မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၉-၇-၂၀၂၅ ရက်နေ့ ၁၄:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးမှု သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

image
image
image
image
16 w - Translate

မင်္ဂလာနေ့လယ်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၉-၇-၂၀၂၅ ရက်နေ့ ၁၄:၃၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးမှု သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

image
image
image

ဒီဟင်းသီးဟင်းရွက် (၃) မျိုးကို မကြာခဏစားပေးပါ...
အူလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေမယ်...။

ခါးသက်သက်အရသာရှိတဲ့ ကြက်ဟင်းခါးသီး၊ စိမ်းဖန့်ဖန့်အရသာရှိတဲ့ ခရမ်းသီးနဲ့ ချွဲကျိကျိအရသာရှိတဲ့ ရုံးပတီသီးတို့လိုမျိုး ရိုးရှင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းလိုလို တွေ့နေရတက်ပေမဲ့ သတိမထားမိတက်ကြပါဘူး။ တကယ်တော့ ဒီဟင်းသီးဟင်းရွက်တွေကို မကြာခဏစားပေးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။

ကြက်ဟင်းခါးသီး......။
အစကတော့ တော်တော်များများက သူ့ရဲ့ ခါးသက်သက်အရသာကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ စားရင်းနဲ့ အသားကျသွားရင် ဗိုက်ထဲ ပေါ့ပါးသွားပြီး လေးပင်မှု မရှိတော့ဘူးလို့ ခံစားရပါလိမ့်မယ်။ အရင်ခေတ်လူကြီးတွေကတော့ ဟင်းချိုတွေ ဒါမှမဟုတ် ငပိရည်နဲ့ တို့စားတဲ့ဟင်းတွေမှာ အများအားဖြစ် ထည့်ပြီး စားသုံးကြပါတယ်။

ခရမ်းသီး.....။
လတ်လတ်ဆတ်ဆတ် ကြွပ်ကြွပ်လေးနဲ့ အရသာရှိပါတယ်။ ငပိရည်နဲ့ တို့စားတာပဲဖြစ်ဖြစ်၊ ကြော်စားတာပဲဖြစ်ဖြစ် ကောင်းကောင်း လိုက်ဖက်ပါတယ်။ ဒါအပြင် အစာအိမ်နဲ့ အူလမ်းကြောင်းအစာခြေစနစ်ကိုလည်း ပိုမို ချောမွေ့စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

ရုံးပတီသီး.......။
ရုံးပတီသီးအရှည်လေးတွေကို ရေနွေးဖျောလိုက်တဲ့အခါ ကြွပ်ကြွပ်လေးနဲ့ နူးညံ့သွားပါတယ်။ ငရုတ်သီးဆော့စ်၊ ငပိရည်နဲ့ တို့စားလို့ရသလို မနက်ပိုင်းမှာ ရေနွေးနဲ့ပြုတ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ရုံးပတီသီးက အူလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်စေပြီး တစ်နေကုန် ဗိုက်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။

ဒီဟင်းသီးဟင်းရွက် ၃ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို အလွယ်တကူ ဂရုစိုက်နိုင်ပါတယ်။ ရှာရခက်တာမျိုးမရှိသလို ဈေးကြီးတာမျိုးလည်း မရှိပါဘူး။ ဘယ်လိုစားရမယ်ဆိုတာကို သိနားလည်ရုံနဲ့တင် အများကြီးအထောက်အကူဖြစ်စေပါတယ်။

image

🌿 ပင်စိမ်းပင် အသက်ရှည်ပြီး အပင်ကောင်း အရွက်များများထွက်စေရန် ဒီနည်းလေးနဲ့ လုပ်ကြည့်ပါ 🌿

👉 ပြင်ဆင်ရမည့် ပါဝင်ပစ္စည်းများ.....
* ကြက်ဥ ၂ လုံး
* အားဖြည့်အချိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း (ကျွဲစိမ်းလိုမျိုး)
* အချိုမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
* ရေသန့် ၂ လီတာ

👉 ပြုလုပ်နည်း
* ပင်စိမ်းပင်၏ အပွင့်များနှင့် အညွန့်များကို ခူးပြီး ဖယ်ရှား
ပေးပါ။ အကိုင်းအခက်များကို ချိုးထုတ်ပြီး အပင်ကို
ပေါ့ပါးအောင် ပြုလုပ်ပါ။ ၅-၇ ရက်ခန့် ရေနှင့် မြေသြဇာ
မပေးဘဲ နေရောင်ခြည် အပြည့်အဝရရှိအောင် ထားပါ။
* ထို့နောက် ကြက်ဥ (အခွံပါမကျန်)၊ အားဖြည့်အချိုရည်နှင့်
အချိုမှုန့်တို့ကို သမအောင် ရောမွှေပါ။
* အရောအနှောကို ရေထဲသို့ထည့်ပြီး ကြက်ဥများ ရေနှင့်
တစ်သားတည်းဖြစ်အောင် မွှေပေးပါ။
* ရရှိလာသော အရည်ကို ပင်စိမ်း၊ ပင်စိမ်းကြီး၊ ပူဒီနာ နှင့်
အခြားသော ဟင်းသီးဟင်းရွက်ပင်များကိုလည်း
လောင်းပေးနိုင်ပါတယ်။

📍 ဒီနည်းလမ်းက ပင်စိမ်းပင်ကို "လှည့်စားခြင်း" လို့ ခေါ်ပါတယ်။ အပွင့်တွေနဲ့ အရွက်နုတွေကို ခူးပေးပြီး အကိုင်းအခက်တွေကို ရှင်းပေးခြင်းအားဖြင့် အပင်က အရွက်နုတွေ ပိုမိုထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ဒီဖော်မြူလာနဲ့ ပေါင်းစပ်ပြီး အားဖြည့်ပေးမယ်ဆိုရင်တော့ ပင်စိမ်းပင်က အရွက်တွေ ပိုထူလာပြီး လှပတဲ့ အပင်ပုံစံ ရလာမှာဖြစ်သလို၊ ညှိုးနွမ်းတာမျိုးမရှိဘဲ အရွက်တွေ အများကြီးထွက်ပြီး အချိန်တိုင်း ခူးဆွတ်စားသုံးနိုင်မှာ ဖြစ်ပါတယ်။

image

ငါးချဥ် ပြုလုပ်နည်း (လွယ်ကူသောနည်း)

ပါဝင်ပစ္စည်းများ.........
* ငါတန်အသား - ၁ ကီလိုဂရမ် (အနေတော်တုံး တုံးထားပါ)
* ကြက်သွန်ဖြူထောင်း - စားပွဲတင်ဇွန်း ၄ ဇွန်း
* ဆား - စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
* အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
* သကြား - စားပွဲတင်ဇွန်း ၂ ဇွန်း
* ဆန်ဆေးရေ - ၁၅၀ မီလီလီတာ
* ထမင်း - ၂၀၀ ဂရမ်

ပြုလုပ်နည်း......
၁။ ငါးကို သန့်စင်အောင်ဆေးကြောပါ။
၂။ ဇလုံတစ်လုံးထဲတွင် ငါးကိုဆားရည်စိမ်ပါ။ ငါးအသားမြုပ်ရုံရေထည့်ပြီး ဆား ၂၀၀ ဂရမ်ထည့်ကာ ၃ နာရီခန့်စိမ်ထားပါ။ (ငါးအသားထဲကို ဆားဓာတ်ဝင်စေပြီး ငါးအသားကို ပျော့မသွားရေရန် ကူညီပေးပါသည်။)
၃။ ၃ နာရီပြည့်ပါက ငါးကို ရေနဲနဲဖြင့် တစ်ကြိမ်ပြန်ဆေးပါ။

ငါးချဥ်တည်နည်း.......
၁။ ဇလုံကြီးတစ်လုံးယူပြီး ငါးများထည့်ပါ။
၂။ ပါဝင်ပစ္စည်းများ (အရသာမှုန့်) အားလုံး ထည့်ပါ။
၃။ ၅ မိနစ်ခန့် သေချာသမအောင် နယ်ပေးပါ။
၄။ ပြီးရင် ပြင်ဆင်ထားတဲ့ ဆန်ဆေးရေကို ထည့်ပါ။
၅။ ပြီးလျှင် ပုလင်းထဲထည့်ကာ အပြင်ဘက်တွင်ထားပါ။ ရာသီဥတုပူပါက မကြာခင် ချဉ်လာပါလိမ့်မယ်။

image

အိမ်မှာစားဖို့ ကွေ့တီယိုသုပ် ဆော့စ်ရည် အလွယ်တကူ လုပ်နည်း....။
(နနည်းလုပ်နည်းနှင့် များများလုပ်နည်း ၂ နည်း)

ဒီနည်းက အိမ်မှာ နည်းနည်းပဲ လုပ်စားဖို့အတွက်ပါ......။
ပါဝင်ပစ္စည်းများ.......
* ပဲငံပြာရည်အနောက် - စားပွဲတင်ဇွန်း ၄ ဇွန်း
* ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၃ ဇွန်း
* တောင်ပုံတံဆိပ် ပဲငံပြာရည်စိမ်း - စားပွဲတင်ဇွန်း ၃ ဇွန်း
* ခရုဆီ - စားပွဲတင်ဇွန်း ၃ ဇွန်း
* ရှာလကာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
* ရေသန့် - စားပွဲတင်ဇွန်း ၆ ဇွန်း
* ကြံသကာ (သကြားညို) - စားပွဲတင်ဇွန်း ၃ ဇွန်း
* အချိုမှုန့် - လဖက်ရည်ဇွန်း ၁/၄ ဇွန်း
* ပုစွန်ငပိ - လဘက်ရည်ဇွန်း ၁/၈ ဇွန်း
* ငရုတ်သီးမှုန့် - စားပွဲတင်ဇွန်း ၁/၂ ဇွန်း
(ဒီနည်းက မစပ်တဲ့အတွက် နောက်မှ ထပ်ထည့်နိုင်ပါတယ်)
* ငရုတ်ဆော့စ် (ငရုပ်ဆီ) - စားပွဲတင်ဇွန်း ၃ ဇွန်း
(တစ်ညသိပ်ထားရင် အရသာပိုပြီးပြည့်ဝလာမည်။)

ပြုလုပ်နည်း.........
* ခေါက်ဆွဲဖတ်သေးသေး ၁၀၀ ဂရမ်ကို ရေနွေးဖျောပါ။
ဝက်သားနဲ့ ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်တွေကို
လည်း ရေနွေးဖျောပါ။
* ကြက်သွန်ဖြူဆီချက်ထည့်ပြီး ခေါက်ဆွဲဖတ်တွေ မကပ်
အောင် သမအောင် နယ်ပါ။
* အသုပ်တစ်ပန်ကန်စာလျှင် အသင့်လုပ်ထားတဲ့ ဆော့စ်
စားပွဲတင်ဇွန်း ၄-၅ ဇွန်းလောက် ထည့်ပါ။
ဒါဆိုရင် သုံးဆောင်နိုင်ပါပြီး။

များများလုပ်ရန် နည်း.........
* အောက်ပါပစ္စည်းများအားလုံးကို ထည့်ပါ။
* ပဲငံပြာရည်အနောက် - ၁၆၀ ဂရမ်
* ပဲငံပြာရည်စိမ်း - ၁၄၀ ဂရမ်
* ပဲငံပြာရည်အကြည် - ၁၂၀ ဂရမ်
* ခရုဆီ - ၁၀၀ ဂရမ်
* ငရုတ်ဆော့စ် (ငရုပ်ဆီ) - ၁၂၀ ဂရမ်
* ရှာလကာရည် - ၁၂၀ ဂရမ်
* ကြံသကာ (သကြားညိုဟု လူသိများ) - ၄၀၀ ဂရမ်
* ငရုတ်သီးမှုန့် - ၁၀ ဂရမ်
(ဒီနည်းက မစပ်တဲ့အတွက် စားတဲ့အခါထပ်ထည့်နိုင်ပါတယ်)
* ပုစွန်ငပိ - ၅ ဂရမ်
* ရေသန့် - ၁၀၀၀

ပြုလုပ်နည်း..........
* အားလုံးကိုရောပြီး ဆူပွက်ရုံလေးပဲတည်ပြီး အအေးခံထားပါ။
* (၁ ည စိမ်ထားရင် အရသာ ပိုပြီးပြည့်ဝလာပါလိမ့်မယ်။)
* ခေါက်ဆွဲဖတ်၊ ဝက်သား၊ ငါးဖယ်လုံးတို့ကို ရေနွေးဖျောပါ။
* အသုပ် တစ်ပန်းကန်စာလျှင် ဆော့စ် စားပွဲတင်ဇွန်း
၄-၅ ဇွန်းထည့်ပါ။
* အရသာကို လိုအပ်သလို စိတ်ကြိုက် ထပ်ဖြည့်နိုင်ပါတယ်။

image

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၀၁၅ ကျပ်
Octane 95 - ၃၀၇၅ ကျ​ပ်
Diesel - ၂၆၃၅ ကျပ်
Premium Diesel - ၃၂၆၅ ကျပ်

ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်) ၄၄၈၀ ကျပ်(ရောင်း)

👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၈၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး - ၇,၈၃၀,၀၀၀ ကျပ်
၁၅ ပဲရည်ပေါက်စျေး - ၇,၃၆၅,၀၀၀ ကျပ်

မန်ကျည်းရွက်သည် အံ့သြဖွယ်ကောင်းသော ဂုဏ်သတ္တိများစွာနှင့် ပြည့်စုံသည့် ရိုးရာဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်သည်။

၎င်းသည် ခန္ဓာကိုယ်အတွင်းပိုင်းမှ ကျန်းမာရေးကို ကူညီထောက်ပံ့ပေးသည့်အပြင် အသည်းတွင် စုဆောင်းထားသော အဆီများကို ဖယ်ရှားပေးခြင်း၊ ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းစေခြင်းနှင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းသည်။

မန်ကျည်းရွက်၏ ထင်ရှားသော အကျိုးကျေးဇူးများ......
*အားအင်တိုးစေပြီး မောပန်းနွမ်းနယ်မှုကို လျော့ချပေးခြင်း။
ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။
* သွေးအားကောင်းစေပြီး အသားအရေလှပစေခြင်း။
သွေးလည်ပတ်မှုကို အားကောင်းစေကာ အသားအရေကို
ကြည်လင်တောက်ပစေပါသည်။
* ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပြီး စိတ်ဖိစီးမှုလျှော့ချခြင်း။
စိတ်ကိုတည်ငြိမ်စေကာ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး
အရည်အသွေးမြင့်မားသော အိပ်စက်ခြင်းကို မြှင့်တင်
ပေးသည်။
* အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ
များကို သက်သာစေခြင်း။
သလိပ်များကို ဖယ်ရှားပေးခြင်း၊ ချောင်းဆိုးခြင်းကို
လျှော့ချပေးခြင်းနှင့် အသက်ရှူရလွယ်ကူစေခြင်းတို့အ
တွက် ကူညီပေးသည်။
* အစာခြေစနစ်ကို မျှတစေခြင်း။
လေပွခြင်းနှင့် အစာမကြေခြင်းများကို လျှော့ချပေးကာ
အူလမ်းကြောင်းအတွင်းရှိ လေများကို ဖယ်ရှားပေးသည်။
* အဆိပ်အတောက်များကို ဖယ်ရှားခြင်း။
ခန္ဓာကိုယ်၏ သဘာဝအဆိပ်ထုတ်လုပ်မှု ယန္တရားကို
အားကောင်းစေပြီး အလုံးစုံကျန်းမာရေးကို ပိုမိုကောင်းမွန်
စေပါသည်။

ကျန်းမာရေးအတွက် ရိုးရှင်းသော ပြုတ်သောက်နည်း.....
* မန်ကျည်းရွက်အစိမ်းများကို ပြင်ဆင်ပါ -
မန်ကျည်းရွက်အစိမ်း လက်တစ်ဆုပ်စာခန့်ကို ယူပါ။
* ရေနှင့်ပြုတ်ပါ - အိုးတစ်လုံးထဲတွင် ရေ ၅၀၀ မီလီလီတာ
ထည့်ကာ ဆူအောင်တည်ပါ။
* ၁၀ မိနစ်ခန့် ပြုတ်ပါ - မန်ကျည်းရွက်များကို ထည့်ပြီး
၁၀ မိနစ်ခန့် မီးအေးအေးနဲ့ ပြုတ်ပါ။
* ပုံမှန်သောက်သုံးပါ - မနက်စာနှင့် ညစာစားပြီးနောက်
တစ်နေ့လျှင် နှစ်ကြိမ် သောက်သုံးပေးပါ။

အကြံပြုချက်.........
၇ ရက်ဆက်တိုက် သောက်သုံးသင့်ပြီး၊ ၃-၅ ရက်ခန့် အနားယူကာ ပြန်လည်စတင်သောက်သုံးနိုင်သည်။ သဘာဝနည်းအတိုင်း အဆိပ်ထုတ်ခြင်းနှင့် အသည်းကို အားဖြည့်ပေးခြင်းနည်းလမ်းကို ရှာဖွေနေပါက မန်ကျည်းရွက်သည် လျစ်လျူရှုမထားသင့်သော ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။

သင်၏ခန္ဓာကိုယ်က ကျေးဇူးတင်နေပါလိမ့်မယ်...!!!

image