16 w - Translate - Youtube

Luxury ကား7000ကျော်ပိုင်တဲ့လူ #hypercar #automobile #car

16 w - Translate

Records reviewed by ABC News show authorities in one of the hardest hit counties in Texas have had discussions about implementing flood warning sirens for nearly a decade.
https://abcnews.go.com/US/hard....-hit-texas-county-fl

image
16 w - Translate

Experts say parents shouldn't shy away from discussing the devastating flooding in Central Texas and its impact with older children.
Here are tips for parents on how to start a conversation with kids:
https://www.goodmorningamerica.....com/family/story/ta

image
16 w - Translate

Over 200 migrants who were sent to El Salvador's CECOT mega-prison under accusations that they were members of a violent criminal gang are the responsibility of the United States, the government of El Salvador told a United Nations working group.
El Salvador's claims, outlined in a report submitted Monday in court, appear to contradict what President Donald Trump and administration officials have been saying for months: that they are unable to return any of the migrants sent to CECOT because they're under El Salvador's authority.
Read more: https://abcnews.visitlink.me/xN_B-j

image

အစ္စရေးက လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့်တောင်ပိုင်းတိုတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
အစ္စရေးစစ်တပ်က ဇူလိုင်လ ၆ ရက် ညပိုင်းတွင် လက်ဘနွန်နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ စစ်စခန်းများကို ပစ်မှတ်ထားထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဟစ်ဇ်ဘိုလာ၏ စစ်စခန်းများစွာကို တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် ဘေကာနှင့် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဗျူဟာမြောက် လက်နက်ထုတ်လုပ်ရေးနှင့် သိုလှောင်ရေးစခန်းများအပြင် ဒုံးကျည်ပစ်လွှတ်ရာ နေရာတစ်ခုပါဝင်ကြောင်း ဖော်ပြထားသည်။

အဆိုပါဒေသတွေမှာ လက်နက်တွေသိုလှောင်ထားရှိတာနဲ့ ဟစ်ဇ်ဘိုလာရဲ့ လှုပ်ရှားမှုတွေဟာ အစ္စရေးနဲ့ လက်ဘနွန် တို့ကြား သဘောတူညီချက်တွေကို သိသိသာသာချိုး ဖောက်တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး အစ္စရေးနိုင်ငံအတွက် ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားဖို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

လက်ဘနွန်နိုင်ငံ စစ်ရေးသတင်းရင်းမြစ်နှင့် တောင်ပိုင်းဒေသများမှ မျက်မြင်သက်သေများက ဆင်ဟွာသို့ ပြောကြားရာတွင် အစ္စရေးစစ်လေယာဉ်များက လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့်တောင်ပိုင်းရှိ ကျယ်ပြန့်သောဒေသများတွင် လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ခဲ့ပြီး ယခင်ကလည်း တိုက်ခိုက်ခံခဲ့ရဖူးသည့် ဟစ်ဇ်ဘိုလာစစ်စခန်း များကို ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။

၁၄ လကြာ နယ်စပ်ဖြတ်ကျော်တိုက်ပွဲများကို အဆုံးသတ်နိုင်ခဲ့သော ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိသော်လည်း အစ္စရေးနိုင်ငံသည် လက်ဘနွန်နိုင်ငံ ပိုင်နက်အတွင်း တိုက်ခိုက်မှုများ မကြာခဏ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

image

ကိုယ်တွေ့ 🥲

image

တရုတ်နိုင်ငံက အီသီယိုးပီးယားနိုင်ငံနှင့်အတူ အထင်ကရရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအား မြှင့်တင်ရန်၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် လီ ပြော

တရုတ်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံနှင့်အတူ အဒစ်အဘာဘာ-ဂျီဘူတီရထားလမ်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်း ဆောင်ရွက်မှု အထင်ကရစီမံကိန်းမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးအတွက် ဆောင်ရွက်ရန်အသင့်ရှိကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန် က ဇူလိုင်လ ၆ ရက်၌ ပြောကြားခဲ့သည်။

လီ သည် အီသီယိုးပီးယားနိုင်ငံဝန်ကြီးချုပ် အဘီအာမတ် နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၅၅ နှစ်က တရုတ်နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံကြား သံတမန်ဆက်ဆံရေး တည်ထောင်ချိန်မှစ၍ နှစ်နိုင်ငံတို့သည် အစဉ်အမြဲ အချင်းချင်းရိုးသားပွင့်လင်းစွာ ပြုမူဆက်ဆံခဲ့ကြသလို နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ အချင်းချင်းထောက်ခံအားပေးခဲ့ကြကြောင်း လီ က မှတ်ချက်ပြုခဲ့သည်။

နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုမှာလည်း တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး၌ ရှေ့တန်းမှ ကာလကြာရှည် ရပ်တည်ခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြော ကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က ဇွန်လတွင် ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု (FOCAC)ဖိုရမ်ရလဒ်များ အကောင်အထည်ဖော်ရေး ဝန်ကြီးအဆင့်ညှိနှိုင်းမှုအစည်းအဝေးထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအား စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးမှု အကောင် အထည်ဖော်ခြင်းစသည့် အရေးပါသော အစီအမံအသစ်များကိုလည်း ကြေညာခဲ့ကြောင်း လီ က ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် FOCAC ပေကျင်းထိပ်သီးအစည်းအဝေး ရလဒ်များအား အပြည့်အဝဖော်ဆောင်နိုင်ရေး အတွက် အီသီယိုးပီးယားနိုင်ငံနှင့်အတူ ထိုအစီအမံသစ် များအား အခွင့်အရေးများအဖြစ် မှတ်ယူဆောင်ရွက်မည်ဟု လီ က ဆိုသည်။

နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအား ခေတ်သစ်အချိန်အခါ မရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး စံနမူနာအဖြစ်လုပ်ဆောင်ရန် တရုတ် ဝန်ကြီးချုပ် လီ က ပြောကြားခဲ့သည်။

image

ဂျပန်က ဖိလစ်ပိုင်သို တစ်ပတ်ရစ်ဖျက်သင်္ဘောများတင်ပိုပေးမည်
ဂျပန်နိုင်ငံက ဖိလစ်ပိုင်သို့ တစ်ပတ်ရစ်ဖျက်သင်္ဘောများကို တင်ပို့ပေးသွားမည် ဖြစ်ကြောင်း Yomiuri သတင်းစာက ဇူလိုင်လ ၆ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ တင်ပို့မှုအစီအစဉ်တွင် ဂျပန်ရေကြောင်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးတပ်ဖွဲ့က ဆယ်စုနှစ်သုံးခုကြာအသုံးပြုထားသည့် Abukuma အတန်းအစား ဖျက်သင်္ဘော ခြောက်စင်းပါဝင်ကြောင်း အမည်မဖော်လိုသူ အစိုးရအရင်းအမြစ်များ၏ပြောဆိုချက်ကို ကိုးကား၍ သတင်းစာ က ဖော်ပြထားသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးနာကာတာနီနှင့် ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီး ဂီဘာတို တီယိုဒိုရို တို့က ပြီးခဲ့သည့်လတွင် စင်ကာပူနိုင်ငံ၌တွေ့ဆုံစဉ် အဆိုပါ ဖျက်သင်္ဘောများတင်ပို့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အဆိုပါသဘောတူညီချက်အရ နောက်ဆုံးပြင်ဆင်မှုတစ်ခုအဖြစ် တင်ပို့မည့် ဖျက်သင်္ဘောများကို ဖိလစ်ပိုင် တပ်မတော် က စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Yomiuri သတင်းစာက ဆက်လက် ဖော်ပြထားသည်။

ထိုနှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန် လည်း ပါဝင်သည်ဟု RTA သတင်းဌာန ဖော်ပြချက်အရ သိရသည်။

image
16 w - Translate

Smart Card မပြုလုပ်ရသေးတဲ့ အငြိမ်းစားမိဘပြည်သူတွေကိုလည်း ပင်စင်လစာတွေ ဆက်လက်ထုတ် ပေးမယ်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ Smart Card မပြုလုပ်ရသေးတဲ့ အငြိမ်းစားမိဘပြည်သူတွေကိုလည်း ပင်စင်လစာတွေ ဆက်လက်ထုတ် ပေးမယ်လို့ မြန်မာ့စီးပွားရေးဘဏ်က အသိပေးထားပါတယ်။အငြိမ်းစားပင်စင်စားကြီးတွေ ပင်စင်ထုတ်ယူရာမှာ လဝက စမတ်ကတ်လို့ခေါ်တဲ့ Unique Identification Number (UID) QR ကုဒ်ပါပြသရမှာြဖစ်လို့ အသက်ကြီးပင်စင်စားတစ်ချို့နဲ့ မသန်စွမ်းတော့တဲ့ ပင်စင်စားတွေ စမတ်ကဒ်ပြုလုပ်ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ PAN သတင်းရေးသား(https://t.me/positiveanglenews/36335 )ဖော်ြပပြီးနောက် မြန်မာ့စီးပွားရေးဘဏ်က အခုလို အသိပေးပန်ကြားချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ်က အငြိမ်းစားမိဘပြည်သူတွေကို အသိပေးပန်ကြားချက်မှာတော့ ပင်စင်လစာထုတ်ယူရာမှာ အငြိမ်းစားတွေရဲ့ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းက ကင်းဝေးနိုင်စေဖို့ အတွက် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ-မရှိ စိစစ်နိုင်ဖို့နဲ့ ခေတ်မီနည်းပညာအသုံးပြုနိုင်ဖို့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ Centralized e-Pension စနစ်နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့ e-ID စနစ်တို့ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေက ထုတ်ပေးထားတဲ့ UID နံပါတ်တွေ Centralized e-Pension Program မှာ ထည့်သွင်းဖို့ တောင်းခံရတာဖြစ်တယ်လို့ပြောပါတယ်။

Smart Card ရရှိပြီးတဲ့ အငြိမ်းစားတွေက မြန်မာ့စီးပွားရေးဘဏ်ကို မိမိတို့ရဲ့ Smart Card မိတ္တူတွေယူဆောင်ပေးဖို့နဲ့ Smart Card မရရှိသေးသောအငြိမ်းစားတွေအနေနဲ့ လူဝင်မှု ကြီးကြပ် ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ Smart Card ရရှိရေးဆောင်ရွက်ပေးဖို့ကိုလည်း မြန်မာ့စီးပွားရေးဘဏ်က မေတ္တာရပ်ခံထားပါတယ်။

image

#ပုဇွန်သင်္ဘောသီးချဉ်ရည်ဟင်း

ပါ၀င်ပစ္စည်းများ

သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
ရုန်းပတေသီး - ၈တောင့်
ပုဇွန်ထုတ် - ၅ကောင်
ကြက်သွန်နီ - အနေတော် တစ်ခြမ်း
ကြက်သွန်ဖြူ -၂မွှာ
ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
မကျည်းသီးမှည့် - ကွမ်းသီဆံလုံးလောက်
ဆီ - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
သင်္ဘောသီးကို အညှာဖက်မှ လှီးချပြီး ထွက်လာသော အစေးများ စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
ရေဆေးပြီး အစေးကုန်ချိန်ကျမှ အခွံခွာကာ နောက်တစ်ခါ ရေဆေးပြီးမှ ပုံပါအတိုင်း လှီးပေးပါ
ရုံးပတေသီးကို ရေဆေးပြီးမှ အညှာဖြတ်ကာ အနေတော် လှီးပေးထားပါ
ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် ခါဆေးပြီး ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသာသာနှင့် စိမ်ထားပါ
ပုဇွန်ကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ ခေါင်းအခွံ ခွာပေးထားပါ
ဇောက်နက်သော အိုးတစ်လုံးထဲမှာ သင်္ဘောသီးကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
အရသာ နယ်ထားသော အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
ရေဆူလာပြီး အသီးများ အိလာပါက ပုဇွန်ထုတ်ကို ထည့်မွှေကာ မိနစ်၀က်လောက်ထားပါ
ပြီးမှ ရေတရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲစာထည့်ပြီး ဆူအောင်တည်ပါ
ရေဆူလာတာနဲ့ အဖတ်များဖယ်ကာ မကျည်းမှည့်ရည် ထည့်ပြီး နှစ်မိနစ်လောက် ရေဆူစေ၍ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
ရုန်းပတေသီးထည့်ပြီး တမိနစ်လောက်ဆူပြီးတာနဲ့ သင်္ဘောသီးစိမ်း ချဉ်ရည်ဟင်းကို စားရန်ပြင်နိုင်ပါပြီ။

image