ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်
စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက် ၆ နာရီ ၅ဝ မိနစ်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ မြိုတော်ခန်းမအပြင်ဘက်၊ ဘယ်ရီဂိတ်အောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ လူနှင့် ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား အသွားအလာကန့်သတ်ထားပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw