Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်သူကထင်ထားမှာလဲ...? ဒန့်ဒလွန်ရွက်က လူတွေအတွက် ဒီလောက်အကျိုးပြုတယ်ဆိုတာ.......။
🌿 ဒန့်ဒလွန်ရွက်ရဲ့ အကျိုးကျေးဇူး ၁၅ ချက်.......
၁။ ✅ မျက်လုံးကို အားကောင်းစေတယ်...။
→ ဒန့်ဒလွန်ရွက်တွင် ဗီတာမင်အေဓာတ် မြင့်မားစွာပါဝင်တာ
ကြောင့် မျက်လုံးကို ကာကွယ်ပေးပြီး သက်ကြီးပိုင်းများ
တွင် ဖြစ်တတ်သော မျက်စိရောဂါများ ဖြစ်ပွားနိုင်ခြေကို
လျှော့ချပေးသည်။
၂။ ✅ ကိုယ်ခံအားမြှင့်တင်ပေးတယ်...။
→ ၎င်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဗီတာမင်စီ
ဓာတ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သန်မာစေသည်။
၃။ ✅ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတယ်...။
→ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရန် လိုအပ်သူများအ
တွက် ရိုးရာဆေးနည်းများတွင် အသုံးပြုလေ့ရှိသည်။
၄။ ✅ ဦးနှောက်နှင့် အာရုံကြောစနစ်ကို အားဖြည့်ပေးတယ်.။
→ ဒန့်ဒလွန်ရွက်ရှိ ဗီတာမင်ဘီအုပ်စုသည် ဦးနှောက်ကို
ကြည်လင်စေရန် ကူညီပေးသည်။
၅။ ✅ အစာခြေစနစ်ကို ကောင်းမွန်စေတယ်...။
→ ဒန့်ဒလွန်ရွက်ရှိ အမျှင်ဓာတ်သည် အစာခြေစနစ်နှင့်
အညစ်အကြေးစွန့်စနစ်ကို လှုံ့ဆော်ပေးသည်။
၆။ ✅ အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျှော့ချပေးတယ်..။
→ ကိုက်ခဲခြင်း သို့မဟုတ် အဆစ်အမြစ်ရောင်ရမ်းခြင်းတို့ကို
သက်သာစေရန် ဒန့်ဒလွန်ရွက်ကို ပြုတ်၍ နွေးနွေးလေး
သောက်သုံးလေ့ရှိသည်။
၇။ ✅ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးတယ်...။
→ ၎င်းသည် အဆီမပါဝင်သော ဟင်းသီးဟင်းရွက်ဖြစ်ပြီး
မကောင်းသောအဆီများ စုပုံခြင်းကို လျှော့ချပေးသည်။
၈။ ✅ ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေတယ်...။
→ အချို့သော ရိုးရာဆေးကျမ်းများတွင် အနားယူရန်အတွက်
စိတ်ကိုပြေလျော့စေဖို့ အိပ်ရာမဝင်ခင် ဒန့်ဒလွန်ရွက်ကို
ပြုတ်၍ သောက်သုံးသည်ဟု ဆိုသည်။
၉။ ✅ သွေ;ဆုံ:ပြီး အမျိုးသမီးများအတွက် ကောင်းမွန်တယ်။
→ ခန္ဓာကိုယ်ရှိ ဟော်မုန်းများကို ချိန်ညှိပေးသည့် ဓာတ်ပစ္စည်း
များ ပါဝင်သည်။
၁၀။ ✅ သွေ:အားကောင်းစေတယ်...။
→ သံဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်က သွေးနီဥဆဲလ်များ
ကို ပိုမိုကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် ကူညီပေးသည်။
၁၁။ ✅ အနာကျက်မြန်စေတယ်...။
→ ၎င်းရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အနာများကို
သဘာဝအတိုင်း ကျက်စေရန် ကူညီပေးသည်။
၁၂။ ✅ သွေးတိုးကို လျှော့ချပေးတယ်...။
→ သွေးကြောများကို ကျယ်စေသည့် အာနိသင်ရှိပြီး သွေး
လည်ပတ်မှုကို ကောင်းမွန်စေသည်။
၁၃။ ✅ ဂေါက်ရောဂါရှိသူများအတွက် ကောင်းမွန်တယ်...။
→ အချို့သူများသည် ယူရစ်အက်ဆစ်ကို လျှော့ချရန်အ
တွက် ဒန့်ဒလွန်ရွက်ကို အစားအစာတွင် ထည့်သွင်းအသုံး
ပြုကြသည်။
၁၄။ ✅ ဘက်တီးရီးယားအချို့ကို တိုက်ဖျက်နိုင်တယ်...။
→ အရွက်စိမ်း သို့မဟုတ် အရည်ညှစ်ထားသော ဒန့်ဒလွန်ရွက်
သည် ဘက်တီးရီးယားအချို့ကို တားဆီးပေးနိုင်ပါသည်။
၁၅။ ✅ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်
→ ၎င်းသည် ထိုင်းရိုးရာဆေးကျမ်းများတွင် ရေပန်းစားသော
အဆိ'ပ်ထုတ်ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည်။
Credit...
ဘာမှ မမျှော်လင့်ထားပါဘူး။ ဒါပေမဲ့......
တစ်ခွက်တည်းနဲ့ ဗိုက်ခေါက်တွေ သိသိသာသာချပ်သွားတယ်။
ကော်ဖီအနက်ထဲ သံပရာရည်ညှစ်ပြီး မနက်တိုင်းသောက်တော့ ခါးတွေ တဖြည်းဖြည်း သေးလာတယ်။
မနက်စာမစားခင် တစ်ခွက်သောက်ပါ။
ဝမ်းသွားရတာ ပိုလွယ်ကူလာပြီး ညှစ်စရာမလိုတော့ဘူး။
ဗိုက်မပွတော့ဘူး၊ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးလာတယ်။
မနက်အိပ်ရာထရင် လန်းဆန်းပြီး ကိုယ်လက်မလေးတော့ဘူး။
ခါးဆိုဒ်အရင်အတိုင်းပဲ၊ ဘောင်းဘီတွေဆို အရင်ကလို မကျပ်တော့ဘူး။
တချို့ရက်တွေမှာ ခေါင်းမကြည်ရင် သောက်လိုက်တာနဲ့ ခေါင်းအရမ်းကြည်သွားတယ်။
ဒါပေမဲ့ (သကြားမပါတဲ့ ကော်ဖီအနက် ဖြစ်ရမယ်။)
သံပရာသီးတစ်ခြမ်းပဲ ထည့်ပါ။ အရမ်းများရင် ဗိုက်အောင့်တတ်တယ်။
ဒါပေမဲ့ ကိုယ်အလေးချိန် ပေါ့ပါး ဝိတ်ကျစေမယ့် လွယ်ကူတဲ့နည်းလမ်းကို ရှာနေသူတွေအတွက် ဒီနည်းလေးက တကယ်စမ်းကြည့်သင့်ပါတယ်။
Credit...
မင်းကွတ်သီးအချိန်ဆိုတော့ အားလုံးသတိထားဆင်ခြင်နိုင်အောင်လို့ပါ
******************
နေ့ခင်းက အမျိုးသားနဲ့ကျွန်မ မင်းကွတ်သီးစားကြတယ် သူက ချောင်းဆိုးနေတော့ သတိမထားမိဘဲ
မိနစ် ၂၀လောက်နေတော့ ပုံထဲက ငုံဆေးလေးငုံလိုက်တယ်
ခဏနေကြ အသက်ရှုကြပ်လာတယ် နှလုံးခုန်မြန်လာတယ် မျက်စိတွေပြာနေပြီ မိန်းမရေတဲ့ပြောရော အာ့နဲ့ကိုယ်လည်း အစားမှားတာ အဆိပ်ဖြေဆေး(အစာဖြေဆေး)သောက်ခိုင်းလိုက်တာ အာ့သောက်ပြီး ခြေဖျားလက်ဖျားတွေအေး ချွေးသီးတွေပြန် လူကလဲတော့မယ်မရတော့ဘူး ဆရာဝန်ခေါ်ပေးပါတဲ့
ဆိုင်မှာဗီနိုင်းထုတ်နေကျဆရာဝန်ကိုဖုန်းဆက်ခေါ်ပေးလိုက်တာပေါ့ ကိုယ်လည်းအခန်းထဲကလေးသိပ်နေတာဆိုတော့ ဆရာဝန်လာလိမ့်မယ်စောင့်နေလို့ပြောလိုက်တာ ဗီနိုင်းစက်နားလေးသတိလစ်နေတာတဲ့
ဆရာဝန်ရောက်လာတော့ သွေးပေါင်ချိန်တွေအရမ်းကျနေတယ် လူကခေါ်မရလို့ အစ်ကိုရေသတိထားအုံးဆိုပြီး ရင်ဘတ်ထုပြီးလှုပ်ရတယ် ပြာပြာသလဲတွေဖြစ်ကုန်ရော ရင်ဘတ်ကိုထုလိုက် လူကိုလှုပ်လိုက်နဲ့ သတိရှိအောင်လုပ်နေပေးရတယ် ဆေးထိုးပါမယ်ဆိုအကြောကရှာမရဘူး အာ့နဲ့အရေးပေါ်အသက်ကယ်ဆေး တင်ပါးကိုထိုးပေးတော့မှ မျက်လုံးဖွင့်လာတယ် အစ်ကိုရေသတိလေးထားနော် သတိလစ်သွားမှာစိုးလို့လို့ပြောရင်း အစာအဆိပ်ဖြေဆေးထိုးပေးနေတာ
လက်ကနေ ဆေး၂လုံးထိုးပြီး အခန်းထဲတွဲထူပေးပြီးတော့မှ ဆလိုင်းချိတ်ပေးလို့ရတယ် ဆလိုင်းချိတ်နေတဲ့ထိ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေလို့ နောက်ထပ်အသက်ကယ်ဆေးထပ်ထိုးပေးရတယ် အဲ့တော့မှ လုံးဝသတိလည်လာပြီး စကားထပြောတော့တယ်
မင်းကွတ်သီးနဲ့ငုံဆေးထဲပါတဲ့ပါဝင်ပစ္စည်းတစ်မျိုးမျိုးနဲ့ဓာတ်မတည့်လို့ ရှော့ခ်ဖြစ်တာတဲ့ နှလုံးခုန်အရမ်းမြန်သွေးပေါင်တွေထိုးကျပြီး ဦးနှောက်ကို သွေးလည်ပတ်မှုမရှိဘဲ သတိပါလစ်သွားခဲ့တာ အသက်ရှုကြပ်အောက်ဆီဂျင်ပါပြတ်သွားသလိုဖြစ်သွားတာ
ဆရာဝန်လည်းလုံးဝကိုပြာယာခတ် ကိုယ်တွေလည်းဂယက်တွေကိုဖြစ်သွားတာ အစားလေးတစ်လုတ်ကြောင့်နဲ့ အစားမတော်တစ်လုတ်ဆိုတာ တကယ်မှန်တာပဲ
ဆရာဝန်သာ စောစောရောက်မလာရင်ဖြစ်ဖြစ် ဆေးခန်းသွားမယ်ဆိုပြီး မီနီအိုးဝေငှားမယ်ဆိုလည်း အချိန်ကနောက်ကျအုံးမှာ ပြန်တွေးတိုင်း ဘယ်လိုကြောက်မှန်းကိုမသိဘူးအခြေနေတွေက ခဏလေးအတွင်းကို