42 w - Translate

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ နလအ ဥက္ကဌ တို့ တွေ့ဆုံ၊ တရုတ်စီမံကိန်းတွေ ဘေးကင်းလုံခြုံရေး ရှီကျင်ဖျင် တောင်းဆို
ဩဂုတ် ၃၁ - ၂ဝ၂၅
KKO(VOM)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံယာယီသမ္မတ နလအ ဥက္ကဌ တို့ဟာ သြဂုတ်လ ၃၀ ရက်၊ မွန်းလွဲပိုင်းအချိန်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမှာတွေ့ဆုံကာနှစ်နိုင်ငံ သီးသန့် ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံစဉ် သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေ တွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်း စဉ်ကိုလျှောက်လှမ်းခြင်း၊နိုင်ငံတော်ရဲ့အချုပ် အခြာအာဏာ၊လုံခြုံရေး၊ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ခြင်းကို အားပေးထောက်ခံလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် တရုတ်သမ္မတက မြန်မာနိုင်ငံ
အနေနဲ့ စည်းလုံးညီညွတ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများစွာကို စုစည်းပြီး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေးကိုလည်းထောက်ခံလျက်ရှိတယ်လို့ ပြောကြားပါတယ်။
အဲဒါအပြင် နှစ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကစီမံကိန်းတွေကို တွန်းအားပေးပြီး စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားကြရမယ်လို့လည်းပြောကြားခဲ့သလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးတွဲတိုက်ဖျက် ရေး၊တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွထိန်းသိမ်းသွားကြဖို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး တရုတ်သမ္မတရှီက မြန်မာ
နိုင်ငံရှိတရုတ်စီမံကိန်းမှဝန်ထမ်းများ၊အဖွဲ့အစည်းတွေ စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုကို အာမခံပေးဖို့တောင်းဆိုခဲ့သလိုငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ရဲ့ စိတ်ဓာတ်ကိုပြန့်ပွားပြီး ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်အားပူးပေါင်းကာကွယ်ဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံယာယီသမ္မတ နလအ ဥက္ကဌ ကတော့ မြန်မာနဲ့ တရုတ်နိုင်ငံတို့မှာ လေးနက်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေး၊တည်ငြိမ်
ရေးကိုလိုက်စားသောဘုံရည်မှန်းချက်ရှိပြီးတရုတ်နိုင်ငံဟာ အစဥ်အမြဲ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်းမိတ်ဆွေးကောင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် နလအ ဥက္ကဌ က တရုတ်နိုင်ငံဟာမြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်နေပြီး မြန်မာနိုင်ငံသည် တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy)ကို ခိုင်ခိုင်မာမာ လက်ကိုင်စွဲထားသလို တရုတ်နိုင်ငံနဲ့အတူ အရည်အသွေးမြင့် “Belt and Road” ကို ပူးတွဲတည်ဆောက်‌‌ ရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံအစရှိတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ချဲ့ထွင်သွားမယ်လို့ ပြန်လည်ဆွေး‌နွေးပြောကြားခဲ့ပါတယ်။
ယခု နလအ ဥက္ကဌရဲ့တရုတ်ပြည်ခရီးစဉ်ဟာ
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ် ကြည်ရေးကိုဒုတိယအကြိမ်အကောင်းဆုံးပုံဖော်ပြသမယ့်ခရီးစဉ်ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
"ဒါကတရုတ်ဘက်က တခုတ်တရကိုဖိတ်တာလေ၊ဗိုလ်ချုပ်မှူးကြီးကသူတာဝန်ယူစဉ်က တည်းကစပြီးတော့ပေါ့လေ၊ပြည်ပဆက်ဆံတဲ့အခါမှာ ရုရှားနဲ့ကအတော်လေးကိုရင်းရင်း နှီးနှီးဆက်ဆံခဲ့တယ်။ရုရှားနဲ့ တပ်ဘက် အရပ်ဖက်ဆက်ဆံရေးပေါ့လေ။တရုတ်နဲ့ ဆက်ဆံရေးကအစပိုင်းမှာနည်းနည်းလေးကသိကလွတ်ဖြစ်သွားတယ်။နောက်တခုကရှမ်းမြောက်ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာတရုတ်ဘက်ဝမ်ယိတို့ဘာတို့လာတယ်။တရုတ်- မြန်မာဆက်ဆံရေးကအတော်လေးအရှိန် အဟုန်တိုးလာတာရှိတယ်။ဒါကြောင့်မို့လည်းမြန်မာဘက်ကတရုတ်နဲ့ဆက်ဆံရေးကိုပြန် လည်ကောင်းမွန်စွာတည်ဆောက်လာတယ်။ရှမ်းမြောက်ဖြစ်စဉ်တွေမှာတရုတ်ရဲ့အခန်းကဏ္ဍကိုတပ်ချုပ်ကြီးကပိုပြီး သတိပြုမိလာတဲ့သဘောမှာရှိပါတယ်။တရုတ်ရဲ့အရေးပါမှုကိုထည့်သွင်းစဉ်းစားလာပုံရပါတယ်"လို့ လေ့လာသုံးသပ်သူတယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် ယခုတွေ့ဆုံမှုဟာ တရုတ် - မြန်မာနှစ်နိုင်ငံအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်တယ်လို့လည်းသုံးသပ်ထားကြပါတယ်။
မြန်မာနိုင်ငံယာယီသမ္မတ နလအ ဥက္ကဌ နဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတရှီရဲ့ဖိတ်ကြားမှုအရ ၂၀၂၅ ခုနှစ်၊ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်း အဝေး၊ တရုတ်ပြည်သူတွေရဲ့ဂျပန်ခုခံတော် လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်း အမှတ် အခမ်းအနားတွေကို တက်ရောက်ဖို့ တရုတ်နိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံယာယီသမ္မတ နလအ ဥက္ကဌ တို့ တွေ့ဆုံပွဲမှာ
နှစ်ဦးနှစ်ဖက်လုံးက အကောက်ခွန်နဲ့ သတင်းမီဒီယာစတဲ့ နယ်ပယ်တွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စာတမ်း‌တွေကိုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်အစိုးရရဲ့အဆင့်မြင့်ပုဂ္ဂိုလ်‌တွေဖြစ်တဲ့ Mr. Cai Qi၊ Mr.Wang Yi နှင့် Mr. Chen Min'er တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

image
42 w - Translate

A 6.0 magnitude earthquake struck eastern Afghanistan on Sunday, destroying what one official described as several villages.
The powerful earthquake struck about 17 miles east of Jalalabad, near the border with Pakistan, according to preliminary data from the U.S. Geological Survey.
Read more: https://abcnews.visitlink.me/Uz7tMZ

image
42 w - Translate

ဒီဇိုင်နာ ငြိမ်းကိုကြောင့် Alice Princess လေးဖြစ်သွားတဲ့ ဖွေး

image
42 w - Translate

ဒီဇိုင်နာ ငြိမ်းကိုကြောင့် Alice Princess လေးဖြစ်သွားတဲ့ ဖွေး

image
42 w - Translate

ဒီဇိုင်နာ ငြိမ်းကိုကြောင့် Alice Princess လေးဖြစ်သွားတဲ့ ဖွေး

image
42 w - Translate

ဒီဇိုင်နာ ငြိမ်းကိုကြောင့် Alice Princess လေးဖြစ်သွားတဲ့ ဖွေး

image
image
image
42 w - Translate

ဘတ် ၂၅၀၀ တည်းနဲ့ လူ ၂ ယောက် ဘန်ကောက်ကနေ Pattaya နဲ့ Koh Larn ကျွန်းကို ဘယ်လိုအလည်သွားမလဲ ... ?
❗️ ဖော်ပြပါခရီးစဥ်သည် လူ ၂ ယောက် budget trip သွားသည့်ပုံစံဖြင့် တွက်ချက်ပြထားခြင်းဖြစ်ပါတယ်။ ❗️
📌 ပထမဆုံး ဘန်ကောက် Ekkamai ကနေ Pattaya ကိုသွားဖို့ ကားလက်မှတ်ဖြတ်ပါမယ်။
၁ ယောက်ကို ၁၃၁ ဘတ်ဖြစ်လို့
၂ ယောက်ဆို ၂၆၂ ဘတ် ကျသင့်မှာပါ။
📌 Pattaya ရောက်တဲ့အခါ ကားဂိတ်ကနေ မိမိတည်းမယ့် Hotel ဆီကို သွားမယ်ဆိုရင် အနီးအ၀ေးပေါ်မူတည်ပြီး ဘတ် ၅၀ ကနေ ၁၀၀ ကြားကုန်ကျနိုင်ပါတယ်။
ဘတ် ၈၀ နဲ့ပဲတွက်ပါမယ်။
📌 Hotel တွေက Agoda App ကနေ ငှားရမ်းမယ်ဆိုရင် တစ်ရက် ဘတ် ၄၀၀ ကနေ သောင်းနဲ့ချီသည်အထိ စျေးက အမျိုးမျိုးရှိပါတယ်။ Budget Trip အနေနဲ့ သွားမှာဖြစ်လို့ ဘတ် ၅၀၀ တန် Hotel ငှားပါမယ်။
Hotel တစ်ညစာ - ဘတ် ၅၀၀
📌 နေ့လည်စာစားမယ်ဆိုရင် လူတစ်ဦး တစ်နပ်စာကို ဘတ် ၅၀ ကနေ ဘတ် ၁၀၀ ကျော်လောက်အထိ ကုန်ကျနိုင်ပါတယ်။
သာမန်စားတာလောက်က ဘတ် ၇၀ လောက်နဲ့အဆင်ပြေပါတယ်။
နေ့လည်စာ ၇၀ + ၇၀ + ၁၀ (ရေ) = ၁၅၀
📌 Pattaya မြို့ထဲ ဟိုနားဒီနားလျောက်လည်တာအတွက် ကားခ ဘတ် ၂၀၀ ကျသင့်ပါမယ်။
(များများလည်ရင် များများကုန်ပါမယ်။ အများကြီးလည်ဖို့ စိတ်ကူးရှိရင် ဆိုင်ကယ်ငှားရမ်းလို့ရပါတယ်)
📌 ညစာစားတာအတွက်ကိုလည်း ၂ ယောက်စာ ဘတ် ၁၅၀ လို့ပဲ အကြမ်းဖျင်းတွက်ကြည့်ပါမယ်။
📌 နောက်တစ်နေ့ မနက်စာကို ဘတ် ၁၅၀ နဲ့ စားပြီး Hotel ကနေ Check Out ထွက်ကာ Koh Larn ကို သွားမယ့် သင်္ဘောဆိပ်ကို ကားငှားပါမယ်။
၁၅၀ (မနက်စာ) + ၇၀ (ကားခ) = ၂၂၀
📌 Koh Larn ကိုသွားဖို့အတွက် Ferry Boat အကြီးစီးခက တစ်ဦးကို ဘတ် ၃၀ ပါ။ ၂ ယောက်ဆို ဘတ် ၆၀ ကျသင့်ပါမယ်။
Koh Larn (အသွား) - ဘတ် ၆၀
📌 Koh Larn ကျွန်းပေါ်မှာ ဆိုင်ကယ်ငှားစီးလို့ရပါတယ်။ တစ်နေ့လုံးငှားမှ ဘတ် ၂၀၀ ပဲ ပေးရတာမလို့ Budget Save ဖြစ်စေမှာပါ။
ဆိုင်ကယ် ငှားရမ်းခ - ဘတ် ၂၀၀
📌 ကျွန်းပေါ်မှာ အစားအသောက်အတွက် 7/11 က ထမင်းကြော်ဘူးတွေ ၀ယ်သွားတာက ပိုပြီးငွေကုန်သက်သာစေပါတယ်။
အစားအသောက် တစ်နပ်စာ (၂ ယောက်) - ဘတ် ၁၅၀
📌 တစ်နေကုန်လည်ပြီးလို့ ညနေ ၅ ခွဲ ၆ နာရီ၀န်းကျင်အချိန် ပြန်လာမယ်ဆိုရင်လည်း သင်္ဘောစီးခက ၂ ယောက်စာ ဘတ် ၆၀ ပဲ ကျသင့်မှာပါ။
📌 သင်္ဘောဆိပ်ကနေ ဘန်ကောက်ကိုပြန်ဖို့ ကားဂိတ်ကိုပြန်မယ်ဆို Bolt ငှားရင် ဘတ် ၁၀၀ အောက်နဲ့ ငှားလို့ရပါတယ်။
ဘတ် ၇၀/၈၀ က ပျမ်းမျှ ကျသင့်စျေးဖြစ်ပါတယ်။
📌 Pattaya to Ekkamai ကို ပြန်တဲ့ ကာခကလည်း ၁၃၁ ဘတ်ပါပဲ။
၂ ယောက်ဖြစ်လို့ ၂၆၂ ဘတ်သာကျသင့်မှာပါ။
ဒါဆို Bangkok > Pattaya > Koh Larn > Pattaya > Bangkok ခရီးစဥ်အစအဆုံး ကုန်ကျစရိတ်ကို တွက်ချက်ကြည့်မယ်ဆိုရင် Budget Trip အနေနဲ့ သွားမယ်ဆိုပါက (နေ၊ စား၊ ငြိမ်း) စုစုပေါင်း ဘတ် ၂၅၀၀ အောက်သာ ကျသင့်မှာဖြစ်ပါတယ်။ 💰
ဒါကြောင့် ဘန်ကောက်ကနေ နီးနီးနားနားကမ်းခြေတစ်ခုခုကို အပန်းဖြေခရီးလည်းသွားချင်တယ် Budget လည်းအရမ်းမသုံးပဲ ချွေတာချင်တယ်ဆိုတဲ့ သူတွေအတွက် Shwe Network ကနေ Pattaya Budget Trip လေးကို လမ်းညွန်ပေးလိုက်ရပါတယ်။
အားလုံးပဲ ခရီးသွားရင်း ပျော်ရွှင်ကြပါစေ။ ❤️
#sawasdeenews
#thailand #crd

image

ကမ္ဘာ့ခေါင်းဆောင်တွေ တရုတ်မှာ တွေ့ဆုံ
စက်တင်ဘာ ၁၊ ၂၀၂၅
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO) တက်ရောက်ရန် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ရောက်ရှိနေသည့် နိုင်ငံ့ခေါင်းဆောင်များအား တရုတ်သမ္မတ ရှီကျင့်ဖျင်က သြဂုတ် ၃၁ ရက်ည၌ ညစာစားပွဲဖြင့် ကြိုဆိုဂုဏ်ပြုခဲ့သည်။
ယင်းအခမ်းအနားသို့ ရုရှားသမ္မတ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါမိုဒီ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်တို့ အပါအဝင် အစည်းအဝေးတက်ရောက်မည့် နိုင်ငံပေါင်း ၂၀ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့ အစည်း ၁၀ ခုမှ အကြီးအကဲများ တက်ရောက်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးတို့က တဦးချင်းကြိုဆိုနှုတ်ဆက်ခဲ့သည်။
တီယန်ကျင်းကို ရောက်နေသည့် မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ယင်းညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
SCO သည် ၂၀၀၁ ခုနှစ်တွင် တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့က ရှန်ဟိုင်း၌ တည်ထောင်ခဲ့သော ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတခု ဖြစ်သည်။
ယခုလို ဒေသဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များ စုဝေးတွေ့ဆုံမှုသည် အနောက်နှင့် ဆက်ဆံရေးတင်းမာနေချိန် ဘေကျင်း၏ အရေးပါမှုအခန်းကဏ္ဍကို ဖော်ထုတ်ပြသနေသည်ဟုလည်း မီဒီယာများက ဆိုသည်။
#crd

image
42 w - Translate

လူတစ်ယောက်ကို စိတ်ရော ကိုယ်ရော
ပေါင်းလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့
စိတ်ကို သေသေချာချာ သိရလေပဲ!!
တစ်ချို့အပြုံးတွေရဲ့နောက်မှာ
မနာလိုခြင်းတွေ ရှိတယ်။
တချို့စကားချိုချိုတွေရဲ့နောက်မှာ
ဟန်ဆောင်ဖုံးကွယ်ခြင်းတွေ ရှိတယ်။
တချို့အားကျတယ်ဆိုတဲ့ လူတွေ နောက်ကွယ်ကနေ
အတင်းပြောနေကြတာတွေရှိတယ်
တချို့အားပေးနေပါတယ် လို့ ပြောနေကြသူတွေ
နောက်ကွယ်ကနေ ဟားတိုက်နေကြတာတွေရှိတယ်
တချို့တွေ သိပ်ဟန်ဆောင်ကောင်းကြတယ်
တချို့အပြုံးတွေ သိပ်ကြောက်စရာကောင်းတယ်
တချို့ရိုးသားမှုတွေ မာယာရောထားတယ်
အသက်ကြီးလာလေလေ တစ့်နေ့ထက်တစ်နေ့
လူတွေအကြောင်း ပိုသိလာလေလေ …
#crd_to_owner_with_respect

stretching exercise

image