်ရုံးသည် ဘတ် ၂ ဒဿမ ၁ ဘီလျံကုန်ကျမည့် အဆိုပါ အဆောက်အအုံကို တည်ဆောက်ရန် အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမီတက်နှင့် အမှတ် ၁၀ တရုတ်မီးရထား အင်ဂျင်နီယာလုပ်ငန်းအုပ်စုတို့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားခဲ့သည်။
ဘန်ကောက်မြို့ရှိ တရုတ်သံအမတ်ကြီး Han Zhiqiang သည် တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဥမင်လှိုင်ခေါင်းပြိုကျခြင်းနှင့် မြေငလျင်ဆိုင်ရာ တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးကို ခေါ်ယူပေးခဲ့ကာ တနင်္ဂနွေနေ့တွင် မစ္စတာ Anutin နှင့်တွေ့ဆုံစေခဲ့သည်။
ငလျင်သည် ပြင်းအား ၇ ဒဿမ ၈ အထိ လှုပ်ခတ်ခဲ့သော်လည်း အဆောက်အအုံများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် ခံနိုင်ရည်ရှိခဲ့ကြောင်းနှင့် နိုင်ငံတော် စာရင်းစစ်ရုံး အဆောက်အဦသာလျှင် ပြိုကျမှုဖြစ်ခဲ့ကြောင်း မစ္စတာ Anutin က ပြောဆိုသည်။
“ဒီအဆောက်အအုံက အသစ်ဆောက်နေတာဆိုတော့ ငလျင်ဒဏ်ကို ခံနိုင်သင့်ပါတယ်” သူက ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် ပြိုကျအဆောက်အဦ၏ အနောက်ဘက်ရှိ ကွန်တိန်နာများအတွင်းမှ ဖိုင် ၃၂ ခုကို ယူဆောင်သွားခဲ့သည့် တရုတ်နိုင်ငံသားလေးဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့သည်ဟု မြို့တော် ရဲတပ်ဖွဲ့ဗျူရို၏ ဒုတိယကော်မရှင်နာ ရဲဗိုလ်ချုပ် Noppasin Poonsawat က ပြောဆိုခဲ့သည်။
၎င်းတို့လေးဦးသည် အလုပ်လုပ်ခွင့်ပါမစ်ရှိထားပြီး အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစု၏ အစိတ်အပိုင်းဖြစ်သော ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေကြသူများဟု သူက ပြောဆိုသည်။
ဘန်ကောက်မြို့တော် ဒုတိယ ကော်မရှင်နာ၏ အဆိုအရ အဆိုပါဖိုင်များတွင် ကန်ထရိုက်တာများ၊ ပူးတွဲ ကန်ထရိုက်တာများ၏ အချက်အလက်များ အပါအဝင် စာရွက်စာတမ်းအများအပြား ပါရှိသည်ဟု သိရသည်။ အဆိုပါ စာရွက်စာတမ်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကာ တရုတ်နိုင်ငံသားလေးဦးကိုလည်း စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်