Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
An F-35 fighter jet crashed at Naval Air Station Lemoore in central California on Wednesday, the Navy confirmed.
https://abcnews.go.com/US/35-f....ighter-jet-crashes-c
ရုရှားမှာ ပြင်းအား ၈.၇ ငလျင် လှုပ်ခတ် ၊ အမေရိကန် နဲ့ ဂျပန်မှာပါ ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထား
ဇူလိုင်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံရဲ့ ကမ်ချတ်ကာကျွန်းဆွယ်အလွန်မှာ ပြင်းအား ၈.၇ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဂျပန်နိုင်ငံနဲ့ အမေရိကန် ဆူနာမီသတိပေးရေးစင်တာတို့က ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးစခန်း (USGS) က အဲဒီငလျင်ဟာ ကီလိုမီတာ ၁၉.၃ (၁၂ မိုင်) အနက်မှာ လှုပ်ခတ်ခဲ့တဲ့ မြေတိမ်ငလျင်တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
ကျွန်းဆွယ်အလွန်မှာ “ဆယ်စုနှစ်တွေအတွင်း” အပြင်းထန်ဆုံးဖြစ်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သတင်းရရှိပေမယ့် ဆူနာမီသတိပေးချက် ထုတ်ပြန်ပြီးနောက် ဆာခါလင်ဒေသမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့ကိုတော့ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ကမ်ချတ်ကာဒေသရဲ့ နေရာတချို့မှာ သုံးမီတာကနေ လေးမီတာ (၉.၈ ပေ ကနေ ၁၃ ပေ) လောက်အထိ မြင့်တဲ့ ဆူနာမီလှိုင်းတွေကို မှတ်တမ်းတင်ရရှိခဲ့တယ်လို့ ရုရှားရဲ့ ဒေသဆိုင်ရာ အရေးပေါ်အခြေအနေဝန်ကြီး ဆာဂေး လက်ဘီဒက်ဗ်က ပြောပါတယ်။
“လူတိုင်း ရေလှိုင်းအမြင့်ဆုံးနေရာတွေကနေ ရှောင်ရှားကြဖို့ လိုပါတယ်” လို့ လက်ဘီဒက်ဗ်က လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ပြောခဲ့ပါတယ်။ ဆာခါလင်အုပ်ချုပ်ရေးမှူး ဗယ်လာရီ လီမာရန်ကိုက Telegram မှာ ပြောကြားရာမှာ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် ဆီဗာရို-ကူရေးလ်စ်ခ် မြို့ငယ်လေးကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဟာ ဂျပန်နိုင်ငံနဲ့ အတော်လေးနီးတဲ့နေရာမှာ လှုပ်ခတ်ခဲ့တာကြောင့် ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ချက်ချင်းဆိုသလို အရေးပေါ် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ရဲ့ ဗဟိုချက်နဲ့ အနီးဆုံးဖြစ်တဲ့ ဟော့ကိုင်းဒိုး (Hokkaido) ကျွန်းရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကမ်းရိုးတန်းဒေသတွေအတွက် လှိုင်းအမြင့် ၃ မီတာ (၁၀ ပေ) ဒါမှမဟုတ် ဒီထက်ပိုနိုင်တဲ့ “အဓိက ဆူနာမီသတိပေးချက်” ကို ထုတ်ပြန်ခဲ့ပါတယ်။
ဟော့ကိုင်းဒိုး ကနေ ကျူရှူး အထိ ဂျပန်ရဲ့ ပစိဖိတ်ကမ်းရိုးတန်းမှာ ဆူနာမီ သက်ရောက်နိုင်တယ်လို့ သတိပေးထားပါတယ် အဲဒီဒေသတွေမှာရှိတဲ့ ဒေသခံတွေကို အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ကုန်းမြင့်တွေဆီ ချက်ချင်းရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အရေးပေါ် တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ရဲ့ ပစိဖိတ်ဆူနာမီသတိပေးရေးစင်တာ (PTWC) က ရုရှားငလျင်ကြောင့် ဟာဝိုင်ယီ နဲ့ အလက်စကားကို ဆူနာမီ သက်ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။ ၃ မီတာမြင့်တဲ့ လှိုင်းလုံးတွေ ဂူအမ် ရဲ့ အမေရိကန် ကျွန်းကို ဝင်လာနိုင်တယ်လို့ ပြောပါတယ်။