“ ပါပီ... တကယ်တော့ ကံဆိုတာရဲ့ လှည့်စားခြင်းကို
လူတိုင်းခံနေရတယ် ဆိုတာ မင်း သိထားစမ်းပါ ။ အရှုံးကို ရင်ဆိုင်တတ်စမ်းပါ ။ အရှုံးတစ်ခုကို ရင်ဆိုင်ရပြီးတိုင်း ဘယ်တော့မှ ညည်းမနေနဲ့ ။ ရည်မှန်းချက်သစ် တစ်ခုကို ချက်ချင်း ပြန်ရှာပြီး ထပ်ကြိုးစားစမ်းပါ ။
လူ့ဘဝမှာ သေချာတယ်ဆိုတာ ပစ္စုပ္ပုန်မှာပဲ ရှိတယ် ။ ”
ပါပီလွန် နှင့် ဗင်ကို စာအုပ်ကို Henri Charriere က
ပြင်သစ်ဘာသာဖြင့် ရေးသားထားခြင်းဖြစ်သည် ။ မြန်မာပြန်ဆိုသူ ဦးလှဝင်း (လေသူရဲတစ်ဦး) က အင်္ဂလိပ်ဘာသာ မှ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည် ။ ပါပီလွန် အမည်ရ ပြင်သစ်မြေအောက် ဒုစရိုက်လောကတွင် ကျင်လည်ကျက်စားခဲ့သူတစ်ဦး၏ တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်ကို ရေးသားထားသော ဖြစ်ရပ်မှန် စွန့်စားခန်း စာအုပ်လည်း ဖြစ်သည် ။ ၁၉၃၀ ခုနှစ်ဝန်းကျင်ကာလ ပြင်သစ်နိုင်ငံ၏ တရားစီရင်ရေးစနစ် နှင့် အကျဉ်းထောင်လောကအကြောင်း တစ်စေ့တစ်စောင်း တွေ့မြင်ရမည် ဖြစ်သည် ။
ပါပီလွန်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ မြေအောက်လောကသား ဒုစရိုက်သမားတစ်ဦး ဖြစ်သည် ။ သူ မသတ်ခဲ့ရသော လူသတ်မှုအတွက် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံခဲ့ရသူ ဖြစ်သည် ။ ပြင်သစ်နိုင်ငံ၏ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဆိုသည်မှာ အမှန်တကယ် ကျွန်းသို့ ပို့သော ပြစ်ဒဏ်ဖြစ်သည် ။ ပါပီလွန်သည် သူ မတရားကျွန်းဒဏ်ခံရသည့်အတွက် သူ့အမှု၏ မမှန်သက်သေ သူ့ကို ဖမ်းခဲ့သော ရဲနှစ်ဦး နှင့် ဆွဲချ (အစိုးရရှေ့နေ) တို့ကို ကလဲ့စားချေသတ်ဖြတ်နိုင်ရန်အတွက် အယူခံပင် မဝင်တော့ဘဲ တစ်ကျွန်းမှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည် ။
ပါပီလွန်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျသည့်နေ့မှာပင် မာရီအင်တိုနီ နန်းတော် အကျဉ်းထောင်သို့ ပို့လိုက်သည် ။ ထောင်မှ ထွက်ပြေးရန်ကြံစည်သော ပါပီလွန်သည် ထောင်တွင်းစရောက်သည့် အချိန်မှစ၍ ထွက်ပြေးရန်ကြိုးစားတော့သည် ။ ပြီးနောက် ကျွန်းပို့မည့်အကျဉ်းသားများ စုစည်းရာ ဆီးအကျဉ်းထောင်သို့ ပို့လိုက်သည် ။ ထောင်သားများ ပို့ဆောင်သော သင်္ဘောမဆန့်သဖြင့် ပါပီလွန် နှင့် အကျဉ်းသားတချို့ စိန့်မာတင်ထောင် သို့ ရောက်ရပြန်သည် ။ ထို့နောက်တွင်မှ တစ်ကျွန်းသို့ ပင်လယ်ကူး သင်္ဘောကြီးဖြင့် တစ်ကျွန်းသို့ ပို့ဆောင်လိုက်သည် ။ ပါပီလွန်တို့ကို ပို့ဆောင်သော တစ်ကျွန်းမှာ ပြင်သစ်နိုင်ငံမှ သင်္ဘောဖြင့် တစ်ဆယ့်ရှစ်ရက်ကြာအောင်သွားရသော တောင်အမေရိက အရှေ့မြောက်ဖျား မှ ပြင်သစ်ပိုင် ဂီရာနာရှိ ပင်လယ်အတွင်းကျွန်းစုတွင် ဖြစ်သည် ။ ထိုကျွန်းစုတွင် အကျဉ်းသားများကို ခွဲခြားချုပ်နှောင်ထားသည် ။
ထောင်မှ ထွက်ပြေးရန် အမြဲကြိုးစားနေသော ပါပီလွန်သည် ကျွန်းရောက်ပြီး မကြာမီ ထွက်ပြေးရန် ကြိုးစားတော့သည် ။ ပါပီလွန် ဘဝတာတွင် ထောင်၁၄ခု သို့ရောက်ရှိခဲ့ပြီး ထို ရောက်ရှိခဲ့သော ထောင်များတွင် ပြင်သစ် အကျဉ်းထောင်စနစ်၏ ရက်စက်ကြမ်းကြုတ်လှသော ပြန်လမ်းမဲ့ထောင် လူသေထောင် ဟုခေါ်သော
အလုံပိတ် အကျဉ်းထောင်များအထိ ရောက်ရှိခဲ့သည် ။ အကျဉ်းထောင်အတွင်း၌လည်း သေလုနီးပါး ထိခိုက်ဒဏ်ရာများ ရခဲ့သည် ။ ထောင်မှ မကြာခဏ ထွက်ပြေးရန်ကြိုးစားခဲ့ပြီး သူ ကြိုးစားခဲ့သည့်နည်းများတွင်
သာမာန်ထောင်ဖောက်ပြေးခြင်းအပြင် ယမ်းဘီးလူးဖြင့် ထောင်ဖောက်ပြေးခြင်း ပင်လယ်တွင်း တစ်ကျွန်းမှာဖြစ်၍ သာမာန်လှေငယ် ဖောင်များဖြင့် ထွက်ပြေးခြင်းအပြင် စက်လှေဝယ်ယူပြီး ထွက်ပြေးခြင်းအထိ စုံလင်လှသည် ။
ဒုတိယကမ္ဘာစစ်အတွင်း၌ ပါပီလွန်တို့ အကျဉ်းသားတစ်စု ထောင်မှ လှေဖြင့် ထွက်ပြေးရာ အောင်မြင်သွားပြီး တောင်အမေရိကနိုင်ငံ ဖြစ်သော အင်္ဂလိပ်ပိုင် ဂီရာနာနိုင်ငံမြို့တော် ဂျော့တောင်းသို့ ရောက်ရှိသွားသည် ။ ဂျော့တောင်းတွင် ဝမ်းရေးအတွက် အလုပ်လုပ်ခဲ့ရပြီး သူ၏ ရည်မှန်းချက်ဖြစ်သော လက်စားချေရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် ဗင်နီဇွဲလားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည် ။ ဗင်နီဇွဲလားတွင်လည်း ထောင်ဒဏ်ကျခံခဲ့ရသေးသည် ။ သည်တစ်ကြိမ် ထောင်ဒဏ်ကျခံရသည်က ပါပီလွန်အတွက် နောက်ဆုံးအကြိမ် ထောင်ထဲသို့ရောက်ခြင်းပင် ဖြစ်သည် ။
ပါပီလွန်သည် သူ့ဘဝကို ဗင်နီဇွဲလားနိုင်ငံတွင် ကုန်ဆုံးရန်ဆုံးဖြတ်ကာ ဗင်နီဇွဲလားနိုင်ငံသားအဖြစ်ရရှိအောင်ကြိုးစားခဲ့သည် ။ သူ၏ ဒုတိယဘဝကို ရရှိခဲ့သော်လည်း သူ့ရည်မှန်းချက်ဖြစ်သည့် သူ့အားထောင်ထဲရောက်အောင်ထည့်ခဲ့သော သက်သေလိမ် ရဲနှစ်ဦး နှင့် အစိုးရရှေ့နေ ဆွဲချကို လက်စားချေရန် မမေ့ခဲ့ချေ ။ ဗင်နီဇွဲလားနိုင်ငံတွင် ရွှေမိုင်း စိန်တွင်း တို့တွင် အလုပ်လုပ်ခြင်း ဟိုတယ်ပိုင်ရှင် ပုစွန်တင်ပို့ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး အောင်မြင်ခြင်း ဆုံးရှုံးခြင်းများစွာကို တွေ့ကြုံခဲ့သည် ။ ဗင်နီဇွဲလားတွင် ရှိနေစဉ် အပေါင်းအဖော်များကြောင့် ဘဏ်တိုက်တစ်ခုကို ဖောက်ထွင်းရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ ။ ပါပီလွန်၏ဘဝတစ်လျှောက် ခက်ခဲကြမ်းတမ်းခြင်း ပင်ပန်းဆင်းရဲခင်းများစွာ တွေ့ကြုံခဲ့ရသော်လည်း အချစ်၏ ချိုမြိန်သောအသီးအပွင့်ကို ခံစားခဲ့ရသည်များလည်း ရှိခဲ့သည် ။
ကိုလံဘီယာနိုင်ငံ ရိုင်ရိုဟာချီ အကျဉ်းထောင်မှ ထောင်ဖောက်ထွက်ပြေးပြီးနောက် အင်းဒီးယန်းလူရိုင်း နယ်မြေသို့ ရောက်ခဲ့စဉ် လူရိုင်း ညီအစ်မနှစ်ဦးနှင့် ဖူးစာဆုံခဲ့ရသည် ။ ထိုလူရိုင်းမ ကိုယ်ဝန်ရှိစဉ်မှာပင် သူ့ရည်မှန်းချက်ဆောင်ရွက်ရန် ထွက်ခွာခဲ့ရသည် ။ ဂျော့တောင်းမြို့၌ ရှိစဉ်လည်း ဟိန္ဒူမျိုးနွယ် အင်ဒရာနှင့် သံယောဇဉ် ညှိတွယ်ခဲ့ရသည် ။ သူ့၏နောက်ဆုံးဇနီးမှာ ရီတာ ဖြစ်သည် ။
ပါပီလွန်သည် ပြင်သစ်နိုင်ငံသို့ ပြန်ဖို့ကြိုးစားရင်း ပြင်သစ်ရှိသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရသွားသည် ။ ပါပီလွန်သည် သူ၏ရန်သူများကို လက်စားချေရန် ရည်မှန်းချက်ဖြင့် ခက်ခဲကြမ်းတမ်းသောဘဝကို အပင်ပန်းခံလျှောက်လှမ်းရင်း သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် စိတ်ကူးထဲ အမြဲထည့်ထားသည် ။
ဘဝတစ်လျှောက်လုံး အခက်အခဲများ နှင့် အမြဲတစေကြုံတွေ့ပြီး ရှင်သန်ရန် လွတ်မြောက်ရန် မနေမနား ရုန်းကန်လှုပ်ရှားနေရသော ပါပီလွန်သည် သူ ရှင်သန်ရုန်းကန်းရခြင်း၏ ရည်မှန်းချက်ဖြစ်သော ရန်သူကို လက်စားချေနိုင်မလားဆိုတာကိုတော့ စာအုပ်ဖတ်ရင်း အရသာခံစေချင်ပါတယ်။
ကိုဟိန်း
(သန့်ဇော်ဟိန်း)
#ပါပီလွန်နှင့်ဗင်ကို
#ပါပီလွန်နှင့်ဗင်ကို

image
27 w - Translate - Youtube

အားအားယားယား (ဟာသဇာတ်ကား)

27 w - Translate

ဖခင်များစွာနဲ့ ကိုယ်ဝန်ဆောင်ခြင်း (Superfecundation)ဆိုတာ ကြောင်မတစ်ကောင်တည်းက မွေးတဲ့ ကြောင်ကလေးတွေဟာ ဖခင်တစ်ဦးတည်းကနေ မဟုတ်ဘဲ ဖခင်အများအပြားဆီကနေ မွေးဖွားလာနိုင်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ် ဒီဖြစ်စဉ်ဟာ ကြောင်လောကမှာ အထူးအဆန်းတော့ မဟုတ်ပါဘူး
ကြောင်မတွေဟာ သူတို့ရဲ့ အပူလှိင်းကာလ (heat cycle) အတွင်းမှာ မိတ်လိုက်ဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ် ဒီအချိန်အတောအတွင်းမှာ ကြောင်မတစ်ကောင်ဟာ အထီးတစ်ကောင်တည်းနဲ့ မိတ်လိုက်ရုံသာမကဘဲ အထီးအမျိုးမျိုးနဲ့လည်း မိတ်လိုက်နိုင်ပါတယ်
ကြောင်မရဲ့ မျိုးဥအိမ်ကနေ မျိုးဥတွေ အများအပြား ထွက်လာပြီး အဲဒီမျိုးဥတစ်လုံးချင်းစီဟာ မတူညီတဲ့ အထီးတွေဆီက သုတ်ပိုးတွေနဲ့ ပေါင်းစပ်ပြီး သန္ဓေတည်သွားနိုင်ပါတယ် ဒီလိုဖြစ်တဲ့အခါ မတူညီတဲ့ ဖခင်တွေရဲ့ မျိုးရိုးဗီဇတွေ ပေါင်းစပ်သွားတဲ့အတွက် တစ်ကြိမ်တည်းမွေးတဲ့ ကြောင်ကလေးတွေမှာ ဖခင်တွေ ကွဲပြားသွားတာမျိုး ဖြစ်လာပါတယ်
ဒီလို ဖခင်များစွာနဲ့ ကိုယ်ဝန်ဆောင်ခြင်း (Superfecundation) ကြောင့် မွေးလာတဲ့ ကြောင်ကလေးတွေဟာ တစ်ခါတလေကျရင် သူတို့ရဲ့ အရောင်၊ အရွယ်အစား၊ အမွေးပုံစံ စတာတွေမှာ သိသိသာသာ ကွဲပြားခြားနားနေတတ်ပါတယ် ဥပမာ - ကြောင်မတစ်ကောင်တည်းက မွေးပေမဲ့ အမည်းရောင်ဖြစ်တဲ့ကြောင်ကလေး နဲ့ အဖြူအမည်းကျား ကြောင်ကလေး ဆိုပြီးကွဲပြားတာပါ ဒါဟာ သူတို့ရဲ့ ဇီဝဗေဒဆိုင်ရာ ဖခင်တွေ မတူညီကြလိုဘဲဖြစ်ပါတယ်
ဒီလိုဖြစ်စဉ်ဟာသဘာဝအရ အကျိုးကျေးဇူးတွေ ရှိပါတယ် မတူညီတဲ့ ဖခင်တွေဆီက မျိုးရိုးဗီဇတွေ ပေါင်းစပ်ခြင်းအားဖြင့် မွေးလာတဲ့ ကြောင်ကလေးတွေမှာ မျိုးရိုးဗီဇ ကွဲပြားမှု ပိုမိုများပြားစေပါတယ် မျိုးရိုးဗီဇ ကွဲပြားလေလေ ရောဂါဒဏ်ခံနိုင်ရည် ပိုရှိလေဖြစ်ပြီး ပတ်ဝန်းကျင် အပြောင်းအလဲတွေနဲ့လည်း ပိုမိုလိုက်လျောညီထွေဖြစ်အောင် နေနိုင်လေ ဖြစ်ပါတယ်
နောက်ပြီး ကြောင်မတစ်ကောင်ဟာ အထီးတစ်ကောင်တည်းနဲ့ မိတ်လိုက်လို ကိုယ်ဝန်မရခဲ့ရင်တောင် တခြားအထီးတွေနဲ့ မိတ်လိုက်ထားတာကြောင့် ကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများပါတယ် ဒါဟာမျိုးဆက်မပြတ်ဘဲ ဆက်လက်တည်ရှိနေဖို့အတွက် အထောက်အကူပြုပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

image
27 w - Translate

Kung Food (2018)

ဇာတ်လမ်းအကြောင်းလေးကတော့ပေါင်ဟာဆိုရင် အပူပေးပြီးပေါင်းထားတဲ့ပေါင်မုန့်လေးဖြစ်ပြီးတော့ အမြဲတမ်းဟီးရိုးတစ်ယောက်ဖြစ်လာဖို ကမ္ဘာကြီးကိုကယ်တင်ဖိုအတွက်ဆိုပြီးပဲ တွေးနေတဲ့သူဖြစ်ပါတယ် ဒါနဲ့တစ်ရက်မှာတော့သူ့ရဲ့ဆရာဖြစ်သူက အပြင်လောကကြီးကိုစူးစမ်းပြီး မကောင်းတဲ့သူတွေကိုနှိမ်နင်းဖိုအတွက်ဆိုပြီး ပေါင်လေးကိုအပြင်ကိုလွှတ်လိုက်ပါတယ်
ဒီလိုနဲ့စူပါပေါင်လေးဟာပင်လယ်ထဲကိုထွက်မယ့်သင်္ဘောကြီးတစ်စီးပေါ်ကိုလိုက်ပါလာခဲ့တာပေါ့
ဖြစ်ချင်တော့စူပါပေါင်လေးစီးလာတဲ့သင်္ဘောကိုပင်လယ်ဓားပြတွေကဝင်ပြီးတော့တိုက်ခိုက်ပါတော့တယ် အမြဲတမ်းဟီးရိုးတစ်ယောက်
သူရဲကောင်းဖြစ်ချင်နေတဲ့ပေါင်အတွက် လူစွမ်းကောင်းဖြစ်ဖိုအခွင့်အလမ်းရလာတယ်ပြောရမှာပေါ့
ပေါင်မုန့်လေးဖြစ်တဲ့ပေါင်ဟာမကောင်းတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်သွားမလဲ
သူဖြစ်ချင်တဲ့သူရဲကောင်းအဖြစ်ကိုရောက်ရှိနိုင်မှာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကာတွန်းကားကောင်းလေးဖြစ်ပါတယ်

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/353

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

NASA နဲ့ India အာကာသ သုတေသနအဖွဲ့ (India space research organization- ISRO) တို့ပူးပေါင်းထားတဲ့ အဖွဲ့ဟာ ကမ္ဘာမြေကို ကာကွယ်ပေးဖို့အတွက်မကြာခင် အချိန် July 30 ရက်နေ့မှာ Satellite အသစ်တစ်ခုကို လွှတ်တင်တော့မှာဖြစ်ပါတယ်။
ဒီSatellite ကိုတော့ NISAR (NASA - India synthetic apertaure radar )လို့နာမည်ပေးထားပြီး ကမ္ဘာကြီးရဲ့ကုန်းမြေနဲ့ ရေခဲပြင်တွေရဲ့ပြောင်းလဲမှုကို သိပ္ပံပညာရှင်တွေအချိန်နဲ့ အမျှ လေလာနိုင်အောင်ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးမယ့် နည်းပညာမြင့် ခေတ်မီဂြိုလ်တုတစ်လုံးဖြစ်ပါတယ်။
ဒီလိုကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကိုလေ့လာခြင်းနဲ့ သိပ္ပံပညာရှင်တွေဟာ တောမီးလောင်မှု၊ရေခဲတွေအရည်ပျော်နှုန်း နဲ့ တစ်ခြား ရာသီဥတု ဘေးအန္တရာယ် တွေဖြစ်တဲ့ မုန်တိုင်းဒါဏ်၊ မြေငလျင်လှုပ်ပြီးနောက်ပိုင်းနဲ့ မလှုပ်ခင်က ပုံရိပ်တွေကို နှိုင်းယှဉ်ကြည့်ရူနိုင်မှာဖြစ်ပါတယ်။ အခုလို လေ့လာမှုတွေလုပ်ဆောင်နိုင်တာကြောင့် အနာဂတ်မှာ ကြုံရမယ့် သဘာဝဘေးအန္တရာယ် တွေကို တစ်မျိုးတစ်ဖုံလျော့ချနိုင်မှာဖြစ်ပါတယ်။
ဒီဂြိုလ်တုအသစ်ကိုတော့ လာမယ့် July 30 ရက်နေ့မှာ NASA ရဲ့ နာမည်ကျော် ကနေဒီspace center ဒုံးပျံလွှတ်တင်ရေးစခန်းကနေပြီးတော့ အမေရိကန်စံတော်ချိန် ညနေ ၅:၄၀ မှာ လွတ်တင်မှာဖြစ်ပြီးတော့ ကမ္ဘာဂြိုလ်ပတ်လမ်း တစ်ခုဖြစ်တဲ့ GEO ( Geostationary orbit ) ဖြစ်တဲ့ မိုင် ၂၃၀၀၀ အကွာကနေ ကမ္ဘာကို စောင့်ကြည့်နေစေမှာဖြစ်ပါတယ်။
တိုးတက်လာတဲ့ အာကာသလေ့လာရေးနဲ့ ကမ္ဘာဂြိုလ်ကာကွယ်ရေးအစီအစဉ်မှာ နိုင်ငံနှစ်နိုင်ငံရဲ့ Space agency နှစ်ခုက အခုလို ပူးပေါင်းပြီး တစ်ဖက်တလမ်းကနေ လူသားတွေ အကျိူးရှိမယ့် ခေတ်မီရေဒါကိရိယာတွေအဖြစ်အာကာသထဲမှာထားရှိလေ့လာနိုင်အောင် စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။
~MASES / Soe pyae htat

image
27 w - Translate

Tens of thousands of Deadheads are pouring into San Francisco for three days of Dead & Company concerts in honor of the Grateful Dead's 60th anniversary.
https://abcnews.go.com/Enterta....inment/wireStory/gra

image
27 w - Translate

တောင်ငူရေကြီးမှု ဒိုးသောင်တံတား ကျွံကျ၊ ဘီးလင်းမှာလည်း ရေဝင်ရောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေ
ဇူလိုင် ၃၀ - ၂၀၂၅
SS (VOM)
ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း တောင်ငူမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကြား ဆက်သွယ်ထားတဲ့ မြတ်စောညီနောင် ဒိုးသောင်တံတား ကျွံကျသွားသလို မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်း ရေဝင်ရောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေတယ်လို့ ကူညီကယ်ဆယ်ရေး ‌လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
မနေ့ ဇူလိုင် ၂၉ ရက်၊ မနက်အစောပိုင်းက ဒိုးသောင်တံတား ကျွံကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားလမ်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ဒီတံတားက တောင်ငူမြို့ကနေ ဇရပ်ကြီးကိုသွားတဲ့ လမ်းပေါ်မှာ ရှိတာ။ ရေကြီးတော့ တံတားက ဘေးနှစ်ဖက်က‌နေ နိမ့်ဝင်သွားတဲ့ သဘောပေါ့။ လက်ရှိ အခြေအနေအရတော့ သွားလာလို့ လုံးဝ မရတော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးကတော့ ခက်ခဲသွားတာပေါ့။ လတ်တလော သွားရေးလာရေးအတွက် ဆိုရင်တော့ ထန်းတပင် - စစ်တောင်းဘက်ကနေ ပတ်ထွက်မှ အဆင်ပြေမယ်” လို့ ကူညီကယ်ဆယ်ရေး ‌လုပ်ဆောင်ပေးနေသူက ပြောပါတယ်။
တောင်ငူမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောက်ရေခပ်ချောင်းနဲ့ ခပေါင်းချောင်းရေတွေ စစ်တောင်းမြစ်ထဲ စီးဝင်လာတဲ့အတွက် ရေဝင်ရောက်မှု ပိုမို ဆိုးရွားခဲ့ကာ ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် တောင်ငူမြို့က TTC ကျောင်းဟောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားဝင်းအတွင်းနဲ့ ဓမ္မာရုံတွေ အပါအဝင် ရေလွတ်ရာ နေရာတွေမှာ ကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်‌ပေးထားပြီး ပရဟိတ အသင်းအဖွဲ့တွေက ကူညီ ရွှေ့ပြောင်းပေးလျက် ရှိတယ်လို့ သူက ပြောပါတယ်။
“လက်ရှိကတော့ ရေဘေး ဒုက္ခသည်တွေအတွက် သောက်သုံးရေနဲ့ စားစရာတွေ၊ ပြီးတော့ ဖျားနာနေတဲ့ သူတွေလည်း ရှိနေတဲ့အတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ ရွှေဟင်္သာဘုရားက ရေဘေးရှောင်တွေဆို ရေတောင် သောက်စရာမရှိ ဖြစ်နေတယ်။ အဲဒီမှာ ရေဘေးရှောင်ဦးရေ ၃၀၀ ဝန်းကျင်လောက် ရှိတယ်” လို့ သူ‌က ပြောပါတယ်။
လတ်တလော ရေကြီးမှု အခြေအနေကတော့ တောင်ငူမှာ ရေတန့်နေပြီ ဖြစ်တယ်လို့ သိရပြီး ‌သောက်ရေခပ်ဆည်မှာလည်း ရေ ၃ ပေလောက် လျော့ကျသွားပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့က ရေတံခါး နှစ်ချပ် ပိတ်ထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ မနေ့ ဇူလိုင် ၂၉ ရက်၊ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာတာကြောင့် မနေ့ ဇူလိုင် ၂၉ ရက်၊ မနက်ပိုင်းမှစတင်ကာ ကန်သာယာရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက် အပါအဝင် မြစ်ကမ်းနံဘေးက ကျေးရွာ၊ ရပ်ကွက်ပေါင်း ၄၀ ထက်မနည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
“အောက်ပိုင်းက ရပ်ကွက်တွေဆို အိမ်ခေါင်အထိ မြုပ်နေပြီ။ ကယ်ဆယ်ရေးစခန်း ရောက်နေကြပြီ။ အခက်အခဲ ဘာရှိလဲဆိုရင် ရေဘေးသင့် ပြည်သူတွေက လက်လုပ်လက်စား အများစု ဖြစ်တဲ့အတွက် စားစရာနဲ့ ‌သောက်ရေပဲ အရေးပေါ် လိုနေပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရေကြီးမှုကြောင့် လက်ရှိမှာ ရေဘေးသင့်ပြည်သူ သုံးသောင်းဝန်းကျင်အထိ ရှိလာနေပြီဖြစ်ပြီး ဘီးလင်းမြို့က လေသာပရိယတ္တိ စာသင်တိုက်၊ စာသင်ကျောင်း၊ အားကစားရုံ၊ မြို့တော်ခန်းမ‌နဲ့ ရေလွတ်ရာနေရာတွေမှာ ယာယီကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရတယ်လို့ သိရပါတယ်။
ဒါအပြင် မနေ့ ဇူလိုင် ၂၉ ရက်၊ မနက် ၈ နာရီ ၂၅ မိနစ်ဝန်းကျင်မှ စတင်ကာ အဆိုပါ မြို့အတွင်းက တောင်ကလေးကျေးရွာနဲ့ အဝန်းကြီးကျေးရွာကြား၊ ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်နဲ့ ရွှေလှေစံပြကျေးရွာ အဝင်လမ်းတို့မှာ လမ်းရေကျော်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ရန်ကုန် - မော်လမြိုင်ကားလမ်း ရေကျော်မှုအခြေအနေက မစောတံတားအဆင်းနဲ့ ဒေါင်းရပ်ရွာရှေ့ ရေကျော်မှု နှစ်ခုပါ။ ရေကျော်နေပေမယ့် ကားသေး၊ ကားကြီး ဖြတ်သန်းသွားလာလို့ ရပါသေးတယ်။ လမ်းပေါ်မှာ ကားတွေ ပိတ်နေပေမယ့် ဖြည်းဖြည်းချင်းတော့ သွားလို့ရနေတယ်” လို့ ဘိုဘိုဝင်း Rescue အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ရေကျော်နေတဲ့ ရန်ကုန် - မော်လမြိုင် ကားလမ်းမှာ အမျိုးသမီးတယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီး မနေ့ ဇူလိုင် ၂၉ ရက်၊ မွန်းလွဲပိုင်းက ရေစီးနဲ့ မျောပါမှု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး တွဲကား မောင်းနှင်သူတွေက ကူညီ ကယ်ဆယ်ပေးခဲ့တဲ့အတွက် ဆိုင်ကယ်မောင်းသူရော၊ ဆိုင်ကယ်ပါ ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဘီးလင်းမြို့ရဲ့ မြစ်ရေ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ မိုး/ဇလ ဌာနရဲ့ မနေ့ ဇူလိုင် ၂၈ ရက်၊ မနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ဘီးလင်းမြစ်ရေဟာ အဆိုပါမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ဒေသခံ