#ငါးခေါင်းချဥ်ဟင်း လေးနဲ့ဆို ထမင်းစားမြိန်စေတာပေါ့😋😋
ချက်နည်းပုံတွေမှာတဆင့်ချင်းရေးထားပါတယ်👇👇👇

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ငါးခေါင်းချဥ်ဟင်း လေးနဲ့ဆို ထမင်းစားမြိန်စေတာပေါ့😋😋
ချက်နည်းပုံတွေမှာတဆင့်ချင်းရေးထားပါတယ်👇👇👇
#ငါးခေါင်းချဥ်ဟင်း လေးနဲ့ဆို ထမင်းစားမြိန်စေတာပေါ့😋😋
ချက်နည်းပုံတွေမှာတဆင့်ချင်းရေးထားပါတယ်👇👇👇
#ငါးခေါင်းချဥ်ဟင်း လေးနဲ့ဆို ထမင်းစားမြိန်စေတာပေါ့😋😋
ချက်နည်းပုံတွေမှာတဆင့်ချင်းရေးထားပါတယ်👇👇👇
#ငါးခေါင်းချဥ်ဟင်း လေးနဲ့ဆို ထမင်းစားမြိန်စေတာပေါ့😋😋
ချက်နည်းပုံတွေမှာတဆင့်ချင်းရေးထားပါတယ်👇👇👇
ဝက်ကလီဇာ
ကလီစာကို ရေစင်စင်ဆေး
ငရုပ်သီး ကြက်သွန်ဖြူ -နီ ဂျင်း
ရောထောင်းလို့ ရတဲ့ ငရုပ်သီးအနှစ်ထဲ့
အချိုအငံထဲ့
ပဲငံပြာရည်အနောက်ကလေးနဲနဲထဲ့
သကြားလေးနဲနဲထည့်
ဆီအနေတော်ထဲ့
အားလုံးရောနယ်ပြီး
အဖုံးအုပ်တည်ပါ
ဆီပြန်လာမှ အိုးဖုံးဖွင့်ပြီး
နာနာမွှေပါ
ဆီနာနာသတ်ပါ
ပြီးမှလိုအပ်တဲ့ရေထဲ့ပါရှင်
နှစ်ရေလောက်ချက်ပြီးနူးလျှင်ရပါပြီ
ဒီအတိုင်းဆို $999 တန် iPhone က $1,250 ဖြစ်ဖို့ နီးလာပြီ 🫥
.
US သမ္ပတ - Donald Trump ကနေ Apple CEO - Tim Cook ကို ဦးတည်ပြီး US နိုင်ငံအတွင်းမှာ ရောင်းချမယ့် iPhone တွေကို US မှာ ပြောင်းရွေ့မထုတ်လုပ်ဘူးဆိုရင် အခွန် (၂၅) ရာခိုင်နှုန်း အနည်းဆုံးပေးရမယ်ဆိုပြီး ခြိမ်းခြောက်နေပြီဖြစ်ပါတယ်။
ဒီနေရာမှာ Donald Trump ဘက်က ထည့်ပြောထားတာက တရုတ်မှာ မထုတ်ရင်တောင် တခြား India လိုမျိုး နိုင်ငံမှာ ပြောင်းရွေ့ထုတ်လုပ်လည်း အကျုံးမဝင်ဘူးလို့ ဆိုထားတာဖြစ်ပါတယ်။ ဒါကြောင့် US နိုင်ငံအတွင်းမှာ Apple iPhone တွေကို ပြောင်းရွေ့မထုတ်လုပ်မချင်း Apple ဘက်ကနေ အခွန်ပိုမိုပေးဆောင်ရဖွယ်ရှိနေပါတယ်။
လောလောဆယ်မှာ Apple ဘက်က iPhone တွေကို တရုတ်နိုင်ငံပြင်ပမှာ ပြောင်းရွေ့ထုတ်လုပ်ဖို့ ဆောင်ရွက်နေပြီး လက်ရှိ iPhone 16 ဆိုရင်လည်း Brazil မှာ ပြောင်းလဲထုတ်လုပ်နေသလို iPhone 16 Pro ဖုန်းတွေကလည်း India နိုင်ငံမှာ ပထမဆုံးအနေနဲ့ Pro Series ဖုန်းတွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် US နိုင်ငံအတွင်းမှာ iPhone တွေကို ထုတ်လုပ်နေခြင်းမရှိသေးပါဘူး။
အခုလိုမျိုး Donald Trump ဘက်က ကြေညာလိုက်တာက Apple ကို နာမည်တပ်ထားပေမယ့် တခြားသော Samsung နဲ့ စမတ်ဖုန်းကုမ္ပဏီတွေအတွက်လည်း အကျုံးဝင်တယ်လို့ သိရပြီး လာမယ့် ဇွန်လကုန်မှာ အခွန်ကို ပိုပြီး စတင်ပေးဆောင်ရဖွယ်ရှိနေပါတယ်။
Apple iPhone တွေကို ထုတ်လုပ်နေတဲ့ Foxconn ဟာ လက်ရှိအချိန်မှာ India မှာ ဒေါ်လာ ၁.၅ ဘီလီယံအကုန်အကျခံပြီး iPhone Display တွေ တပ်ဆင်ဖို့ စက်ရုံတွေကို တည်ဆောက်နေသလို Apple ဘက်ကလည်း လက်ရှိအချိန်မှာ India ကနေ US ကို တင်ပို့တဲ့ အခွန်က ၁၀ ရာခိုင်နှုန်းပဲရှိပြီး တရုတ်နဲ့ယှဥ်ရင် ၃ ဆ သက်သာနေတဲ့အတွက် India မှာပဲ အဓိကထုတ်လုပ်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Trump ဘက်ကနေ အခုလို ကြေညာလိုက်တာကြောင့် ပိုပြီး အခက်တွေ့သွားနိုင်ပါတယ်။
Apple ဘက်ကနေ လာမယ့် ၄ နှစ်အတွင်းမှာ US နိုင်ငံအတွင်းမှာ ဒေါ်လာ ၅၀၀ ဘီလီယံကျော် ရင်းနှီးမြုပ်နှံသွားမယ်ဆိုပြီး ကြေညာထားပေမယ့် US မှာ iPhone မထုတ်နိုင်သရွေ့ အခွန်ပိုပေးရမယ်ဆိုရင် iPhone တွေ စျေးတက်ဖို့ကတော့ သေချာသလောက်ဖြစ်နေပြီ။
ပျဉ်းမနား ဝါးပိုးမျှစ်ချဉ်နဲ့သုံးထပ်သား
(ဝက်မစားသူများ Sorry ပါ)
ကြက်သွန် အဖြူ ၊အနီ ၊ငြုပ်ပွရေစိမ်
ညက်အောင်ထောင်းပြီး ဆား ၊နှစ်သက်ရာ ရသာမှုန့် ၊စပါးလင် နှစ်ပင်၊နနွင်း၊
ရေဆေးသန့်စင်ထားသေား ဝက်သား၊
မျှစ်ချဉ် (မျစ်ချဉ်ကို အချဉ်မကြိုက်ရင် တရေပြုပ်ပါ)
အားလုံး သမအောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ
ပြီးရင် လုံးရေတခွက်စာထည့်ပြီးချက်ပါ
လုံးရေခမ်းတဲ့အထိ မွှေချက်ပြီး အရသာဝင်ပြီဆိုရင် အသားကျက်လောက်တဲ့ထိ ရေထပ်ထည့်ပြီး
မီးအနေတော်ဖြင့်တည်ထားပါ
(Pressure Cooker နဲ့ဆို ခဏပဲချက်ရပါသည်) အသားနူးလဲနူးပြီ အရည်နဲ့ အရသာမှာလဲ ကိုယ့်စိတ်ကြိုက်ဖြစ်ပြီဆိုရင် သုံးဆောင်လို့ရပါပြီ။
ကြာဆံချက် (ပွဲ ၁၀ဝ စာ)
ကြာဆံချက်ချက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ ကြက်ပြုတ်ရည်ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်ကောင်းကောင်းနဲ့ချက်တဲ့ ကြာဆံချက်က စားလို့ကောင်းတာပါ။ ပြီးတော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနဲ့ မအီတဲ့ အစားအစာမို့ အလှူပွဲမှာ ကြာဆံချက် ကျွေးမွေးဧည့်ခံရတာလည်း မျက်နှာပန်းလှပါတယ်။
ပါဝင်ပစ္စည်းများ
ပဲကြာဆံ – ၁ ပိဿာ
ကြက်သား – ၂ ပိဿာ
ကြက်ရိုး – ၁ ပိဿာ
ငါးဖယ် – ၁ ပိဿာ
ငုံးဥ – အလုံး ၂၀ဝ
ကြက်သွန်နီဥသေး – ၂ ပိဿာ
မှိုခြောက် – ၁၀ ကျပ်သား
ပန်းခြောက် – ၁၀ ကျပ်သား
ပဲလိပ် – ၁၀ ကျပ်သား
ငရုတ်ကောင်းလှော် – ၂ ၁/၂ ကျပ်သား
အရောင်တင်မှုန့် – ၁၅ ကျပ်သား
ကြက်သွန်ဖြူ – ၃၅ ကျပ်သား
လက်ဖက်စားကြက်သွန်ဖြူကြော် – ၂၅ ကျပ်သား
ချင်း – ၁၀ ကျပ်သား
ဆီ – ၃၀ ကျပ်သား
အရသာမှုန့် – စားပွဲဇွန်း ၅ ဇွန်း
သကြား – စားပွဲဇွန်း ၁၀ ဇွန်း
ဆား – စားပွဲဇွန်း ၇ ဇွန်း
ဗမာငံပြာရည်ကောင်းကောင်း – ၂၀ ကျပ်သား
နံနံပင် – ၁ ပိဿာ
ကြက်သွန်နီ – ၁ ပိဿာ (ပါးပါးလှီး)
ငရုတ်သီးလှော်မှုန့် – ၃၀ ကျပ်သား
ပြုလုပ်နည်း
ဦးစွာ ကြက်သားကို ရေဆေးသန့်စင်၍ အတုံးသေးလေးများတုံးပြီး ဆား စားပွဲဇွန်း ၁ ဇွန်း၊ အရသာမှုန့် စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် ၁၀ ကျပ်သားနှင့် ပိုင်ပိုင်နိုင်နိုင် နယ်နှပ်ထားပါ။ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ရေစိမ်ထားပါ။ ပဲကြာဆံကိုလည်း ရေစိမ်ထားပြီး ငုံးဥကို ပြုတ်ထားပါ။ ရေနွေးဆူအောင်တည်၍ ဆူလာလျှင် ချင်း ၅ ကျပ်သား ဓားပြား ရိုက်ထည့်ပြီး ကြက်သွန်ဖြူ ၁၀ ကျပ်သားကို အပေါ်ခွံနွှာ၍ ရေသန့်စင်အောင် ဆေးပြီး ထည့်ပြုတ်ပါ။ ကြက်ရိုးများ ခုတ်ထစ်ပြီး ထည့်ပြုတ်ထားပါ။ ကြက်ရိုးမှ ကစီရည်ထွက်ပြီး မွှေးလာတဲ့အထိတည်ပါ။ ထည့်ရမယ့်ရေချိန်မှာ ထမင်း ပေါင်းအိုး ၁ ပြည်ချက်နှင့် ရေ ၁၀ လုံးပါရှင်။ ရေနွေးအသင့်ဆောင်ထားပါ။ အပျစ်အကျဲပေါ်လိုက်ပြီး ရေလိုက်နိုင် ပါတယ်။ အိုးကြီးချက်အရည်ချက်တဲ့အခါ အဓိက ရေမများစေဘဲ ရေနွေး အသင့်ဆောင်ပါ။ ပျစ်လျှင် ရေလိုက်လို့ ရပေမယ့် ကျဲသွားရင်တော့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ငါးဖယ်ကို စေးနေအောင် ဆား၊ အရသာနှင့် ပေါက်ပြီး အလုံးလေးတွေ ထည့်ပြုတ်လို့ရသလို အပြားခပ်ကြီးကြီးပြားပြီး ပြုတ်ပါ။ ပြီးလျှင် ကတ်ကြေးနှင့် ညှပ်ထည့်လို့လည်း ရပါတယ်။ ကြက်သွန်ဖြူ၊ ချင်းကို ထောင်းပြီး ဆီ ၂၀ ကျပ်သားနှင့် ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် အစိမ်းမှုန့်ထည့်ပါ။ နှပ်ထားသောကြက်သားထည့်ပြီး ကျန်တဲ့ ငံပြာရည်အားလုံးထည့်ပါ။ ငံပြာရည်အစိမ်းနံ့ ပျောက် တဲ့အထိ ဆီသတ်ပါ။ ရေစိမ်လို့ ပွလာပြီဖြစ်တဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို အနေတော်အရွယ် ကတ်ကြေး နှင့်ဖြတ်ထားပါ။ ရေနွေးအိုးဆူလျှင် နယ်ထားတဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ၅ မိနစ်ခန့်ထည့်ပြုတ်ပြီး ဆန်ခါနှင့်စစ်၍ ဆန်ခါပေါ်မှ ရေဆေးပြီး ရေစစ်ထားပါ။ အဲဒါဆိုရင် မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်မှာပါတဲ့ ချဉ်တင်တင် အနံ့တွေပျောက်ပါပြီ။ ငုံးဥတွေကို အခွံခွာထားပါ။ ကြက်သွန်နီဥသေးကို ဟင်းရည်ထဲထည့်ဖို့ အခွံနွှာထားပါ။ ပဲကြာဆံ ရေစိမ်ထားတာကို ရေ ၃ ရေလောက် ဆေးပါ။ ပဲကြာဆံမှာ သဲတွေပါတတ်လို့ပါ။ ပြီးလျှင် ဆန်ခါနဲ့ ရေစစ်ထားပါ။ ဒယ်ကြီးကြီးထဲ ကျန် ဆီ ၁၀ ကျပ်သား ထည့်ပြီး ရေစစ်ထားသော ပဲကြာဆံများ ထည့်လှော်ပါ။ ဒီလိုလှော်ပြီးမှ ကြာဆံကို ဟင်းရည်ထဲခတ်တဲ့အခါ အဆူခံပါတယ်။ ကြာဆံများ ပြတ်ထွက်တာတွေ မဖြစ်တော့ပါဘူး။ ကြာဆံတွေ ရေဓာတ် ကုန်ပြီး ခပ်တင်းတင်းလေးဖြစ်လာလျှင် ရပါပြီ။ ကြက်ပြုတ်အိုးကို ပွက်ပွက်ဆူအောင် ပြန်တည်ပြီး မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်သွန်ဥ၊ ကြက်သားဆီသတ်၊ ငါးဖယ်၊ ဆား၊ အရသာမှုန့်နှင့် သကြားတို့ကို ထည့်ပါ။ နောက်ဆုံးမှ ကြာဆံထည့်ပါ။ အပျစ်အကျဲအနေအထားနဲ့ အရသာမြည်းပါ။ အားလုံးအနေအထားမှန်လျှင် ငရုတ် ကောင်းမှုန့်ထည့်ပါ။ ပွဲပြင်ရန်အတွက် နံနံပင်၊ ကြက်သွန်နီ၊ ရှောက်သီးလှီးထားပါ။ လက်ဖက်စားကြက်သွန်ကြော်ကို ထုခြေထားပါ။ (ကြာဆံချက်ထဲ ခတ်သောက်လျှင် အလွန်မွှေးပြီး အရသာတစ်မူထူးခြားပါတယ်။) ငရုတ်သီးလှော် မှုန့် စသည်တို့ကို ဧည့်ခံစားပွဲပေါ် လှပစွာခင်းကျင်းပြီး တည်ခင်း ဧည့်ခံနိုင်ပါပြီ။ ငုံးဥကို တစ်ပွဲ ၂ လုံးကျ ထည့်ပေးပါ။
ဆိုင်တွေမှာလို ဆီချက်ခေါက်ဆွဲမွှေးမွှေးလေး လုပ်စားကြရအောင် 😋
ဆီချက်ခေါက်ဆွဲ ပြုလုပ်နည်း
ကြက်သားကိုအရင်ပြုတ်မယ်နော်
ရေနွေးဆူအောင်တည်မယ်
ဆူလာရင်ဆား၊အရသာ၊သကြားခပ်ပါမယ်
ကြက်သားထည့်ပါမယ်
ဂျင်းကိုအနည်းငယ်ပြားအောင်ထုထည့်ပါမယ်
ကြက်သွန်ဖြုကိုအပြင်အခွံတစ်လွှာခွာ
ရေဆေးပြီးထည့်ပါမယ်
ပြုတ်ရည်ထဲအရသာကိုမပေါ့အောင်ထည့်ပါ
ကြက်ပြုတ်ပြီးတဲ့အရည်ကိုစွပ်ပြုတ်သောက်မှာမို့ရေကိုတဝက်လောက်
လျှော့ပြီးအရသာပိုထည့်ထားပါ
ဒါမှကြက်သားထဲအရသာဝင်ပြီးအရသာရှိပါမယ်
ကြက်သားကျက်လို့ဆယ်ပြီးမှရေထပ်ထည့်တည်ထားရင်ကြက်ပြုတ်
ရည်အတွတ်လဲအရသာမှန်သွားပါမယ်ရသွားပါပြီ
ဆီချက်ထဲထည့်မယ့်ကြက်သားပြုတ်
ဆယ်ပြီးကြက်သားကိုလှလှလေးလွှာထားပါ
ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ
ကြက်သွန်ဖြူ ကြော်ကိုလေးစိပ်ကွဲရုံထုထားပါ
ကြက်ပြုတ်ရည်ထဲရေနွေးထပ်ထည့်တည်ထားပါ
ဆီကိုအပူပေးပါ။ဆီပူလာရင်ကြက်ရေခွံထည့်ကြော်ပါ
မီးအေးအေးနဲ့ကြက်ရေခွံကြွပ်လာသည်အထိကြော်ပါမယ်ကြက်ရေခွံလဲကြွပ်လာပါပြီ
ကြော်နေတဲ့ဆီလဲမွှေးလာပါပြီ
အဓိကသတိထားရမှာကမီးပြင်းနဲ့မကြော်မိစေဖို့ပါ
ဆီတူးသွားရင်ချက်ခေါက်ဆွဲကမမွှေးတော့ဘူးနော်
ဒီလိုလေးအရေခွံလဲကြွပ်ဆီအရောင်လဲကြည်လင်ပြီးအနံ့လေးကလဲ
မွှေးနေပါပြီ ထုထားတဲ့ကြက်သွန်ဖြု ကြော်တစ်ဝက်ကိုအိုးလေးထဲထည့်ထားပါကြက်ရေခွံကြော်ထားတဲ့ဆီတွေလောင်းထည့်ပြီးမွှေပေးပါ ကြက်ရေခွံကိုလဲကပ်ကျေးနဲ့ညှပ်ပြီးဆီထဲပြန်စိမ်ထားပါ
ဒါဆီချက်ခေါက်ဆွဲရဲ့အဓိကသော့ချက်ဖြစ်တဲ့ဆီချက်ပါ
ဆိုင်နံ့လေးထွက်နေတာလဲဒီဆီချက်ကြောင့်ပါရှင်
ခေါက်ဆွဲနဲ့ဒီဆီနဲ့တွေ့တာနဲ့ကြက်သားရဲ့မွှေးပျံ့တဲ့အနံ့ထွက်လာမှာပါ ခေါက်ဆွဲတစ်ပွဲစာရေနွေးပွက်ပွက်ဆူထဲထည့်ပြုတ်ထားပါ
ခေါက်ဆွဲပြုတ်ထားတုန်းအရသာစပ်ပါမယ်
ပဲငံပြာရည်အကြည်teaဇွန်း၁
သကြားteaဇွန်းတဇွန်းလျော့လျော့
ကြက်သားမှုန့်ဇွန်းဖျားနှင့်အနည်းငယ်
ဆီဟင်းဇွန်းတစ်ဇွန်းခွဲခန့်
ငရုတ်ကောင်းမှုန့်အနည်းငယ်အရသာကိုမွှေထားပါမယ်။ ခေါက်ဆွဲအနေတော်လေးအိသွားရင်ဆယ်ပြီးစပ်ထားတဲ့အရသာထဲနှံ့
အောင်နယ်ပါ
ပူတုန်းလေးသေချာနယ်ပေးရင်ဆီကခေါက်ဆွဲသားထဲဝင်သွားပြီး
ဆီတခြားခေါက်ဆွဲဖတ်တခြားမဖြစ်တော့ပါဘူး
ဒါဆိုအီလည်လည်လဲမဖြစ်တော့ဘူးပေါ့
ပွဲပြင်မယ့်ပန်းကန်ထဲခေါက်ဆွဲထည့်
ကြက်သွန်ကြော်ဖြူး
ကြက်သွန်မြိတ်ဖြူး
ကြက်သားလေးထည့်
ငရုတ်ကောင်းအနည်းငယ်နဲ့ဆိုဆိုင်လက်ရာအတိုင်းအိမ်မှာလုပ်စားလို့
ရပြီနော်
ခေါက်ဆွဲ၅၀သားကို၉၀၀ပါ
ဆိုင်ပြင်၁၂ပွဲလောက်ထွက်ပါတယ်
ကြက်သား၁၅ကျပ်သားဆိုထည့်ပါလေ့
ဆီကလဲသိပ်ကုန်တာမဟုတ်
တခြားဖြည့်စွက်စာတွေကစျေးမကြီးဘူးဆိုတော့အိမ်မှာလုပ်စားရတာအတန်ဆုံးနဲ့အသန့်ရှင်းဆုံးပါ
Xiaomi က Smartwatch အတွက်ပါ ကိုယ်ပိုင် Chip သုံးနေပြီ 👀
.
တလောတုန်းက Xiaomi ကနေ ကိုယ်ပိုင် XRING O1 Chipset ကို မိတ်ဆက်ပြီး Xiaomi 15S Pro နဲ့ Xiaomi Pad 7 Ultra တွေမှာ ဦးဆုံးအသုံးပြုထားခဲ့သလို တစ်ဖက်မှာလည်း နောက်ထပ် ကိုယ်ပိုင် XRING Chipset အသစ်နဲ့ Device တစ်ခုကို မိတ်ဆက်ခဲ့ပါသေးတယ်။
ဒါက Xiaomi Watch S4 (eSIM) Version ဖြစ်ပြီး "15th Anniversary Edition" အနေနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
အဆိုပါ Xiaomi Watch S4 (eSIM) မှာ ထူးခြားချက်ကတော့ XRING T1 လို့ နာမည်ပေးထားတဲ့ ကိုယ်ပိုင် Chip ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ အခု XRING T1 Chip အကြောင်းကို အသေးစိတ်မပြောထားပေမယ့် Xiaomi ဟာ CPU ၊ GPU ၊ Video Codec ၊ SensorHub နဲ့ Audio ပိုင်းတွေအပြင် 4G Modem ကိုပါ ကိုယ်တိုင်ပထမဆုံးအနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Xiaomi 15S Pro နဲ့ Pad 7 Ultra တွေမှာ သုံးထားတဲ့ XRING O1 Chip ကလည်း ကိုယ်ပိုင် Chip ဖြစ်ပေမယ့် အသုံးပြုထားတဲ့ Modem က MediaTek ရဲ့ Modem ဖြစ်နေတာကြောင့် အခု Watch S4 (eSIM) ရဲ့ XRING T1 က 4G Modem ကမှ ကိုယ်တိုင်ထုတ်လုပ်တဲ့ ပထမဆုံး Modem ဖြစ်သွားတာပါ။
အခုလို ကိုယ်ပိုင် 4G Modem ကို အသုံးပြုထားတာကြောင့် XIaomi Watch S4 (eSIM) ဟာ Mobile Network သုံးနေရင်တောင် ယခင်ထက် ၂ ရက်ပိုအသုံးခံပြီး ၉ ရက်ကြာအထိ အသုံးပြုနိုင်မှာပါ။
Xiaomi Watch S4 (eSIM) ဟာ ဒီဇိုင်းပိုင်းအနေနဲ့တော့ ယခင် Watch S4 နဲ့အတူတူပဲဖြစ်ပေမယ့် Forged Carbon Bezel ဖြစ်သွားသလို Display အပေါ်က Glass ကိုလည်း အကြမ်းပိုခံတဲ့ Dragon Glass Lens ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အခု XRING T1 Chipset ရဲ့ စွမ်းဆောင်ရည်ဘယ်လောက်ပိုကောင်းသွားသလဲတော့ မသိရပေမယ့် ထူးခြားတဲ့ Feature အသစ်အနေနဲ့ ဖုန်းကင်မရာကို Remote Shutter ပုံစံသုံးပြီး ရိုက်မယ်ဆိုရင် နာရီမှာပါ Live Preview Screen ကို မြင်ရတော့မယ်လို့ သိရပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ Watch S4 (eSIM) ကို 1,299 Yuan နဲ့ ရောင်းသွားမှာဖြစ်ပြီး Xiaomi 15S Pro နဲ့ Pad 7 Ultra လိုပဲ တရုတ်နိုင်ငံပြင်ပမှာ ရောင်းချဖို့အစီအစဥ်မရှိလောက်ပါဘူး။