1 w - Translate

DENKO စက်သုံးဆီဆိုင်အားဓားပြတိုက်၍ ဝန်ထမ်း(၂)ဦးကိုဖမ်းဆီးသွားခြင်းဖြစ်ပွါး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်အားဓားပြတိုက်၍ ဝန်ထမ်း(၂)ဦးကိုဖမ်းဆီးခေါ်ဆောင်သွားသူများအနက်(၂)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်း ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်းဘေးရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ ဇူလိုင် ၂၈ ရက်ညနေ ၅ နာရီခန့်က အကြမ်းဖက်အဖွဲ့ဝင် (၆)ဦးရောက်ရှိလာကာ ဆီဆိုင်ဝန်ထမ်းများထံမှ ဖုန်း(၄) လုံး၊ ရွှေနားကပ်(၂)ရံ၊ ဆိုင်ကယ်(၂)စီး၊ ဆီရောင်း ချရငွေ(၅)သိန်းကျပ်နှင့် ဆီဖြည့်ရန်ရောက်ရှိနေသည့် ဦးစန်းယု(၃၈)နှစ်၏ HONDA Fit (အဖြူရောင်)ကားတို့အားလုယက်ယူဆောင်ပြီး ဆီဆိုင်မန် နေဂျာဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်း(၄၀)နှစ်နှင့် ဒု-မန်နေဂျာဦးဆန်းလွင်ဦး(၄၂)နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်ခဲ့ကြသည့် အကြမ်းဖက်အဖွဲ့ဝင်များအားလိုက်လံဖမ်းဆီးရာ ကန်ပေါက်(အရှေ့)ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက် အကြမ်းဖက်အဖွဲ့ဝင်များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံ ခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့ဝင်(၂)ဦးအား MA-13 သေနတ် (၁)လက်၊ ၎င်းကျည်(၁၀)တောင့်၊ ကျည်အိမ်(၁)ခု၊ MA- 1 သေနတ်(၁)လက်၊ ၎င်းကျည်(၁၀)တောင့်နှင့် ကျည်အိမ်(၁ခုတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား(၂)ဦးမှာထွက်ပြေးလွတ် မြောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ပြစ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ညောင်ဦးမြို့မရဲစခန်းမှ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ခ)ဖြင့်အမှုဖွင့်ကာ လုံခြုံ ရေးအဖွဲ့ဝင်များမှလည်း ဖမ်းဆီးခံရသူများအားပြန် လည်ကယ်တင်နိုင်ရေးနှင့် လုယက်ယူဆောင်သွားသည့် ပစ္စည်းများပြန်လည်သိမ်းဆည်းရရှိရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။