Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ဒီနေ့ နေ့လယ် ၁၂ နာရီအထိတော့ အပေါ်ဆုံးကပေါ်နေတဲ့ အလောင်းတလောင်းပဲ ရပါသေးတယ်။ ပါသွားတာက အားလုံး ၁၈ ယောက်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီအရေအတွက်ထက် အကျော်ပဲ ရှိပါတယ်”
#ဖားကန့် #ရေမဆေးကျောက် #မြေစာပုံ
“ဒီနေ့ နေ့လယ် ၁၂ နာရီအထိတော့ အပေါ်ဆုံးကပေါ်နေတဲ့ အလောင်းတလောင်းပဲ ရပါသေးတယ်။ ပါသွားတာက အားလုံး ၁၈ ယောက်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီအရေအတွက်ထက် အကျော်ပဲ ရှိပါတယ်”
#ဖားကန့် #ရေမဆေးကျောက် #မြေစာပုံ
“ဒီနေ့ နေ့လယ် ၁၂ နာရီအထိတော့ အပေါ်ဆုံးကပေါ်နေတဲ့ အလောင်းတလောင်းပဲ ရပါသေးတယ်။ ပါသွားတာက အားလုံး ၁၈ ယောက်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီအရေအတွက်ထက် အကျော်ပဲ ရှိပါတယ်”
#ဖားကန့် #ရေမဆေးကျောက် #မြေစာပုံ

🥒 သခွားသီး၊ ဂျင်း၊ ပူစီနာ၊ သံပရာရည်ကို နေ့တိုင်း သောက်သင့်တဲ့ အကြောင်းရင်းကောင်းများ.........
စဉ်းစားကြည့်ပေါ့နော်....... ရေတစ်ခွက်တည်း သောက်ရုံနဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ်၊ စွမ်းအင်တွေ တိုးစေမယ်၊ အသားအရေကို ကြည်လင်တောက်ပစေမယ်၊ စပီ (Spa) မှာ သောက်ရတဲ့အရသာမျိုး ကောင်းမွန်တဲ့အရသာမျိုး ရရှိမယ်ဆိုတာကို မြင်ယောင်ကြည့်ပါ။
ဒါကတော့ "သခွားသီး၊ ဂျင်း၊ ပူစီနာ၊ သံပရာရည်" ပါပဲ။ ဒါဟာ သင့်ရဲ့နေ့စဉ်ဘဝမှာ အကျင့်အသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အရောင်အသွေးစုံတဲ့ ဒီအချိုရည်တစ်ခွက်က သင့်ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေရုံသာမက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အပြည့်အဝပါဝင်ပြီး အတွင်းပိုင်းကနေ အပြင်ပိုင်းအထိ ကျန်းမာရေးကို ဂရုစိုက်ပေးပါတယ်။
ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ အပြည့်အဝပါဝင်တဲ့ ဒီဖျော်ရည်က လူအများစု မသိသေးတဲ့ လျှို့ဝှက်ကျန်းမာရေး နည်းလမ်းတစ်ခုပါပဲ။ နေ့တိုင်း ဒီလန်းဆန်းစေတဲ့ ဖျော်ရည်ကို ဘာကြောင့် အိမ်မှာ ဆောင်ထားသင့်လဲဆိုတာ သိဖို့ အဆင်သင့်ဖြစ်ပြီလား။ အကြောင်းရင်းကောင်း ၉ ခုကို ကြည့်လိုက်ကြရအောင်......! ✨
ဒီကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုရည်ကို ကိုယ်တိုင်လုပ်ကြည့်ချင်တယ်ဆိုရင်တော့ "ဘာလို့ ဒီနည်းလမ်းကို အခုမှ သိတာလဲ" လို့ ကိုယ့်ကိုယ်ကို မေးရလောက်အောင် လွယ်ကူပါတယ်။ ပါဝင်ပစ္စည်း နည်းနည်းလေးနဲ့ အချိန်အနည်းငယ်သာ သုံးပြီး တစ်နေ့တာလုံး သောက်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေဘူးတစ်ဘူးကို ရရှိနိုင်ပါပြီ။
👉 ပါဝင်ပစ္စည်းများ.........
* သခွားသီး တစ်ခြမ်း (အချပ်ပါးပါးလှီးထားပါ)
* ဂျင်း လက်မဝက် (ခြစ်ထားပါ သို့မဟုတ် နုပ်နုပ်စဉ်းထားပါ)
* ပူဒီနာရွက် လက်တစ်ဆုပ်စာ
* သံပရာသီး တစ်ခြမ်း (အရည်ညှစ်ပါ)
* ရေသန့် ၁-၂ လီတာ
🥣 ပြုလုပ်နည်း.........
* ပါးပါးလှီးထားတဲ့ သခွားသီး၊ နုပ်နုပ်စဉ်းထားတဲ့ ဂျင်း၊
ပူဒီနာရွက်နဲ့ သံပရာရည်တို့ကို ရေဘူးထဲသို့ ထည့်ပါ။
* ရေသန့်ထည့်ပြီး ညင်သာစွာ မွှေပေးပါ။
* ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၁ နာရီထားပါ။
(အရသာ ပိုပြင်းချင်ရင် တစ်ညလုံး စိမ်ထားနိုင်ပါတယ်)။
* တစ်နေ့တာလုံး သောက်သုံးနိုင်ပါတယ်။
(ရေကုန်ရင် ထပ်ဖြည့်နိုင်ပါတယ်။)
📌 အထူးအကြံပြုချက်........-
အရသာအသစ်လိုချင်ရင် လိမ္မော်သီး အချပ်ပါးပါးလေးတွေ ထည့်တာ ဒါမှမဟုတ် နနွင်းမှုန့် နည်းနည်းထည့်တာမျိုး လုပ်ကြည့်နိုင်ပါတယ်။ အရသာလည်းရှိပြီး အကျိုးကျေးဇူးလည်း ပိုများပါတယ်။ ရေဘူးကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားရင် တစ်ပတ်လုံး အလွယ်တကူ သောက်သုံးနိုင်မှာပါ။ 💧😊
နေ့စဉ်မိုးလေဝသသတင်း
===============
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
------------------------------------------------------------------------
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မွန်ပြည်နယ် တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဘီးလင်းမြို့တွင် ၄.၀၉ လက်မ၊ ကျိုက္ခမီမြို့တွင် ၃.၅၉ လက်မ၊ ချောင်းဆုံမြို့တွင် ၃.၁၄ လက်မ၊ မြစ်ကြီးနားမြို့တွင် ၂.၇၂ လက်မ၊ ကျုံပျော်မြို့တွင် ၂.၆၄ လက်မ၊ ထားဝယ်မြို့တွင် ၂.၅၅ လက်မ၊ မြိတ်မြို့နှင့် မော်လမြိုင်မြို့တို့တွင် ၂.၂၀ လက်မစီ၊ သထုံ မြို့တွင် ၂.၀၅ လက်မ၊ ပဲခူးမြို့နှင့် လားရှိုးမြို့တို့တွင် ၁.၇၃ လက်မစီနှင့် မုဒုံမြို့တွင် ၁.၆၅ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဝီဖာ” (WIPHA) သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၂-၇-၂၀၂၅ ရက်နေ့တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း “ဝီဖာ” အဖြစ်သို့ ပြန်လည် အားကောင်းလာနိုင်ကာ၊ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို ဟနွိုင်းမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၄ ပေခန့် ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးထစ်ချုန်း၍ ဒေသအလိုက် မိုးကြီးမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ကြက်တုံးစပ်ကြော်
ကြက်သားတွေကို လိုသလိုတုံးထားပေးပါ
ကြက်သားထဲကို ကြက်သားမူန့် အရသာမူန့် ဆား ဂျင်း ကြက်သွန်ဖြူဓားပြားရိုက်ထားတာ ထည့်နှယ်ပြီး ၁နာရီနှပ်ထားပါ
ငရုပ်ခြောက် ရှောက်ဘီလူးရွက်တွေကို ဆီသပ်ထားပေးပါ
ဂျင်း ကြက်သွန်ဖြူ ငရုပ်ခြောက်တောက်တွေကို ထောင်းထားပေးပါ
ဆီပူပူထဲမှာ နှပ်ထားတဲ့ကြက်သားတွေကို ကျွတ်နေတဲ့ထိ ကြော်ထားပေးထားပါ
ကြက်သားတွေနီရဲ့ ကျွတ်လာရင် ကြက်သွန်ဖြူ ဂျင်း အထောင်းတွေဆီသပ်ပြီး မွှေးလာသည်အထိ ရောကြော်ပေးပါ နောက်ဆုံးမီးပိတ်ပြီး ငရုပ်ခြောက် ရှောက်ဘီလူးတွေကို ထည့်ကြော်ပေးလိုက်ရင် အရသာကောင်းပြီး ထမင်းမြိန်တဲ့ ကြက်တုံးစပ်ကြော်
ရပါပြီးနော်