16 ပတ် - ဘာသာပြန်ပါ။

မေလ၂၅ရက်နိုင်ငံတကာသတင်းတိုများ

၁။မြောက်ကိုရီးယားနိုင်ငံသည် စစ်သင်္ဘောအသစ်တစ်စီး ​ရေချရာတွင် ကြီးမားသော မတော်တဆမှုဖြစ်ပွားခဲ့သည့်အတွက် သင်္ဘောကျင်းအရာရှိများကို ဖမ်းဆီးထားသည်။ ဂြိုလ်တုပုံရိပ်များအရ အပြာရောင် ပလပ်စတစ်စဖြင့် ဖုံးအုပ်ထားသော စစ်သင်္ဘောသည် တစ်ဘက်သို စောင်းလျက်လဲနေပြီး ပဲ့ဘက်သည် ဆိပ်ကမ်းထဲသို ထိုးထွက်နေကာ ဦးဘက်မှာမူ ဘေးဘက်ရှိ လှေခါးထစ်ပေါ်တွင် ကျန်ရှိနေသည်ကို တွေ့ရသည်။

၂။ဆီရာလီယွန်နိုင်ငံတွင်​မျောက်​ကျောက်​ရောဂါကူးစက်သူ၃၀၀၀​ကျော်​နေပြီးယခုအချိန်အထိ၁၄ဦး​သေဆုံးပြီးဖြစ်သည်။

၃။တရုတ်မှအီရန်နိုင်ငံ၏အကြီးဆုံးကုန်းတွင်းဆိပ်ကမ်းသိုကမ္ဘာ့အရှည်ဆုံးခရီးစဥ်အဖြစ်၁၅ရက်ခုတ်​မောင်းရသည့်ကုန်ရထားခရီးစဥ်စတင်​ပြေးဆွဲပြီဖြစ်သည်။

၄။ယူကရိန်းသမ္မတဇလင်စကီးသည်ကိယက်ဗ်မြိုကိုဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့​သောရုရှားကိုရှုချခြင်းမပြုသည့်အ​မေရိကန်ကိုပြစ်တင်လိုက်သည်။

၅။ဂျာမန်သတင်စာဘိုင်းကလာမည့်​နွေရာသီတွင်ရုရှားသည်ယူကရိန်းကိုထိုးစစ်ကြီးဆင်နွဲရန်ပြင်ဆင်​နေ​ကြောင်း​ရေးသားလိုက်သည်။

NOM

သွေးတိုးရောဂါနှင့် ဝမ်းချုပ် ဝမ်းခိုင်သူများအတွက် #ဆေးပုလဲပင် ခေါာ #ဝမ်းနှုတ်ဆေးပင်
ဆေးပုလဲပင်ဟာ သွေးတိုးနှလုံးနဲ့ နောက်ကျောတက်၊ မျက်စိမှုံ ကြည့်မကောင်း သူများအတွက် ယူပစ်သလို သက်သာပျောက်ကင်းတာကြောင့် အထူးသင့်လျော်တဲ့ ဆေးနည်းကောင်း တလက်ဖြစ်ပါတယ်။
ဆေးပုလဲပင်ဟာ နေရာဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း အအေးကြိုက်နှစ်သက်သော အပင်ဖြစ်သည်။
အလေ့ကျ ပေါက်ရောက်သော အပင်တမျိုးဖြစ်ပြီး မိုးဦးကျကာလ၌ မျိုးစေ့ကျ ပေါက်ရောက်၍ ဆောင်းကုန် နွေကာလတွင် အပွင့်မှ အသီးအဖြစ်ရောက်ရှိသည်။
ဆေးအသုံးပြုပုံမှာ ၎င်း ဆေးပုလဲပင်၏ အရွက်အစိမ်းကို ဒီအတိုင်း ဝါးစားကာ ရေအေးဖြင့် သောက်သုံးပေးရပါမည်။
ဆေးသောက်သုံးပြီး နာရီပိုင်းအတွင်း ဗိုက်ယစ်ခြင်း ဗိုက်အောင့်ခြင်းမရှိပဲ လွယ်ကူစွာ ဓါတ်ဝမ်းသွားပါသည်။
ဓါတ်ခိုင်သူများအဖို့ ဆေးရွက် တစ်ရွက်မှ ၂ ရွက် ၃/၄ ရွက် စသည်ဖြင့် ချင့်ချိန်၍ စားပါ။

image
16 ပတ် - ဘာသာပြန်ပါ။

အရွယ်ရောက်လာရင်သမီးလေးကို အမွေလွှဲပြောင်းပေးမဲ့ သူကိုယ်တိုင်ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းကို မြန်မာ့အအောင်မြင်ဆုံး Cosmetic ဖြစ်လာဖို့ ကြိုးစားသွားမယ်ဆိုတဲ့ သရုပ်ဆောင် သင်ဇာနွယ်ဝင်း…

image
16 ပတ် - ဘာသာပြန်ပါ။

Penguins could be playing a crucial role in stabilizing the climate in Antarctica when they go No. 2, according to new research.
The ammonia in penguin guano — or feces — could help to reduce the impacts of climate change by contributing to increased cloud formation, according to a paper published Thursday in Communications Earth & Environment.
Read more: https://abcnews.visitlink.me/CIC4d_

image
16 ပတ် - ဘာသာပြန်ပါ။

A crypto entrepreneur was arrested after a tourist from Italy told police he was tortured in the suspect's luxury apartment in New York City for more than two weeks, according to police.
The alleged victim, 28, told police he arrived in New York from Italy on May 6 and went to the home of the suspect, identified by police as John Woeltz.
Woeltz, 37, allegedly took the man's passport and tortured him before he was able to escape Friday morning, running to a traffic enforcement officer for help, police said. The alleged victim was taken to the hospital, police said.
Read more: https://abcnews.visitlink.me/W1QBuQ

image
16 ပတ် - ဘာသာပြန်ပါ။

President Trump spoke before this year's U.S. Military Academy graduates as their commencement speaker on Saturday amid the administration's crackdown on diversity initiatives and removal of key military leaders.
"You are the first West Point graduates of the golden age of America," he told the graduates, whom he repeatedly called "winners," to cheers from the crowd.
Read more: https://abcnews.visitlink.me/PwYvdo

image
16 ပတ် - ဘာသာပြန်ပါ။

ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိခဲ့
ရန်ကုန်
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော် ရရှိခဲ့တာကို ကုန်သွယ်မှုစာရင်းတွေမှာ တွေ့ရှိရကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီကနေ သိရပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပိုငွေ ပိုမိုရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကော်မတီဥက္ကဋ္ဌ၊ နစကဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မေလ ၂၃ ရက်နေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေတွေ အချိန်မီပြန်လည်ဝင်ရောက်ရေး၊ စက်သုံးဆီ/ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးမှု အဆင်ပြေချောမွေ့စေရေးနဲ့ CMP လုပ်ငန်းတွေ ပိုမိုတင်ပို့နိုင်ရေးကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မတ် ၂၈ ရက်မှာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုကြောင့် အချိန်တိုအတွင်းမှာ ကုန်သွယ်မှုလုပ်ငန်းတွေ ပုံမှန်အခြေအနေရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း ဆက်ပြောပါတယ်။
ကော်မတီအနေနဲ့ ကုန်သွယ်မှုလျာထားချက်တွေ ပြည့်မီကျော်လွန်အောင်ဆောင် ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ လျင်မြန်ချောမွေ့စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) နဲ့ ရန်ကုန်-ကော့သောင်း-ရနောင်းနဲ့ ရနောင်း-ကော့သောင်း-ရန်ကုန်ကို နယ်စပ်ကုန်သွယ်မှုနည်းလမ်း ကွန်တိန်နာစနစ်နဲ့ တင်ပို့/တင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

image
16 ပတ် - ဘာသာပြန်ပါ။

ငလျင်ဒဏ်ကြောင့် ဖွဲနုဆီစက်ရုံစီမံကိန်း လာမည့်နှစ်ဆန်းပိုင်းမှ ပြီးစီးနိုင်
ရန်ကုန်၊
ငလျင်ဒဏ်ကြောင့် ဖွဲနုဆီစက်ရုံ တည်ဆောက်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပြီး လာမယ့်နှစ်ဆန်းပိုင်းမှပဲ ဖွင့်လှစ်နိုင်ခြေရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေ သိရပါတယ်။
လက်ရှိမှာ အိန္ဒိယအင်ဂျင်နီယာတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး မူလရည်မှန်းထားတဲ့ ကာလထက် ၃ / ၄ လခန့် ပိုမိုကြာမြင့်နိုင်တယ်လို့ MRF တာဝန်ရှိသူက ပြောပါတယ်။
“ကံကောင်းရင်တော့ ဒီဇင်ဘာပေါ့။ နည်းနည်းနောက်ကျမယ်ဆိုရင်တော့ နောက်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ကူးသွားလိမ့်မယ်။ ဒါလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေရဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်”လို့ ဦးရဲမင်းအောင်က အင်တာဗျူးတစ်ခုမှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖွဲနုဆီကြမ်းနဲ့ ဆီချောပါဝင်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်ပြီး နေပြည်တော် ပျဉ်းမနားမြို့နယ်က MAPCO ဆန်စက်ဝန်းမှာ တည်ဆောက်နေတာပါ။
လက်ရှိမှာ ဖွဲနုဆီစက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ သိရပါတယ်။
ဖွဲနုဆီစက်ရုံကနေ တစ်နှစ်ကို ဆီကြမ်းတန်ချိန် ၉၀၀၀ နဲ့ ဆီချောတန်ချိန် ၆၃၀၀၊ စုစုပေါင်း တန်ချိန် ၁၅၃၀၀ ခန့် ထုတ်လုပ်သွားဖို့ ရှိပါတယ်။
နေပြည်တော်မှာ တည်ဆောက်နေတဲ့ ကနဦးစက်ရုံအပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဆီစက်ရုံပေါင်း ၁၀ ရုံ တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။
အဆိုပါ စက်ရုံတွေက ထွက်ရှိလာတဲ့ ဖွဲနုဆီတွေကို ပြည်တွင်းဈေးကွက်မှာ အဓိကဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပြီး ပိုလျှံပါက ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေထံ တင်ပို့သွားမယ်လို့ သိရပါတယ်။

image
16 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်သူ နှင့် ဆောင်ရွက်ပေးသူအား ဥပဒေအရ အရေးယူမည်ဟု မြန်မာသံရုံးထုတ်ပြန်
နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်သူ နှင့် ဆောင်ရွက်ပေးသူအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့ (မေ ၂၃ ရက်)တွင် အသိပေးချက်ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံကူးလက်မှတ်များအား ကိုယ်တိုင်သိရှိ၍ဖြစ်စေ၊ မသမာသူများက ဖျားယောင်း၍ဖြစ်စေ ပြင်ဆင်ထားခြင်း၊ အတုပြုလုပ်ထားခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များတွေ့ရှိပါက တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်များ နှင့် မြန်မာသံရုံးမှသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ထားခြင်း၊ပြင်ဆင်ထားခြင်း ရှိမရှိကို နည်းပညာမြင့်စက်များဖြင့် စိစစ်ဖော်ထုတ် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးပါက ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့်သာထုတ်ပေးနိုင်ကြောင်း၊နိုင်ငံကူးလက်မှတ်ပါ အချက်အလက်များကို ပြောင်းလဲ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းအောင် ပြုလုပ်ခြင်း၊ စာမျက်နှာများအား စုတ်ဖြဲခြင်း၊ မသက်ဆိုင်သူများမှ တံဆိပ်ခေါင်းများကပ်ခြင်း၊ အခြားအမှတ်အသား ဖြည့်စွက်ခြင်းများ မပြုလုပ်ရန်လည်း သံရုံးမှ သတိပေးထားပြီး အဆိုပါကိစ္စရပ်များအားပြုလုပ်ပါက နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ နှင့် ဆောင်ရွက်ပေးသူတို့အား ဥပဒေအရ အရေးယူနိုင်ပြီး နိုင်ငံကူးလက်မှတ်အား ချက်ချင်းပယ်ဖျက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ တိုးတက်မှုမရှိပါက ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ရာထူးမှနုတ်ထွက်နိုင်
ပြည်သူများစောင့်ဆိုင်းနေကြသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို နိုင်ငံရေးပါတီများက သဘောတူညီခြင်းမရှိခဲ့ပါက ရာထူးမှ နုတ်ထွက်မည်ဟူ၍ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်က ထုတ်ဖော်ပြောကြားထားကြောင်း မေ ၂၃ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
အသက်(၈၄)နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ်သည် ၂ဝ၂၄ ခုနှစ် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော လူထုအုံကြွမှုများကြောင့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ် ဆက်လက်ဦးဆောင်ခဲ့ သည်။
သို့ရာတွင် ရွေးကောက်ပွဲမကျင်းပမီ ပြုလုပ်ပေးရမည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၏ သဘောတူညီချက် ရယူရေးအတွက် မိုဟာမက်ယူနွတ်အနေဖြင့် အခက်အခဲကြုံနေရကြောင်း ထိပ်တန်းကျောင်းသားခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားထားသည်။
တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုနိုင်ငံရေးပါတီများအနေဖြင့် သဘောတူညီခြင်းမရှိခဲ့ပါက ကြားဖြတ်အစိုးရခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် မိုဟာမက်ယူနွတ်က ကြံရွယ်ထားကြောင်း သိရသည်။
အဓိက အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီနှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်တို့က ယခုနှစ်ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲများကျင်းပရေးအတွက် ကြားဖြတ်အစိုးရကို တောင်းဆိုထားသည်။
ရိုက်တာ

image