🥥 ဆေးဖက်ဝင် ပေါက်ပန်းဖြူ အုန်းရည်စိမ်🥥

ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ.......
* ပေါက်ပန်းဖြူပန်း - ကီလိုဝက်
* သကြား - ထမင်းစားဇွန်း ၁ ဇွန်း
* ဆား - ၂၀၀ ဂရမ်
* ဆန်ဆေးရည် - ၄၅၀ မီလီလီတာ
* အုန်းရည် - ၂၀၀ မီလီလီတာ

စိမ်နည်း........
▪️ ပေါက်ပန်းဖြူများကို သေချာစွာ ဆေးကြောပါ။ ခါးသက်ခြင်း မဖြစ်စေရန် အလယ်ရှိ အဖူးဆံများကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင် ရေစစ် ထားပါ။
▪️ ထို့နောက် ကျန်ရှိသော ပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေပြီး သန့်ရှင်းခြောက်သွေ့သော ဖန်ပုလင်းထဲ ထည့်ပါ။
▪️ အဖုံးကို လုံအောင်ပိတ်ပြီး နေပူထဲတွင် ၂-၃ ရက်လောက် နေပူလှန်းထားပါ။ ထိုအခါ ချို၊ ချဉ်၊ ငန်ပြီး အုန်းနံ့သင်းတဲ့ ပေါက်ပန်းဖြူ အုန်းရည်စိမ်ကို သုံးဆောင်နိုင်ပါပြီ......။

🍴 သုံးဆောင်နည်း......
* ထမင်းဖြူနှင့် တွဲဖက်စားသုံးနိုင်ပါသည်။
* ငပိရည်ထမင်းနှင့် တွဲဖက်စားသုံးနိုင်ပါသည်။
* အချဉ်ဖတ်အစား သရေစာအဖြစ် စားသုံးနိုင်ပါသည်။

🌿 ပေါက်ပန်းဖြူ၏ ကျန်းမာရေး အကျိုးကျေးဇူးများ.....
* ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။
* မျက်စိအားကောင်းစေသည်။
* ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးသည်။
* အေးမြသော သတ္တိရှိပြီး ခန္ဓာကိုယ်အပူကို လျှော့ချပေးသည်။

Credit..

image
16 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ​ဗန်ကောက်တွင် ရေလှောင်ကန် တည်ဆောက်နေစဉ် စတီးပြားများပြိုကျ မြန်မာလုပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဇူလိုင် ၆ ရက် ညပိုင်းက ရေလှောင်ကန် တည်ဆောက်နေစဉ် စတီးပြားများ ပြိုကျပြီး မြန်မာလုပ်သား ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မင်ဘူရီရှိမက်ထရိုပိုလီတန် ရေသန့် စက်ရုံတွင် ရေလှောင်ကန် တည်ဆောက်နေစဉ် စတီးပြားများ ပြိုကျခဲ့ရာ လုပ်ငန်းခွင်အတွင်းရှိအလုပ်သမား ၁၆ဝ အနက် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက် အမျိုးသားကိုးဦးနှင့် အမျိုးသမီးသုံးဦးတို့ဖြစ်ပြီး ထိုင်းနိုင်ငံသား နှစ်ဦး၊ မြန်မာနိုင်ငံသားခုနစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား သုံးဦးတို့ပါဝင်ကာ ၎င်းတို့သည် လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၈ ရက်တွင်လည်း ဗန်ကောက်မြို့ ချွမ်ထောင်းဒေသ ရာမ ၂ လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြေအောက် သုံးမီတာအနက်တွင် မိလ္လာပိုက်လိုင်းတပ်ဆင်နေစဉ် ကွန်ကရစ်နှင့် မြေသားများပြိုကျမှုကြောင့် မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Khaosod

image

ငါးဟင်းများစုစည်းရာ တစ်အိုးနဲ့တစ်အိုးချက်နည်း

လေးတွေ တစ်မျိုးဆီ အရသာလဲမရိုးရဘူးပေါ့

ငါးဟင်းကြိုက်တဲ့အဖွဲ့ဘဲစုမယ်😋👩‍🍳

ငါးကင်ပွန်းချဉ်ရွက်ဟင်း ငါးခရမ်းချဉ်သီးဟင်း

ငါးသရက်သီးဟင်း ငါးမန်ကျည်းမှည့်ရည်နဲ့ချက်တဲ့

ဟင်း ငါးဟင်းကြိုက်တဲ့အဖွဲ့ဆိုတော့ ငါးဟင်းဆို
ဘယ်တော့မှမမုန်းဘူး😋

image

💁‍♀️ ဒီရေတစ်ဖန်ခွက်က ကျောက်ကပ်ကို အားဖြည့်ပေးတယ်၊ အသည်းကို အားဖြည့်ပေးတယ်၊ သွေးကို အားဖြည့်ပေးတယ်၊ မောပန်းနွမ်းနယ်တာကို ပြေစေတယ်၊ အူလမ်းကြောင်းရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်၊ အစာအိမ်အနာကို သက်သာစေပါတယ်။

ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်၊ အဆီ နဲ့ ဆီးချိုကို လျှော့ချပေးပါတယ်။

တစ်ညလုံးအိပ်ထားတာတောင် တစ်နေကုန် သမ်းနေတဲ့သူတွေအတွက် ခရမ်းကစော့သီး ၁၀ လုံးလောက်ကို အနည်းငယ် ထုထောင်းပြီး ဖန်ခွက်ထဲထည့်ကာ ရေနွေးပူပူလောင်းထည့်ပြီး မနက်တစ်ခွက်၊ နေ့လယ်တစ်ခွက် သောက်ပေးပါ။
ကိုလက်စထရော ပုံမှန်အဆင့်ကို ပြန်ရောက်လာတာကို တွေ့ရမှာဖြစ်ပြီး ဆီးချိုလည်း ထိန်းညှိပေးတယ်၊ သွေးလည်ပတ်မှု ကောင်းမွန်စေတယ်၊ အစာကြေစေတယ်၊ ချောင်းဆိုးတာကို သက်သာစေတယ်၊ ပွန်းပဲ့တာကို သက်သာစေတယ်၊ ပန်းနာရင်ကျပ်ကို သက်သာစေပါတယ်။

ခရမ်းကစော့သီးကို ရေနွေးစိမ်ပြီး သောက်လိုက်ပါနော်.....။

Credit..

image

ဒီလိုစားရတဲ့နေတွေဆို ထမင်းအမြိန်ဆုံးနေ့ပဲ😋👩‍🍳

image

ဒီလိုစားရတဲ့နေတွေဆို ထမင်းအမြိန်ဆုံးနေ့ပဲ😋👩‍🍳

image

ဒီလိုစားရတဲ့နေတွေဆို ထမင်းအမြိန်ဆုံးနေ့ပဲ😋👩‍🍳

image

ဒီလိုစားရတဲ့နေတွေဆို ထမင်းအမြိန်ဆုံးနေ့ပဲ😋👩‍🍳

image
image
image

⚠️ ပန်ကာသုံးတာ ချက်ချင်းရပ်သင့်တဲ့ လက္ခဏာ ၅ ချက်..။

၁။ 🔥 မီးလောင်နံ့ သို့မဟုတ် ပလတ်စတစ်လောင်နံ့ ရနေလျှင်
* ဝါယာကြိုး သို့မဟုတ် မော်တာမှာ ပြဿနာရှိနိုင်ပါတယ်။

၂။ 🔌 ဝါယာကြိုး အလွန်ပူနေခြင်း သို့မဟုတ် ပလပ်တွင်
မီ;လောင်ထားသည့် အမှတ်အသားများ ရှိနေလျှင်.....
* လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်း သို့မဟုတ် ဓာတ်လိုက်ခြင်းတို့
ဖြစ်နိုင်ချေရှိပါတယ်။

၃။ ⚡ ဖွင့်လိုက်တဲ့အခါ ပန်ကာက တုန်ခါနေခြင်း သို့မဟုတ်
ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားနေရလျှင်......
* ဥပမာ- ဆူညံသံများ၊ တဂျုံးဂျုံးမြည်သံများ သို့မဟုတ်
တရွတ်တိုက်ဆွဲသံမျိုးတွေ အချိန်တိုင်းကြားနေရခြင်း
ဖြစ်ပါတယ်။

၄။ 🌫️ အမြင့်ဆုံး အဆင့်နဲ့ ဖွင့်ထားသော်လည်း ပန်ကာက
ပုံမှန်မဟုတ်ဘဲ လည်တာနှေးကွေးနေလျှင်.......
* မော်တာမှာ ပြဿနာရှိနေခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်
အားမလုံလောက်ခြင်းကို ပြသနေခြင်း ဖြစ်နိုင်ပါတယ်။

၅။ 💨 ပန်ကာအတောင်ပံက မလည်လျှင် သို့မဟုတ်
တိုင်တာ လည်လိုက် ရပ်လိုက် ဖြစ်နေလျှင်......
* မော်တာ အရမ်းပူနေနိုင်ပြီး ပျက်စီးဖို့ နီးနေပါပြီ။

✅ အကြံပြုချက်
အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုကို တွေ့ရှိရပါက ဆက်ပြီး အသုံးမပြုပါနဲ့......!
* ချက်ချင်း ပလပ်ဖြုတ်ပြီး လျှပ်စစ်ပညာရှင်ကို စစ်ဆေး
ခိုင်းပါ သို့မဟုတ် ပန်ကာအသစ် ပြောင်းလဲပါ။

အသက်အန္တရာယ်နဲ့ ပစ္စည်းဥစ္စာဘေးကင်းရေးအတွက်ပါ။ 🙏🔥

Credit...

image
16 w - Translate - Youtube

Top 7 Cars that Promised Too Much