#ငါးခေါင်းချဉ်ရည်
#ပါဝင်ပစ္စည်းများ
ငါးခေါင်း ငါးဗိုက်သား နှစ်ကောင်း
မျှစ်ချဉ် တစ်ဆယ်သား
ငါးဖယ်ခြစ် တစ်ဆယ်သား
ပဲငပိချဉ်စပ် နှစ်ဇွန်း
ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်နီ တစ်လုံး
ခရမ်ချဉ်သီး တစ်လုံး
ပဲပြား နှစ်တုံး
ရှမ်းနံနံ တစ်စီး
ဗမာနံနံ တစ္စီး
ဆီ အနဲငယ်
ငရုပ်သီးစိမ်း နှစ်တောင့်
#ပြုလုပ်ရန်
#ငါးခေါင်းတေ သန့်စင်ပြီး ဆား ဆနွင်း နယ်ထားပါ ။
#မျှစ်ချဉ် ကို ငံပြာရည် နဲနဲထည့် ရေနဲ့ တည်ထားပါ ။
#ကြက်သွန်ဖြူ ဂျင်း ထောင်းပြီး ဆီသက်ပါ ကျက်တော့ ပဲငပိ ကြက်သွန်နီ ခရမ်းချဉ်သီး များကို အတုံးလေးတေ လုပ် ထည့်ပါ။ ခဏမွှေပြီး ငါးတွေ ထည့်ပါ ။ ငါးဆီသက်ပြီး မျှစ်ချဉ် အိုးထဲ ထည့် ရောပါ ရေ လိုသလောက် လိုက်ပါ ။ ဆူအောင် တည်ပြီး ပဲပြား ထည့် အချိုငံမြည်း အချဉ် လိုအပ်လျှင် သံပုရာသီး ထည့် ရှမ်းနံနံ ဗမာနံနံ ငရုပ်သီးစိမ်း ခွဲ ထည့် သုံးဆောင် နိုင်ပါသည် ။ အကြာကြီး မတည်ရ ပါ ငါးတေ ကျေ ကုန် ပါမည် ။
Crd

image