နော်တင်ဟမ်ဖောရက်အသင်းဟာ မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား James McAtee ကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပီဖြစ်ပါတယ်
ပြောင်းရွှေ့ကြေးပေါင် 22သန်း+အပိုဆုကြေး ပေါင်8သန်း နီးပါး ပြန်လည်ဝယ်ယူခွင့်နှင့် တခြားအသင်းထံပြန်လည်ရောင်းချရင်ရရှိမဲ့ ရာခိုင်နှုန်းတွေနဲ့ မန်စီးတီးအသင်းကရောင်းချဖို့သဘောတူညီခဲ့တာဖြစ်ပီး ကစားသမားကလဲ ဖောရက်အသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။

image

သာဓုတောင် ဖြောင့်အောင်မခေါ်နိုင်ကြဘူး
-----------------
🙏သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်
နံနက်စောစောထ ဘုရားရှိခိုး
မေတ္တာပို့
အမျှဝေတယ်ဆိုတာ
သူတော်ကောင်းတွေရဲ့ အလုပ်ပဲ။
"🙏ဘုရားရှိခိုးပြီး
အမျှအတန်း ပေးဝေတဲ့ အခါမှာလဲ
အသံကျယ်ကျယ်နဲ့ အော်ပြီး တော့
အမျှအတန်းပေးဝေ ကြရမယ်" ။
"🙏စောစောထ ဘုရားရှိခိုးတာက
သုံးဆယ့်တစ်ဘုံသားတွေ၊ အထူးသဖြင့်
နာမ်သာရှိပြီး ရုပ်မရှိတဲ့ တမလွန်သားတွေ
တရားလာရောက်နာယူပြီး -
🙏အမျှအတန်း ခံယူ၊ သာဓုခေါ်နိုင်မှလည်း
ဘုံတွေ ဗိမာန်တွေ ရကြတာ၊
လူသူရှင်းလင်းတဲ့ ယခုလို စောစောအချိန်မှာလဲ
တရားနာလာနိုင်ကြတာ။
"🙏သူတို့ဟာ လူတွေနဲ့ အထိအတွေ့
မခံနိုင် ကြရှာဘူး၊
🙏ဒါကြောင့် လူသူရှင်းတဲ့ နံနက်စောစော မှာ
ဘုရားရှိခိုးသံ၊ အမျှအတန်းပေးဝေ
သံတွေကို လာရောက် နာယူကြရတာ။
"🙏လာရောက် နာယူကြတော့
သူတို့အတွက်
အကျိုးထူးတွေလဲ ရရှိကြတာ ပေါ့၊
🙏အမျှအတန်းဝေ သာဓုခေါ်တော့ တချို့
သာဓုတစ်ကြိမ်တည်းနဲ့ ခေါ်နိုင်တာရှိတယ်၊
🙏သာဓုခေါ်နိုင်တာနဲ့ ဘုံဗိမာန်တွေ
အစားအစာတွေ ရတယ်၊
🙏တချို့ မခေါ်နိုင်ဘူး၊ 'သာ' တစ်လုံးတည်း နဲ့
နှစ်ပေါင်းများစွာ နေရတယ်၊ 'ဓု' မရ သေးဘူး၊
🙏နှစ်တော်တော်ကြာမှ 'ဓု' ရတယ်၊ တချို့
'သာ' လဲ မခေါ်နိုင်၊ 'ဓု' လဲ မရနဲ့၊
🙏နှစ်ပေါင်းများစွာ အမျှပေးဝေသံ
နားထောင်ကြရတဲ့ ပြိတ္တာတွေ, ပရ
လောကသားတွေလဲ အများကြီးပဲရှိတယ်။
🙏အမျှအတန်းပေးဝေတဲ့အခါ
သာဓု ကို တစ်ခါတည်း ခေါ်နိုင်တာက
မနုဿလူသားပဲ ရှိတယ်ကွယ့်၊
🙏အမနုဿ ပရလောကသား ပြိတ္တာတွေ ကတော့
အမျှအတန်း ပေးဝေတိုင်း
သာဓု မခေါ်နိုင်ရှာကြဘူး၊
🙏ကုသိုလ်အလွန်ထူးမှ ချက်ချင်း သာဓု ခေါ်နိုင်တာ။
🙏မိုးညှင်းဆရာတော်ဘုရားကြီး🙏
CRD.............ဦးမြင့်ခိုင်
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image
Helarri shared a post  
124 yrs

31 w

ဩဂုတ်လ (၁၃) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ

image
Helarri shared a post  
124 yrs

35 w

Dounia et la princesse d’Alep (2023)

IMDB: 6.8/10

ကိုယ့်မွေးရပ်မြေမှာ နေထိုင်ဖိုရာ မဖြစ်နိုင်တော့လို နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခတွေကြား မွေးဖွားလာတဲ့ Dounia လေးဟာ တနေ့မှာတော့ လှပလွန်းတဲ့ သူမရဲ့ မွေးရပ်မြေ Aleppoမြို ကို စွန့်ခွာဖိုဖြစ်လာပါတော့တယ်။ကံကောင်းစေတဲ့ Barake စေ့လေးတွေကို လက်ထဲဆုပ်လို၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို မြေးအဖွားတစ်စု လျှောက်ရပါတော့မယ်။ Dounia လေး အိမ်အသစ်ကိုရှာတွေ့ပါ့မလား။ တခြားသော Dounia လေးလို ကလေးလေးတွေရော ဘယ်နှယောက်တောင်ရှိနေဦးမလဲ။
Syriaနိုင်ငံ Aleppoမြိုဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d’Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်တွေ၊ ရိုးရာ အစားအသောက်တွေ၊ ယဥ်ကျေးမှုတွေ၊ ယုံကြည်သက်ဝင်မှုတွေကို ချစ်စဖွယ် ပုံဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ရမှာပါ။

🌸🌙ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌙🌸ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1920

image
Helarri shared a post  
124 yrs

33 w

ရိုးရှင်းပြီး ဒီလောက်ကောင်းတဲ့ဂျင်းပြုတ်ရဲ့အကျိုးကျေးဇူးကို အဖွားသာမပြောပြရင် သိမှာမဟုတ်ဘူး အဖွားက ဂျင်းကို နေ့တိုင်းစားတယ် မနက်အိပ်ရာနိုးတဲ့အခါ ဂျင်းပြုတ်ရည်နွေးနွေးလေး တစ်ခွက်အမြဲသောက်တယ်အဲ့လိုသောက်ပေးတော့ ခန္ဓာကိုယ်ကို နွေးထွေးစေတယ် ခေါင်းကို ကြည်လင်စေပြီး စိတ်တည်ငြိမ်စေတယ် ဗိုက်တင်းခြင်း၊ လည်ချောင်းခြောက်ခြင်း၊ညောင်းညာ ကိုက်ခဲခြင်းနှင့် အိပ်မပျော်ခြင်းတို့ဆို ဂျင်းတမျိုးတည်းနဲ့ အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် ဂျင်းပြုတ်ရည်သောက်လို့ပေါ့ အဖွားဒီလိုကျန်းမာနေတာ သွေးလေ လည်ပတ်မှုကောင်းနေတာပေါ့တဲ့
ပထမတော့ ဒီအတိုင်းပဲ နားထောင်တယ် နောက်နေ့တော့
ဂျင်းပြုတ်ရည်ကို ဘာအရသာသကြားမထည့်ပဲ အိပ်ယာမဝင်ခင် တခွက်စမ်းသောက်ကြည့်တာ တရေးမှမနိုးပဲ တညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ အိပ်ယာကနိုးလာတဲ့အခါလည်း ဗိုက်ချောင်ပြီးနေလို့ကောင်းတယ်
တအိမ်လုံး နှာစေးကြပြီး ကိုယ်တစ်ယောက်တည်း ပဲ မဖြစ်တာဂျင်းပြုတ်ရည်ကြောင့်လားပဲ ဂျင်းပြုတ်ရည်က ပူစပ်တာတင်မကပဲ အတွင်းပိုင်းထိကောင်းတယ်ဆိုတာ အခုမှသဘောပေါက်တော့တယ်
ကဲ... ညညတော်ရုံလွယ်လွယ်နဲ့အိပ်မပျော်တတ်တဲ့သူဆို ဘာကိုစောင့်အုန်းမလဲ ဒီညပဲ အိပ်ယာမဝင်ခင်ဂျင်းပြုတ်ရည်ရနံ့မွှေးမွှေးလေး တခွက်ကို ကိုယ်တိုင်စမ်းသောက်ကြည့်မှသိလိမ့်မယ် နော်
အစာလည်းဆေး ဆေးလည်းအစာ ဘယ်အရာမဆိုတန်ဆေး လွန်ဘေးမို့ မလိုအပ်ပဲ အများကြီးမစားသင့်ဘူးနော်ရှင်
crd

image
Helarri shared a post  
124 yrs

33 w

Gym Outfit ကို ဘယ်လို ရွေးချယ်မလဲ?🎽🩱
Workout လုပ်မယ်လို့ စဥ်းစားလိုက်ရင် အရင်ဆုံးတွေးမိတာက Gym ဝတ်စုံ ဝယ်ရမယ်ဆိုတာပါပဲ။ Gym ဆော့ဖို့ အတွက် ကိုယ်ဝတ်မယ့် အဝတ်အစားကလည်း တစ်ထောင့် တစ်နေရာက အရေးကြီးပါတယ်။
Gym စဆော့တဲ့ အချိန်ကနေ အခုအထိ Sports Bra တွေ Legging တွေ အများကြီး ဝယ်ဖူး ဝတ်ကြည့်ဖူးပါတယ်။ International နာမည်ကြီး Brand တွေကနေ စလို့ Local Brand, China Brand, Export ဆိုင်တွေထိရော အစုံပါပဲ။Gym Outfit ဝယ်တော့မယ်ဆို
🔺အများကြီး ဝယ်ဖို့ မလိုပါဘူး။ အနည်းဆုံး Sport Bra နဲ့ Leggings ၂ ထည် စီ ရှိတယ်ဆိုရင်တောင် ရပါပြီ။
🔺စျေးကြီးတာ စျေးသက်သာတာနဲ့ မဆိုင်ဘဲ သုံးထားတဲ့ Materials, ချုပ်ရိုးချုပ်သား, Cutting တွေကို ကြည့်ပြီး ရွေးသင့်ပါတယ်။
🔺အမျိုးအစားကောင်းတဲ့ outfit တွေက ကျယ်သွားတာ ကျဥ်းသွားတာတွေ မရှိဘဲ တစ်ခါဝယ်ပြီး အကြာကြီး ခံလို့ ပိုပြီးလည်း တွက်ချေကိုက်ပါတယ်။
🔺ကိုယ်နဲ့ သေချာ fit ဖြစ်ပြီး သက်တောင့် သက်သာရှိတဲ့ Size ကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ်။
1️⃣Comfort & Confidence
Quality ကောင်းတဲ့ Gym Outfit ကို ဝတ်ဆင်တဲ့ အခါ ခန္ဓာကိုယ်ပေါ်မှာရော စိတ်ထဲမှာရော သက်တောင့်သက်တောင့် သက်သာရှိတာက ပထမဆုံး ဦးစားပေးအချက်ပါ။
ကိုယ်နဲ့ Size ကွက်တိ ဖြစ်တဲ့ အပြင် ကိုယ့် Body ကို ပိုပြီး ချပ်ရပ်စေတဲ့ Design မျိုး၊ စိတ်သွားတိုင်းကိုယ်ပါ ဘယ် Workout ပဲ လုပ်လုပ် ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် outfit ဖြစ်သင့်တယ်။ ခန္ဓာကိုယ်ပေါ်မှာ တစ်ထပ်တည်း ကပ်နေပေမယ့် တင်းကြပ်နေတာမျိုးလည်း မဟုတ်ဘဲ ကိုယ်က လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ရတယ်ဆိုရင် ဒါ အကောင်းဆုံး Gym outfit ပါပဲ။
2️⃣Squat Proof, Sweat-proof, Heat-Proof
ဒါကလည်း အရေးကြီးပါတယ်။ workout လုပ်တဲ့အခါ ချွေးထွက်မယ် Body Heat ထွက်မယ်။ ဒါပုံမှန်ပါပဲ။ Gym outfit တွေဟာ ချွေး/ရေ စိုသွားတဲ့အခါ လျင်လျင်မြန်မြန် ခြောက်သွေ့စေပြီးတော့ Body Heat ကိုလည်း သိမ်းမထားတဲ့ Fabric Material မျိုး ဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပူတဲ့ အတွက် ဒီအချက်ကို ပိုပြီး ဂရုစိုက်သင့်တယ်။ မဟုတ်ရင် Body Heat တွေ အရမ်းတက်လာပြီး Shock ရတာမျိုး၊ ချွေးတွေ အမြန်မခြောက်တဲ့ အခါ ချွေးနဲ့ ပြန်အအေးပတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်ပြီးတော့ အသားမပါးတာမျိုးဖြစ်မှ Squat Proof ဖြစ်တာပါ။ Sqaut လုပ်တဲ့ အခါ အထဲက ကုန်းရတဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့ အခါ Squat Proof မဖြစ်ရင် Legging က အရမ်းပါးနေရင် အထဲက အတွင်းခံအရောင် ဒါမှမဟုတ် အသားကို မြင်နေရမှာပါ။
3️⃣Sport Bra Impact
ကိုယ်က Yoga ဆော့မှာလား Weight Training တွေ ဆော့မှာလား Jogging , Cardio လုပ်မှာလားပေါ်မူတည်ပြီး Sport Bra ကို ရွေးချယ်ရပါမယ်။ အရမ်း လှုပ်ရှားရတာတွေ မပါတဲ့ Workout ဆိုရင် Low - medium impacted ရှိတဲ့ Sport Bra ကို ဝတ်လို့ ရပါတယ်။ သူက ဝတ်ရတာ ပို သက်တောင့်သက်သာရှိတယ်။ ဒါမှမဟုတ် ကိုယ်က ကြိုးခုန်မယ် cardio တွေ လုပ်မယ် ပြေးမယ်၊ Training ကြမ်းကြမ်းတွေ လုပ်မယ်ဆိုရင်တော့ High Impacted Sport Bra နဲ့ ထိန်းပြီး ဝတ်မှ ရင်ဘတ်ပျော့တွဲကျတာတွေ ရင်ဘတ် အရမ်းလှုပ်တာတွေ မဖြစ်မှာပါ။
Gym ဝတ်စုံကို စျေးသက်သာတာ Design လှတာနဲ့တင် မမှာဖို့ သတိပေးချင်ပါတယ်။
Aria နဲ့ Eindra တို့လည်း Gym ဆော့တဲ့ခါ ကိုယ်အတွက်လုံးဝ Comfy ဖြစ်မယ့် Outfit မျိုးသေချာလေး ရွေးဝယ်ပြီး ကစားတယ်။ ဒါမှ workout လုပ်တဲ့အခါ စိတ်အနှောင့်ယှက်မဖြစ်ဘဲ သေချာလေး အာရုံစိုက်ပြီး လုပ်နိုင်တယ်။ မဟုတ်ရင် ဘောင်းဘီ လျောကျသွားလို့ ဆွဲတင်လိုက်၊ Sport Bra က ချောင်နေလို့ ကြိုးခုန်တာတို့ ပြေးတာတို့ လုပ်လို့မရလိုက်နဲ့ ဖြစ်တတ်လို့။ 😩😩
Gym outfit ဝယ်မယ်ဆိုရင် Aria နဲ့ Eindra တို့ အကြံပေးတဲ့ အချက်လေးတွေကို ထည့်သွင်းစဥ်းစားပြီး မှာနော်။ Invest in Good outfit and increase the efficiency of your gym sesh ✨💕
#credit #ironvibes

image
31 w - Translate

ကြိုးခုန်ခြင်းဟာ ရိုးရှင်းပြီး ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်ကာ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။
✔️ကယ်လိုရီ မြန်မြန်လောင်ကျွမ်းခြင်း - နေ့စဉ် ကြိုးခုန်ခြင်းကို ၁၅-၂၀ မိနစ်ပြုလုပ်ပေးခြင်းအားဖြင့် ကယ်လိုရီ ၂၀၀-၃၀၀ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။
✔️တစ်ကိုယ်လုံးရှိကြွက်သားများ လှုပ်ရှားစေခြင်း - ကြိုးခုန်လေ့ကျင့်ခန်းသည် တစ်ကိုယ်လုံးရှိကြွက်သားများကို လှုပ်ရှားစေပါတယ်။
✔️ဇီဝကမ္မဖြစ်စဉ်( metabolism)အား မြှင့်တင်ပေးခြင်း - ပုံမှန်လေ့ကျင့်ခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေကာ အဆီများကို ပိုမိုလျင်မြန်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။
✔️ဗိုက်အဆီများကို လျော့ကျစေခြင်း - ကြိုးခုန်ခြင်းသည် ဗိုက်၊ ပေါင်နှင့် ခါးရှိအဆီများကို ပိုမိုလျင်မြန်စွာ လျော့ကျစေပါတယ်။
✔️စိတ်ဖိစီးမှု လျော့ကျစေခြင်း - စိတ်ဖိစီးမှု လျော့ကျစေခြင်းဖြင့်လည်း ကိုယ်အလေးချိန် လျော့ကျစေရန် ကူညီပေးပါတယ်။
✔️နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း - နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်စေပြီး ခံနိုင်ရည်အားကို တိုးလာစေပါတယ်။
💡အကြံပြုချက်
📌စတင်လေ့ကျင့်သူများအနေဖြင့် ၅ မိနစ်မှစတင်ပြီး ဖြည်းဖြည်းချင်းအကြိမ်ရေ တဖြည်းဖြည်းတိုးသွားပါ။
📌ဒူးနာ၊ ခြေကျင်းဝတ်နာ၊ ခါးနာတတ်သူများ သတိထားပါ။ မှန်ကန်တဲ့ ပုံစံနဲ့ ခုန်ပါ (ခြေဖျားလေးများနဲ့ ကွေးခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ခုန်ပါ)။
📌ထိခိုက်ဒဏ်ရာမှ ကာကွယ်ဖို့ ခြေထောက်ကို ကောင်းစွာထောက်ပံ့ပေးနိုင်တဲ့ အားကစားဖိနပ် စီးပါ။
📌ညီညာပြီး ချောမွေ့တဲ့ မျက်နှာပြင်ပေါ်တွင် ခုန်ပါ။ မာကျောသောကွန်ကရစ်မျက်နှာပြင်ထက် ကစားကွင်းလိုမျိုး အနည်းငယ် ပျော့ပျောင်းတဲ့ မျက်နှာပြင်က ပိုကောင်းပါတယ်။
👉 💁‍♀️ကြိုးခုန်ခြင်းကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်စွာ နေထိုင်ကြပါစို့။💪
Fresh Fuel By Jasmine
#ironvibes

image
Mahadev Book changed his profile cover
31 w

image
Mahadev Book changed his profile picture
31 w

image

(15-8-2025) ရက်နေ့ ကြေးမုံနှင့်​မြန်မာအလင်းသတင်းစာပါ တင်ဒါလုပ်ငန်းများအတွက်။

image