ဒီလိုစားရတဲ့နေတွေဆို ထမင်းအမြိန်ဆုံးနေ့ပဲ😋👩‍🍳

image

ဒီလိုစားရတဲ့နေတွေဆို ထမင်းအမြိန်ဆုံးနေ့ပဲ😋👩‍🍳

image
image
image

⚠️ ပန်ကာသုံးတာ ချက်ချင်းရပ်သင့်တဲ့ လက္ခဏာ ၅ ချက်..။

၁။ 🔥 မီးလောင်နံ့ သို့မဟုတ် ပလတ်စတစ်လောင်နံ့ ရနေလျှင်
* ဝါယာကြိုး သို့မဟုတ် မော်တာမှာ ပြဿနာရှိနိုင်ပါတယ်။

၂။ 🔌 ဝါယာကြိုး အလွန်ပူနေခြင်း သို့မဟုတ် ပလပ်တွင်
မီ;လောင်ထားသည့် အမှတ်အသားများ ရှိနေလျှင်.....
* လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း သို့မဟုတ် ဓာတ်လိုက်ခြင်းတို့
ဖြစ်နိုင်ချေရှိပါတယ်။

၃။ ⚡ ဖွင့်လိုက်တဲ့အခါ ပန်ကာက တုန်ခါနေခြင်း သို့မဟုတ်
ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားနေရလျှင်......
* ဥပမာ- ဆူညံသံများ၊ တဂျုံးဂျုံးမြည်သံများ သို့မဟုတ်
တရွတ်တိုက်ဆွဲသံမျိုးတွေ အချိန်တိုင်းကြားနေရခြင်း
ဖြစ်ပါတယ်။

၄။ 🌫️ အမြင့်ဆုံး အဆင့်နဲ့ ဖွင့်ထားသော်လည်း ပန်ကာက
ပုံမှန်မဟုတ်ဘဲ လည်တာနှေးကွေးနေလျှင်.......
* မော်တာမှာ ပြဿနာရှိနေခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်
အားမလုံလောက်ခြင်းကို ပြသနေခြင်း ဖြစ်နိုင်ပါတယ်။

၅။ 💨 ပန်ကာအတောင်ပံက မလည်လျှင် သို့မဟုတ်
တိုင်တာ လည်လိုက် ရပ်လိုက် ဖြစ်နေလျှင်......
* မော်တာ အရမ်းပူနေနိုင်ပြီး ပျက်စီးဖို့ နီးနေပါပြီ။

✅ အကြံပြုချက်
အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုကို တွေ့ရှိရပါက ဆက်ပြီး အသုံးမပြုပါနဲ့......!
* ချက်ချင်း ပလပ်ဖြုတ်ပြီး လျှပ်စစ်ပညာရှင်ကို စစ်ဆေး
ခိုင်းပါ သို့မဟုတ် ပန်ကာအသစ် ပြောင်းလဲပါ။

အသက်အန္တရာယ်နဲ့ ပစ္စည်းဥစ္စာဘေးကင်းရေးအတွက်ပါ။ 🙏🔥

Credit...

image
16 w - Translate - Youtube

Top 7 Cars that Promised Too Much

☕️ ဒီနှစ်မျိုးကို ရေနွေးကြမ်းလုပ်သောက်တာက ခန္ဓာကိုယ်အတွက် ကောင်းပါတယ်။

💚 Balsam Pear (ကြက်ဟင်းခါးသီး)
* ခါးပေမယ့် ကောင်းကျိုးများစွာရှိသည်။
ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပါတယ်။ ဘီတာကယ်ရိုတင်း (beta-carotene) ဓာတ်ပါဝင်လို့ မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အစာချေဖျက်မှုကို လှုံ့ဆော်ပေးပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဗီတာမင်စီ (Vitamin C) မြင့်မားစွာပါဝင်တာကြောင့် ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။

🍃 Mulberry Leaves (ပိုးစာရွက်)
* ဒေသခံ ရိုးရာတိုင်းရင်းဆေးအရွက်။ ကိုလက်စထရောနဲ့
သွေးတိုးကို လျှော့ချပေးပြီး လည်ချောင်းနာတာကို
သက်သာစေတယ်။
ပိုးစာရွက်က ကိုလက်စထရောကို လျှော့ချပေးပါတယ်။ သွေးပေါင်ကျစေပြီး ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။

✨ ဒီနှစ်မျိုးပေါင်းစပ်လိုက်တဲ့အခါ......
ပုံမှန် ရေနွေးကြမ်းအဖြစ် ပြုတ်သောက်ပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
✔ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးတယ်။
✔ ကိုလက်စထရောကို လျှော့ချပေးတယ်။
✔ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။
✔ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

📌 ပြုလုပ်နည်း........
* ကြက်ဟင်းခါးသီးကို အကွင်းလိုက် ပါးပါးလှီးထားတာ
၅-၆ ချပ်
* ပိုးစာရွက် (အခြောက် သို့မဟုတ် အစို) လက်တစ်ဆုပ်စာ
* ရေ ၁ လီတာခန့်ကို ဆူအောင်တည်ပြီး ပါဝင်ပစ္စည်း
အားလုံးကို ထည့်ပါ။
* ၁၀-၁၅ မိနစ်ခန့် ထပ်တည်ပေးပြီး နွေးနွေးလေး သောက်
သုံးနိုင်ပါတယ်။ ရေခဲထည့်ပြီး အေးအောင်လုပ်ပြီးလည်း
သောက်သုံးနိုင်ပါတယ်။
* ခါးတာကို မခံနိုင်ဘူးဆိုရင် ပျားရည်အနည်းငယ် ထပ်
ထည့်နိုင်ပါတယ်။

❗ သတိပြုရန်.........
* သွေးပေါင်အရမ်းကျတတ်သူတွေနဲ့ ကြက်ဟင်းခါးသီးနဲ့
ဓာတ်မတည့်သူများ သတိထားသင့်ပါတယ်။
* ကိုယ်ဝန်ဆောင်အမျိုးသမီးများ မသောက်သုံးမီ ဆရာဝန်နဲ့
အရင်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

Credit..

image
16 w - Translate - Youtube

ဥက္ကဌမ၏သမက်တော်(၂)(စ/ဆုံး)- နေတိုး၊စိုးမြတ်သူဇာ- မြန်မာဇာတ်ကား - Myanmar Movie

ဆီးချိုရောဂါကိုကုသပေးပြီး အသည်းကင်ဆာဆဲလ်များကို တားဆီးပေးနိုင်တဲ့ "ဘောက်ပင်"...။
အဖိုးမဖြတ်နိုင်သော ဆေးဖက်ဝင်အပင်.....။

ထိုင်းရိုးရာဆေးကျမ်းများတွင် ဘောက်ပင်၏ အာနိသင်များကို ဤသို့ မှတ်တမ်းတင်ထားသည်.....။

- အာသီးရောင်ခြင်းကို သက်သာစေခြင်း
- ဆီးရွှင်စေခြင်း
- ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း
ကို ပျောက်ကင်းစေခြင်း။
- သန်ကောင်၊ အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို ဖယ်
ရှားပေးခြင်း။
- ဒ'ဏ်ရာရောင်ရမ်းခြင်း၊ နားကို'က်ခြင်း၊ ရေဖျဉ်းစွဲခြင်းကို
ကုသပေးခြင်း။
- ဝမ်းနှုတ်ဆေး အဖြစ်သုံးပြုနိုင်ခြင်း။
- အပင်တစ်ခုလုံးကို အသုံးပြု၍ အသားဝါရောဂါ၊ နာတာရှည်
ပန်းနာ၊ ပြည်တ'ည်နာ၊ လည်ချောင်းနာကို ကုသနိုင်ခြင်း။
- ဘောက်ပင်အမြစ်သည် ဆီးချိုရောဂါကို ကုသရန် နှင့်
သန်ချဆေးအဖြစ် အသုံးပြုနိုင်ခြင်း တို့ဖြစ်သည်။

📌 အသုံးပြုနိုင်တဲ့ အစိတ်အပိုင်းတွေကတော့ အပင်တစ်ခုလုံး၊ အမြစ်နဲ့ အသီးတို့ပဲ ဖြစ်ပါသည်။

📌 အသုံးပြုနည်း......
အပင်တစ်ခုလုံး (သို့) အမြစ်ကို အခြောက်လှန်း/အစိုအတိုင်း အသုံးပြုနိုင်သည်။

Credit..

image
16 w - Translate - Youtube

ချိုချဥ်ငံစပ် | ArrMannEntertainment | MyanmarNewMovies | 4KUltraHD |

16 w - Translate - Youtube

အော်ဂျက် ဟာသ‌ဇာတ်ကား ပြေတီဦး ရန်အောင် ခင်လှိုင် စိုးမြတ်သူဇာ ခိုင်သင်းကြည် #movies

ပဒဲကောတစ်ပြား ဝါးစားရုံနဲ့ လေထိုး၊ လေအောင့်၊ လေပွတာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ပါ ပေါ့ပါးသွားစေပါတယ်။

လေပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ လေထိုးတာ၊ ရင်ဘတ်အောင့်တာမျိုး ခံစားရရင် ပဒဲကောအစိမ်းတစ်ခြမ်းကို ပါးပါးလှီးပြီး ဝါးစားတာ၊ ဒါမှမဟုတ် ပဒဲကောပြုတ်ရည်နွေးနွေးလေးကို သောက်ပေးတာတွေ လုပ်ပေးပါ။ မိနစ်အနည်းငယ်အတွင်း ဗိုက်ထဲမှာ လေတွေရှင်းပြီး ပေါ့ပါးသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ မီးဖိုချောင်ထဲမှာ လွယ်လွယ်ကူကူ ရနိုင်ပေမယ့် လူတော်တော်များများ သတိမထားမိကြတဲ့ လွယ်ကူတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ပဒဲကောတစ်ပြားတည်းနဲ့ အကျိုးကျေးဇူးများစွာ.........
၁။ ဗိုက်ထဲကလေတွေကို ဖယ်ရှားပေးခြင်း...။
ပဒဲကောအစိမ်းဝါးစားတာ ဒါမှမဟုတ် ပဒဲကောပြုတ်
ရည်သောက်တာက ဗိုက်ပွတာ၊ လေပြည့်တာတွေကို
သက်သာစေပါတယ်။
၂။ ဗိုက်ပြည့်တင်း၊ ရင်ပြည့်၊ လေပွတာကို လျှော့ချပေးခြင်း။
အစာအများကြီးစားပြီးနောက်မှာ ပဒဲကောဥကို သကြားလုံး
အစားဝါးစားပေးတာက မြန်မြန်သက်သာစေပါတယ်။
၃။ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေခြင်း...။
အထူးသဖြင့် အဆီများတဲ့အစားအစာတွေ ဒါမှမဟုတ်
အကြော်အလှော်တွေ စားပြီးနောက်မှာ အထူးသင့်တော်ပါ
တယ်။ (အစာခြေစနစ်ကို အထူးကောင်းမွန်စေတယ်။)
၄။ ချွေးထွက်စေပြီး ခန္ဓာကိုယ်မှ အအေးဓာတ်ကို
ဖယ်ရှားပေးခြင်း...။
လက်ဖျား၊ ခြေဖျားအေးတတ်သူတွေအတွက် အထူး
သင့်တော်ပါတယ်။
၅။ သလိပ်လျှော့ချပေးပြီး အသံဝင်တာ၊ ချောင်းဆိုးတာကို
သက်သာစေခြင်း...။
ညအိပ်ရာမဝင်ခင် ဒါမှမဟုတ် မနက်အိပ်ရာနိုးတဲ့အခါ
ပဒဲကောဥပြုတ်ရည်နွေးနွေးလေးကို သောက်ပေးပါ။
၆။ ပျို့အန်ခြင်း၊ ကားမူးခြင်း၊ လှေမူးခြင်း...။
ပဒဲကောဥအစိမ်းကို ဆောင်ထားပြီး ဝါးစားတာ ဒါမှမဟုတ်
အနံ့ကိုရှူပေးတာက အများကြီး အထောက်အကူပြုပါတယ်။
၇။ အချဉ်ဖောက်ထားတဲ့အစားအစာတွေကြောင့် ဖြစ်တက်တဲ့
ခံတွင်းနံ့နဲ့ ကိုယ်နံ့ဆိုးခြင်း...။
ပဒဲကောက အနံ့ဆိုးတွေကို ဖုံးအုပ်ပေးပြီး ခံတွင်းကို
မွှေးကြိုင်လန်းဆန်းစေပါတယ်။

"ပဒဲကောပြုတ်ရည်" ပြုလုပ်နည်း လွယ်ကူသောနည်းလမ်း...
ပါဝင်ပစ္စည်းများ......
* ပဒဲကောဥအစိမ်း ၁ ဥ
* ရေ ၂-၃ ဖန်ခွက်
* ဆွမ်းမွှေးရွက် လက် ၁ ဆုပ် (ရှိလျှင်)
* သံပုရာသီး ၁ စိတ် (သောက်ခါနီးမှ ထည့်ရန်)

ပြုလုပ်နည်း.......
၁။ ပဒဲကောကို သန့်စင်အောင်ဆေးကြောပြီး ပါးပါးလှီးပါ။
၂။ ရေကိုဆူအောင်တည်ပြီး ပဒဲကောနဲ့ ဆွမ်းမွှေးရွက်ကို
ထည့်ပါ။
၃။ မီးအေးအေးနဲ့ ၁၀-၁၅ မိနစ်ခန့် တည်ပါ။
၄။ နွေးနွေးလေး သောက်ပေးပါ။ သံပုရာသီးညှစ်ထည့်ပြီး
သောက်ပေးရင်လည်း ပိုမိုလန်းဆန်းစေပါတယ်။

👉 ပဒဲကောကို အစိမ်းဝါးစားလို့လည်းရပါတယ်။ ပဒဲကောကို ပါးပါးလှီးပြီး ရေနွေးထဲခဏစိမ်ထားကာ အစာစားပြီးနောက် ဝါးစားပေးရင်လည်း အများကြီး အထောက်အကူပြုပါတယ်။

credit..

image