တရု-တ်ဗီယက်နမ်တွေကတော့ ***
၉၆ ပါးဆေးတဲ့ ***
[မုန်လာဥဖြူပေါတဲ့ဒီရာသီချိန်
ဒီနည်းနဲ့ဆေးကြမယ်]
ကျောက်ကပ်ဆေးနည်း
=================
မုန်လာဥဖြူ တစ်လုံးနဲ့
ကျောက်ကပ်အလွယ်ဆေးကြမယ်။
ကျောက်ကပ် ရောင်သည်ဖြစ်စေ
ကျောက်ကပ်ကျောက်တည်သည်ဖြစ်စေ ကျောက်ကပ်ကြောင့် ခါးနာ ခါးကိုက်ခြင်း နှုံးချိ အော့အန်ခြင်းများ အတွက်...
မုန်လာဥဖြူ တစ်လုံးကို သန့်စင်စွာဆေးကြောပြီး
ရေအနည်းထည့်၍ ကြိတ်ချေပါ။
အဖတ်များစစ်ထုတ်ပြီး အရည်ကိုသောက်လိုက်ပါ။၎င်းကြိတ်ရည် ဝမ်းထဲဝင်သွားသည်နှင့်ခါးနာ ခါးကိုက် ယူပစ်သလို ပျောက်ကင်းသက်သာသွားမည်။✅
မုန်လာဥဖြူကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ချင်း ဆေးကြောပေးပါတယ်။
အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် တစ်ပါတ် တစ်ခါ ကြိုတင်ကာကွယ်သော
အားဖြင့် လူတိုင်းမုန်လာဥဖြူကို ဟင်းလျာအဖြစ်
ချက်ပြုတ်စားသုံးခြင့်ဖြင့် ကျောက်ကပ်ကို ဆေးကြောထိန်းသိမ်းသင့်ပါတယ်။
မုန်လာဥ အစိမ်းကို သံပုရာသီးနှင့် နှပ်ပြီး အစိမ်းသုပ်သုပ်စားပါကပို၍ဆေးဘက်ဝင်ပါတယ်။✅
မုန်လာဥဖြူ စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက
ကင်ဆာရောဂါမဖြစ်စေရန် ကာကွယ်ပေးတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်။
ကျောက်ကပ် ကျန်းမာစေတယ်။
သွေးပေါင်ချိန်ကို မှန်စေတယ်။
ဝမ်း မှန်စေတယ်။
ကိုယ်အလေးချိန် ကျစေတယ်။
အသားအရည် စိုပြေလှပစေတယ်။
အရွယ်တင်နုပျိုစေပါတယ်။
အားလုံးပဲကျန်းမာချမ်းသာပျော်ရွှင်ကြပါစေ....
#crd
