17 w - Translate

ကြမ်းတာယမ်းတာမကြိုက်ဘူး တရိုတသေချစ်တာကို ခံခြင်ရင်တော့
Amen

17 w - Translate

အားကျမိပါတယ်လေ 😅

image
17 w - Translate

"အချစ်"ဟာ အနံ့ အရသာနဲ့ ပြည့်စုံတဲ့
နှစ်လိုဖွယ်ရာ ''အဆိပ်"ခွက်ပဲ။
#စာတို

17 w - Translate

ကိုယ့်ကိုယ်ကို သိလှပြီထင်မနေနဲ့ ခင်ဗျားမသိတာတွေ လောကကြီးမှာ အများကြီးပါ
တကွက်ပြ 🤣

17 w - Translate

Myanmar imports 1.4M tonnes of fertilizers, over 26,000 tonnes of pesticides in Apr-Dec

Myanmar brought in over 1.4 million tonnes of fertilizers in the past nine months of the current financial year 2024-2025 beginning 1 April, according to the Urea Fertilizer Purchasing and Distribution Steering Committee.
Union Minister for Cooperatives and Rural Development U Hla Moe who chaired the committee stated that the committee will continue evaluating and recommending import of the remaining fertilizers and pesticides.
Myanmar Fertilizer, Seed and Pesticide Entrepreneurs Association (MFSPEA) must monitor each company whether they can import as per the set import volume or not. The permit should be granted to only those companies that can actually and completely import them, he added.
The steering committee is asked to govern shops in each region and state if they follow the set reference prices of fertilizers after adding transport cost and set profit margin, to report overcharging, to monitor market manipulation with stocks piled up and to cooperate with the officials concerned and the relevant departments. The Union minister also addressed the departments concerned to ensure no delay in import of agricultural inputs, quality assurance and price fairness.
At present, the Fertilizer Committee holds a quarterly meeting to ensure quality fertilizers for growers without facing shortages. Under the approval of Fertilizer Technology Group, 11,573 fertilizer registrations have been granted after the 41st meeting of the Fertilizer Committee. With individuals’ consent, 1,957 registrations were voluntarily cancelled. The department revoked 2,793 registrations for expiration of validity and 6,823 registrations are still under processing for now. — NN/KK

image
17 w - Translate

ကမ္ဘာ့လစာအများဆုံးဝန်ထမ်းအဖြစ် အိန္ဒိယနွယ်ဖွား ဂျာဒိဆင်း ရပ်တည်

အမေရိကန်အခြေစိုက် လျှပ်စစ်ကားဘက်ထရီ ထုတ်လုပ်မှုလုပ်ငန်းကြီး QuantumScape ရဲ့ ထူထောင်သူနဲ့ စီအီးအိုဟောင်း အိန္ဒိယနွယ်ဖွား ဂျာဒိဆင်းဟာ ဒီကနေ့ကမ္ဘာမှာ လစာအများဆုံးရရှိတဲ့ ဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Moneycontrol ထုတ်ပြန်မှုအရ သိရှိရပါတယ်။
ဂျာဒိဆင်းဟာ တစ်နှစ်လစာ ဒေါ်လာ ၂ ဒဿမ ၁ ဘီလီယံရှိပြီး တစ်ရက်ဝင်ငွေနဲ့တွက်ရင်တောင် ဒေါ်လာ ၅ ဒဿမ ၆ သန်း ရှိနေခဲ့လို့ ကမ္ဘာ့လစာအကောင်းဆုံး အလုပ်သမားဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာ အချိန် အတိုဆုံး အားသွင်းနိုင်ပြီး အချိန်အကြာဆုံး သုံးနိုင်စေမယ့် လျှပ်စစ်ကားတွေအတွက် ဘက်ထရီကို Quantumscape ကုမ္ပဏီကနေ အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ခဲ့သူဖြစ်ကာ ၂၀၂၄ ဖေဖော်ဝါရီက ကုမ္ပဏီ စီအီးအိုနေရာကို ဆီဗာဆီဗာရမ်ဆိုသူထံ လက်လွှဲပေးလိုက်ပေမယ့် ၂၀၁၀ မှာ စတင်ထူထောင်တဲ့ ဒီကုမ္ပဏီဟာ စတော့စျေးကွက်တန်ကြေး ဒေါ်လာ ၂ . ၃ ဘီလီယံတန်တဲ့အထိ အောင်မြင်ခဲ့လို့ ခုထိ ကုမ္ပဏီရဲ့ ဦးဆောင်ကဏ္ဍ ကနေ လစာများစွာ ခံစားရရှိနေသေးတာဖြစ်ပါတယ်။
နိုင်ငံတကာက ထိပ်တန်း တက္ကသိုလ်ကြီးတော်တော်များများက ဘွဲ့တွေ ရယူပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ဆန်းသစ်တီထွင် ဦးဆောင်လုပ်ငန်းရှင်အဖြစ် ကမ္ဘာ့စီးပွားရေးလောကမှာ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ ဂျာဒိဆင်းဟာ ကုမ္ပဏီပေါင်းများစွာမှာ အလုပ်သမားအဖြစ် ကျင်လည်ခဲ့ပြီး ဒီကုမ္ပဏီတွေထဲ HP နဲ့ Sun Microsystems တို့လည်း ပါဝင်ခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာ AirSoft ကုမ္ပဏီထူထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ လည်း နောက်ထပ် ကုမ္ပဏီတစ်ခု ထပ်ထူထောင်ကာ ကုမ္ပဏီတော်တော်များများမှာ စီအီးအိုရာထူးတွေ ရရှိထားလို့ ဝင်ငွေပေါင်းများစွာကို ဝန်ထမ်းအဖြစ် ရရှိတဲ့ ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တာပါ။
Ref: newsbytesapp
Credit

image

သင့်ရဲ့စဉ်းစားမှုပုံစံဟာ Negative thinkingလား။
Positive thinking လား။ အောက်ပါဖော်ပြချက်များ
နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။
၁။ ဒါလိုဟာမျိုးကို တစ်ခါမှ အရင်ကမလုပ်ဖူး မကြုံဖူး
ဘူး။ (Negative thinking)
1- ဒါဟာ အတွေ့အကြုံအသစ်တစ်ခု သင်ယူဖို့ ငါအတွက်
အခွင့်အလမ်းတစ်ခုပဲ။ (Positive thinking)
၂။ ဒီကိစ္စကြီးလုပ်ရတာ တအားစိတ်ရှုပ်စရာကောင်း
တယ်။ (Negative thinking)
2- ဒီကိစ္စကို ကွဲပြားတဲ့ရှုထောင့်ကနေ ငါကိုင်တွယ်ကြည့်
မယ်။ (Positive thinking)
၃။ ဒီကိစ္စကြီးလုပ်ကြည့်ဖို့ ငါမှာ ဘာအရင်းအမြစ်မှမရှိ ဘူး။ (Negative thinking)
3-ဒီကိစ္စအတွက် လိုအပ်တာက တီထွင်လုပ်ကိုင်လိုတဲ့
စိတ်ပဲ။ (Positive thinking)
၄။ ဒီကိစ္စကြီးလုပ်ရမှာ ငါတအားပျင်းတာပဲ။ (Negative
Thinking)
4- ဒီကိစ္စလုပ်ဖို့ ငါ့အစီအစဉ်ထဲမှာတော့ မပါဘူး။ ဒါပေမဲ့
တချို့ဦးစားပေးလုပ်ရမယ့် အရာတွေကို ငါပြန် စစ်
ဆေးကြည့်ဦးမယ်။ (Positive thinking)
၅။ လုပ်လို့အလုပ်ဖြစ်နိုင်မှာမဟုတ်ပါဘူး။(Negative
thinking)
5- အလုပ်ဖြစ်မဖြစ် နည်းလမ်းရှာကြည့်ပါဦးမယ်။
၆။ လုံးဝကြီးပြောင်းလဲဖို့ခက်တယ်။(Negative thinking)
7- ပြောင်းလဲဖို့ စွန့်စားလုပ်ဆောင်ကြည့်ရအောင်။
(Positive thinking)
၇။ ဘယ်သူကမှ ငါ့ကိုဆက်သွယ်ဖို့ ဒုက္ခခံမှာမဟုတ်ဘူး။
(Negative thinking)
7- ငါ့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေဖွင့်နိုင်ရင်
ငါကိုဆက်သွယ်လာမယ့်သူငါတွေ့မှာပဲ။(Positive
Thinking)
၈။ ဒီကိစ္စငါ့အတွက် ဘာမှပိုကောင်းလာမှာ မဟုတ်ဘူး။
(Negative thinking)
8- နောက်ထပ် တစ်နည်းနည်းနဲ့ကောင်းအောင် ငါ စမ်း
ကြည့်မယ်။ (Positive thinking)
#crd

ကျီးပေါင်း၊ ဂေါက်ရောဂါ၊ ခြေဆစ် လက်ဆစ် နာခြင်း တို့အတွက် ‼

ကျီးပေါင်းရောဂါအတွက် အလွန်ကောင်း ၊ဂေါတ်ရောဂါအတွက်လည်း အလွန်ကောင်း ၊ယူဒီးအက်စစ်များသူအတွက်လည်း အလွန်ကောင်း၊ချောင်းဆိုးခြင်းစတဲ့ လည်ချောင်းရော ဂါအတွ က် လည်း အလွန်ကောင်းလို့ပဲပြောရမှာပါ။

ယူဒီးအက်စစ်များလွန်း၍ ခြေဆစ်လက်ဆစ်ကိုက်ခဲခြင်း ဖူးရောင်ခြင်း များကို နှစ်လုံး သုံးလုံးသောက်လိုက်တာနဲ့ ပျောက်ကင်းသွားသူ ဒကာက လျှောက်ထား၍ ကိုယ်တိုင် စမ်းကြည့်ခြင်း ဖြစ်ပါတယ်။

ဆေးနည်းပြုလုပ်ပုံက ခပ်နုနုသင်္ဘောသီးတစ်လုံးကို ထိပ်ကဓားနှင့်လှီး ၍ အစေ့အနု သင်္ဘောအစေးတို့ကို မဖယ်ရှားပဲ သင်္ဘောသီးအခေါင်းထဲ၌ ကျက်ကျက်ဆူနေသောရေနွေးကို လောင်း ထည့်၍ လှီးထားတဲ့ သင်္ဘောခွန်နဲ့ ပြန်ပိတ်ထားလိုက်ပါ။

နွေးနွေးလေးသောက်လည်း ရပါတယ် အေးမှသောက်လည်းရပါတယ်။

သောက်ပြီးရင် ရေနွေးပြန်ထည့် ဤနည်းဖြင့် တနေကုန်သောက်ပေးပါ နောက်နေ့လည်း ဆက်သောက်နိုင်ပါသေးတယ်။

သင်္ဘောသီး အရွက်တို့ ဆေးဖက်ဝင်ပုံက အထူးပြောစရာမလိုတော့ပါဘူး ။ ။

မသိသေးသောသူများအတွက်ပြန်လည်မျှဝေပါသည်။ ။

image
17 w - Translate

Plan A
ဆိုးတော့မဆိုးဘူးနော် 🤔

အလှအပရေးရာ ဆေးခန်းမှာ အမျိုးသမီးတယောက် သေဆုံး အလောင်းဖျောက်ဖျက်ခံရမှု စုံစမ်းစစ်ဆေးနေ

ဇန်နဝါရီ ၆

အလှအပရေးရာဆေးခန်းတခုရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရပြီး အလောင်းကို ရန်ကုန်မြို့ပြင်တနေရာမှာဖျောက်ဖျက်ခံခဲ့ရတဲ့ မဇာခြည်ဦးရဲ့သတင်းဟာ လူအများက စိတ်ဝင်တစားနဲ့ တအံ့တဩဖြစ်ခဲ့ရကာ လူမှုကွန်ရက်တခွင်မှာလည်းဟိုးလေးတကျော်ဖြစ်ခဲ့ရပြီး ဖြစ်စဥ်ကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက်(၂၇)နှစ် ဝန်းကျင်ရှိ မဇာခြည်ဦးလို့ အမည်ရတဲ့မိန်းကလေးငယ်တယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်ခန့်မှာ နေအိမ်မှ ပျောက်ဆုံးသွားခဲ့လို့ လိုက်လံရှာဖွေနေရာကနေ ၇ ရက်အကြာ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူမရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းကမ်းမြို့နယ်ဘက်မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ခန္ဓာကိုယ်အဆီစုပ်ထုတ်ခြင်းလို့
ခေါ်တဲ့ Liposuction Treatment လုပ်ရာကနေ အလှအပ‌ရေးရာပြုပြင်‌ရေးဆေးခန်းရဲ့ပေါ့ဆမှုကြောင့် မဇာခြည်ဦးဟာ အသက်ပေးခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ အလောင်းကိုဖျောက်ဖျက်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူမဇာခြည်ဦးနဲ့ နီးစပ်တဲ့ ဆွေမျိုးသူငယ်ချင်းအသိုင်းအဝိုင်းတွေရဲ့ပြောပြမှုတွေအရ သိရှိရပါတယ်။

‌သေဆုံးသူမဇာခြည်ဦးရဲ့သူငယ်ချင်းတွေပြောပြမှုအရနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ မဇာခြည်ဦး နောက်ဆုံးသွားခဲ့တဲ့နေရာဟာ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတခုဖြစ်တယ်လို့ ပြောဆိုဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

"ဟိုတလောတုန်းကသတင်းတွေပျံ့လာတယ်။ကောင်မလေးတယောက်အသတ်ခံရတာ
ကျွန်တော်တို့ ဒဂုံဆိပ်ကမ်းဘက်မှာတွေ့တယ်ဆိုပြီးကြားခဲ့ရတယ်။အစပိုင်းမှာကြားရတာက အရပ်အပြောစကားတွေအရပေါ့၊အစကထင်ကြတာ ကောင်မလေးနဲ့ သူ့ချစ်သူနဲ့က စကားများလို့ အခုလိုသတ်ပြီးဒီမှာလာပစ် ထားတယ်လို့ထင်ကြတာပေါ့။အလောင်းတွေ့တယ်ဆိုတဲ့ ဒီသတင်းကကြားနေရတာကြာပါပြီ၊အခုသတင်းတွေတက်လာမှ ဟိုတလောတုန်းက ကျွန်တော်တို့ဘက်မှာ အလောင်းလာပစ်သွားတယ်ဆိုတဲ့ ကောင်မလေးက ဒီကလေးမလေးဖြစ်နေမှန်းအခုမှသိရတာပေါ့။သတင်းတွေဖတ်ကြည့်ရသလောက်က သူက‌ ဆေးခန်းတခုမှာအဆီသွားထုတ်ရင်းနဲ့ အခုလိုဖြစ်သွားတယ်လို့ သိရတယ်။ကောင်‌မလေးအလောင်းဒဂုံဆိပ်ကမ်းဘက်မှာတွေ့တယ်ဆိုတဲ့သတင်းကတော့အမှန်ပါပဲ။ဒါကဟုတ်လို့သတင်းတွေထွက်လာတာပေါ့၊မဟုတ်ဘဲနဲ့တော့အရပ်ထဲမပြောလောက်ဘူး။ဟိုရက်ပိုင်းတွေတုန်းကဒီကောင်မလေးကိစ္စကိုအရပ်ထဲမှာတော်တော်လေးပြောနေကြတယ်။ကျွန် တော်တို့လည်းအဲလိုသတင်းတွေကြားရလို့ ကိုယ့်အိမ်ကအိမ်သားတွေကိုတောင်အသွား၊အလာဂရုစိုက်ဖို့အတွက် ပြောပြနေရ၊သတိ ပေးနေရတာပါ။ကောင်မလေးရဲ့အလောင်းက ကျွန်တော်တို့ ယုဇနဥယျာဉ်မြို့တော်အနားမှာ မက်စ်ဆီဆိုင်တခုရှိတယ်။အဲဒီ
ဆီဆိုင်နောက်ကျောဘက်နားမှာတွေ့တာလို့လည်းပြောကြတယ်။ကောင်မလေးအလောင်းတွေ့တုန်းက ဒဏ်ရာတွေနဲ့လို့လည်းပြောတယ်။ဒီသတင်းကကြားနေရတာကြာပြီဆိုပေမယ့် အခုမှဖြစ်ကြောင်းကုန်စင်အကုန်သိရတာပါ"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာနေထိုင်သူတယောက်က အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သူကြားသိရသလောက်ကို ပြန်လည်ပြောပြပေးခဲ့ပါတယ်။

အဆီထုတ်အလှအပရေးရာပြုပြင်ရာက‌နေ သေဆုံးသွားခဲ့ရတဲ့ မဇာခြည်ဦးရဲ့ယခုဖြစ်စဉ်အပေါ်အလှအပရေးရာနဲ့ ဆေးပညာခွဲစိတ်ပြုပြင်ရေးဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေရဲ့သုံးသပ်ပြောကြားမှုတွေလည်းများစွာထွက်ပေါ်လာခဲ့သလို ပြည်သူလူထုတွေကြားမှာလည်း အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ထင်ကြေးအမျိုးမျိုးပေးကာ ဝေဖန်သုံးသပ်မှုတွေလည်းများစွာရှိနေခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းသတင်းဌာနတွေရဲ့ဖော်ပြမှုတွေအရတော့ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ မဇာခြည်ဦး သေဆုံးခဲ့ရတဲ့ယခုဖြစ်စဉ်အပြီးမှာ IRIS Beauty Clinic အလှအပရေးရာဆေးခန်းပိုင်ရှင်ဖြစ်သူဟာ လက်ရှိမှာထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရှိပါတယ်။

အလှအပရေးရာဆိုင်ရာ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တယောက်ကတော့ ဒီဘက်ခေတ်မှာ Gym တွေကစလို့ နောက်ဆုံး Nutrition Plan တွေခေတ်စားနေတာမို့လို့ မလိုအပ်ပဲနဲ့ ခန္ဓကိုယ်ခွဲစိတ်ပြီး အလှအပရေးရာပြုပြင်မှုတွေကိုမပြုလုပ်ကြဖို့နဲ့ အခုလို အဆီထုတ်ခွဲစိတ်မှုပြုလုပ်ပြီး အသက်ဆုံးရှုံးရတဲ့ သူအတွက်စိတ်မကောင်းဖြစ်ရသလို တကယ်တော့
လေ့ကျင့်ခန်းပုံမှန်လုပ် အစားလျော့စားပြီး ရေရှည်ကျန်းမာကြံ့ခိုင်တဲ့ နည်းလမ်းနဲ့သွားတာကသာ အလှအပကိုထိန်းသိမ်းရာမှာအကောင်းဆုံးဖြစ်တယ်လို့ အကြံပြုပြောကြားထားတာကိုလည်းတွေ့ရပါတယ်။

ဒါအပြင် ရဲသတင်းအရင်းအမြစ်တွေအရ
ရဲတပ်ဖွဲ့ဘက်က ယခုမဇာခြည်ဉီး သေဆုံးခဲ့
ရမှုနဲ့ပတ်သက်လို့ စုံစမ်းမှုတွေကိုပြုလုပ်နေတယ်လို့ဆိုထားပြီး ယခုကိစ္စရပ်နဲ့ပတ်သက်လို့ အသေးစိတ်သတင်းတစုံတရာထုတ်ပြန်ထားခြင်းမျိုးတော့မရှိသေးပါဘူး။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image