Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရွှေပြည်သာမှာ ဒီနေ့မနက်က လူနေအဆောင်မီးလောင်မှု အမျိုးသမီးတစ်ဦးသေဆုံး
ဇန်နဝါရီ ၇
ရွှေပြည်သာမြို့နယ်၊ အမှတ် (၅)ရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်အစောပိုင်းက ပုဂ္ဂလိကငှားရမ်းတဲ့ အဆောင်ဝန်းမီးလောင်ခဲ့ပြီး အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မီးလောင်ပြင်သွားရောက်ကူညီခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနက် ၄ နာရီ မိနစ် ၅၀ အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ အဆောင်မှာ မနက်အစော ငါးခြောက်ကြော်ရာက ဒယ်နီအိုးရှော့ဖြစ်ပြီး စတင်လောင်ကျွမ်းတာလို့လည်း ဖြစ်စဉ်အနီး နေထိုင်သူ ရွှေပြည်သာမြို့နယ် အမှတ် (၅)ရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။
သူက “လောင်တဲ့ဝန်းက အဆောင်ဆောက်ငှားတဲ့ဝန်း။ သစ်သား နှစ်ထပ်ဆောင်တွေ၊ ဝန်းထဲမှာတင် အဆောင်တွေက တစ်ဆောင်နဲ့ တစ်ဆောင်ကပ်နေတာ။ အခန်းဘယ်နှစ်ခန်းမှန်းမသိပေမယ့် အဆောင်တန်းလျားက ၄ လုံးရှိတယ်။ ဝန်းကျယ်ကြီး။ သူ့အဆောင်ရှေ့မှာက သစ်ဆိုင်။ ဘေးနှစ်ဖက်မှာ စားအုန်းဆီသိုလှောင်တဲ့ ဂိုဒေါင်ရယ်၊ အရက်ဆီလှောင်တဲ့ ဂိုထောင် ရှိတယ်။ ကံကောင်းတာက မီးသတ်က မီးမကူးအောင် ထိန်းနိုင်တာ” လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ် ။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့အတူ ကနောင် နာကူ ရှင်ကူအသင်းတို့က ပထမဆုံးရောက်ရှိကူညီငြှိမ်းသတ်ခဲ့ပြီး မီးများတဲ့အတွက် Level-1 အဆင့်ခေါ်ယူရာ မြို့နယ်ချင်းဆက်စပ်နေတဲ့ မီးသတ်စခန်းတွေက မီးသတ်ယာဉ်နဲ့ အထောက်အကူပြုယာဉ်အပါအဝင် အစီးသုံးဆယ်နီးပါးက တစ်နာရီကျော်ကြာ ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ကနောင် နာကူ /ရှင်ကူ အသင်းမှတာဝန်ရှိသူက “မီးငြိမ်းသွားလို့ လောင်ပြင်ထဲ ဝင်ရှင်းမှ အမျိုးသမီးလို့ ယူဆရတဲ့ ပုံပန်းပျက်နေပြီဖြစ်တဲ့ အလောင်းတွေ့တာ။ အဆောင်ဆိုတော့ လူတွေလည်းများတော့ စိစစ်နေဆဲပါပဲ။ ပေနှစ်ရာလောက်ကျယ်တဲ့ဝန်းထဲက သစ်သားအဆောင်တွေဆိုတော့ လောင်အားကောင်းသွားတာပါ။ တစ်ဝန်းလုံးရှိတဲ့ အဆောက်အဦ အကုန်ကုန်တာမို့၊ အခုထိတော့ သက်ဆိုင်ရာက စိစစ်တွေ့ရှိတာ သေဆုံးတစ်ဦးပါပဲ” လို့ ပြောပါတယ်။
မီးလောင်မှုကို မနက် ၆ နာရီမှာ မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၁၉ မိနစ်အချိန်မှာ မီးငြိမ်းခဲ့ကာ သက်ဆိုင်ရာက လောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှု တန်ဖိုးကို စိစစ်နေဆဲလို့သိရှိရပါတယ်။
#centralnewsnaypjyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၇
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၃၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၃၀၀၀၀ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၄၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၄၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၉၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၉၅ ကျပ်
ဝယ်ဈေး - ၃၂၃၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၀၀ ကျပ်
ဝယ်ဈေး - ၄၆၀၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၁ ကျပ်
ဝယ်ဈေး - ၉၈၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၅၆ ကျပ်
ဝယ်ဈေး - ၂၈.၀၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၇၃ ကျပ်
ဝယ်ဈေး - ၅၁.၇၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၅ ကျပ်
ဝယ်ဈေး - ၅၅၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၅ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၁ ကျပ်
ဝယ်ဈေး - ၁၂၀၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး
BLACKPINK အဖွဲ့ဝင် ဂျီဆူး အသက် ၃၀ ပြည့် မွေးနေ့
ကမ္ဘာကျော် ကိုရီးယားကေပေါ့ပ်အဖွဲ့ BLACKPINK က အဆိုတော် ဂျီဆူး Jisoo ဇန်နဝါရီ ၃ ရက်နေ့ကပဲ မှာ အသက် ၃၀ ပြည့်မွေးနေ့ ကျင်းပသွားပါတယ်။
နာမည်ရင်း Kim Jisoo ဖြစ်တဲ့ ဂျီဆူးဟာ တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂီခရိုင် ဂွန်ပိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူက တောင်ကိုရီးယား တေးထုတ်လုပ်ရေးကုမ္ပဏီ YG Entertainment မှာ ၂၀၁၁ ခုနှစ်က သင်တန်းသူအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၆ သြဂုတ်လမှာ BLACKPINK အဖွဲ့နဲ့အတူ အဆိုတော်ဖြစ်လာတာပါ။
BLACKPINK အဖွဲ့က လက်ရှိမှာ ကမ္ဘာပေါ်က အောင်မြင်ဆုံး အမျိုးသမီးတေးဂီတ အဖွဲ့ တဖွဲ့ဖြစ်ပါတယ်။ လေးယောက်တွဲအဖွဲ့က "How You Like That"၊ "Pink Venom" နဲ့ "Ddu Du Dddu-Du" တို့လို သီချင်းတွေနဲ့ အထူးကျော်ကြားတာပါ။ Coachella ဂီတပွဲတော်နဲ့ British Summer Time Festival တို့မှာ ပါဝင်ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး ကေပေါ့အဖွဲ့ဖြစ်ပြီး MTV ဂီတဗွီဒီယိုဆုကို ရရှိတဲ့ ပထမဆုံး ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့လည်း ဖြစ်ပါတယ်။
ဂျီဆူးဟာ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ "Snowdrop" မှာလည်း သရုပ်ဆောင်ခဲ့ပြီး လတ်တလော "Newtopia" လို့ခေါ်တဲ့ ဇွန်ဘီသရဲကား ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ်လို့လည်း သတင်းထွက်နေပါတယ်။
"Flower" ဆိုတဲ့ တကိုယ်တော်သီချင်းနဲ့လည်း အောင်မြင်တဲ့ ဂျီဆူးက Dior၊ Tommy Hilfiger နဲ့ Cartier ဖက်ရှင်တံဆိပ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်တယောက်လည်း ဖြစ်ပါတယ်။
#crd