16 w - Translate - Youtube

#မြန်မာဇာတ်ကား စ/ဆုံး ရွှေကြာ အလင်းရောင် ဖွေးဖွေး

16 w - Translate - Youtube

မစ်ကော (Missed Call) မြင့်မြတ် ခင်ဝင့်ဝါ - Myanmar Movie ၊ မြန်မာဇာတ်ကား

16 w - Translate - Youtube

မစ္စတာချက်ကြီး (မြင့်မြတ် ခင်လှိုင် -နော်ဖော်အယ်လာ ယွန်းယွန်း ဟာသကားလေးပါ)

16 w - Translate

W›onder P›ark [2019]
°°°°°°°°°°°°°°°°
ဒီကာတွန်းကားလေးကတော့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဝမ်းဒါးလန်းဆိုတဲ့ပန်းခြံလေးအကြောင်း တင်ဆက်ထားတာပဲဖြစ်ပါတယ်

ဂျွန်ဘယ်လီဆိုတဲ့ကလေးမလေးက စိတ်ကူးပုံဖော်တဲ့နေရာမှာအရမ်းကို ဉာဏ်ကောင်းပြီး အိုင်ဒီယာအသစ်အဆန်းတွေထွက်တတ်ပါတယ်သူ့အမေရယ် သူ့မျောက်ကလေး ပီးနပ်ရယ်နဲ့ ကစားကွင်းကြီးဖန်တီးတိုင်း တူတူဆော့နေကြပါပဲ

ကစားကွင်းပုံစံငယ်လေးတောင် အိမ်မှာဆောက်ထားတဲ့အထိ ခိုင်ခိုင်မာမာစွဲနစ်ဆော့ခဲ့တာပါ
ဒါပေမယ့်တစ်နေ့မှာတော့ သူ့မိခင်နေမကောင်းတဲ့အတွက် အဝေးမှာ ဆေးကုသမှုခံယူရပါတော့တယ်

အဲဒီအခါမှာပဲ သူ့အမေကိုဆုံးရှုးရမှာကြောက်စိတ်နဲ့ ပန်းခြံကိုလည်းဂရုမစိုက်နိုင်မဆော့နိုင်ဘဲ ပစ်ထားလိုက်မိပါတော့တယ်စိတ်ကူးထဲကကစားကွင်းလေးဆိုပေမယ့် အမှတ်မထင် အဲဒီကစားကွင်းက အပြင်မှာရှိနေခဲ့မှန်း..

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/278

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
16 w - Translate

သူငယ်ချင်း စက်ရုပ်လေးနဲ့အတူ ကမ္ဘာကြီးကို ဖျက်စီးဖို လုပ်နေတဲ့ လူ‌ဆိုးတွေကို လိုက်တီးကြ‌သောအခါ..... 😘

Next Gen 📱

ဇာတ်လမ်းလေးကတော့ မေ ဆိုတဲ့ကောင်မလေးဟာ သူငယ်ငယ်ကတည်းက အဖေနဲ့အမေ ကွဲသွားတာကို မြင်‌တွေ့ခဲ့ရပြီး ၊

အဖေကိုလွမ်းတဲ့စိတ်၊ နာကျည်းတဲ့စိတ်နဲ့ ကြီးပြင်းလာခဲ့ပါတယ် ။

အမေဖြစ်သူကလည်း ယောကျ်ားနဲ့ကွဲကွာသွားပြီးနောက် စက်ရုပ်‌တွေက သူ့အတွက် စိတ်ထွက်ပေါက်လို ခံယူပြီးသမီးထက် စက်ရုပ်တွေကိုပိုအလေးပေးခဲ့ပါတယ် ။

အဲ့ဒါကြောင့် မေက စက်ရုပ်တွေကိုမုန်းတီးပြီး စက်ရုပ်တွေအပေါ်အရမ်းအားကိုးလွန်းတဲ့ လူတွေကိုမုန်းတီးနေခဲ့တာပါ။

တစ်ဖက်မွာလည်း Gen 6 Q-Bots စက်ရုပ်တွေကလူတိုင်း လိုချင်တဲ့အိမ်သုံးစက်ရုပ်လေးတွေဖြစ်လာခဲ့ပါတယ်

အဲ့ဒီ စက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ဒေါက်တာရိုက်စ်ဟာ ဒီ Gen 6 စက်ရုပ်တွေကို အလွဲသုံးစားလုပ်မယ့် CEO ကြီး ဂျက်စတင်ပင်ရဲ့အကြံကိုသိနေခဲ့ပါတယ် ။

အဲ့ဒါ‌ကြောင့် သူက Q-Bots တွေထက် ပိုအဆင့်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တိတ်တခိုးဖန်တီးခဲ့ပြီး ၊

အဲ့ဒီစက်ရုပ်နဲ့ မေ တို အမှတ်မထင်တွေဆုံသွားတဲ့အခါဘာ‌တွေဆက်ဖြစ်ကြမလဲ

ဂျက်စတင်ပင်ရဲ့ အစီအစဥ်ကဘာလဲ ဒေါက်တာရိုက်စ်ရဲ့ စက်ရုပ်က ဘယ်လိုစက်ရုပ်မျိုးလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ကြည့်ရှုလိုက်ပါ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/282

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
16 w - Translate

ဒီဇာတ်လမ်းကတော့ ဆိုးရွားရက်စက်မှုတွေကိုမှ ကောင်းတဲ့အရာလိုနှစ်သက်သဘောကျကြတဲ့တိုင်းပြည်က သိပ္ပံပညာရှင်တွေနဲ့

သူတိုရဲ့ယုတ်မာတဲ့တီထွင်မှုတွေကြား အောင်မြင်တဲ့သိပ္ပံပညာရှင်ဖြစ်ဖို အိပ်မက်ထားထားတဲ့ အီဂေါ်ဆိုတဲ့ ကျောမှာဘုရှိတဲ့ ခါးကုန်းကောင်လေးအကြောင်းပါ။

အီဂေါ်က နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ ယုတ်မာတဲ့တီထွင်မှုပြိုင်ပွဲမှာ အနိုင်ရပြီး အတော်ဆုံးယုတ်မာမှုသိပ္ပံပညာရှင်ဖြစ်ဖို ကြိုးစားနေ​တာပါ။

ဒါပေမဲ့ အီဂေါ် မကောင်းဆိုးဝါးတစ်ကောင်ကို​ ဖန်တီးပြီးနောက်ပိုင်း အမှားပါသွားတာ​​ကြောင့် ဘယ်လိုဟာသအလွဲတွေ ဖြစ်သွားမလဲ၊

အောင်မြင်ဖိုအတွက် ယုတ်မာကောက်ကျစ်ရတာဟာ မှန်ကန်ရဲ့လားဆိုတဲ့မေးခွန်းအောက်မှာ အီဂေါ်ရဲ့အိပ်မက်တွေ ပြောင်းလဲသွားမလားဆိုတာတော့

ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ကာတွန်းကားဆိုပေမဲ့ အဓိပ္ပါယ်နက်နဲတဲ့အပြင် dark humor တွေအပြည့်နဲ့ တစ်ကားလုံးခွီနေရမဲ့ကားမို မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/262

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
16 w - Translate

The Little Mermaid (1989), Ariel

ပင်လယ်ပြင်ကိုရွက်လွှင့်လာတဲ့မင်းသားလေးကို ချောမောလှပတဲ့ ရေသူမလေးအေရီရယ်က
မြင်မြင်ချင်းမေတ္တာသက်ဝင်သွားမိပါတယ်….
ဒါကြောင့် ပင်လယ်ပြင်ကိုပိုင်စိုးချင်နေတဲ့ ပင်လယ်စုန်းမကြီးဆီမှာ
လူသားဖြစ်အောင်ဖန်ဆင်းပေးဖို သူမရဲ့အသံနဲ့အပေးအယူလုပ်ခဲ့ပါတယ်….
ဒီကို အချစ်ကြောင့် ဘာကိုမှမမြင်ပဲလုပ်လိုက်မိတဲ့ရေသူမလေးအေရီရယ်တစ်ယောက်
တကယ့် အချစ်စစ်ကိုကောရနိုင်ပါ့မလား
သူမရဲ့သူငယ်ချင်းရေသတ္တဝါလေးတွေကကော သူမကိုဘယ်လိုကူညီပေးကြမလဲ
သူမကို ရက်စက်ကြမ်းကြုတ်လှတဲ့ ပင်လယ်စုန်းမကြီးဆီကနေကယ်တင်လိုရနိုင်မလားဆိုတာတွေကို
ရသစုံလင်စွာ ကြည့်ရှုအပန်းဖြေလိုရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
 
😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/243

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
16 w - Translate - Youtube

#မြန်မာဇာတ်ကား စ/ဆုံး အချစ်+အချစ်အသစ် နေတိုး သက်မွန်မြင့်

16 w - Translate

ဝိညာဉ်ခိုကပ်သွားပြီး လက်မရွံလူသတ်သမားတွေဖြစ်သွားတဲ့ ချစ်စရာအရုပ်လေးများ

➪➪➪➪➪➪➪➪➪➪➪➪➪➪

ရောဘတ်ဆိုတဲ့ကလေးငယ်လေးက မိသားစုမေတ္တာအပြည့်မဝမရခဲ့တဲ့
ကလေးငယ်လေးတစ်ယောက်ပါ
အနိုင်ကျင့်တတ်တဲ့အဖေနဲ့ ဘာသာတရားကိုင်းရှိင်းတဲ့ အမေနဲ့ကြားက
ရန်ပွဲထဲမှာပဲကြီးပျင်းခဲ့ရတဲ့ ကလေးပါ တစ်ရက်မှာတော့
သူ့အဖေနဲ့အမေရဲ့ ရန်ပွဲကြားညပ်ပြီးတော့ မတော်တဆ သေဆုံးသွားပါတော့တယ်။
သူ့မိခင်ကလည်း သူ့ဝိညာဉ်ပြန်လည်နိုးထလာနိုင်ဖို
ဘုရားသခင်ဆ်ီမှာ တောင်းဆုပြုပါတော့တယ်။
တစ်ဖက်မှာလည်း အေမော့စ် ဘလက်ဝုဒ်ဆိုတဲ့ ဂျာမနီလူအိုကြီးတစ်ယောက်ဟာ
သက်မဲ့အရုပ်တွေကို အသက်သွင်းခြင်းဆိုတဲ့
အတတ်ပညာကို ကောင်းစွာတတ်မြောက်ထားသူပါ။
နာဇီကတောင် အင်တိုက်အားတိုက် လိုက်ရှာနေခဲ့ရတဲ့သူပဲဖြစ်ပါတယ်။
သူ့ကိုယ်ပိုင် အသက်သွင်း အရုပ်လေးတွေထဲမှာ
ရောဘတ်ကတော့ အရက်စက်ဆုံးနဲ့ အနာခံဆုံး အရုပ်လေးပါပဲ
ဘယ်လိုပဲလိုက်ရှာရှာ ဘယ်လိုပဲသတ်ဖိုကြိုးစားစား သူ့အရုပ်လေးတွေ
အကူအညီနဲ့အမြဲလွတ်မြောက်သွားတဲ့သူ့ကို
နာဇီ အရာရှိတွေကိုယ်တိုင် ခြေရာခံမိသွားတဲ့အခါမှာတော့….

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB2/201

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
16 w - Translate

အသံကောင်းတဲ့မိချောင်းကြီးဆို အဆိုတော်ဖြစ်အောင်လုပ်ပေးသောအခါ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မအောင်မြင်တဲ့ပြကွက် တွေနဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး ပြောင်းလဲစေမယ့် ပြကွက်ကိုရှာဖွေဖို ကြိုးစားနေသူပါ။ တစ်နေ့မှာ တိရစ္ဆာန်အရောင်းဆိုင်တစ်ခုမှာ သူရှာဖွေနေတဲ့ ပြကွက်တစ်ခုကို တွေ့သွားပါတယ်။အဲဒါကတော့ သီချင်းဆိုတတ်တဲ့ မိကျောင်းလေး တစ်ကောင်ပါ။ သူ့နာမည်ကို လိုင်းလိုပေးလိုက်ပြီး ၂ယောက်တူတူ သီချင်းတိုက်ကာ အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို ယုံကြည်ခဲ့ပေမယ့် ပွဲနေ့ကျမှ လိုင်းဆီက သီချင်းသံထွက်မလာလို ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ စွန့်ပစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့အချိန်တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်သစ်တွေရောက်လာပြီး လိုင်းကိုတွေ့သွားသလို သူတိုကြား ဗရုတ်သုက်ခမျိုးစုံ ဖြစ်တဲ့အပြင် ပိုင်ရှင်ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင် အသစ်နဲ့အဟောင်းကြား အဆင်ပြေပါ့မလား၊လိုင်းကရော ဘယ်လို ပြဿနာတွေ ရှာဦးမလဲဆိုတာတော့

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/982

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image