Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
2018ထွက် Craig of the Creek ဆိုတဲ့ American Cartoon Seriesက Season 5ခုထွက်ခဲ့ပြီး လူကြိုက်များတဲ့ Comedy seriesတစ်ခုဖြစ်ပါတယ်။ အဲဒီ seriesကိုမှ movie versionအနေနဲ့ “Craig before the Creek 2023 movie” သက်သက် ထွက်ရှိခဲ့ပါတယ်။ကလေးကြိုက်ကာတွန်းသီးသန့်မဟုတ်ပဲ လူကြီးတွေပါအကြိုက် ရယ်ရပြီးကြည့်လို့ကောင်းတဲ့ကာတွန်းပါနော်ဇာတ်လမ်းအကျဉ်း
ခရက်ဆိုတဲ့ ၁၀နှစ်သားကောင်လေးက မိသားစုနဲ့အတူ အိမ်ပြောင်းကျောင်းပြောင်းခဲ့ရလို့ စိတ်ဖိစီးနေတယ်။ အိမ်အသစ်က အရင်အိမ်လောက်မပြည့်စုံ.. သူငယ်ချင်းဖွဲ့ရတာလည်းမလွယ်တော့ အပြောင်းအလဲကိုလက်မခံနိုင်ဖြစ်နေတဲ့ခရက်က တစ်နေ့ အိမ်အသစ်မှာပဲ မြေပုံတစ်ခုကိုရှာတွေ့သွားတယ်။အဲဒီမြေပုံကတော့ ကလေးတွေအတွက် လိုရာဆုကိုတောင်းလို့ရတဲ့ပစ္စည်းရှိတဲ့ တည်နေရာရဲ့မြေပုံပါ။ ခရက်ရဲ့ဆုတောင်းကတော့ အရင်အိမ်မှာပြန်နေရဖို့ပါပဲ။ ဒါပေမဲ့ အဲဒီပစ္စည်းက ပင်လယ်ဓားပြကလေးတွေလို့ခေါ်တဲ့ ခိုးဆိုးလုယက်ကလေးအဆိုးတွေကျက်စားတဲ့ ချောင်းတက်မှာရှိနေတဲ့အခါ…
နာပိုလီ အသင်းသည် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး Rasmus Hojlund ကိုခေါ်ယူဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ကစားသမားအတွက် အငှားခေါ်ယူစာချုပ် + အပြီးသတ်ခေါ်ယူခွင့်အပါအဝင် ပြောင်းရွေ့ကြေး ပေါင် သန်း ၄၀ နီးပါး ဖြင့် သဘောတူညီမှုရရှိသွားတာဖြစ်ကြောင်းသိရသည်။
#mufc
မန်ယူက နည်းပြတွေ တယောက်ပြီးတယောက် ပြောင်းသလို ကမ္ဘာကျော် ထိပ်တန်းကစားသမားတွေကိုလည်း စျေးကြီးပေး ခေါ်ယူခဲ့ပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူကို ကစားသမားဟောင်း စီရော်နယ်ဒို ပြန်လာခဲ့ပေမဲ့ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒို အရင်လိုခြေမျိုး ပြန်မရတော့ဘူးဆိုပြီး ဝေဖန်ခံရတယ်။ နောက်တော့ နည်းပြ တန်ဟက်နဲ့ ပြဿနာတက်ပြီး မန်ယူကနေ ထွက်သွားခဲ့တယ်။ ဆော်ဒီလိဂ်မှာ ပြောင်းကစားနေတာ ခုချိန်ထိပဲ။ တန်ဟက် လက်ထက်မှာလည်း မန်ယူက အခြေအနေဆိုးလာလို့ ပြီးခဲ့တဲ့နှစ်က ပေါ်တူဂီနိုင်ငံသား အာမိုရင်ကို ခန့်အပ်ခဲ့ကြပြန်တယ်။ မန်ယူဟာ နည်းပြအဆက်ဆက် ပြောင်းလဲခဲ့ပေမဲ့ ခုနောက်ပိုင်းမှာ အသင်းရလဒ်တွေ မကောင်းတော့သလို ကစားပုံလည်း တည်ငြိမ်မှု မရှိသေးဘူး။ အာမိုရင်လက်ထက် ပရီးမီးယားလိဂ် အဆင့် ၁၅ က အဆိုးဆုံး အနေအထားပါ။
အပြည့်အစုံကို ကွန်းမန့်မှာ ဖတ်ရှုနိုင်ပါတယ်။
အိပ်ရေးပျက်လို့ စိတ်ညစ်ရတယ်
ဘာဆေးသောက်သောက် အိပ်မပျော်တဲ့လူတွေရှိလား?
ဒါဆိုရင်တော့ yoga လေ့ကျင့်ကြည့်ဖို့အကြံပေးချင်ပါတယ်
Yoga လေ့ကျင့်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ညဘက်တွေနှစ်ခြိုက်စွာအိပ်ပျော်စေခြင်းပဲဖြစ်ပါတယ်ရှင်
လူကြီးမင်းတို့အနေနဲ့ တစ်နေ့တာလုပ်ငန်းခွင်ကနေရတဲ့စိတ်ပင်ပန်းမှု၊ ကျန်းမာရေး၊ လူမှုရေး အစရှိတာတွေကြောင့် နှစ်ခြိုက်စွာအိပ်မပျော်ဖြစ်နေရင် ကျွန်မတို့ရဲ့yoga class ကိုယုံကြည်စွာနဲ့လာရောက် ဆက်သွယ်နိုင်ပါတယ်ရှင့်
ကျွန်မတို့yoga class မှာဆိုရင် နိုင်ငံတကာ လက်မှတ်ရ ဆရာ/ဆရာမများမှစနစ်တကျ သင်ကြားပို့ချပေးရန် အမြဲနွေးထွေးစွာကြိုဆိုလျက်ပါရှင့်
ပုံမှန် Yoga လေ့ကျင့်ချင်သူများအတွက် မနက် 7နာရီ မှ နေ့လည် 12နာရီ , နေ့လည် 2:30 နာရီ မှ ညနေ 7 နာရီအတွင်းလာရောက်လေ့ကျင့်နိုင်ပါတယ်ရှင့်
သင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက-
☎ဖုန်း နံပါတ် 09778867871 ကို ဆက်သွယ်မေးမြန်းနိုင်သလို Facebook Page Messenger မှလည်း လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။
🏠တည်နေရာ - မြန်မာ့ဂုဏ်ရည်အိမ်ယာ၊ အထက်ပန်းဆိုးတန်းလမ်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
စိန်ပန်းနီတွေပွင့်ရင်
တချိန်ကလှပခဲ့တယ်ဆိုတာ
ဧရာ၀တီ သက်သေရှိတယ်နော်
ပြီးတော့
စစ်ကိုင်းတံတားကြီးလည်း ရှိခဲ့ဖူးတယ်
ဒီနေရာလေးမှာပေါ့....💔
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredit
လူတစ်ယောက်ကို အများကြီး မချစ်ပြနဲ့တဲ့
အများကြီး ချစ်ပြလိုက်တာနဲ့ အကျိုးဆက်က
နောက်ဆုံးမှာ ပစ်ချခံရမှာတဲ့ ။
ကျွန်မကတော့ အဲဒီ အယူအဆကို
လက်မခံပါဘူး ။
ချစ်ပြပေးနိုင်တယ်
ချစ်ပေးနိုင်တယ်
ဘယ်လောက်အထိ ချစ်မြတ်နိုးကြောင်း
ထုတ်ဖော်ရတာကို ကြိုက်တယ် ..
အသစ်ရှာသွားလို့ဖြစ်ဖြစ်
အသစ်တွေ့သွားဖြစ်ဖြစ်
ရိုးအီသွားလို့ဖြစ်ဖြစ်
အချစ်တစ်ခုရဲ့ အဆုံးသတ်မှာ
အပေါ့ပါးဆုံးက
အစွမ်းကုန် ချစ်ပေးလိုက်ကြတဲ့သူတွေပဲ မဟုတ်လား ။
အချိန်ကြာလေလေ
ကိုယ်ပေးခဲ့တဲ့ အချစ်တွေကို မြင်လာလေလေ
ကိုယ်က ပိုပြီးတော့ ပြတ်သားနိုင်လေလေပဲ
အဲဒါနဲ့ ဆန့်ကျင်ဘက်က တော့
အဲလောက်အထိ အချစ်ခံရတာကို
တန်ဖိုးမထားမိခဲ့တဲ့ ဘက်ကပေါ့
အချိန်ကြာလေလေ နောင်တ ရလေလေ
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေလေ
နောက်ဆုံးမှာ
တစ်ဖက်က သူနဲ့ ထပ်တူကျတဲ့အချစ်ကို တွေ့ပြီး
ပျော်ရွှင်ရတာ မြင်ရလေလေ
ဒီတစ်ဖက်မှာတော့ ယူကျုံးမရ ဖြစ်ရလေလေပေါ့။
အချစ်မှာ ချစ်ပေးလိုက်လို့ နစ်နာသွားတာမရှိပါဘူး
ပြန်မချစ်ပေးခဲ့လိုက်ရလို့
ပြန်ပြီး ဂရုမစိုက်ပေးခဲ့လိုက်ရလို့
နောင်တတွေနဲ့ ရှင်သန်သွားရတာပဲရှိတယ် ။
အချစ်ကို ချစ်ပါ
ရိုးသားစွာချစ်ပါ
အချစ်ခံနေရရင် တန်ဖိုးထားပါ
သိပ်ကို ချစ်တတ်လွန်းသူရဲ့
အခြားတစ်ဖက်ဟာ
ပြတ်သားနိုင်ခြင်းပဲမို့
စိတ်နာသွားအောင် မသင်ပြပါနဲ့
အချစ်ကို မြဲအောင်ပဲ
အပြန်အလှန် တန်ဖိုးထားပေးပါ ။
ဘားအံရောက်ရင် မဖြစ်မနေ Try ကြည့်သင့်တဲ့ တောထမင်း
ဘားအံလို့ပြောတာနဲ့ တောထမင်း ကို ပြေးမြင်တဲ့ Foodie တွေရှိကိုရှိတယ် ငပိအစုံ တို့စရာအစုံနဲ့ သံလွင်မြစ်ကမ်း နံဘေးမှာ ဖားပုတောင်ကို လှမ်းကြည့်ရင်း စားရတဲ့ အရသာက ဘာနဲ့မှမတူဘူး။
ရွေးချယ်စရာ ဆိုင်တွေ၃/၄ ဆိုင်လောက်ရှိတယ် သူလက်ရာနဲ့ သူ့ပရိတ်သတ် အဆင်ပြေတယ် ဆိုပေမယ့် ကျွန်တော်အတွက် အခုပုံထဲက ဆိုင်ရဲ့ လက်ရာထက် ဘေးဆိုင်က ဟင်းချက်လက်ရာကို ပိုသဘောကျတယ်။
ကျွန်တော် ဘားအံမှာ ညတိုင်း တောထမင်းပဲစားတယ် ကျွန်တော်ကြိုက်တယ် စားရတာ အဆင်ပြေတယ် အမြင်နဲ့ ဆွဲဆောင်မှုကောင်းတယ် စျေးသက်သာတယ် ဆိုပေမယ့် လူတိုင်းအတွက် မဟုတ်တာကို သိစေခြင်တယ်။
#သွားမယ်&တည်းမယ်
#winthtetaung
#myanmartravel
#hpanfood
#foodreview