45 w - Translate

တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
*******************
(မှုခင်း) ဇွန်လ ၃၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတံတား(မန္တလေး)၊ စစ်ဆေးရေးဂိတ်၌ ဇွန်လ ၂၇ ရက်က ရွှေဘိုမြို့ မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှတရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၂၅၁၄၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၀၂၅၁၄၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည် X-Ray စက်၊ စစ်ဆေးရေးဂိတ်အနီး၌ ဘားအံမြို့ မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၁၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၁၁၂၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ ရွာမလမ်းအမှတ် (၃)ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ ဇွန် ၂၈ ရက်က တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ရှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၁ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင် ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉၀၃၆၃၄၄) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေး ကဏ္ဍအပေါ် များစွာဆိုးကျိုးသက် ရောက်ခြင်းများကြောင့် တရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြောက်ကိုရီးယားပြဿနာကိုလည်း ဖြေရှင်းမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့် ပြောကြား
မိမိအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်ရှိနေသည့် ပြဿနာများကိုလည်း ဖြေရှင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇွန် ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ခြင်း ရှိ၊ မရှိသတင်းထောက်များ၏မေးခွန်းကို တုံ့ပြန်သည့် အနေဖြင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ဆက်ဆံရေးမှာ ကောင်းမွန်မှုရှိကြောင်း၊ သို့ဖြစ်ရာ မည်သည့်အရာများ ဆက်ဖြစ်လာမည်ကို စောင့်ကြည့်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က သတင်းထောက်များ၏မေးခွန်းကို တုံ့ပြန်ခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်နေသော သတင်းဝက်ဘ်ဆိုက်တစ်ခု၏ အဆိုအရနယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် သမ္မတဒေါ်နယ်ထရန့် ထံမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံ လိပ်မူထားသော ပေးစာတစ်စောင်ကိုလက်ခံရယူရန်ငြင်းပယ်ခဲ့ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၂၁ ခုနှစ်အကြားကာလအတွင်း အမေရိကန်သမ္မတရာထူးကို ပထမဆုံးအကြိမ်ရယူခဲ့စဉ်က သမ္မတဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်သီးဆွေးနွေးပွဲသုံးကြိမ်ကျင်းပခဲ့ဖူးသည်။
သမ္မတရာထူးကို ဒုတိယအကြိမ်ရယူပြီးချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားလက်နက် ပိုင်ရှင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။
ရိုက်တာ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဒေါ်လာခြောက်ဘီလီယံ တန်ဖိုးရှိ အစုရှယ်ယာများ ဝါရင်းဘက်ပက် ဂိတ်ဖောင်ဒေးရှင်းထံ လှူဒါန်း
အမေရိကန်ဘီလီယံနာသူကြွယ်ကြီး ဝါရင်းဘက်ဖက်သည် ၎င်း၏ ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်ကုမ္ပဏီပိုင် အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံတန်ဖိုးရှိ အစုရှယ်ယာများကို ဂိတ်ဖောင်ဒေးရှင်းနှင့် အခြားပရဟိတအဖွဲ့လေးဖွဲ့သို့ ဇွန် ၂၇ ရက်တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဝါရင်းဘက်ဖက်သည် ပြီးခဲ့သည့်နှစ်ပေါင်း ၂ဝ အတွင်း ၎င်းပိုင်ဓနဥစ္စာများကို နိုင်ငံတကာပရဟိတလုပ်ငန်းများအတွက် နှစ်စဉ်လှူဒါန်းခဲ့ရာ ယခုနှစ်လှူဒါန်းခဲ့သောပမာဏမှာ အများအပြားဆုံးဖြစ်သည်။
ဝါရင်းဘက်ဖက်က ဇွန် ၂၇ ရက်တွင် လှူဒါန်းခဲ့သော ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်အစုရှယ်ယာ ၁၂ ဒသမ ၃၆ သန်းကြောင့် နှစ်ပေါင်း ၂၀ အတွင်း ဝါရင်းဘက်ဖက်လှူဒါန်းခဲ့သမျှ ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာဘီလီယံ ၆ဝ အထိ ရှိလာခဲ့ပြီဖြစ်သည်။
အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံတန်ဖိုးရှိ ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်အစုရှယ်ယာ ၁၂ ဒသမ ၃၆ သန်းအနက် ၉ ဒသမ ၄၃ သန်းကို ဝါရင်းဘက်ဖက်က ဂိတ်ဖောင်ဒေးရှင်းထံ လှူဒါန်းခဲ့ပြီး ကျန်အစုရှယ်ယာများကို ၎င်း၏သားသမီးသုံးဦး ဦးဆောင်သော ပရဟိတဖောင်ဒေးရှင်းများထံသို့ ခွဲဝေလှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဇွန် ၂၇ ရက် လှူဒါန်းမှုမတိုင်မီအထိ ဝါရင်းဘက်ဖက်၏ အသားတင် ပိုင်ဆိုင်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၂ ဘီလီယံအထိရှိနေရာ ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်များစာရင်းတွင် အဆင့် ငါးနေရာ၌ ရှိနေခဲ့သည်။ ဇွန် ၂၇ ရက် လှူဒါန်းမှုအပြီးတွင် ဝါရင်းဘက်ဖက်သည် ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်များစာရင်း၌ အဆင့်ခြောက်နေရာသို့ ရောက်ရှိသွားပြီးဖြစ်သည်။
ဝါရင်းဘက်ဖက်သည် စီးပွားရေးတန်ဖိုး ၁ ဒသမ ဝ၅ ထရီလီယံရှိသည့် ဘာ့ခ်ရှိုင်းယားဟေသာဝေးလ်ကုမ္ပဏီ၏ အစုရှယ်ယာများ အနက် ၁၃ ဒသမ ၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။
ရိုက်တာ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းနိုင်ငံ ပိုခရော့ဗ်မြို့အနီး ရုရှားနိုင်ငံ စစ်အင်အားစုစည်း
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှ မဟာဗျူဟာမြောက်မြို့တစ်မြို့ဖြစ် သည့်ပိုခရော့ဗ်မြို့အနီးတွင် ရုရှားနိုင်ငံက စစ်အင်အား ၁၁၀၀၀၀ အထိစုစည်းထားကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ဇွန် ၂၇ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ပိုခရော့ဗ်မြို့ပတ်ဝန်းကျင်နယ်မြေသည် ၇၄၅ မိုင်ရှည်လျားသော ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းမျဉ်းတစ်လျှောက် စစ်ရေးအတင်းမာဆုံး နယ်မြေဖြစ်လာကြောင်း ယူကရိန်းစစ်ဦးစီးချုပ် အလက်ဇန်းဒါးဆီရာစကီးက သုံးသပ်ထားသည်။
ရုရှားနိုင်ငံသည် ပိုခရော့ဗ်မြို့ကိုသိမ်းပိုက်ရေးအတွက် တစ်နှစ်နီး ပါးကြာမျှကြိုးပမ်းခဲ့သော်လည်း လူအင်အား၊ လက်နက်အင်အား သာနေသည့်တိုင် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။
ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်ဒေသနှင့် လူးဟန့်ဒေသနှစ်ခုစလုံးကို အပြည့်အဝသိမ်းပိုက်ရန် ရည်မှန်းထားကြောင်း ရုရှားသမ္မတပူတင်က ပြောကြားထားရာ ပိုခရော့ဗ်မြို့သည်လည်း ရုရှားတပ်များ၏ မဟာဗျူဟာမြောက်ပစ်မှတ်ဖြစ်လာခဲ့ရသည်။
ပိုခရော့ဗ်မြို့သည် ယူကရိန်းအရှေ့ပိုင်းရှိ အခြားစစ်ရေးအချက် အချာများနှင့် ချိတ်ဆက်ထားသောကားလမ်းနှင့် ရထားလမ်း အဓိကထောက်ပံ့ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသော မြို့ဖြစ်ပြီး ယူကရိန်း၏ ဒွန်းနက်ဒေသခံစစ်အတွက် အရေးပါသောမြို့လည်းဖြစ်သည်။
ယူကရိန်းနယ်မြေများကို ရုရှားတပ်များ ပိုမိုသိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် ယူကရိန်းစစ်ပွဲပြီးဆုံးရေး ကြိုးပမ်းအားထုတ်မှုများ နှောင့်နှေးစေရန် ရုရှားသမ္မတပူတင်ကကြိုးပမ်းနေကြောင်း ယူကရိန်းနိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများက စွပ်စွဲထားသည်။
ရိုက်တာ

image
45 w - Translate - Youtube

နာမည်ကြီးလူသတ်သမားတွေစုဝေးတဲ့သေခြင်းတရား Cecil ဟော်တယ်

45 w - Translate - Youtube

ဂျပန်ကျိန်စာသင့်ကဗျာ tomino's hell

45 w - Translate - Youtube

ဂျပန်နိုင်ငံကစုန်းသရဲ yama uba

45 w - Translate - Youtube

အင်ဒိုနီးရှား ခေါင်းပြတ်စုန်း လီရဲ့ Leyak | ထူးဆန်းထွေလာ | သရဲ | ဗဟုသုတများ | Myanmar | စကားပြော

45 w - Translate - Youtube

FN Radio's True Horror Collection📌(သူတို့ပြောပြတဲ့ အကြောင်းအရာများ & Creepy Ringing)

45 w - Translate - Youtube

လာယိုရိုနာသရဲမ