42 ပတ် - ဘာသာပြန်ပါ။

#ဟဲဟိုးပြောင်း ခေါ် ဥသက္ကံပြောင်

image
42 ပတ် - ဘာသာပြန်ပါ။

#ဟဲဟိုးပြောင်း ခေါ် ဥသက္ကံပြောင်

image
42 ပတ် - ဘာသာပြန်ပါ။

#ဟဲဟိုးပြောင်း ခေါ် ဥသက္ကံပြောင်

image
42 ပတ် - ဘာသာပြန်ပါ။

#ဟဲဟိုးပြောင်း ခေါ် ဥသက္ကံပြောင်

image
image
image
image
42 ပတ် - ဘာသာပြန်ပါ။

ရေကြောက်တဲ့ ခွေးလေးတွေရှိလား❓
ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ။
➡️ ပထမဆုံးအကြိမ်မှာ သူတို့မကြိုက်ရင် အတင်းရေနဲ့မထိခိုင်းပါနဲ့။
➡️ ရေထဲတန်းစိမ်လိုက်တာမျိုး၊ ရေတန်းလောင်းလိုက်တာမျိုး မလုပ်ပါနဲ့။
➡️ ရေနွေးနွေးလေးနဲ့ ခြေဖျားလေးတွေကနေ စထိတွေ့ပေးတာမျိုးလုပ်ပါ။ ရေအရမ်းအေး ခွေးလေးက လန့်သွားနိုင်ပါတယ်။
➡️ ရေနဲ့ဖြေးဖြေးချင်း ထိတွေ့ပေးပြီး သူသဘောကျတဲ့အရုပ်လေးတွေပါ ပါ၀င်ဆော့ကစားပါစေ။
➡️ သင့်မျက်နှာ အမူအယာကိုလည်း သတိထားပါ။ သင့်က စိုးရိမ်လွန်းနေရင် သူတို့လည်း ကဏှာမငြိမ် ကြောက်လန့်နိုင်ပါတယ်။
ခွေးလေးတွေက သူတို့သခင်ရဲ့စိတ်ခံစားမှု တွေကို နားလည်နိုင်ပါတယ်။ ဒါကြောင့် အေးဆေးတဲ့ အပြုနဲ့ဆက်ဆံပါ။
➡️ နောက်ဆုံးမှာ ရေချိုးဖို့ကို အောင်အောင်မြင်မြင်နဲ့လက်ခံလိုက်တယ်ဆိုရင်တော့ သူကြိုက်တဲ့မုန့်၊ အစားအစာကျွေးပြီးတော့ ဆုချပါ။
ဒီလိုလေးတွေကို အမြဲမပြတ်လုပ်သွားမယ်ဆိုရင် သင့်အာဝုလေးက ရေချိုးမပျင်းတဲ့၊ ရေမ ကြောက်တဲ့ကလေး ဖြစ်လာနိုင်ပါတယ် 🤍🐾

image
42 ပတ် - ဘာသာပြန်ပါ။

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။
လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။
ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။
ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။
ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။
ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။
နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။
အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။
☘ Original Writter Credit ☘

image
42 ပတ် - ဘာသာပြန်ပါ။

အရင်လိုပဲကွယ် အရင်အတိုင်းပဲ …
ဒစ်ဖရန့် ဒရာမာ …. ဆိမ်းဗိုက် 🥹

image

image
42 ပတ် - ဘာသာပြန်ပါ။

ကော်ဖီနဲ့ 'အိုမင်းမှုကို ဆန့်ကျင်ခြင်း' ဆိုတဲ့အကြောင်းကို စိတ်ဝင်စားစရာကောင်းတဲ့ သုတေသနတွေ အများကြီးရှိပါတယ်။ 🌿☕
​ကော်ဖီက အိုမင်းမှုကို တကယ်ပဲ တားဆီးနိုင်သလား...?
​အမှန်တကယ်တော့ ကော်ဖီဟာ အိုမင်းမှုကို လုံးဝရပ်တန့်ပစ်နိုင်တာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ အာနိသင်ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် ကော်ဖီမှာ အိုမင်းမှုကို ဖြစ်စေတဲ့ free radicals တွေကို လျှော့ချပေးပြီး ဆဲလ်တွေကို ပျက်စီးမခံအောင် ကူညီပေးနိုင်တဲ့ Polyphenols နဲ့ Chlorogenic acid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်။
​ဒါ့အပြင် ကော်ဖီဟာ နာတာရှည် ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ ဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား ၂၊ နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမားလို ရောဂါတွေဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။
​ဘယ်အချိန်သောက်တာ အကောင်းဆုံးလဲ...?
* ​မနက်ပိုင်း (မနက်စာစားပြီး မိနစ် ၃၀ မှ ၁ နာရီအတွင်း)
→ ဦးနှောက်ကို နိုးကြားတက်ကြွစေဖို့ ကူညီပေးပါတယ်။
* ​နေ့လယ်စာမစားမီ
→ အလုပ်လုပ်တဲ့စွမ်းဆောင်ရည်နဲ့ အာရုံစူးစိုက်မှုကို
တိုးတက်စေပါတယ်။
* ​နေ့လယ် ၂-၃ နာရီနောက်ပိုင်း ကိုတော့ ရှောင်သင့်ပါတယ်
→ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ ၆-၈ နာရီအထိ ရှိနေနိုင်
တာကြောင့် ညအိပ်ရခက်စေပြီး ညဘက်မှာ ခန္ဓာကိုယ်
ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေ
နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်က အိုမင်းမှုကို နှေးကွေးစေဖို့
အတွက် အရေးကြီးပါတယ်။
​သင့်တော်တဲ့ ပမာဏ
​တစ်နေ့ကို ကော်ဖီ ၁-၂ ခွက် (ကဖိန်းဓာတ် ၂၀၀-၄၀၀ မီလီဂရမ်ခန့်) သောက်သုံးတာက လူအများစုအတွက် အကျိုးရှိပြီး ဘေးကင်းပါတယ်။
​သကြားနဲ့ အဆီများတဲ့ ခရင်မ်တွေကို အများကြီး ထည့်မသောက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ သကြားနဲ့ trans fats တွေက အိုမင်းမှုကို အရှိန်မြှင့်တင်ပေးနိုင်လို့ပါ။
​✨ အနှစ်ချုပ်အနေနဲ့ပြောရရင် ကော်ဖီက တစ်နေ့ကို ၁-၂ ခွက် ပမာဏနဲ့ မနက်ပိုင်းနဲ့ နေ့လယ်စာမတိုင်ခင်ကြား သောက်သုံးမယ်ဆိုရင် အိုမင်းရင့်ရော်မှုကို အတိုင်းအတာတစ်ခုအထိ နှေးကွေးစေပါတယ်။

image

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ လပတ်အတွက် မိုးလေ၀သနှင့်ဇလဗေဒခန့်မှန်းချက်
--------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ
====================
၁။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်‌၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ‌ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များမှလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
================
၂။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၂၁ ရက်မှ ၂၅ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ၁၆ ရက်မှ ၂၀ ရက်ခန့်နှင့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၁၁ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
===========
၄။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တွင် (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင် မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါသည်။