စောင့်ဆိုင်းရခြင်းသာ

စာမေးပွဲဆိုလျှင်ရင်

ကျန်တော်ဟာ ဂုဏ်ထူးရှင်ပါ

စစ်ပွဲတစ်ပွဲမှာ
လက်နက် ချတယ်ဆိုတာ

ချစ်လို့လည်း ဖြစ်နိုင်တယ်မလား

တချို့လူတွေတောင်

သူတို့ချစ်တဲ့သူတွေ ေပျာ်ဖို့

လက်လွှတ်ပေးခဲ့ကြတယ်လား ။

မဖြစ်နိုင်တော့ဘူးလို့
လက်ခံပြီး အချိန်မှာတော့
ရှေ့ဆက်လည်နေတဲ့
နာရီလက်တံတွေကို
ငါဟာ ရိုက်ချိုးလိုက်တော့တယ်...။ ။

"မင်းဟာ ငါ ဂုဏ်မယူနိုင်ခဲ့တဲ့ ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာခဲ့တယ်။ အဲဒီနေ့ကစပြီး အရာရာ ပြောင်းလဲလာခဲ့တယ်။

ငါ ပိုပြီး ပေါ့ပေါ့ပါးပါး အသက်ရှူနိုင်ခဲ့တယ်၊ မုန်းတီးမှုတွေ လျော့နည်းလာခဲ့တယ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေကို လွတ်လပ်စွာ နှစ်သက်လေးမြတ်ခဲ့တယ်။

မင်းမရှိခင်ကဆို ဘာကိုမှ ငါ တန်ဖိုးမထားခဲ့ဘူး။ မင်းနဲ့အတူ ရှိနေမှပဲ အရာရာကို ပိုပြီး လက်ခံလာခဲ့တယ်၊ နေတတ်လာခဲ့တယ်။

အဲဒါကြောင့်ပဲ ငါ့ရဲ့ချစ်ခြင်းမေတ္တာကို ကျေးဇူးတင်ခြင်းများစွာနဲ့ အမြဲရောနှောထားခဲ့တာ ဖြစ်ပါလိမ့်မယ်။"

အဲလ်ဘတ် ကာမူး မှ မာရီယာ" ထံသို့

မိုးကို ခဏရွာစေချင်တယ်
ဖုန်းကို မင်းခေါ်စေချင်တယ်
ကမ္ဘာကြီးကို ဒီထက်နည်းနည်းပိုအေးစေချင်တယ် ။

တကယ်လို့ပေါ့ ။
တကယ်လို့ပေါ့အချစ်ရယ်
ချစ်ခြင်းမေတ္တာကို မင်းမယုံတော့တဲ့အခါ
ကိုယ့်ဆီကိုသာ ပြန်လာခဲ့ ။

-credit..

16 w - Translate - Youtube

မောင်တို့ယောကျာ်းတွေရယ် (နေတိုး/မိုးဟေကို)

🎆▪️ #ဥပုသ်အပြည့်အဝရလိုပါလျှင် ▪️🎆
………………………………………..
ဥပုသ်စောင့်ဖို့ ရည်ရွယ်ထားသူ
တစ်ယောက်ဟာ ဥပုသ် မယူခင် မှာ
ကြိုတင်ပြီး သနပ်ခါးလိမ်းခြင်း၊မိတ်
ကပ်လူးခြင်း၊ ရေမွှေးဆွတ်ခြင်း၊ပန်း
ပန်ခြင်းမပြုလုပ်သင့်ဘူး၊
ဥပုသ်မယူခင် ပန်းပန်ထားတယ်
ဥပုသ် ယူပြီး တဲ့နောက် အဲဒီ ပန်းကို
ဖြုတ်မပစ်ဘူးဆိုရင်...
“ပန်းပန်ထားသူ”လို့ပဲ ပြောရမှာပါ။
ဥပုသ်မယူခင်ပန်တာ ဘာအပြစ်မှ
မရှိပေမယ့် ဥပုသ်ယူပြီးနောက် ဆက်
ပန်ထားရင်တော့အပြစ်ရှိပါတယ်၊ဥပု
သ်ကျိုးကို ကျိုးပါတယ်။
ခေါင်းပေါ်မှာ ပန်းရှိနေသမျှ ကာလ
ပတ်လုံးပန်းပန်တယ်လို့ ခေါ်ပါတယ်။
သနပ်ခါးလိမ်း၊မိတ်ကပ်လူး၊
ရေမွှေး ဆွတ်တာတွေလည်း နည်းတူ
ပါပဲ။
ဥပုသ်သည်
အဲဒီသနပ်ခါး၊မိတ်ကပ်၊ ရေမွှေး တွေ
အပေါ်သာယာမှု၊နှစ်သက်သဘောကျ
မှု ဖြစ်သွားရရှာပါတယ်။
ဥပုသ်ရဲ့ အနှစ်သာရက
“ကိလေသာ ငြိမ်းအေးခြင်း”ဖြစ်တဲ့အ
တွက် ကိလေသာမငြိမ်းအေးတဲ့ အဲဒီဥ
ပုသ်သည်ဥပုသ်မကျိုးတောင်မှ ဥပုသ်
ညှိုးသွားပါပြီ။
ဆက်လက် ထိန်းသိမ်း
ထားတာဟာဥပုသ်ကြီးနဲ့ အမွှေးနံ့သာ
တွေကိုလက်ခံအသုံးပြု နေရာရောက်
လို့ ဥပုသ်ကျိုးကို ကျိုးပါတယ်။
တချို့က “ဆေးအဖြစ်နဲ့
လိမ်းတာပါ”လို့ အကြောင်း ပြကြပါ
တယ်။အရင်နေ့တွေက. . .အလှအပ
အတွက်လိမ်းလာခဲ့ပြီး၊ဥပုသ်နေ့ကျမှ
“ဆေးအဖြစ်နဲ့” လို့အကြောင်းပြတာ
ကတော့ လှည့်စားရာရောက်ပါတယ်။
ဥပုသ်ရဲ့ အနှစ်သာရကတော့
“ကိလေသာငြိမ်းအေးခြင်း”ပါ။
“ဥပုသ် သီလ၊ ဥပုသ် သီလ” လို့ ပြော
ကြပေမယ့်၊ တကယ်တော့ ဥပုသ် ဟာ
သီလသက်သက် မဟုတ်ပါဘူး“ဘာဝ
နာ” လည်း ပါပါတယ်။
ဥပုသ်သည်တစ်ယောက်ဟာ
ဥပုသ်ယူပြီးတာနဲ့ကိုယ့်စိတ်မှာဘာကိ
လေသာ မှ ဝင်မလာအောင် တားမြစ်
စောင့်ရှောက်ပြီး သတိ၊သမာဓိ၊ဉာဏ်
စတဲ့ သူတော်ကောင်း တရားတွေ တိုး
ပွားနေအောင် ပြုလုပ် အားထုတ်ရပါ
မယ်။တရားနာ၊ တရားအားထုတ်၊ တ
ရားစာအုပ်ဖတ် စသည် အားဖြင့်ပေါ့။
မျက်နှာပြောင်ကြီးဖြစ်နေတာကို
မကြိုက်တာကဒေါသ၊မျက်နှာပြောင်
ကြီး မဖြစ်ဘဲဖွေးဥနေတာကို ကြိုက်
တာက လောဘ၊ကဲ...လော ဘ၊ ဒေါ
သ ဖြစ်နေမှတော့ ဥပုသ်ကျိုးပြီပေါ့။
#credit ``first writer ´´
@@@@@@`¡´@@@@@@
ဆရာတော်အရှင်ဆန္ဒာဓိက
ရွှေပါရမီတောရ

image

တရားပွဲတွေမှာ အလှူခံဖလားတွေချထားတယ်။
တရားလာနာတဲ့ လူတစ်ယောက်ဟာ ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားတယ်ဆိုရင် ဒါဟာ မကောင်းတော့ဘူး။
ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင် ဘုန်းကြီးတို့က တရားကို ရောင်းနေသလိုဖြစ်နေမယ်။
ရောင်းရအောင်ကလည်းကိုယ့်တရားမဟုတ်ဘူး ဘုရားတရား တော်တွေ။
တချို့နေရာတွေ လမ်းကိုပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်။
သဒ္ဓါရှိတဲ့သူက လာလှူတာမျိုး မဟုတ်ဘဲ ကြိုနေစောင့်နေ ပြောဆို အလှူခံနေရင် ဒါတောင်းနေတာနဲ့ အတူတူဘဲ။
ဒါကိုလက်ခံရင်ဘုန်းကြီးတို့သူတောင်းစားဖြစ်သွားမယ်။
ဒါကြောင့်ဘုန်းကြီးတို့ တရားပွဲတွေမှာ စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး။
ဘုန်းကြီးကရောင်းတယ် ရောင်းခိုင်းတယ် ထင်မှာ သိပ်စိုးရိမ်တယ်။
လူတစ်ချို့လုပ်တာပြောပြမယ်။
ဘုန်းကြီး တလောက စင်္ကာပူက အဘိဓမ္မာ သင်တန်းပို့ချဖို့ ပင့်လို့ သွားတယ်။
ဒါကို အလှူခံကြတယ်။
ဘုန်းကြီးကျန်းမာရေး မကောင်းလို့ ဆေးကုဖို့လို့ ပြောပြီး အလှူခံတာ။
သိပ်ဝမ်းနည်းစရာ ကောင်းတယ်။
ဒါယကာ တယောက်က လျှောက်ပြန်တယ် ဘုန်းကြီးကျောင်းဆောက်ဖို့လိုရင် အလှူခံ ဖြတ်ပိုင်းရိုက်ပေးပါ အလှူခံပေးပါ့မယ်တဲ့။
တော်တော်မကောင်းတဲ့ ကိစ္စတွေဘဲ။
ဘုန်းကြီး ငယ်ငယ်တုန်းကတောင် ရဟန်းဒါယကာတွေက လိုတာမှာပါ ပြောလွန်းလို့ နှစ်ခါလောက်ပဲ တောင်းဖူးတယ်။
ဘုန်းကြီးတို့ ဆရာသမား မထေရ်ကြီးတစ်ပါးက သူ့ဒါယကာတွေက ဘာလိုလဲဘုရား မေးတော့ သဒ္ဓါရှိသလောက်ထည့်လှူ ဘာလိုလဲ နောက်မမေးနဲ့လို့ ပြောတာတွေ့ဘူးပါတယ်။
ဘုရားညွှန်ကြားတဲ့ တရားဟောရမဲ့ ဒေသနာစဉ်မှာ ဒါန သီလ နေက္ခမ္မ နတ်ပြည် အကြောင်းတွေ စသဖြင့် ပါပြီးသား တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာ မလိုဘူး။
သဒ္ဓါရှိတဲ့သူက လိုက်ရှာတောင် လှူတယ်။
တရားကို ဟောကြားတဲ့နေရာမှာလည်း ဘုန်းကြီးတို့က ဘုရားညွှန်ကြားချက်အတိုင်း (လာဘ်လာဘ မျှော်တာမျိုးမဟုတ်ဘဲ)
၁။ ဒေသနာ အစဉ်အတိုင်းဟောတယ်။
၂။ အကြောင်းပြ ခိုင်လုံတဲ့တရားဘဲဟောတယ်။
၃။ တရားနာသူတွေအပေါ် မေတ္တာနဲ့ဟောတယ်။
၄။ မသိသေးကြတာ သိကြပါစေဆိုတဲ့စေတနာနဲ့ဟောတယ်။
၅။ ကိုယ့်ဂုဏ်ကိုမြှောက်ပြီး သူများကိုနှိမ်တဲ့တရားမျိုးမဟောဘူး။
ဘုရားက တပည့်သံဃာများကို ဒီလို တရားတွေ ဟောဖို့တိုက်တွန်းတာဘဲ။ ဒါပေမယ့် ဒီအချက်တွေမပြည့်စုံဘဲ ဟောနေတဲ့ အရှင်ဥဒါယီကို(အရှင်သာရိပုတ္တရာ က တွေ့ပြီး လာတိုင်လို့) မြတ်စွာဘုရား တားမြစ်ရှုံ့ချဘူးတယ်။
ဒေါက်တာ
နန်ဒမာလာဘိဝံသ

image
16 w - Translate - Youtube

ထူးအိမ်သင် - တုနှိုင်းမဲ့ရတနာ (Htoo Eain Thin)