🍁 ပန်းနာရင်ကျပ်ဖြစ်ပြီး အိပ်မရတဲ့ရောဂါသည်တွေအတွက် ဆေးနည်းကောင်းတစ်လက်

ညညဆိုရင် ပန်းနာရင်ကျပ်ဖြစ်ပြီး အိပ်မရတဲ့ရောဂါသည်တွေအတွက် တစ်သက်လုံးရာသက်ပန် ပျောက်ကင်းစေတဲ့ဆေးနည်းလေးမျှဝေပေးလိုက်ပါတယ်နော်”
ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းပေးလိုက်ပါတယ်။မိတ္ထိလာမြို့မှ အဘိုးကြီးတစ်ဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာ လူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့ နို့ဆီဘူး တစ်လုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့် နေ့စဉ်စားနေခဲ့ပါတယ်။

စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏။ ထို့ကြောင့် အားတက်၍ နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃ လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံ လက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားပါသည်။ စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံ အလုံးလိုက် ရေနှင့်နပ်အောင်ပြုတ်ပြီး ဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။
နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄ လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည်။

နောက်တစ်နည်းကတော့ နတ်ဆေးဂမုန်းလက်တွေ့ ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည် တစ်ပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့် ၃ ရက်လှန်းပါ။

ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊။၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်နံနက် ည တစ်ဇွန်းကျ တစ်နေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည် သောက်ပေးပါ၊ ပန်းနာ ရင်ကြပ်ရောဂါ ပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါ ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝဖြိုး စိုပြည်လာသည်ကို တွေ့ရပါလိမ့်မည်။

Credit original writter

image

ဖြစ်နိုင်ရင် ပါဝါပါ ကိုယ်တိုင်စမ်းပေးချင်တာ

image
27 ပတ် - ဘာသာပြန်ပါ။

DENKO စက်သုံးဆီဆိုင်အားဓားပြတိုက်၍ ဝန်ထမ်း(၂)ဦးကိုဖမ်းဆီးသွားခြင်းဖြစ်ပွါး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်အားဓားပြတိုက်၍ ဝန်ထမ်း(၂)ဦးကိုဖမ်းဆီးခေါ်ဆောင်သွားသူများအနက်(၂)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်း ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်းဘေးရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ ဇူလိုင် ၂၈ ရက်ညနေ ၅ နာရီခန့်က အကြမ်းဖက်အဖွဲ့ဝင် (၆)ဦးရောက်ရှိလာကာ ဆီဆိုင်ဝန်ထမ်းများထံမှ ဖုန်း(၄) လုံး၊ ရွှေနားကပ်(၂)ရံ၊ ဆိုင်ကယ်(၂)စီး၊ ဆီရောင်း ချရငွေ(၅)သိန်းကျပ်နှင့် ဆီဖြည့်ရန်ရောက်ရှိနေသည့် ဦးစန်းယု(၃၈)နှစ်၏ HONDA Fit (အဖြူရောင်)ကားတို့အားလုယက်ယူဆောင်ပြီး ဆီဆိုင်မန် နေဂျာဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်း(၄၀)နှစ်နှင့် ဒု-မန်နေဂျာဦးဆန်းလွင်ဦး(၄၂)နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်ခဲ့ကြသည့် အကြမ်းဖက်အဖွဲ့ဝင်များအားလိုက်လံဖမ်းဆီးရာ ကန်ပေါက်(အရှေ့)ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက် အကြမ်းဖက်အဖွဲ့ဝင်များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံ ခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့ဝင်(၂)ဦးအား MA-13 သေနတ် (၁)လက်၊ ၎င်းကျည်(၁၀)တောင့်၊ ကျည်အိမ်(၁)ခု၊ MA- 1 သေနတ်(၁)လက်၊ ၎င်းကျည်(၁၀)တောင့်နှင့် ကျည်အိမ်(၁ခုတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား(၂)ဦးမှာထွက်ပြေးလွတ် မြောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ပြစ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ညောင်ဦးမြို့မရဲစခန်းမှ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ခ)ဖြင့်အမှုဖွင့်ကာ လုံခြုံ ရေးအဖွဲ့ဝင်များမှလည်း ဖမ်းဆီးခံရသူများအားပြန် လည်ကယ်တင်နိုင်ရေးနှင့် လုယက်ယူဆောင်သွားသည့် ပစ္စည်းများပြန်လည်သိမ်းဆည်းရရှိရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
-----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာ ကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာ မည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image
27 ပတ် - ဘာသာပြန်ပါ။

ငပေါင်းထုပ်အလွယ်လုပ်နည်း

ပါဝင်ပစ္စည်း
-ရဲယိုရွက်
-ဆန်စိမ်းမှုန့်(၅ဇွန်း)
-စိမ်းစားငါးပိအနည်းငယ်
-ငရုပ်သီးအရောင်တင်မှုန့်
-ပုစွန်
-ငှက်ပျောဖူး
-မျှစ်
-ကြက်သွန်နီ
-ပဲပင်ပေါက်
-ပဲသီး
-ပင်စိမ်း
-ရှမ်းနံနံ
-ကြက်သွန်ဖြူနဲ့စပါးပင်ရောထောင်းထားတာ

ပြုလုပ်နည်း
-ပါဝင်ပစ္စည်းအားလုံးကို ဆီ(၅)ဇွန်း ဆား အချိုမှုန့် ကြက်သားမှုန့်ထည့်ပြီး သမအောင်နယ်

ရဲယိုရွက်နဲ့ထုပ်ပြီးပေါင်း ၄၅မိနစ်လောက်ဆိုရပြီ

Credit

image
27 ပတ် - ဘာသာပြန်ပါ။

Windows Bootable USB Stick ပြုလုပ်နည်း 💠

လိုအပ်သော အရာများ 📌
1. USB Flash Drive
- အနည်းဆုံး 8GB (Windows 10/11 ISO ဖိုင်အတွက်) သို့မဟုတ် 4GB (Windows 7 အတွက်)
- USB တွင် အရေးကြီးသော ဒေတာများမရှိပါက ကောင်းပါသည် (အကြောင်းမှာ Format ချရနိုင်သောကြောင့်)။

2. Windows ISO ဖိုင်
- Microsoft ၏ တရားဝင် [Windows Download Page]() မှ ISO ဖိုင်ကို ဒေါင်းလုဒ်ဆွဲနိုင်သည်။
- တစ်ခြား ယုံကြည်စိတ်ချရသော ရင်းမြစ်များမှလည်း ရယူနိုင်သည်။

3. Bootable USB ဖန်တီးရန် Tool
- Rufus (အသုံးအများဆုံး၊ မြန်ဆန်၊ ရိုးရှင်း) [Download Rufus]()
- Windows Media Creation Tool (Microsoft ၏ တရားဝင် Tool)
- Ventoy (Multiple ISO များအတွက် အဆင်ပြေ)
- Balena Etcher (macOS/Linux/Windows အတွက် အသုံးဝင်)

4. Computer နှင့် Administrator အခွင့်အရေး
- USB ကို Bootable အဖြစ် ပြုလုပ်ရန် Administrator Access လိုအပ်ပါသည်။

အဆင့်ဆင့် ပြုလုပ်နည်း🧑‍💻
(၁) Rufus အသုံးပြု၍ Bootable USB ပြုလုပ်နည်း
1. Rufus ကို Download လုပ်၍ Run ပါ (Administrator အဖြစ် Run ရန် လိုအပ်ပါသည်)။
2. USB Drive ကို ချိတ်ဆက်ပြီး Rufus တွင် ရွေးချယ်ပါ။
3. "Select" ကို နှိပ်၍ Windows ISO ဖိုင်ကို ရွေးချယ်ပါ။
4. Partition Scheme ရွေးချယ်ရန်:
- UEFI အတွက်: GPT
- Legacy BIOS အတွက်: MBR
5. File System ကို FAT32 (အကြံပြုထား) သို့မဟုတ် NTFS ရွေးပါ။
6. Start ကို နှိပ်ပါ။ Warning ပေါ်လျှင် OK နှိပ်ပါ (USB ပေါ်ရှိ ဒေတာများ ပျက်သွားမည်)။
7. ပြီးသည်အထိ စောင့်ပါ ("Ready" ပေါ်လာလျှင် ပြီးဆုံးပါသည်)။

(၂) Windows Media Creation Tool အသုံးပြုနည်း။
1. Microsoft ၏ [Windows Download Page]() မှ Tool ကို ဒေါင်းလုဒ်ဆွဲပါ။
2. Tool ကို Run ပြီး "Create installation media" ကို ရွေးပါ။
3. ဘာသာစကား၊ Edition (Home/Pro), Architecture (64-bit/32-bit) များကို ရွေးချယ်ပါ။
4. USB Flash Drive ကို ရွေးပြီး Next နှိပ်ပါ။
5. USB Drive ကို ရွေးကာ ပြုလုပ်ပါ (Format အလိုအလျောက် လုပ်ပေးမည်)။

Bootable USB ကို အသုံးပြုနည်း
1. USB ကို Windows Install လုပ်မည့် Computer တွင် ထည့်ပါ။
2. Computer ကို Restart လုပ်ပြီး Boot Menu (သို့) BIOS/UEFI ကို ဝင်ပါ (အများအားဖြင့် F12, F2, ESC, DEL နှိပ်ရသည်)။
3. Boot Menu တွင် USB Drive ကို ရွေးပါ။
4. Windows Setup စတင်လာပါက လမ်းညွှန်ချက်အတိုင်း Install လုပ်ပါ။

📌အရေးကြီးသော အချက်များ⚠️
- USB တွင် အရေးကြီးသော ဖိုင်များရှိပါက Backup ကြိုတင်ယူထားပါ။
- ISO ဖိုင်သည် Corrupt မဖြစ်စေရန် SHA-1 Checksum စစ်ဆေးပါ။
- UEFI/BIOS တွင် Secure Boot ကို Disable လုပ်ရန် လိုအပ်နိုင်သည် (Windows 7 အတွက်)။

ဤနည်းလမ်းများဖြင့် Windows Bootable USB Stick ကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။

image
27 ပတ် - ဘာသာပြန်ပါ။

ပုံမှန်အားဖြင့် သခင်တွေဟာ သူတို့ရဲ့ခွေးလေးတွေကို မကြာခဏနမ်းရှုံ့ တတ်ကြတယ်၊ ပွေ့ဖက်တတ်ကြတာပါတယ်

ဒါကြောင့် သူတို့ခွေးလေးတွေသန့်ရှင်းနေစေဖို့ရေကိုမကြာခဏချိုးပေးကြပါတယ်။

ရေချိုးပေးတဲ့အခါမှာ လိုအပ်လာမှ ချိုးပေးသင့်ပါတယ်။

မဟုတ်ရင်ခွေးလေးတွေရဲ့ကျန်းမာရေးအတွက် စိတ်ပူစရာတွေဖြစ်လာနိုင်ပါတယ်။

မလိုအပ်ဘဲအရေခဏခဏချိုးပေးမိတဲ့အခါ

➡️ ရေချိုးဆပ်ပြာနဲ့ မကြာခဏထိတွေ့ရတဲ့အတွက် ခွေးရဲ့သဘာဝအဆီဓာတ် (Natural Oils) ဆုံးရှုံးကာ အရေပြားယားယံတာ၊ နှင်းခူထွက်တာတွေဖြစ်နိုင်ပါတယ်။

➡️ အရေပြားရဲ့ အကာအကွယ်လွှာပါးလာတာကြောင့် ပိုးမွှားကပ်ညှိလွယ်ပြီး အနာများ ဖြစ်လွယ်ပါတယ်။

➡️ အရေပြားခြောက်သွေ့ကွဲအက်ပြီးကြမ်းတမ်းတဲ့ အမွှေးအမျှင်တွေ ထွက်လာနိုင်ပါတယ်။

➡️ ရေချိုးတိုင်း နားထဲရေဝင်တဲ့အခါ နားပြည်ယိုတာ၊ ယားယံတာတွေဖြစ်စေနိုင်ပါတယ်။

➡️ ခံနိုင်ရည်အားနည်းတဲ့ ခွေးလေးတွေမှာဆိုရင် မကြာခဏရေချိုးပေးတာက ကျန်းမာရေးထိခိုက်နိုင်ပြီး အဖျား၀င်တာမျိုးပါ ဖြစ်နိုင်ပါတယ်။

သင့်ခွေလေးမှာ ဒီလိုဒုက္ခတွေမခံစားရစေဖို့ ရေကိုလိုအပ်မှသာချိုးပေးသင့်ပါတယ်။

image
27 ပတ် - ဘာသာပြန်ပါ။

အေးချမ်းတဲ့နယ်ရွာလေး🍀🏡

image
27 ပတ် - ဘာသာပြန်ပါ။

အေးချမ်းတဲ့နယ်ရွာလေး🍀🏡

image
27 ပတ် - ဘာသာပြန်ပါ။

အေးချမ်းတဲ့နယ်ရွာလေး🍀🏡

imageimage