16 w - Translate

မြန်မာပိုကုန်တွေအပေါ် အခွန်နှုန်းထားသစ်ကောက်ခံမယ့်အကြောင်းစာကို အမေရိကန်သမ္မတ ထရမ့်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ထံပေးပိုလာပါတယ်။

မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပိုမယ့် ပိုကုန်တွေအတွက် ဩဂုတ် ၁ရက်နေ့ကစပြီး ၄၀ ရာခိုင်နှုန်းကောက်ခံမယ်ဆိုတဲ့ အကြောင်းကြားစာဖြစ်ပါတယ်။

ယခင်က ၄၅ ရာခိုင်နှုန်းလိုကြေညာခဲ့ရာက ၄၀ ရာခိုင်နှုန်းကိုပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။

ထရမ့်ဟာ မြန်မာနိုင်ငံအပါအဝင် ဂျပန်၊တောင်ကိုရီးယားနဲ့ နိုင်ငံအချိုက နိုင်ငံခေါင်းဆောင်တွေထံ အခွန်နှုန်းထားအသစ်နဲ့ စတင်ကောက်ခံတော့မယ်ဆိုတဲ့ အလားတူစာတွေကို တစ်ပြိုင်နက်ပေးပိုခဲ့ပြီး အဆိုပါစာတွေကို ထရမ့်က သူ့ရဲ့ Truth Social ပလက်ဖောင်းတွေမှာပိုစ်တင်ခဲ့တာဖြစ်ပါတယ်။

image
16 w - Translate

မြန်မာပိုကုန်တွေအပေါ် အခွန်နှုန်းထားသစ်ကောက်ခံမယ့်အကြောင်းစာကို အမေရိကန်သမ္မတ ထရမ့်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ထံပေးပိုလာပါတယ်။

မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပိုမယ့် ပိုကုန်တွေအတွက် ဩဂုတ် ၁ရက်နေ့ကစပြီး ၄၀ ရာခိုင်နှုန်းကောက်ခံမယ်ဆိုတဲ့ အကြောင်းကြားစာဖြစ်ပါတယ်။

ယခင်က ၄၅ ရာခိုင်နှုန်းလိုကြေညာခဲ့ရာက ၄၀ ရာခိုင်နှုန်းကိုပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။

ထရမ့်ဟာ မြန်မာနိုင်ငံအပါအဝင် ဂျပန်၊တောင်ကိုရီးယားနဲ့ နိုင်ငံအချိုက နိုင်ငံခေါင်းဆောင်တွေထံ အခွန်နှုန်းထားအသစ်နဲ့ စတင်ကောက်ခံတော့မယ်ဆိုတဲ့ အလားတူစာတွေကို တစ်ပြိုင်နက်ပေးပိုခဲ့ပြီး အဆိုပါစာတွေကို ထရမ့်က သူ့ရဲ့ Truth Social ပလက်ဖောင်းတွေမှာပိုစ်တင်ခဲ့တာဖြစ်ပါတယ်။

image
16 w - Translate

မြန်မာပိုကုန်တွေအပေါ် အခွန်နှုန်းထားသစ်ကောက်ခံမယ့်အကြောင်းစာကို အမေရိကန်သမ္မတ ထရမ့်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ထံပေးပိုလာပါတယ်။

မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပိုမယ့် ပိုကုန်တွေအတွက် ဩဂုတ် ၁ရက်နေ့ကစပြီး ၄၀ ရာခိုင်နှုန်းကောက်ခံမယ်ဆိုတဲ့ အကြောင်းကြားစာဖြစ်ပါတယ်။

ယခင်က ၄၅ ရာခိုင်နှုန်းလိုကြေညာခဲ့ရာက ၄၀ ရာခိုင်နှုန်းကိုပြောင်းလဲခဲ့တာလည်းဖြစ်ပါတယ်။

ထရမ့်ဟာ မြန်မာနိုင်ငံအပါအဝင် ဂျပန်၊တောင်ကိုရီးယားနဲ့ နိုင်ငံအချိုက နိုင်ငံခေါင်းဆောင်တွေထံ အခွန်နှုန်းထားအသစ်နဲ့ စတင်ကောက်ခံတော့မယ်ဆိုတဲ့ အလားတူစာတွေကို တစ်ပြိုင်နက်ပေးပိုခဲ့ပြီး အဆိုပါစာတွေကို ထရမ့်က သူ့ရဲ့ Truth Social ပလက်ဖောင်းတွေမှာပိုစ်တင်ခဲ့တာဖြစ်ပါတယ်။

imageimage
16 w - Translate

#ပြည်တွင်းသတင်း
◼စမတ်ကတ်ပြုလုပ်ထုတ်ပေးခြင်းကို ပြန်လည်ဆောင်ရွက်ပေးနေ
မြို့နယ်အသီးသီးတွင်ပြုလုပ်ပေးနေသည့်စမတ်ကတ် (Unique Identity Number-UID) ထုတ်ပေးခြင်းကို ယနေ့(ဇူလိုင် ၇ ရက်)မှစတင်ကာ သက်ဆိုင်ရာမြို့နယ်များတွင် ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
e-ID စနစ်ဆိုင်ရာလုပ်ငန်းများအဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်စေရန်ဟုဆိုကာ Server Maintenance လုပ်ငန်းဆောင်ရွက်ရန် ယခုလဇူလိုင် ၄ ရက်တွင် ယာယီရပ်နားထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ Server Maintenance လုပ်ငန်းများကို ရုံးပိတ်ရက်တွင်ဆောင်ရွက်ခဲ့ပြီးဖြစ်၍ UID နံပါတ်လျှောက်ထားရယူလိုသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် ပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - e - ID Department

image

ပုစွန်ထုပ်ဆီပြန်ဟင်း

ပုစွန်ဆတ်ထုပ်ကို သန့်စင်ပြီး အမြီးလေးတွေချန်ထားပါ။ပြီးရင် ဆား၊အရသာမှုန့်၊ဆနွင်း၊ငံပြာရည်တိုနဲ့နယ်ထားပါ။ကြက်သွန်ဖြူ၊နီ၊ဂျင်းကို ထောင်းထားပါ။ဆီအိုးတည်ပြီး ဆီဆူရင် ထောင်းထားတဲ့ကြက်သွန်ထည့်ပါ။ဆနွင်းမှုန့်နဲနဲထည့်ပါ။အရောင်တင်မှုန့်ကို ပါလေဟန်လေးသာထည့်ပါ။ကြက်သွန်နွမ်းရင် ပုစွန်တွေထည့်ပါ။
ခဏနေမှ တဖက်တချက်လှန်ပေးပါ။ပုစွန်တင်းလာမှ ရေနဲနဲထည့်ပါ။ဆီပြန်ရင် ရပါပြီနော်။ပုစွန်ချက်ရင် အရောင်တင်မှုန့်တွေ အများကြီးမထည့်ရပါ။ပြီးရင် အကြာကြီးမချက်ရပါ။ကြာသွားရင် မာပြီး စားမကောင်းပါ

image

#နိုင်ငံတကာသတင်း
◼အစ္စရေး က ယီမင်ဆိပ်ကမ်းသုံးခုကို ဟူသီပစ်မှတ်များအဖြစ် တိုက်ခိုက်
ယီမင်ဆိပ်ကမ်းသုံးခုနှင့် ဓာတ်အားပေးရုံ တစ်ခုတို့အား ဟူသီပစ်မှတ်များအဖြစ် တိုက်ခိုက်ခဲ့ကြောင်း အစ္စ‌ရေးစစ်ဘက် က ယနေ့နံနက်အစောပိုင်းတွင်ပြောကြားခဲ့ပြီး ယင်းမှာ တစ်လနီးပါးကာလအတွင်း အစ္စရေးက ယီမင်ကို ပထမဆုံး ပြန်လည်တိုက်ခိုက်မှုဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။
ဟူသီအဖွဲ့က အစ္စ‌ရေးအား အကြိမ်ကြိမ်တိုက်ခိုက်နေခြင်းကို လက်တုံ့ပြန်၍ ဟိုဒေးဒါ၊ ရက်စ်အီဆာ နှင့် ဆာလစ်ဆိပ်ကမ်းတို့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ဘက်ကပြောသည်။
ယင်းတိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် နာရီပိုင်းအကြာတွင် ယီမင်နိုင်ငံမှ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပြီး ၎င်းတို့ကို ကြားဖြတ်ပစ်ချရန် လုပ်ဆောင်ခဲ့ကြောင်း ၊ ရလဒ်ကို စိစစ်နေဆဲဖြစ်ကြောင်း အစ္စ‌ရေးစစ်ဘက် က ထပ်လောင်းပြောကြားသည်။
ယင်းဒုံးကျည်များ၏ရိုက်ခတ်မှု သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းများနှင့် ဆက်စပ်၍ ဖုန်းခေါ်ဆိုမှုမရရှိခဲ့ကြောင်း အစ္စရေးအရေးပေါ်ဌာနက ပြောကြားသည်။
၂၀၂၃ ခုနှစ်အောက်တိုဘာလတွင် ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ပါလက်စတိုင်းများနှင့် သွေးစည်းညီညွတ်မှု ပြသခြင်းဖြစ်ကြောင်း ပြောကြားကာ အီရန်တို့နှင့် လက်တွဲထားသော ဟူသီအဖွဲ့က အစ္စ‌ရေးနှင့် ပင်လယ်နီမှ သင်္ဘောများအား ပစ်ခတ်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအား ထိခိုက်စေခဲ့သည်။
ဟူသီအဖွဲ့က အစ္စရေးသို့ ပစ်လွှတ်ခဲ့သော ဒါဇင်နှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းအများစုမှာ ကြားဖြတ်ပစ်ချခံရ သို့မဟုတ် ပစ်မှတ်အထိ မရောက်ခဲ့ဘဲ အစ္စ‌ရေးက လက်တုံ့ပြန်သော တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့သည်။
ယခုနောက်ဆုံး အစ္စ‌ရေး၏ တိုက်ခိုက်မှုတွင် ဟူသီတို့က ပြန်ပေးဆွဲသိမ်းပိုက်ထားပြီး ရက်စ်အီဆာဆိပ်ကမ်းတွင် ကမ်းကပ်ထားသော Galaxy Leader သင်္ဘောလည်း ပါဝင်ခဲ့ကြောင်း စစ်ဘက် က ပြောသည်။
ဟူသီအကြမ်းဖက်အဖွဲ့ က ယင်းသင်္ဘောပေါ်တွင် ‌ရေဒါစနစ်တစ်ခု တပ်ဆင်ထားကာ နိုင်ငံ တကာ ရေ လမ်း ကြောင်းမှ သင်္ဘောများအား ခြေရာခံနေကြောင်း အစ္စ‌ရေးစစ်ဘက် က ပြောသည်။
အစ္စ‌ရေးတို့၏ တိုက်ခိုက်မှုများအား ၎င်းတို့အဖွဲ့က ပြည်တွင်းမှာပင် ထုတ်လုပ်ထားသော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များဖြင့် တန်ပြန်ခဲ့ကြောင်း ဟူသီစစ်ဘက်ပြောခွင့်ရသူ က ပြောကြားသည်။
ပင်လယ်နီပေါ်ရှိ ဟိုဒေးဒါ ဆိပ်ကမ်းမြို့မှ လျှပ်စစ်ဓာတ်အားပေးရုံကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် မြို့မှာ မှောင်အတိကျသွားခဲ့ကြောင်း ဒေသခံများက ရိုက်တာသတင်းဌာနကို ပြောကြားသည်။
လက်ရှိတွင်ထိခိုက်ဒဏ်ရာရမှုသတင်းများကို မသိရသေးကြောင်း သတင်းက ဆက်လက်ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

" ပုဇွန်ဆိတ်အိုးကပ်ချက်လေး "

ချက်နည်းသိချင်ရင်တော့
ပုဇွန်ဆိတ်လေးကိုဆားနနွင်းနဲ့နယ်ထားပါ
ဂျင်းကြက်သွန်ဖြူနီကြိတ်ပြီးဆီသတ်ပါ
ရေခမ်းပြီးခြောက်သွားရင် နနွင်း ငရုပ်သီးအရောင်တင်လေးထည့်မွှေပါ
ငံပြာရည်လေးထည့်ပါ
ခရမ်းချဥ်သီးကြိတ်ထားတာထည့်ပါ
ရေခမ်းရင် ပုဇွန်လေးထည့်ပါ
ကျက်ခါနီး ပင်စိမ်းငြုပ်သီးစိမ်းအုပ်ပါ
ကျက်ရင်ရပါပြီစင့်

image

#နိုင်ငံတကာသတင်း
◼အိမ်မွေးခြင်္သေ့က လူသုံးဦးကို တိုက်ခိုက်ခဲ့မှုကြောင့်ပိုင်ရှင်အားဖမ်းဆီး
လွတ်မြောက်သွားသော အိမ်မွေးခြင်္သေ့တစ်ကောင်က အမျိုးသမီးတစ်ဦးတစ်ဦး နှင့် ၎င်း၏ကလေးငယ်နှစ်ဦးအား တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်ရဲတပ်ဖွဲ့ က ပိုင်ရှင်များအား ဖမ်းဆီးလိုက်သည်။
ပါကစ္စတန်အရှေ့ပိုင်းလာဟိုးမြို့တွင် ခြင်္သေ့က အိမ်ခြံဝင်းအုတ်နံရံကို ကျော်တက်ကာအမျိုးသမီးတစ်ဦးနောက်ကို လိုက်လံတိုက်ခိုက်ပြီး အခြား ကြောက်လန့်နေသော လမ်းသွားလမ်းလာများ ထွက်ပြေးသွားကြသည့် ဗီဒီယိုကို စီစီတီဗီ မှတ်တမ်း၌မြင်တွေ့ရသည်။
အဆိုပါအမျိုးသမီးနှင့် အသက် ငါးနှစ် နှင့် ခုနှစ်နှစ် အရွယ် ကလေးနှစ်ဦးသည် လက်မောင်းနှင့်မျက်နှာတွင် ဒဏ်ရာများ ရရှိခဲ့သော်လည်း ယခုအခါ၌ ဆေးရုံတွင်ကုသမှုခံယူနေပြီး စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။
ခြင်္သေ့ပိုင်ရှင်များက လိုင်စင်မရှိဘဲ တောရိုင်းတိရိစ္ဆာန်တစ်ကောင်ကို လက်ဝယ် ထားရှိခဲ့ပြီး ၎င်းတို့၏ပေါ့ဆမှုကြောင့် ခြင်္သေ့လွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားသည်။
ယခုအခါ ယင်းခြင်္သေ့ကို ဖမ်းဆီးပြီး ဘေးမဲ့တောတစ်ခုသို့ ပို့ဆောင်ထားသည်။
တောရိုင်းတိရိစ္ဆာန်များအား အိမ်မွေးတိရိစ္ဆာန် အဖြစ် ထားရှိခြင်းမှာ ပါကစ္စတန်တွင် ဂုဏ်ဒြပ်တစ်ခုဖြစ်ကာ ခြင်္သေ့များ၊ ကျားများ၊ ကျားသစ်များ ၊ အမေရိကန်ကျားသစ်များ အစရှိသော သတ္တဝါများကို လိုင်စင်ရယူကာ တစ်ကောင်လျှင် တစ်ကြိမ်တည်း ရူပီး ငါးသောင်း( ကန်ဒေါ်လာ ၁၇၆ ) ပေးဆောင်ပြီးပါက မွေးမြူထားနိုင်ကြောင်း သိရသည်။
သို့သော်လည်း ယင်းအကောင်ကြီးများကို မြို့၏အဝန်းအဝိုင်း ပြင်ပတွင် ထားရှိရမည်ဖြစ်သည်။ ပန်ဂျပ်ပြည်နယ်၏ မြို့တော် လာဟိုးမြို့မှာ ပါကစ္စတန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။
ဗုဒ္ဒဟူးနေ့က အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက တောရိုင်းတိရိစ္ဆာန် တရားမဝင်ပိုင်ဆိုင်မှုများကို နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရာ လူ ငါးဦးကို ဖမ်းဆီးခဲ့သလို ခြင်္သေ့ ၁၃ ကောင်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သတင်း- ရဲမင်း
ကိုးကား-BBC

image

စီချွမ့် ချဉ်စပ် ဟင်းချို
--------------------------------------
တခြား စီချွမ့်ချက်နည်းတွေနဲ့ မတူပဲ ဒီချဉ်စပ် ဟင်းချိုမှာ ချဉ်တဲ့အရသာကို ဗီနီကာကြောင့် ရရှိတာ ဖြစ်ပါတယ်။ စီချွမ့် နံမည်ကြီး ဟင်းချိုတစ်ခုဖြစ်တဲ့ ချဉ်စပ်ဟင်းချိုထဲမှာ ကြက်သား၊ ကြွက်နားရွက်မှို၊ တို့ဟူး၊ မျှစ် အစုံနဲ့ အရမ်းသောက်လို့ ကောင်းမွန်ပါတယ်။
--------------------------------------
ပါဝင်ပစ္စည်းများ

ကြက်ရင်ဗုံ – ၁ခု (ကျက်အောင်ပြုတ်ပြီ အသားနွှင်းထားပါ)
ငရုတ်သီးနီ – ၃တောင့်(နှုတ်နှုတ်စဉ်းပါ)
ပဲပြား(သို့)တို့ဟူး – ၁တုံး (အရှည်ပါးပါးလှီးပါ(သို့) အတုံးလေးများ တုံးပါ)

မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
ကြွက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
ရေ(သို့)ကြက်ပြုတ်ရည် – ၆ခွက်
ဂျင်း – ၃ပြား
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
တရုတ် နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
--------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ရေ(၆ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ဂျင်း၊ ငရုတ်သီးနီ ထည့်ပေးပါ။

၂။ ပြီမျှ မျှစ်၊ ကြွက်နားရွက်မှို ထည့်ပေးပြီ ကြက်သား ထည့်ပါ။

၃။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ ထည့်ရောမွှေပါ။

၄။ အရသာ မြည်းကြည့်လို့ အနေတော်လျှင် ကော်ရည်ထည့်ကာ ရောမွှေပါ။

၅။ ကော်ရည် ဆူလာမှ ခလောက်ထားသော ကြက်ဥကို ဖြည်းဖြည်း ထည့်ပြီ တူဖြင့် ရောမွှေပေးပါ။

၆။ အပေါ်မှ ငရုတ်သီး ဆီချက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်(သို့)နံနံပင် ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

image
16 w - Translate

#ပြည်တွင်းသတင်း
◼အိုမန်နိုင်ငံ၌ မြန်မာအမျိုးသမီးအချင်းချင်း လူသတ်မှုဖြစ်၊ သံသယရှိသူတစ်ဦးကိုဖမ်းဆီးမိထားဟုဆို
အိုမန်နိုင်ငံ၊ ဆိုဟာမြို့၌ မြန်မာအမျိုးသမီးတစ်ဦးဓားဖြင့်ထိုးသတ်ခံရမှု ယမန်နေ့(ဇူလိုင် ၆ ရက်) တွင်ဖြစ်ပွားခဲ့ပြီး သံသယရှိသူမြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိထားကြောင်း အိုမန်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
သေဆုံးသူမြန်မာအမျိုးသမီးမှာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့ဇာတိဖြစ်ပြီး အသက်(၂၃) နှစ်အရွယ်ရှိ မယုနန္ဒာဖြစ်ကြောင်း၊ ၎င်းသည်အိုမန်နိုင်ငံဆိုဟာမြို့တွင် မြန်မာအလုပ်သမားအကျိုးဆောင် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးမိထားသည့်သံသယရှိသူအမျိုးသမီးမှာ ရန်ကုန်တိုင်းသန်လျင်မြို့နေ အသက်(၄၃) နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး အိုမန်နိုင်ငံသို့ရောက်ရှိသည်မှာ ရက်ပိုင်းသာရှိသေးကြောင်းသိရသည်။
အဆိုပါလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာအလုပ်သမားအကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူနှင့် အိမ်အကူလုပ်ကိုင်သူအလုပ်သမားကြား ပုဂ္ဂိုလ်ရေးမကြေလည်မှုများကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း အလုပ်သမားရေးကူညီနေသူများက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင်ဖမ်းဆီးမိထားသည့် မြန်မာနိုင်ငံသားအမျိုးသမီးနှင့်ပတ်သက်ပြီး တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အိုမန်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ယင်းနိုင်ငံအခြေစိုက် the arabian stories သတင်းဌာနသို့ပြောဆိုထားသည်။
အိုမန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကလည်း သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို အိုမန်ရဲတပ်ဖွဲ့ကထုတ်ပြန်ခြင်းမရှိသေးသကဲ့သို့ သတ်ဖြတ်မှုဖြစ်ပွားသည့်အကြောင်းရင်းကိုလည်း ရှင်းလင်းစွာမသိရသေးကြောင်း လူမှုကွန်ရက်တွင်ပြောဆိုထားကြသည်။
သတင်း - ပိုင်လေး

image