Ratatouille (2007)
Animationဇာက်ကားကြိုက်တဲ့လူများအတွက်
နာမည်ကျော် ကာတွန်းကားအများအပြားကို ထုတ်လုပ်တဲ့ Walt Disney က
ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ
Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။
သူက ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး
သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်
တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက
Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့်
Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး
ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး
သေနတ်နဲ့ လိုက်ပစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း
Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ
အစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ်
အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကို
ချက်ပြုတ်ဖို ကူညီပေးခဲ့ပြီး သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ
ဇာတ်ကားရဲ့ အလှည်းအပြောင်းအဖြစ် Linguiniက စာဖိုမှူး Auguste Gusteaရဲ့ သားဖြစ်ပြီး
အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမဲ့ပိုင်ရှင်ဖြစ်နေတာကို အဲဒီဆိုင်က စာဖိုမှူးချူပ်က အကောက်ကြံပုံ၊
EGoရဲ့ အစားအသောက် စစ်ဆေးချက်ကို သူ့ရဲ့သားကရော ကျော်လွားနိူင်ပါ့မှလားဆိုတာတွေက
ဇာတ်ကားရဲ့ ကြည့်ချင်စိတ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမှာသေချာပါတယ်။
animation ဇာတ်ကားကြိုက်သူတွေအတွက် လက်မလွဲပဲ ကြည့်သင့်တဲ့ဇာတ်ကားပါ။
IMDB movie ratingမှာ 8/10 အထိ ရထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်
ဇာတ်ကားလင့်
https://t.me/c/2186686827/378
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
