Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အုန်းနို့ သာကူ ကျောက်ကျော ပြုလုပ်နည်.....။
******************
ကျောက်ကျောလုပ်ရတာ ဝါသနာမပါပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ်ထဲမှာ အုန်းနို့ သာကူ ကျောက်ကျော ဆိုပြီး တွေ့တာနဲ့ သာကူဆို ကြိုက်တာမို့ မနေနိုင်လို့ စမ်းလုပ်ကြည့်မယ်ဆိုပြီး စမ်းရင်းနဲ့ လုပ်ဖြစ်သွားပါတယ်။ Fri တို့ရေ....... ပြီးတော့ အတော်လေးစားကောင်းတာနဲ့ အတောမသတ်ဖြစ်သွားပါတယ်.....!!!😋
ပါဝင်ပစ္စည်းများ.........
* သာကူ--- ၅ ကျပ်သား
* ကျောက်ကျောမှုန့် (AGAR AGAR တံဆိပ်) 1 ထုပ်
* သကြား --- ၁၀ ကျပ်သား
* အုန်းနို့ Cream --- ဘူးသေး ၁ ဘူး
* ဆား --- မန်ကျည်းစေ့ခန့်
* ဆွမ်းမွှေးရွက် --- ၅ ရွက် (ဒါမှမဟုတ် စားသုံးဆိုးဆေး)
* ရေ---နို့ဆီဘူး ၂ဘူး
ပြုလုပ်နည်း..........
၁။ ဆွမ်းမွှေးရွက်ကို ကြိတ်ခြေပါ ရေနဲနဲ စိမ်ထားပြီး အရည်စစ်ယူပါ။ အဖတ်ကို ထုပ်ပြစ်ပါ။ (စားသုံးဆေးသုံးရင် လုပ်စရာမလိုပါ။ ဒါမှမဟုတ် မထည့်လဲရပါသည်။)
၂။ သကြား၊ ဆား၊ ရေ၊ ကျောက်ကျောမှုန့်တို့ကို ဖျော်ပါမယ်။ ဖျော်ပြီးသား ၃ ပုံ ၁ ပုံ ကို ဆွမ်းမွှေးရည်ထည့်ကျိုပါ။ ကျိုပြီး ၁၀မိနစ်လောက်ကြာရင် ပြစ်လာပါတယ် ။ ပြစ်လာတာနဲ့ ထည့်မဲ့ ပုံစံခွက်ထဲ လောင်းထည့် အအေးခံထားပါ။
၃။ ကျန် ၂ ပုံကို ကျိုပါ။ ဆူပြီး ခဏနေရင် အုန်းနို့ ထည့်ပြီးကျိုပါ။ ၁၀မိနစ်လောက်ကြာလို့ပြစ်လာရင် ဇလုံ တစ်လုံးထဲမှာ ရေနွေးထည့်ပြီး အပေါ်ကအိုးကို တင်ပြီးချ ထားပါ။ (အေးရင်ခဲသွားမှာစိုးလို့ပါ)
၄။ သာကူကိုသပ်သပ် အိုးတစ်လုံးနဲ့ ရေ နို့ဆီဘူးနှစ်ဘူးထည့်ပြီးပြုတ်ပါ။ အစေ့ပြောက်ရင် ရေသွန်ပြစ်ပြီး သာကူကို အုန်းနို့ရေကျိုပြီးသားထဲ လောင်းထည့်မွှေပေးပြီး ပထမဆွမ်းမွှေး ကျောက်ကျော ရည်ထည့်ထားတဲ့ ခွက်ရဲ့ မျက်နှာပြင်တင်းလာတဲ့ အတွက် အပေါ်ကိုအသာလေး လောင်းထည့်ပါ။
ခဏကြာ အအေးခံပြီး အေးရင် ရေခဲသေတ္တာထဲထည့် လိုသလိုလှီးဖြတ်စားသုံးနိုင်ပါတယ်။
မွှေးပြီးအရသာရှိတဲ့ ကျောက်ကျောလေးပါ။
၅။ ဆွမ်းမွှေးရွက် မရှိလို့ အောက်ခံ အရောင်လှလှလေးလိုချင်ရင်တော့ အစာသုံးဆိုးဆေး (ကြိုက်တဲ့ အရောင်) အရည်တစ်စက် (သို့) အမှုန့် ငရုတ်ကောင်းစေ့ တစ်စေ့စာ ရေနဲ့ ဖျော်ပြီး ဆွမ်းမွှေးရွက်အစား ထည့်ပါ။
အရောင်နဲ့ ကျောက်ကျောရည် ပထမ ၃ ပုံ ၁ ပုံ ထည့်ပြီး အအေးခံထားတဲ့မျက်နှာပြင်မတင်းသေးဘဲ လောင်းထည့် လိုက်ရင်လည်း ရပါတယ်။ အရောင်ကျားကျားလေး ဖြစ်သွားပေါ့ တစ်မျိုးအမြင်ဆန်းပါတယ်။
အရသာရှိစွာ ပြုလုပ်စားသုံးနိုင်ကြပါစေ.......။
PHOTO CREDIT
💁♀️ ကျွန်မရဲ့ကျောက်ကပ်မှာ ပြဿနာရှိခဲ့ဖူးပြီး အတော်လေး အသက်အန္တရာယ်ထိခိုက်လုနီးပါး ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မသောက်ခဲ့တဲ့ ဒီဖျော်ရည်က တကယ်ပဲ အကျိုးရှိခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမှာတင် ရလဒ်ကောင်းတွေ ရခဲ့တာပါ။ သင်လည်း လွယ်လွယ်ကူကူ လုပ်ကြည့်လို့ ရပါတယ်။ ကျောက်ကပ်ကို တစ်သက်လုံး ကျန်းမာနေအောင် ထိန်းသိမ်းလိုက်ကြရအောင်နော်........။
ကျောက်ကပ်ထိန်းသိမ်းရေး ဖျော်ရည်ပြင်ဆင်နည်း
၁။ ဖရဲသီး ၂ ချပ်ကို အခွံနွှာပြီး အတုံးသေးသေးလေးတွေ
လှီးပါ။
၂။ နိုကိုဥ (beetroot) ၁ လုံးကိုလည်း အခွံနွှာပြီး အတုံးသေး
သေးလေးတွေ လှီးပါ။
၃။ ဂျင်းတက် အနည်းငယ်ကို အခွံနွှာပြီး ခပ်ကြမ်းကြမ်း
လှီးထည့်ပါ။
၄။ ပါဝင်ပစ္စည်းအားလုံးကို Blender ထဲထည့်ပါ။
၅။ ရေသန့် ၂ ခွက်ထည့်ပြီး စက္ကန့်အနည်းငယ်ကြာအောင်
ရောမွှေပါ။
၆။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်ရပါပြီ။
အဖတ်တွေကို စစ်ထုတ်ပြီး သောက်သုံးနိုင်ပါတယ်။
သောက်သုံးနည်း......။
ဒီဖျော်ရည်ကို တစ်နေ့ ၁ ဖန်ခွက်နှုန်းနဲ့ ရက်ပေါင်း ၁၅ ရက် ဆက်တိုက်သောက်သုံးခြင်းဖြင့် ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို လျင်မြန်စွာ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကျောက်တည်နိုင်ခြေကိုလည်း အံ့သြစရာကောင်းလောက်အောင် လျော့ချပေးနိုင်ပါတယ်။
📌 ဒီသဘာဝဖျော်ရည်ကို ပုံမှန်သောက်သုံးပေးရုံနဲ့ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို စိုးရိမ်စရာ မလိုတော့ပါဘူးနော်။
တရုတ်က တိဘက်ဒေသတွင် ဧရာမရေကာတာကို စတင်တည်ဆောက်
တရုတ်ဝန်ကြီးချုပ် လီကျင်းသည် တိဘက်ဒေသ Yarlung Tsangpo မြစ်အောက်ပိုင်းတွင် စုစုပေါင်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ယွမ် ၁ ဒဿမ ၂ ထရီလျံရှိ ဧရာမ ရေကာတာစီမံကိန်း တည်ဆောက်မှုကို စနေနေ့တွင် စတင်ပေးခဲ့ကြောင်း ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
China Yajiang Group ဟုခေါ်ဆိုသည့် ကုမ္ပဏီသစ်တစ်ခုကိုလည်း စနေနေ့တွင် တရားဝင်ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ ကုမ္ပဏီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိဘက် အရှေ့တောင်ပိုင်း Nyingchi အနီး တည်ရှိသည့် ဆည်ငါးဆင့်ပါဝင်သော ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်မည်ဖြစ်သည်ဟု ရှင်းဟွာက ဆိုသည်။
ထုတ်လုပ်သည့် ဓါတ်အားကို တိဘက်ပြင်ပတွင် အဓိကထားရောင်းချမည်ဖြစ်ကာ ဒေသတွင်း ဓါတ်အားလိုအပ်ချက်အတွက်လည်း အသုံးပြုမည်ဖြစ်ကြောင်း ရှင်းဟွာက ပြောဆိုခဲ့ပြီး ထုတ်လုပ်နိုင်စွမ်း အသေးစိတ်ကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအရ ရေကာတာစီမံကိန်းသည် တည်ဆောက်ဖူးသမျှ အခြေခံအဆောက်အဦး စီမံကိန်းများတွင် ကုန်ကျစရိတ်အများဆုံးဖြစ်လာမည်ဖြစ်ကာ ပေကျင်း၏ စီးပွားရေးတိုးတက်မှု ပြန်လည်အားကောင်းရေး ကြိုးပမ်းမှုများကို အထောက်အကူပြုနိုင်သည်။
သို့သော်လည်း နှစ်နိုင်ငံ အငြင်းပွားဧရိယာ Arunachal Pradesh ကိုဖြတ်သန်း၍ အိန္ဒိယ၏ အဓိကမြစ်ကြောင်းများထဲမှ တစ်ခုဖြစ်သော ဗြဟ္မပုတ္တအတွင်း စီးဝင်သည့် Yarlung Tsangpo မြစ်ပေါ်တည်ဆောက်မည့် ယင်းရေကာတာသည်လည်း တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား တင်းမာမှုများ၏ အရင်းအမြစ်တစ်ခုဖြစ်လာနိုင်သည်။ ပေကျင်းကမူ မြစ်အောက်ပိုင်းဒေသများတွင် ဆိုးဝါးသော သက်ရောက်မှုများ ရှိလာမည်မဟုတ်ဟု ပြောဆိုထားသည်။
အဆိုပါ စီမံကိန်းတွင် တိဘက်မှ ဟောင်ကောင်သို့ ဓါတ်အားသွယ်တန်းပေးမည့် စီမံကိန်းလည်း ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။
လေ့လာမှုများအရ Yarlung Tsangpo မြစ်အောက်ပိုင်းရှိ ကြီးမားသော ချောက်ကြီးသည် လျှပ်စစ်ဓါတ်အား ၇၀ ဂီဂါဝပ် ထုတ်လုပ်နိုင်သည့် အလားအလာရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ထုတ်လုပ်နိုင်စွမ်းထက် သုံးဆကျော်ရှိသည်။