HUAWEI က သုံးခေါက်ချိုးဖုန်း ထုတ်ပြပြီးမှ iPhone တွေအထာ လုပ်မယ့်ပုံပါပဲ
အခုသတင်းတွေ ထွက်နေတာက HUAWEI က ဒုတိယ မျိုးဆက် သုံးခေါက်ချိုးဖုန်းကို မိတ်ဆက်ဖို့ပြင်နေပါတယ် September လထဲမှာပဲဆိုတော့ Product Cycle ကို တစ်နှစ် ပဲထားမယ့်ပုံပါ
သတင်းတွေအရ ဝိုး ဝါး ဖြစ်စေဖို့ ပြောင်းလဲမှုမျိုးတွေပါမှာမဟုတ်ဘူး
Color အသစ်တွေပါမယ်
Processor ပြောင်းမယ်
Camera ပိုကောင်းမယ် ဒီလောက်ပါပဲတဲ့
ဘယ်လိုမလဲဗျာ သုံးခေါက်ချိုးဖုန်းတောင် ထုတ်ပြထားနိုင်ပြီ Market ထဲမှာ ဘယ်သူမှ ရောင်းတဲ့ Level အထိ လိုက်မလာနိုင်သေးဘူး ဆိုတော့ HUAWEI က ဒီနှစ်တော့ ဘာမှ ကြီးကြီးမားမားပြောင်းလဲမှုမလုပ်ပဲ အေးဆေးနေဦးမယ်ဆိုတဲ့သဘောပေါ့
ဒီလောက်တိုးတက်မှုတွေနဲ့ဆိုရင် သွားတူနေတာက iPhone တွေနဲ့ပါ
နှစ်တိုင်း နှစ်တိုင်း iPhone က နာမည်သာပြောင်းတယ် Design မပြောင်းပဲ Color အသစ် ၊ Processor အသစ်နဲ့ပဲဆိုတော့လေ 😁
ဟဲဟဲ စတာပါဗျာ xD
