ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
德努自治区

image

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
德努自治区

imageimage
+7
16 w - Translate

Esports World Cup ရဲ့ တရားဝင်ဖုန်းအဖြစ် Honor Magic 7 Pro အရွေးခံရ

ဒေါ်လာသန်း ၇၀ အထိ ဆုကြေးပေးမယ့် ကမ္ဘာ့အဆင့် eSports ပြိုင်ပွဲကို Honor Magic 7 proသုံးပြီး ပြိုင်တော့မှာပါ။

Honor ရဲ့ flagship မော်ဒယ်က နောက်အပတ် ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၂၄ အထိ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မှာ ကျင်းပမယ့် Esports World Cup 2025 ရဲ့ official device ဖြစ်လာလို့ပါ။ EWC 2025 က ကမ္ဘာ့အကြီးဆုံး eSports ပြိုင်ပွဲကြီး ဖြစ်ပြီး ဒီနှစ်က ဒုတိယအကြိမ်လည်း ဖြစ် ဆုကြေးလည်း စံချိန်တင် မြင့်လာလို့ပါ။

ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ပရော်ဖက်ရှင်နယ် player ၂၀၀၀ ကျော် ၊ eSports club ပေါင်း ၂၀၀ ဝင်ပြိုင်မှာ ဖြစ်ပြီး ဆုကြေးစုစုပေါင်း ဒေါ်လာသန်း ၇၀ သတ်မှတ်ထားပါတယ်။ အခုနှစ် ဆုကြေးက ပြီးခဲ့တဲ့ EWC 2024 ဒေါ်လာ ၆၂.၅ သန်းထက် များပါတယ်။ Club Championship ဆုကြေး ဒေါ်လာ ၂၇ သန်းပေးပြီး ပထမရတဲ့အသင်းက ဒေါ်လာ ၇ သန်း ရမှာပါ။

Game Championships အနေနဲ့ စုစုပေါင်း ဒေါ်လာ ၃၈ သန်း ခွဲပေးမှာ ဖြစ်ပြီး ဂိမ်းတစ်ခုချင်းစီမှာ ဆုကြေးသီးသန့် သတ်မှတ်ထားတာ ရှိပါတယ်။ ဥပမာ - Mobile Legends: Bang Bang နဲ့ PUBG Mobile တို့က ဒေါ်လာ ၃ သန်းစီနဲ့ League of Legends မှာ ဒေါ်လာ ၂ သန်း ပေးတာမျိုးပါ။ MVP Awards ဆိုပြီး ထူးချွန်တဲ့ player တွေအတွက် စုစုပေါင်း ဒေါ်လာ ၄ သိန်းခွဲလည်း ချီးမြှင့်ဦးမယ်လို့ ဆိုပါတယ်။

EWC 2025 မှာ MLBB , PUBG Mobile , Honor of Kings , League of Legends , Dota 2 , Free Fire, Counter-Strike 2, Apex Legends, Call of Duty: Black Ops 6 , TEKKEN 8 , StarCraft II , Chess , Rocket League စတဲ့ နာမည်ကြီး ဂိမ်းတွေအပြင် အသစ်ထဲက Valorant , Crossifr , Fatal Fury: City of the Wolves တို့လို ဂိမ်း titles ၂၄ ခု events ၂၅ ခု နဲ့ ကျင်းပမှာပါ။

Honor Magic 7 Pro ကတော့ ဒီပွဲရဲ့ official smartphone ဖြစ်တာမို့ မိုဘိုင်းဂိမ်းတွေကို ဒီဖုန်းနဲ့ပဲ ကစားပြီး ပြိုင်ကြတော့မှာပါ။ Magic 7 Pro က စွမ်းရည်မြင့် processor အပြင် ရေရှည်ဂိမ်းပွဲကစားဖို့ ပြီးပြည့်စုံတဲ့ အပူထိန်းစနစ် ၊ အသံစွမ်းရည် ၊ ကြာရှည်အသုံးခံမယ့် 5270 mAh ဘက်ထရီနဲ့ 100W charging နည်းပညာ ၊ မျက်စိမထိခိုက်အောင် ကာကွယ်မယ့် AI eye-comfort သုံး LTPO OLED display တွေနဲ့ လာပါတယ်။

Honor က eSports အသိုင်းအဝိုင်းနဲ့ ချိတ်ဆက်အားကောင်းတဲ့ ကုမ္ပဏီပါ။ ပြီးခဲ့တဲ့နှစ် EWC 2024 မှာလည်း Honor 200 Pro က official smartphone အဖြစ် ပါဝင်ခဲ့ပါတယ်

image
16 w - Translate

သုံးခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်ပါတဲ့ ဖုန်း Samsung စီက တွေ့လာရတော့မလား?
အခုသတင်းကတော့ OneUI 8 Beta ထဲမှာ Samsung ရဲ့ tri-fold နဲ့ ဆိုင်တဲ့ အချက်အလက် တစ််ချို့တွေ့ရတယ်လို့ပြောနေကြတယ် သတင်းစထွက်လာတာတော့ Android Authority စီကပါပဲ
တွေ့ရတဲ့ပုံအရ Hinge နှစ်ခု ၊ ပတ္တာနှစ်ခု ပါတဲ့ ဖုန်းတစ်ခုရဲ့ ပုံစံကိုတွေ့ရပြီး Cover Display ကတော့ ထူးထူးခြားခြား အလယ်မှာဖြစ်နေတာဗျ
ဆိုတော့သူ့ရဲ့ ပုံစံက Huawei ရဲ့ Trifold နဲ့တော့ မတူဘူးပြောရမယ်
လာမယ့် July 9 မှာလည်း Galaxy Unpacked ရှိတာဆိုတော့ သုံးခေါက်ချိုးဖုန်း ပါလာမလားဆိုတာကို ရင်ခုန်နေရပါပြီ

image
16 w - Translate

အများမတူ ကွဲထွက်တဲ့ Gadget မှကိုင်ချင်တာဆို Nothing ကိုင်မှပဲရမယ်
အခုလဲ $299 တန် Nothing Headphone (1) က ပျင်းဖို့ကောင်းနေတဲ့ Headphone လောကကို လှုပ်လှုပ်ခက်
ခက်ဖြစ်သွားတယ်
Audio ပိုင်းကြမ်းလို့တော့မဟုတ်ဘူး Nothing ထုံးစံအတိုင်း Design ပိုင်းက ဆန်းကိုဆန်းနေတာကြောင့်ပဲ
Nothing ဖုန်းတွေရဲ့ Transparent ဖြစ်တဲ့ ထွင်းဖောက်မြင်ရတဲ့ ဒီဇိုင်းကို နားကြပ်ပေါ်ယူလာတယ်
Spec အရတော့ မဆိုးရှာပါဘူး Audio Brand တစ်ခုဖြစ်တဲ့ KFE နဲ့ပူးပေါင်းထားတယ်
40mm Dynamic Driver တွေကိုသုံးထားမယ် ၊ microphone (😎 ခု ပါဝင်ပြီးတော့ 42dB အထိရတဲ့ hybrid active noise cancellation စနစ်ပါဝင်မယ်
Bluetooth 5.3 သုံးထားတဲ့ နားကြပ်ဆိုပေမယ့် Headphone Jack ထပ်ပါသေးလို့ကြိုးနားကြပ်အနေနဲ့ သုံးမယ်ဆိုရင်လဲရတယ်
1040 mAh Battery ပါပြီး 80 hours အထိ အားခံမယ် ပြောထားတယ်

image
16 w - Translate

အံ့သြဖို့ကောင်းတဲ့သတင်းပဲ
iPhone 17 Pro Max မှာ Battery ကို 5000 mAh အထိ ထည့်ပေးလာနိုင်တယ်တဲ့
ပြောသာပြောတာပါ iPhone တွေရဲ့ Size က သေးတဲ့အထဲ မပါဘူး 6.9-inch Display လိုပါတဲ့ Pro Max Model မှာတောင် ဖုန်းကလဲ သာမန်ဖုန်းတွေထက် ထူသေး ၊ ပိုလေးသေး ကိုမှ
Battery က 4685 mAh ဝန်းကျင်ပဲဆိုတော့ iPhone တွေက အားခံတယ် ပြောလို့ရပေမယ့် Spec အရတော့ အားရဖိူ့ မကောင်းတာကြာပြီ
အခုတော့ 5000 mAh နဲ့ဆိုတော့ အားလဲ နည်းနည်းပိုခံလာနိုင်မယ်ထင်တာပဲ
iPhone 16 Pro Max က 4685 mAh Battery နဲ့ကို
8.25mm အထူ 227g လေးထားတာပါ
Battery ပိုများရင် ပိုလေးလာနိုင်မလား ၊ ပိုထူလာမလား ဒါမှမဟုတ် နာမည်ကြီး Silicon-Carbon Battery သုံးလာလို့ ပိုပါး ၊ ပိုပေါ့ လာမလားဆိုတာကို စောင့်ကြည့်ရမှာပါ
ပြောသာပြောတာပါ ကျနော်တို့ အားမရတာလည်းမပြောနဲ့လေ ခေါက်လို့လဲရတဲ့ Z Fold6 မှာတောင် Battery က 4400 mAh ပါဝင်နေတာပါ

image

ကိုယ့်အပေါ်မကောင်းတဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားမယ် ။ မာယာတွေများတဲ့ လူတွေကြားမှာ စိတ်ချမ်းသာစွာ နေထိုင်နိုင်ဖို့က ကိုယ့်အပေါ်ပဲ မူတည်တာပါ ။ အတ္တစိတ်တွေ များလာတယ် ။ မာန်မာနတွေ ပေါများလာကြပြီး ကိုယ်ချင်းစာတရားတွေ တဖြည်းဖြည်း ပပျောက်လာကြတယ် ။ လှည့်စားတတ်ကြတဲ့ လောကကြီးမှာ လိမ်လည်လှည့်ဖျားခြင်း မခံရဖို့ အတော်အသင့်တော့ ပါးနပ်နေရမယ် မဟုတ်လား... ။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေ ၊ တစ်နည်းအားဖြင့် ပြော ရရင် ကိုယ့်အတွက် မလိုအပ်တဲ့ ဆက်ဆံရေးတွေအပေါ်မှာ ပြတ်သားရမယ် မဟုတ်လား ။ အပေါ်ယံ ကောင်းပြတတ်တဲ့ မျက်နှာဖုံးတွေကို ကျော်ပြီး စစ်မှန်သော မျက်နှာကို
မြင်အောင် ကြည့်တတ်ဖို့ တစ်ခါတလေ အလွယ်တကူ ယုံကြည်တတ်တဲ့ အကျင့်လေးကိုလည်း ပြင်ရဦးမယ် ။
အခုချိန်ကစလို့ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ လူတိုင်းအပေါ်ကို ရိုးသားမယ် ။ ကိုယ့်အပေါ် မကောင်းတဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားမယ် ။
#အေးချမ်းစွာရှင်သန်ခြင်း #သဟာဆွေလှိုင်း

image

“ မောင်က
လိုက်ခဲ့ဟု
ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျွန်မပါသည် ။
မောင်က
နေရစ်ခဲ့ဟု
ဆိုပြန်တော့လည်း
မောင် စိတ်အနှောက်အယှက်ဖြစ်မည့်
စာတစ်စောင်
စကားတစ်ခွန်းမျှ
မောင် မကြားစေရဘဲ
ကျွန်မ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ ။
အဲ့သည်အထိ
ကျွန်မ မောင့်ကို
ချစ်မြတ်နိုးခဲ့ပါသည် မောင် ”
#ဂျူး #အမှတ်တရ

image

စိတ်အမှိုက်တွေ ရှင်းထုတ်ဖို့ ၊ စဉ်းစားတဲ့ပုံစံကို ပြောင်းလဲတတ်ဖို့ သင်ယူရပါမယ် ။ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ။ ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရ မကောင်းတာတွေကို အာရုံစိုက်မယ့်အစား ကောင်းတာတွေကို အာရုံစိုက်တာက ဘဝကို အကောင်းတွေအများကြီး ယူဆောင်လာပေးမယ် ဆိုတာ ကျွန်မ ပြောနိုင်ပါတယ် ။
အောင်မြင်ပျော်ရွှင်နေသူတွေက ဘာတွေကိုစဉ်းစားပြီး အချိန်ကုန်ဆုံးတတ်ကြတယ်လို့ စာဖတ်သူ ထင်ပါသလဲ။ အဖြေကတော့ တကယ်ကို ရိုးရိုးလေးပါ ။ အဲဒီလူတွေက သူတို့အတွက် သူတို့ချမှတ်ထားတဲ့ ပန်းတိုင်တွေနဲ့ အဲဒီပန်းတိုင်တွေကို ဘယ်လို အောင်မြင်အောင် လုပ်ဆောင်ရမလဲဆိုတဲ့အကြောင်း တွေးတောပါတယ်။
အဲဒီအတွေးတွေက သူတို့ရဲ့စိတ်ကို မကောင်းတဲ့အတွေး တွေ မဝင်လာအောင် အကာအကွယ် ပေးထားပြီး အောင်မြင်မှုဆီ တွန်းပို့ပေးတဲ့ အကောင်းမြင် သဘောထားတွေ ဖြစ်ပေါ်လာအောင် ကူညီပေးပါတယ် ။ အဲဒီအရာတွေရဲ့ တခြားတစ်ဖက်မှာ မကောင်းမြင်သူတွေက သူတို့မှာ မရှိတဲ့အရာတွေနဲ့ ဘဝမှာ သူတို့မလိုချင်တဲ့ အရာတွေအကြောင်း စဉ်းစားရင်း ၊ ပြောဆိုရင်း နဲ့ အချိန်ကုန်တတ် ကြပါတယ် ။ အဲဒီအတွေးတွေက သူတို့ကို စိတ်မချမ်းမမြေ့ဖြစ်စေပြီး စိတ်ဓာတ်တွေ ကျစေပါတယ် ။
#ထက်ထက်တင်ဇာ

image

ကိုယ့်ဘက်က စမခေါ်ရင် တိတ်ဆိတ်သွားတဲ့ ဆက်ဆံရေးတွေချည်းပဲ ။ ဆက်ဆံရေးအားလုံးမှာ ကိုယ့်ဘက်ကပဲ အနစ်နာခံတာ များပါတယ် ။ သာတယ် ၊ နာတယ် စိတ်ထဲ မရှိပါဘူး ။ ရင်းနှီးတဲ့လူတွေ့ရင် နှုတ်ဆက်လိုက်တာပဲ ။ ကိုယ့်ဘက်က စမခေါ်မိရင် ငြိမ်သက်သွားတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ များတယ် ။ တရင်းတနှီး ပြောဆိုနေမိလို့ ထင်ပါရဲ့ ။ တန်ဖိုးမထားကြဘူး ။
အနားမှာရှိတဲ့သူတွေရော ၊ အဝေးရောက်ပြီး မတွေ့ဖြစ်တဲ့သူတွေရော ကိုယ်က စပြီး မခေါ်ရင် သူစိမ်းတွေပါပဲ ။ ကိုယ့်ဘက်ကမှ စပြီး စာမပို့ရင် ဆောင်းတွင်းဘက်ကို ရောက်နေတဲ့ Conversation တွေလည်း ရှိသေးတယ် ။ ခဏလောက် အဆက်သွယ်ဖြတ်ကြည့်ပြီးပြီ ကျွန်တော် မရှိလည်း အဆင်ပြေနေကြတာပဲ ။
ကိုယ်ဟာ သူတို့အတွက် လူပိုကြီးဖြစ်နေခဲ့တာလား ။ အဲဒီတော့ ကိုယ့်ကို လိုအပ်တဲ့ လူနည်းစုကိုပဲ တန်ဖိုးထားပြီး
အရင်ထက် ပိုဂရုစိုက်တော့မယ် ။ တော်တော်များများက ကိုယ့်ဘက်က စမခေါ်ရင် တိတ်ဆိတ်သွားတဲ့ ဆက်ဆံရေးတွေကို လက်လွှတ်လိုက်ပြီ ။
#အေးချမ်းစွာရှင်သန်ခြင်း #သဟာဆွေလှိုင်း

image