မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းပစ်ပါ ။
မလိုအပ်တဲ့ အရာတွေကို မကြာခဏ ရှင်းလင်းဖယ်ရှားပစ်ပါ ။ ဘာကြောင့်ပါလဲ ။ ပစ္စည်းမျိုးစုံကို စုဆောင်းထားတာက မိမိရဲ့ အိမ် ၊ စိတ် နဲ့ ဘဝကိုပါ ဖရိုဖရဲ မသပ်မရပ်ဖြစ်စေလို့ပါပဲ ။ ပစ္စည်းတွေ စုပုံနေတဲ့အိမ်ဟာ အတွေးတွေ စုပုံရှုပ်ထွေးနေတယ်ဆိုတဲ့ သင်္ကေတကို ပြသခြင်းပဲ ဖြစ်ပါတယ် ။
မိမိတို့ရဲ့ အတွေးတွေက ကြည်လင်ပြတ်သားပြီး တည့်မတ်နေရပါမယ် ။ ပြီးတော့ အသုံးမလိုတဲ့ပစ္စည်းတွေကို မစုဆောင်းပါနဲ့ ။ ဒါပေမဲ့ ကျွန်မတို့အားလုံး မလိုအပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားတတ်ကြတာပါပဲ ။ မလိုအပ်ဘူးလို့ ထင်ပေမယ့်လည်း တစ်ချိန်ချိန်မှာတော့ အသုံးဝင်သွားတတ်လို့ပါပဲ ။ ဒီလိုနဲ့ပဲ အိမ်တစ်အိမ်မှာ ပုလင်းတွေ ၊ ဘူးတွေ ၊ တိုလီ မိုလီပစ္စည်းတွေ စုပုံလာကြပါတယ် ။
ကျွန်မမှာတော့ စာအုပ်တွေနဲ့ ပတ်ချာဝိုင်းနေပါတယ် ။ သိမ်းပစ်လိုက်ရင် မဖတ်ဖြစ်တော့ပါဘူး ။ ဖတ်ချင်တာတွေယူပြီး ဖတ်လို့ရအောင် လက်လှမ်းမီရာမှာ ထားရတဲ့ စာအုပ်တွေက အများကြီးပဲ ။ စာကြည့်တိုက်တွေကိုတော့ လှူပါတယ် ။ သိမ်းထားချင်တဲ့ စာအုပ်တွေကလည်း များပါတယ် ။ ကလေးတွေဆီမှာ ရေခဲမုန့်တို့ ၊ အချိုရည်တို့ထည့်တဲ့ ပလတ်စတစ်ခွက်ကလေးတွေကိုလည်း တောင်းထားရပါတယ် ။ ပျိုးပင်ကလေးတွေ မျိုး ထားဖို့ပါ ။ ပစ္စည်းတွေ များလာတော့လည်း စိတ်ထဲမှာ ရှုပ်ထွေးလာရတာ အမှန်ပါပဲ ။ ရှင်းလင်းပစ်ရမှာ ဖြစ်ပါတယ် ။
ကျွန်မ အကြံပေးချင်တာက ရံဖန်ရံခါ တချို့သောပစ္စည်းတွေကို ရှင်းလင်းပစ်ခြင်းက သင့်တော်လျော်ကန်တဲ့ အလုပ်ပါပဲ ။ ဒီလိုမှ မလုပ်ရင် သူတို့က စိတ်ကိုလွှမ်းမိုးလာပြီး ပင့်ကူမျှင်တွေလို ပိုပြီး ရှုပ်ထွေးနှောင်ဖွဲ့ လာတော့မှာပါ ။ အပိုပစ္စည်းများကို ရှင်းလင်းပစ်ခြင်းက အသုံးမဝင်တဲ့ပစ္စည်း ၊ ကျိုးပဲ့နေတဲ့အရာ ၊ ရက်လွန်နေတဲ့ပစ္စည်း ၊ မသန့်ရှင်းတဲ့ ဘူးခွက်တွေ ၊ ပိုနေတဲ့ အရာတွေနဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ ပစ္စည်းတွေကို စွန့်ပစ်ဖို့ အခွင့်အရေး တစ်ခုရတာပဲ ဖြစ်ပါတယ် ။ တကယ်တော့ မိမိတို့အိမ်မှာ အသုံးမဝင်တဲ့ ပစ္စည်း ၊ မလှပတဲ့ပစ္စည်းတွေ မထားတာပဲ ကောင်းပါတယ် ။ မလိုအပ်တာတွေကို စွန့်ပစ်လိုက်ခြင်းက မိမိကို အားသစ်အင်သစ်ဖြစ်စေသလို စိတ်ကိုလည်း ကြည်လင်စေပါတယ် ။
ဘယ်လိုအရာတွေကို ထားသင့်သလဲ ၊ ဘယ်လိုအရာတွေကို ဖယ်ရှားသင့်သလဲဆိုတာကိုလည်း သတိရှိရှိနဲ့ စု ဆောင်းတတ်သွားပါတယ်။ အောင်မြင်နေတဲ့သူတွေနဲ့ ရေသေထဲမှာ အားစိုက်ရုန်းကန်နေရပြီး အရာမရောက်တဲ့သူရဲ့ ခြားနားချက်ကိုလည်း သတိပြုမိပါတယ် ။ အင်အားအပြည့်နဲ့ ချောမွေ့စွာ လျှောက်လှမ်းနေသူတွေက မလိုအပ်တဲ့ အရာတွေကို ထုတ်ပယ်ပစ်ဖို့ ၊ ဖရိုဖရဲဖြစ်နေတာတွေကို ရှင်းလင်းပစ်ဖို့ဆိုတဲ့ အရည်အချင်းရှိတဲ့သူတွေ ဖြစ်ပါတယ် ။ လေယာဉ်ပြေးလမ်းကြောင်းပေါ်မှာပဲ ပြေးနေပြီး ကောင်းကင်ကို ပျံမတက်နိုင်ပဲ ဒုက္ခရောက်နေတဲ့ လေယာဉ်လို တချို့လူတွေက ဈေးပေါပေါရလို့ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို အထုပ်လိုက် သိမ်းထားတတ်ပါတယ် ။ အသုံးမဝင်တဲ့ ပစ္စည်းတွေကို လွှင့်မပစ်ရပဲ ဗီရိုထဲမှာ ဖွင့်မကြည့်တော့ပဲ ထည့်ထားကြတယ် ။ အံဆွဲတွေထဲမှာလည်း ပစ္စည်းအကျိုးအပဲ့တွေ အပြည့်ပါပဲ ။ အဝတ်အစား ဗီရိုတွေထဲမှာလည်း မဝတ်တော့တဲ့ အဝတ်အစားတွေ ၊ ဖက်ရှင် date အောက်သွားလို့ ဘယ်တော့မှ ဝတ်ဖို့ စိတ်မကူးတော့တဲ့ အဝတ်အစားတွေကို အပြည့်ထည့်ထားတတ်ကြပါတယ် ။ သူတို့ရဲ့စိတ်အခြေအနေတွေကို ခန့်မှန်းကြည့်လို့ရပါတယ် ။ ဝတ္ထုတစ်ပုဒ်ထဲမှာ လက်ထပ်ဖို့ ပြင်ဆင်ထားပြီးမှ ရောက်မလာတဲ့ သတို့သားကို နာကြည်းတဲ့စိတ်နဲ့ သတို့သမီးက ပြင်ဆင်ထားတဲ့အိပ်ခန်း ၊ အဝတ်အစား ၊ ဧည့်သည်တွေကို ဧည့်ခံဖို့ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ဒီအတိုင်းထားပြီး နေ့စဉ် နာကြည်းစိတ် ၊ ဒေါသဖြစ်တဲ့စိတ် ၊ စိတ်ပျက် အားငယ်တဲ့စိတ် ၊ ကလဲ့စားချေလိုတဲ့စိတ်တွေနဲ့ ဖြတ်သန်းခဲ့တာ နှစ်ပေါင်း ရှည်ကြာစွာပါပဲ ။ သူ့ဘဝကြီးက လေးလံထိုင်းမှိုင်းလှပါတယ် ။ ဒါတွေ အားလုံးကို စွန့်ပစ်ပြီး လူသစ် စိတ်သစ် နဲ့ နေလိုက်မယ်ဆိုရင် ဘယ်လောက် သာယာလိုက်မလဲလို့ ကျွန်မ တွေးမိပါတယ် ။
မလိုအပ်တာတွေကို ရှင်းလင်းပစ်တာနဲ့အတူ ကိုယ်စိတ်နှစ်ပါး ပေါ့ပါးစေခြင်းဆိုတဲ့ အကျိုးဆက်က ပါလာပါတယ် ။ စာဖတ်သူတို့အိမ်မှာ နေရာပိုရသွားစေပါတယ် ။ ပြီးတော့ နေရာတိုင်းမှာ ပစ္စည်းတွေ စုပုံနေတဲ့ အတွက် လွှမ်းမိုးခံနေရသလို ခံစားနေရတာကိုလည်း ထုတ်ပယ်ပစ်နိုင်တဲ့အပြင် ပုံမှန်သက်သောင့်သက်သာ ရှိသွားစေပါတယ် ။ နောက်ဆုံးပေါ် အိမ်ထောင်ပရိဘောဂတွေနဲ့ ဖိတ်ဖိတ်တောက်ပြီး စတိုင်လ်နဲ့ နေရမယ်လို့ မဆိုလိုပါဘူး ။
ကျွန်မ အကြံပြုချင်တာလေးတစ်ခုက စာဖတ်သူအတွက် ဘာတွေရှုပ်ထွေးနေသလဲဆိုတာ သိလိုရင် ဗီရိုပေါ်တွေမှာ ရှာဖွေကြည့်ပါ ။ မလိုအပ်တော့တဲ့ ပစ္စည်းတွေတွေ့ ရင် သံယောဇဉ်ဖြတ်ပြီး ရှင်းလင်းထုတ်လိုက်ပါတော့ ။
စာဖတ်သူရဲ့ စိတ်လည်း ရှင်းလင်းကြည်လင်သွားပါလိမ့်မယ် ။ “ Prune your stuff frequently ” “ သင့်ရဲ့ မလိုအပ်တဲ့အရာတွေကို မကြာခဏ ဖယ်ရှားပစ်ပါ ။ ”
#ဘဝရဲ့စည်းမျဉ်းများ #ခင်စောတင့်

image
16 w - Translate

#knowledge #ဗဟုသုတ

image
16 w - Translate

#knowledge #ဗဟုသုတ

image
16 w - Translate

Condorito: The Movie ဆိုတဲ့ Animation ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ်
တစ်ခါကကမ္ဘာကြီးဟာ အဆုံးအစမဲ့စွမ်းအားအဆောင်ကို ပိုင်ဆိုင်ထားတဲ့ဂြိုလ်သားတွေရဲ့သိမ်းပိုက်ကျူးကျော်ခြင်းကိုခံရပါတယ်
အဲ့အချိန်မှာပေါ်ထွက်လာတဲ့ ဟီးရိုးကတော့ အမွှေးပြောင်ကွန်ဒေါဆိုတဲ့ ကြက်တစ်ကောင်ပါ
အဲ့ကြက်က ဂြိုလ်သားတွေလက်ထဲက အဆောင်ကိုလုပြီး သွားဖွက်လိုက်တော့ ဂြိုလ်သားတွေခမျာလည်း လာရာလမ်းကို ပြန်ကြွရတော့တာပါပဲ
ဇာတ်လိုက်ကျော် ဘောလုံးသမားကွန်ဒေါရီဒိုနဲ့ သူ့တူလေး ချစ်ခီတိုက ဟီးရိုးကြီးအမွှေးပြောင်ရဲ့ မြေးမြစ်တွေပေါ့
အဲဇာတ်လိုက်ကျော်ဆီမှာလည်း ရာရိတာဆိုတဲ့ စကီချောချောလေးရှိပြန်ပါတယ်
သူတိုလက်ထက်မှာ အခဲမကျေတဲ့ဂြိုလ်သားကောင်တွေပြန်ရောက်လာပြီးအဆောင်ကိုတောင်းပါတော့တယ်
ဘုမသိဘမသိနဲ့ ဇာတ်လိုက်ကျော်က သူနဲ့မတည့်တဲ့ သူ့ယောက္ခမလောင်းကြီးကို ခေါ်သွားပေးရင် ယူပေးမယ်ဆိုပြီး ပြောလိုက်တဲ့အခါ
ဂြိုလ်သားတွေကပဲ ကမ္ဘာကိုပြန်သိမ်းယူမှာလား
အမွှေးပြောင်မျိုးဆက် ကွန်ဒိုရီဒိုကပဲ ပြန်တိုက်ထုတ်ပြီး ယောက္ခမလောင်းကြီးကို ပြန်ကယ်နိုင်မှာလား ဆိုတာကတော့..
IMDB 5.2/10 တောင်ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်

Condorito: The Movie (2017)

ဇာတ်ကားလင့်
https://t.me/c/2186686827/375

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
16 w - Translate

Belle (2021)

ဒီ Anime movie လေးကတော့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တဲ့ “Beauty and the Beast” နဲ့ခပ်ဆင်ဆင်လေးပါ..
ဇာတ်လမ်း အကျဉ်းလေးကတော့…
Suzuဟာ ရှက်ကြောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ သူကလေးအရွယ်မှာပဲ မိခင်ဖြစ်သူကို ဆုံးရှုးလိုက်ရပါတယ်
သူမဟာအရှုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပြီး စိတ်ပိုင်းဆိုင်ရာမှာလည်းအလွန်ကိုမှနုနယ်လွန်းတဲ့
ဆယ်ကျော်သက်အထက်တန်းကျောင်းသူတစ်ယောက်ပါ။
ဒါပေမယ့် သူမဟာ “U” ဆိုတဲ့ ဧရာမ virtual world ထဲကို ဝင်ရောက်လာတဲ့အခါမှာတော့ ချစ်စရာကောင်းပြီး
ကမ္ဘာတစ်ဝှမ်းက ချစ်ခင်ရတဲ့ အဆိုတော် Belle အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်
တစ်နေ့မှာ သူမရဲ့ဖျော်ဖြေပွဲက “U” မှာသောင်းကျန်းနေတဲ့အလွန်ကြီးမားတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့နှောင့်ယှက်မှုကြောင့် ရပ်တန့်သွားခဲ့ပါတယ်
အဲဒီနောက်မှာတော့ သူမဟာ ရက်စက်ကြမ်းကြုတ်တဲ့ကင်းစောင့်တွေလက်ကနေ ထွက်ပြေးနေတဲ့ လျှိဝှက်ဆန်းကြယ်တဲ့ တိရိစ္ဆာန်ကောင်ကြီးကို ဖော်ထုတ်ဖိုအတွက် ဘယ်လိုမျိုးစတင်မလဲ?
သူမရဲ့လက်တွေ့ဘဝကို ရှာတွေ့နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှူစားလိုက်ကြပါဦး….

ဇာတ်ကားလင့်
https://t.me/c/2186686827/376

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
16 w - Translate - Facebook

Quantum ရဲ့ theory သာရှိခဲ့ပြီး လက်တွေ့သက်သေပြနိုင်ဖို့ခက်တဲ့ God particle ခေါ် Higg boson particle ကို ၁၉၆၀ ခုနှစ်များမှာ စတင်လေ့လာဖို့ theory ထုတ်နိုင်ခဲ့တဲ့ peter higgs ဖြစ်ပါတယ်။

ဒီ particle ကိုတော့ ၂၀၁၂ ခုနှစ်မှာ physical evidence လေ့လာတွေ့ရှိနိုင်ခဲ့တာမို့ နှစ်ပေါင်းငါးဆယ်စောင့်ခဲ့ရပြီးမှ သက်သေပြနိုင်ခဲ့တဲ့ quantum ရဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ အောက်က Link မှာ သွားရောက်ဖတ်ရူနိုင်ပါတယ်။

https://www.facebook.com/share/p/1QUBxBhP8a/

နေမျက်နှာပြင်​ပေါ်မှာ ဖြစ်​ပေါ်​နေတဲ့ ကိုရိုနာ(Corona) ​တွေဟာ ငလျင်ဖြစ်​ပေါ် ခြင်းနဲ့ သက်ဆိုင်မှု မရှိပါ။
Corona ဟာ ​နေလုံးရဲ့ မျက်နှာပြင်​ပေါ်က သာမန်​နေရာ​တွေထက် အပူချိန်ပိုများတဲ့ ​ဒေသ​တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
Corona ဟာ ခရမ်းလွန်​ရောင်ခြည်(Ultraviolet Ray) လွန်ကဲ​နေတဲ့ ​ဒေသ​တွေ ဖြစ်ပြီး သူတို့ကို ​နေမျက်နှာပြင်​ပေါ်မှာ အမည်း​ရောင် အစက်​ပြောက်​တွေ အ​နေနဲ့ ​တွေ့နိုင်ပါတယ်။
Corona ​ဖြစ်​ပေါ်​နေတဲ့ ​ဒေသ​တွေဟာ သံလှိုက်စက်ကွင်း(Magnetic Field) ကျယ်ပြန့်ကြတဲ့အတွက် အပူလှိုင်း​တွေ အာကာသထဲကို လွှတ်ထွက်လာပြီး Solar Wind ကို​ ဖြစ်​ပေါ်​စေနိုင်တယ် ဆိုတာ မှန်​ပေမဲ့၊ Corona ​ကြောင့် ငလျင်ကို ဖြစ်​စေတယ် ဆိုတာ အချက်အလက်အမှား တစ်ခုသာ ဖြစ်ပါတယ်။
​နေလုံးက​နေ ဖြစ်​ပေါ်လာတဲ့ Solar Wind​ တွေ၊ Solar Storm တွေ၊ Solar Flare တွေ၊ Coronal Mass Ejection(CME) ​နဲ့ Radiation ​တွေဟာ အစွန်းကုန် ကမ္ဘာ့သံလိုက်စက်ကွင်းကိုသာ သက်​​​ရောက်မှု ရှိပါတယ်။
စွမ်းအင်မြင့် CME ​တွေနဲ့ Corona ​တွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းအထဲကို ​ရောက်လာတဲ့အခါ လျှပ်စစ်စီး​ကြောင်း​(Electric current) တွေကို​တော့ ထိခိုက်မှု ရှိပါတယ်။ Corona ​တွေဟာ ကမ္ဘာ့ရဲ့ အ​ပေါ်ယံ​လေထုအလွှာကို ခဏတဖြုတ် သက်​ရောက်​သွားတာ​ကြောင့် ဂြိုလ်တု(Satellite) ​တွေ အလုပ် မလုပ်​တော့တာမျိုး​တွေနဲ့ ကမ္ဘာ့ရဲ့ ​တောင်ကမ္ဘာခြမ်းနဲ့ ​မြောက်ကမ္ဘာခြမ်း​ဒေသ​တွေမှာ ဥတ္တရအလင်းတန်း(Aurora) ​တွေကိုသာ ဖြစ်​ပေါ်​စေတာ ဖြစ်ပါတယ်။ ​ဒီ Corona ​တွေ​ကြောင့် ငလျင်ကို မဖြစ်​စေပါဘူး။
ငလျင်ဟာ ကမ္ဘာ့​ကျောက်အလွှာ (Tectonic Plate) ​ရွေ့လျားမှု​ကြောင့် ဖြစ်​ပေါ်လာတဲ့ သဘာဝ​ဘေးတစ်ခု ဖြစ်ပါတယ်။ ငလျင်ဟာ ဘယ်​နေရာမှာ ဘယ်လိုပုံစံနဲ့ လှုပ်သွားသလဲ ဆိုတဲ့ အချက်အ​ပေါ်မှာပဲ မူတည်​နေတာပါ။ ငလျင်ဖြစ်​ပေါ် ခြင်းကို အရှင်းဆုံး ဆိုရရင် ကမ္ဘာ့​ကျောက်အလွှာဟာ စုစည်းထားတဲ့ ဖိအား​တွေကို ရုတ်တရက် လွှတ်ထုတ်လိုက်တာပါ။ ဖိအား​တွေဟာ ​နေရာအနှံ့ကို ပျံ့နှံ့သွားပြီး ဒါကို ကျွန်​တော်တို့က ငလျင်လို့ သိထားကြပါတယ်။ ငလျင်ဟာ အချိန်မ​ရွေး၊ ​နေရာမ​ရွေးမှာ ဖြစ်နိုင်ပြီး ကြိုတင်ခန့်မှန်းလို့လဲ မရနိုင်ပါ။
​နေက​နေ လာတဲ့ Corona ဟာ ကမ္ဘာ့​လေထုအလွှာ အနည်းငယ်နဲ့ သံလိုက်စက်ကွင်းအ​ပေါ်ကိုသာ သက်ရောက်မှု ရှိနိုင်ပြီး ကမ္ဘာ့​မြေထုအလွှာနဲ့ သက်ဆိုင်မှု မရှိပါဘူး။ Corona ​ကြောင့် သံလိုက်စက်ကွင်းကို သက်​ရောက်​စေ​သော်ငြား ကမ္ဘာရဲ့ သံလိုက်စက်ကွင်းနဲ့ လျှပ်စစ်စက်ကွင်း​ပြောင်းလဲမှု​တွေဟာလဲ ငလျင်ဖြစ်​ပေါ် ခြင်းနဲ့ သက်ဆိုင်မှု မရှိပါ။
၁၉၈၉ ခုနစ်မှာ အ​မေရိကန်အ​ခြေစိုက် ပထဝီ​မြေဆိုင်ရာ သု​တေသနပြုတဲ့ အဖွဲ့ (USGS) ဟာ ကယ်လီဖိုးနီးယားပြည်​ထောင်စု၊ Parkfield ​ဒေသမှာ လျှပ်စစ်နဲ့ သံလိုက်စက်ကွင်းအာရုံခံ ကိရိယာ​တွေ အပါအဝင် တခြား မြေကြီးအချက်အလက်​တွေကို တိုင်းတာတဲ့ ကိရိယာ​တွေနဲ့ စမ်းသပ်မှု ပြုပြီး ငလျင်ကို ခန့်မှန်းဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါ​ပေမဲ့ ငလျင်မဖြစ်​ပေါ်ခင်မှာလဲ လျှပ်စစ်၊ သံလိုက်စက်ကွင်း ​ပြောင်းလဲဲမှု မရှိသလို ဘာလက္ခဏာမှလဲ မပြခဲ့ပါဘူး။ ​နောက် ၁၉နှစ်အကြာ၊ ၂၀၀၄ ခုနစ်ကို ​ရောက်တဲ့ အခါမှသာ ငလျင်ဖြစ်​ပေါ်ခဲ့ပါတယ်။
ရုရှားအ​ခြေစိုက် အာကာသနဲ့ ငလျင်ဆိုင်ရာ ​လေ့လာ​ရေးအဖွဲ့(Russian Space Weather and Seismic Studies) က ၁၉၉၀ ခုနစ်နဲ့ ၂၀၀၀ ခုနစ်အထိ Corona ​ဟာ ကမ္ဘာ့​ကျောက်အလွှာကို သက်​ရောက်မှု ရှိ၊ မရှိကို သု​တေသနပြုခဲ့ပါတယ်။ ငလျင်ဖြစ်ပါတယ် ဆိုတဲ့ ခိုင်လုံတဲ့ အချက်အလက်ကို မရှာနိုင်ခဲ့သလို Corona ​ကြောင့် ငလျင်ဖြစ်​ကြောင်းကိုလဲ သက်​သေမပြနိုင်ခဲ့ပါဘူး။
ဒီလို သိပ္ပံနည်းကျ အချက်အလက်​တွေ​ကြောင့် ငလျင်ဟာ ကမ္ဘာ့အတွင်းပိုင်းက ပထဝီ​မြေဆိုင်ရာ ဖိအား​ပြောင်းလဲခြင်း (Internal Geological Stress) နဲ့သာ သက်ဆိုင်မှု ရှိပြီး ပြင်ပ သက်​ရောက်မှု​(External Stress) နဲ့ မသက်ဆိုင်ပါဘူးဆိုတာ ထင်ရှားပါတယ်။
NASA နဲ့ USGS (United States Geological Survey) လို သိပ္ပံအဖွဲ့အစည်း​တွေကလဲ Corona ​နဲ့ ငလျင်ဖြစ်​ပေါ်မှုဟာ သက်ဆိုင်မှု မရှိဘူးလို့ အခိုင်အမာ အဆိုပြုထားပြီး ဖြစ်ပါတယ်။
​ပြည်သူများအ​နေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာန​တွေ၊ တကယ်တတ်ကျွမ်းနားလည်တဲ့ ပညာရှင်​တွေဆီက​နေပဲ ​စောင့်ကြည့်နား​ထောင်ဖို့နဲ့ ဘယ်အရာကို မဆို ​စဥ်းစား​တွေး​ခေါ် ပြီး အမှန်နဲ့ အမှားကို ခွဲခြားကြဖို့ကို တိုက်တွန်းနှိုး​ဆော်လိုက်ပါတယ်။

image
16 w - Translate

Pu-saka (2024)

ဝီဆန်းကို စံအိမ်ကို ရှေးဟောင်းပစ္စည်းစုဆောင်းသူ သူဌေးကြီးတစ်ယောက်က ပိုင်ဆိုင်ပြီး သူသေဆုံးသွားတဲ့နောက်မှာတော့ သူစုဆောင်းထားတဲ့ အင်ဒိုနီးရှားရိုးရာအမွေအနှစ်ရှေးဟောင်းပစ္စည်းတွေကို စံအိမ်ကြီးနဲ့အတူ ပြတိုက်အဖြစ် အသွင်ပြောင်းဖို သားနဲ့သမီးကို သေတမ်းစာကတစ်ဆင့် တာဝန်ပေးသွားခဲ့ပါတယ်။ လူနေအိမ်တစ်ခုကို ပြတိုက်အဖြစ် အသွင်ပြောင်းဖိုရာမှာ ဆာဗေးလုပ်ဖိုရောက်လာတဲ့ ပရောဂျက်ဝန်ထမ်းတစ်စု၊ အိမ်ရှင်သူဌေးကြီးရဲ့ သားနဲ့သမီးဖြစ်တဲ့ ရန်ဒီ နဲ့ ဘီယန် မောင်နှမတိုဟာ အလုပ်တွင်စေဖိုအတွက် စံအိမ်ကြီးမှာပဲ အိပ်ရဖိုဖြစ်လာပါတော့တယ်။ အဲ့ဒီညမှာပဲ စံအိမ်ကြီးရဲ့ လျှိဝှက်အခန်းတစ်ခု မတော်တဆပွင့်သွားခဲ့ပြီး အဲ့ဒီအခန်းထဲမှာရှိတဲ့ ကြောက်စရာ ကျိန်စာသင့်စ္စည်းတစ်ခုဟာ သူတိုထဲက တစ်ယောက်ကို ပူးကပ်သွားခဲ့ပြီးနောက်မှာတော့ သူတိုအတွက် တစ်သက်မမေ့နိုင်စရာညတစ်ညကို ကြုံတွေ့ရဖို ဖြစ်လာပါတော့တယ်။ ထိတ်လန့်ခြောက်ခြားဖွယ် အနိဌာရုံမြင်ကွင်းတွေနဲ့၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ သွေးထွက်သံယိုတွေ ဒင်းကြမ်းပါဝင်တဲ့အတွက် ကြည့်ရဲမှ ကြည့်စေချင်ပါတယ်။

image
16 w - Translate

တားမြစ်ထားသော တံခါး (၂၀၀၉)

IMDb - 6.6/10
Genre - Horror, Mystery

ဂမ်ဘီယာ က အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာ ဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။ သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာ နဲ့ အရမ်းရင်းနှီးတဲ့ အစ်ကို ဂျင်မီ က ရောင်းချပေးတယ်။ ဂမ်ဘီယာ ရဲ့ အမေကတော့ သူတိုကိုကလေးယူဖို အမြဲတိုက်တွန်းနေတယ်၊ တစ်နေ့မှာ ဂမ်ဘီယာဆီကို "ကယ်ပါဦး" ဆိုတဲ့စာသားကို သူတိုအိမ်ရှေ့မှာ လာရေးသွားတယ်။ ဒီအတိုင်းကလေးတွေ လက်ဆော့ပြီးရေးတယ်လိုပဲ ထင်သွားတယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်း မြင်ရကြားလာရတဲ့အခါ ဂမ်ဘီယာ လည်း အဖြေစရှာပါတော့တယ်။

image
16 w - Translate

Asia Continental ရဲ့ H2H Winner ကတော့
Turkey 🇹🇷 မှရရှိသွားပါတယ်
ဆရာဝန်မဆိုတဲ့အတိုင်း Public Health Case အပိုင်းမှာ ပိုလက်တွေ့ကျကျနဲ့ စနစ်တကျ ချပြသွားနိုင်တော့ နှာတဖြာသာသွားပါတယ်
ဘာဘဲဖြစ်ဖြစ် Opal အတွက်လည်းဂုဏ်ယူပါတယ်
ဒီနေရာထိရောက်လာနိုင်တာလွယ်တဲ့အဆင့်မှမဟုတာ

image