အရာရာနဲ့အကြောင်းကြောင်းပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘာလုပ်လုပ် အဆင် မပြေတဲ့ တာပေါင်းဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိ တယ်။ မိဘနှစ်ပါးက သူတို့ရဲ့သားဟာ ဘာလုပ်လုပ် ပြဿနာ တစ်ခုမဟုတ် တစ်ခု တက်တာမို့ ဘာမှမခိုင်းရဲ ကြဘူး။ တာပေါင်းကိုယ်တိုင်ကလည်း သူလုပ်ရင် ပြဿနာ တက်တာမို့ စိတ်ညစ်နေရှာတယ်။

“အင်း… ငါကတော့ အလုပ်ကို သေသေချာချာလုပ် တာပဲ။ ဒါပေမဲ့ ပြဿနာက တစ်ခုမဟုတ်တစ်ခု တက်တတ် တော့ ခက်တာပဲ”

သူရဲ့မိဘနှစ်ပါးကလည်းသူတို့ရဲ့သား တာပေါင်းကို ဘာမှမခိုင်းရင် ဘာမှမလုပ်တတ်ဘဲ သူတို့ သေဆုံးသွား တဲ့အခါ ဘာမှမလုပ်စားတတ်ဘဲ ဒုက္ခရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ဖခင်ဖြစ်သူက-

“ဟဲ့… ငါ့သား တာပေါင်း၊ အိမ်မှာ ထင်းတွေ ကုန်နေ တယ်။ တောထဲမှာ ထင်းသွားခုတ်ပါလား"

“ထင်းသွားခုတ်တာက ဟုတ်ပါတယ်။ ကျုပ်တို့အိမ် မှာ ဓားကောင်းကောင်းမှ မရှိတာ”

“အေး... အဲဒါလည်း ဟုတ်တာပဲ။ ဒါဆိုရင် ရွာထဲက ဖိုးကြွက်ဆီက ဓားငှားသွားကွာ”

“ဟုတ်ကဲ့ အဖေ”

တာပေါင်းဟာ ဖိုးကြွက်ထံက ဓားငှားပြီး တောထဲမှာ ထင်းသွားခုတ်တယ်။ လူတစ်နိုင်စာ ထင်းစည်းရတဲ့အခါ တာပေါင်းက ထင်းစည်းကို ထမ်းပြီး ရွာကို ပြန်လာပါတယ်။

“ဟ... ဒီလိုဆိုတော့လည်း ငါ့သားက ဘယ်ဆိုးလို့တုန်း၊ ဩော်... ဒါနဲ့ ရွာထဲက ဖိုးကြွက်ရဲ့ဓားကို ငှားသွား တာ မဟုတ်လား။ ဓားကို ပြန်အပ်ခဲ့ပြီလား”
သူ့အဖေက မေးတော့မှ တာပေါင်းက သတိရသွား တယ်။

“ဟာ.. ဟုတ်ပါရဲ့။ တောထဲက ထင်းခုတ်တဲ့နေရာ မှာ ဓားကျန်ခဲ့ပြီ”

“တာပေါင်းရယ်။ မင်းကတော့ ပြဿနာရှာပြန်ပြီ”

“မနက်ဖြန်လည်း တောထဲကို ထင်းခုတ်သွားဦးမှာ ပဲ။ တွေ့မှာပါ အဖေ”

နောက်တစ်နေ့ တာပေါင်းဟာ တောထဲကို ထင်းခုတ် ဖို့ လာတဲ့အခါ“ဟာ ဒုက္ခပါပဲ။ ငါ့ကို ရွာက လူတွေက ပြဿနာ ကောင်လို့ ခေါ်တာလည်း ခေါ်ချင်စရာပဲ။ အရာရာနဲ့ အကြောင်းကြောင်း ဖြစ်တာက များလှပြီ”တာပေါင်းက ရွာကို စိတ်ပျက်စွာ ပြန်လာခဲ့တယ်။

“မနေ့က တောထဲမှာ မေ့ကျန်ခဲ့တဲ့ဓားကို ရှာမတွေ့ တော့ဘူး”

“ဖိုးကြွက်ကို ဓားဖိုးလျော်ရတော့မှာပဲ”

အဲ့ဒါနဲ့ တာပေါင်းရဲ့ အဖေက စပါးတစ်တင်းကို အိတ် နဲ့ထည့်ယူလာပြီး-
“ကဲ… တာပေါင်း၊ ကို သေသေချာချာ ပြော ပြီး တောင်းပန်လိုက်။ ပြီးတော့ ပျောက်သွားတဲ့ ဓားဖိုးကို စပါးလျော်ပါရစေ၊ ကျေနပ်ပါလို့ပြော”

တာပေါင်းက စပါးအိတ်ကို ထမ်းပြီး ဖိုးကြွက်ရဲ့
အိမ်ကို လာခဲ့တယ်။

“ဟင်...တာပေါင်း၊ မင်း ငှားထားတဲ့ဓားကို ပြန်လာ ပေးလား”

ဖိုးကြွက်က သူ့အိမ်ကို ဝါးလှေကားပေါ်တက်ပြီး ရေနံချေးသုတ်နေရာက လှမ်းမေးတယ်။

“တစ်ရွာတည်း သားတွေပဲ၊ ဘာတွေပေးဖို့ယူလာ ရတာလဲ”

“တောထဲမှာ မေ့ကျန်ခဲ့တဲ့ ခင်ဗျားရဲ့ဓား ပျောက် သွားလို့”

“ဟာ...တာပေါင်း၊ အဲဒီဓားကငါ့အဘိုးက ငါ့ကိုအမွေ ပေးထားခဲ့တာကွ။ တာပေါင်း မင်းကတော့ကွာ”

“အဖေက ခင်ဗျားကို တောင်းပန်ခိုင်းပြီး ဓားလျော် ကြေး စပါးတစ်တင်းပေးခိုင်းလိုက်တယ်”

“ဟင်း... ပျောက်သွားမှတော့ ဘယ်တတ်နိုင်ပါ့မ လဲ။ စပါးအိတ်ကို တင်းကုပ်ထဲက ကွပ်ပျစ်ပေါ်မှာသာ တင်ထားခဲ့ကွာ”

တာပေါင်းက ရေနံချေးသုတ်နေတဲ့ လှေကားနား - က ဖြတ်အလာ ခလုတ်တိုက်မိတဲ့အတွက် လှေကားကို လက်နှစ်ဖက်နဲ့ ဆွဲလိုက်မိတယ်။

“အား… အောင်မယ်လေးဗျာ”

လှေကားကို အောက်က ဆွဲလှန်သလို ဖြစ်သွားပြီး ရေနံချေးသုတ်နေတဲ့ ဖိုးကြွက်ဟာ လှေကားပေါ်က ခြေပစ်လက်ပစ်ပြုတ်ကျသွားတယ်။ အဲဒီအချိန်မှာ သူတို့ နဲ့ မလှမ်းမကမ်းမှာ ကြက်သားပေါက်တွေကို အတောင် နဲ့ အုပ်ဝပ်နေတဲ့ကြက်သားအုပ်မကြီးပေါ်ကို ဖိုးကြွက်က ကျသွားတယ်။

“အောင်မယ်လေးဗျ”

ဖိုးကြွက်က လက်ကျိုးသွားပြီး ကြက်မကြီးနဲ့ ကြက်သားပေါက်ငါးကောင်က သေသွားတယ်။ ဖိုးကြွက် ရဲ့ ခြံထဲကို ဝင်လာတဲ့ ရွာသားတက်ပုရဲ့ အပေါ်ကို လှေ ကားက ကျသွားတာကြောင့် ခေါင်းကွဲသွားတယ်။

“တာပေါင်းပြဿနာကောင်၊အား…ကျွတ်ကျွတ်… နာလိုက်တာဗျာ။ မင်းကြောင့် ဓားပျောက်၊ လက်ကျိုး၊ ကြက်သေ၊ ခေါင်းကွဲဖြစ်ရပြီ။ မင်းကို ရွာလူကြီးဆီပို့ပြီး ဆုံးမခိုင်းရမယ်။ တောက်”

ဖိုးကြွက်ရဲ့စကားကြောင့် တာပေါင်းဟာ ကြောက် လန့်ပြီးခြေဦးတည့်ရာကိုထွက်ပြေးသွားပါတော့တယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

image

တစ်လုတ်စားဖူး သူ့ကျေးဇူး အထူးသိတတ်ပါပုံပြင်

တစ်ခါတုန်းက သာယာတဲ့ တောနက်ကြီး တစ်ခု အတွင်းမှာ အလွန်ကြီးမားတဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါ တယ်။ အဲဒီသစ်ပင်ကြီးပေါ်မှာ ကျီးကန်းလေးတစ်ကောင် နေထိုင်ပါတယ်။ အဲဒီကျီးကန်းလေးက အခြားကျီးကန်း တွေနဲ့ မတူဘဲ စိတ်ကောင်းရှိပါတယ်။

တစ်နေ့တော့ ကျီးကန်းလေးဟာအစာရှာထွက်လာ ရင်း တောတွင်းတစ်နေရာမှာ မကျန်းမမာလို့ ပိန်လှီသေး ကွေးနေတဲ့ မြေခွေးတစ်ကောင်ကို တွေ့သွားလေတယ်။ မြေခွေးဟာ အစာမစားထားတဲ့အတွက် လမ်းလည်း ကောင်းကောင်း မလျှောက်နိုင်ဘူး။ ကျီးကန်းလေးက မြေခွေးကိုကြည့်ပြီး သနားသွားတာမို့ မြေခွေးရဲ့ အနားမှာ နားလိုက်တယ်။

“အဆွေ မြေခွေး၊ သင့်ကို မြင်ရတာ စိတ်မကောင်း ဘူး။ သင် မကျန်းမမာဖြစ်နေတာလား”

“ဟုတ်ပါတယ်၊ ကျွန်ုပ် ဘာမှ မစားမသောက်ရလို့ အားအင်ချည့်နဲ့ နေတာပါ”

“ဒီအတွက် ဘာမှစိတ်မပူပါနဲ့။ ကျွန်ုပ် အစာရှာပြီး သင့်ကို ကျွေးပါ့မယ်”

ဆိုပြီးကျီးကန်းလေးကအစာသွားရှာတယ်။ ကျီးကန်း ကသဲသောင်ပြင်ပေါ်မှာငါးလေးတစ်ကောင်သေနေတာကို တွေ့တော့ ကိုက်ချီလာပြီး မြေခွေးကို ချကျွေးတယ်။

“အဆွေ မြေခွေး၊ အစာ စားကောင်းရဲ့လား”
“ရက်ပေါင်းများစွာ အစာမစားရတော့ သင် ရှာကျွေး တဲ့ ငါးက အစာတောင် မပြေပါဘူး”

အဲဒီအခါ ကျီးကန်းလေးက အစာလိုက်ရှာရင်း သေနေတဲ့ ကြွက်ကြီးတစ်ကောင်ကို မနိုင်မနင်းချီလာပြီး မြေခွေးကို ချကျွေးလေတယ်။ မြေခွေးက ကျီးကန်းလေး ရှာဖွေကျွေးတဲ့ အသေကောင်တွေကို စားပြီး အားအင် အနည်းငယ်ပြည့်ဝလာတယ်။ကျီးကန်းလေးကနေ့တိုင်း ဆိုသလိုမြေခွေးကိုအစာတွေရှာဖွေကျွေးတယ်။ အဲဒီလိုနဲ့ ကျီးကန်းလေးရှာဖွေကျွေးတဲ့ အစာတွေကိုစားပြီး အားအင် ပြည့်ဝလာတဲ့ မြေခွေးဟာ သူရဲ့ မူလယုတ်မာတဲ့ စိတ်က ပေါ်လာတယ်။

“နေ့တိုင်း အသေကောင်တွေချည်းပဲ စားနေရတာ။ အခုနေများ ကျီးကန်းသား လတ်လတ်ဆတ်ဆတ်ကို စားလိုက်ရရင် အားအင်တွေ ပိုပြည့်ဝလာမှာ အမှန်ပဲ”လို့ မရိုးသားတဲ့ စိတ်တွေ ပေါ်လာပြီး...

“မိတ်ဆွေကျီး၊မနေ့က သင် ရှာကျွေးတဲ့ ငါးကို စား ပြီး လည်ချောင်းထဲမှာ ငါးရိုးစူးနေလို့ သင်ရဲ့ နှုတ်သီးနဲ့ ဖယ်ရှားပေးပါလား”

လို့မာယာဆင်ပြီးပြောလေတယ်။ကျီးကန်းလေးက တကယ်ထင်မှတ်ပြီးမြေခွေးအနားကိုတိုးကပ်ကာပါးစပ် ကိုဟခိုင်းတယ်။လည်ချောင်းထဲမှာ ဘာမှ ရှာမတွေ့တော့ ကျီးကန်းလေးက မြေခွေးရဲ့ မရိုးသားတဲ့အကြံအစည်ကိုရိပ်စားမိသွားတယ်။ အဲဒီအချိန်မှာ အကြံသမားမြေခွေး က ကျီးကန်းလေးရဲ့ လည်ပင်းကိုလှမ်းကိုက်လိုက်တယ်။ မြေခွေးရဲ့ လှုပ်ရှားမှုကို သိသွားတဲ့ ကျီးကန်းလေးက ဖျတ်ခနဲရှောင်ပြီး ထပျံလိုက်တယ်။

“ဟဲ့ မြေခွေး၊ သင်ဟာ ဒီတစ်သက် ဘယ်တော့မှ အစာဝတော့မှာ မဟုတ်ဘူး။ ကျေးဇူးမသိတတ်ဘဲ ကျေးဇူးရှင်ကို ပြစ်မှားတဲ့သူပဲ။ သင် ဒုက္ခရောက်နေလည်း သနားစရာ မလိုတော့ဘူး”

လို့ ကျီးကန်းလေးက ပြောပြီး ပျံသန်းလာရင်း တောတွင်းတစ်နေရာရောက်တော့ လဲနေတဲ့ လူ တစ်ယောက်ကို တွေ့သွားတယ်။ တောထဲမှာမျက်စိလည် လမ်းမှားရင်း အစာမစားရလို့ လဲနေမှန်းသိလိုက်တယ်။ ကျီးကန်းလေးက လူသားကို ကြည့်ပြီး သနားမိသွား တယ်။ သူ့ကို အန္တရာယ်မပြုနိုင်ဘူးလို့လည်း ယုံကြည် မိလို့လူသားရဲ့ ပခုံးပေါ်မှာ နားလိုက်ပါတယ်။ လူသားက လူးလွန့်ကာ ထထိုင်လိုက်တယ်။ အဲဒီနောက်ကျီးကန်းက သစ်သီးတွေ ရှာဖွေပြီး လူသားကို ကျွေးတဲ့အခါ ပြန်ပြီး အားအင်ပြည့်ဝလာတယ်။ တစ်နေ့တော့ ကျီးကန်း လေးက အစာရှာရင်း တောထဲမှာ ဓားတွေ၊ လှံတွေနဲ့ လူ အုပ်စုကိုတွေ့တော့ တစာစာအော်ရင်း လူသားရှိရာကို မျှားခေါ်လာတယ်။ လူသားနဲ့ လူအုပ်စုတို့ တွေ့ဆုံသွား လေတယ်။

“ဒီကျီးကန်းလေးက မင်းသားကို အစာရှာကျွေး နေတာပဲ။ယဉ်ပါးတယ်။ မင်းသားလေးရဲ့ ကျေးဇူးရှင်ပဲ”

လို့ လူအုပ်စုကပြောလေတယ်။ ကျီးကန်းလေးက မင်းသားလေးရဲ့ ပခုံးပေါ်မှာ နားလိုက်တဲ့အခါ မင်းသား လေးက ကျီးကန်းလေးကို သူ့ရင်ဘတ်ထဲမှာ ပွေ့ချီ ထားလိုက်ပါတယ်။ ကျီးကန်းလေးဟာ မင်းသားလေး တို့နဲ့အတူရွှေနန်းတော်ကြီးဆီကို လိုက်ပါသွားလေတယ်။ မင်းသားလေးကကျီးကန်းလေးကိုသူ့ရဲ့ ကျေးဇူးရှင်အဖြစ် အသိအမှတ်ပြုကာ ဥယျာဉ်တော်ထဲမှာထားပြီး အစား အစာတွေ ကျွေးမွေးစောင့်ရှောက်ထားပါတော့တယ်။ ကျေးဇူးကန်းတဲ့ မြေခွေးကတော့ အစာမစားရလို့ အားအင်ကုန်ခန်းကာ သေသွားရှာပါတော့တယ်။
#ရွှေသွေးဂျာနယ်

image

လိပ်နှင့် လင်းယုန်ငှက်ပုံပြင်

တစ်ခါသော် လိပ်တစ်ကောင်သည် မြေနှင့်ရေ၌သာ သွားလာနေထိုင် ရခြင်းကို ငြီးငွေ့လာသည်။ ကောင်းကင်မှနေ၍ ကမ္ဘာလောကကြီးကို ကြည့်ရှု လိုသောဆန္ဒ ဖြစ်ပေါ်လာ၏။

ထို့ကြောင့် သူသည် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ ကြေညာချက်တွင် သူ့ကို ကောင်းကင်ထက်သို့ သယ်ဆောင်လျက် ကမ္ဘာ လောကကြီးကို ပြသနိုင်သူအား ဆုအဖြစ် မြေအောက်တစ်နေရာ၌ သိုဝှက်ထား သော ကျောက်မျက်ရတနာများ ပေးအပ်မည်ဖြစ်ကြောင်း ပါရှိသည်။

ဤတွင် လင်းယုန်ငှက်တစ်ကောင် ရောက်ရှိလာသည်။ လိပ်ကို ကောင်းကင်ထက်သို့ သယ်ဆောင်လျက် ကမ္ဘာလောကကြီးကို ပြသ၏။ ထို့နောက် မြေသို့ ပြန်မရောက်မီ လိပ်အား လင်းယုန်ငှက်က သူ့ကို ပေးအပ်မည် ဆိုသော ကျောက်မျက်ရတနာတို့ မည်သည့်အရပ်၌ ထားရှိပါသနည်း ဟူ၍ မေးမြန်းသည်။

လိပ်သည် ကျောက်မျက်ရတနာတို့ ထားရာအရပ်ကို မည်သည့်အခါ ကမျှ မသိချေ။ လင်းယုန်ငှက်၏မေးမြန်းချက်ကို ဖြေဆိုခြင်းမပြုနိုင်။ ထိုအခါလင်းယုန်ငှက်သည် ကတိမတည်သောလိပ်အား သယ်ဆောင်ထားရာမှ မြေပြင် သို့ လွှတ်ချလိုက်လေသည်။ လိပ်သည် ကျောက်တောင်များပေါ်သို့ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေ၍ သေဆုံးသွားလေသတည်း။

#ကမ္ဘာကျော်အီစွတ်ပုံပြင်များ

image

သရဲခြောက်သည့် သရက်ပင်ပုံပြင်

တစ်ခါတုန်းက ရွာသာယာရွာမှာ ဦးလူဝဆိုတဲ့ လယ်သမားကြီးတစ်ဦးရှိတယ်။ သူ့ရဲ့ ယာတောထဲမှာ ဟင်းစားပင်မျိုးစုံ စိုက်ပျိုးထားသလို နှစ်ရှည်စားပင်ဖြစ်တဲ့ သရက် ပင်ကိုလည်း စိုက်ပျိုးထားတယ်။ အဲဒီသရက်ပင်ကို နှစ်အတော်ကြာ ဂရုတစိုက် ပြုစုပျိုး ထောင်လာခဲ့တဲ့အခါ သရက်ပင်ဟာ သရက်သီးသီးတဲ့အချိန်ကို ရောက်လာပြီ ဖြစ်တယ်။ သူ့ရဲ့ သရက်သီးတွေဟာအင်မတန်မှမွှေးကြိုင်ပြီး ချိုမြပါတယ်။ သူဟာသရက်သီးတွေကို ခူးဆွတ်ပြီးမြို့ကိုသွားရောင်းခဲ့ရာ ဈေးကောင်းရတာမို့ အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။ ရွာထဲက လူတချို့ဟာ သူ့ထံက ခွင့်ပြုချက်တောင်းပြီး ခူးဆွတ်စားကြတဲ့သူတွေရှိသလို ခွင့်မတောင်းဘဲခူးယူစားကြတဲ့သူတွေလည်းရှိကြတယ်။သူ့သရက်ပင်ရဲ့အသီးဟာအလွန် ချိုမြပြီးမွှေးကြိုင်တဲ့အကြောင်း သတင်းမွှေးပျံ့နေလေတယ်။ရွာထဲမှကျောင်းသူတစ်သိုက် ဟာ ကျောင်းဆင်းရင် အိမ်ကိုတန်းမပြန်ဘဲ ဦးလူဝရဲ့ ယာတောထဲကနေ အိမ်အပြန်ကို ချောင်းမြောင်းပြီး စောင့်ကြည့်နေကြတယ်။ ဦးလူဝကြီး အိမ်ပြန်ပြီဆိုတာနဲ့ သူတို့ဟာ မျောက်ကလေးတွေပမာ သရက်ပင်ပေါ်တက်ပြီး သရက်သီးတွေကို ခူးစား ကြတယ်။

သူတို့တွေဟာ စိတ်ကျေနပ်အောင် စားသောက်ကြရုံမကဘဲ အကင်းအသီးလေး တွေကိုပါ ဆော့ကစားပြီး ခြွေချသွားကြတယ်။နောက်တစ်နေ့မှာလယ်သမားကြီး သရက် သီးမှည့်တွေခူးဖို့ ယာတောကို ရောက်လာတဲ့အခါမှာတော့ သရက်ပင်အောက်မှာ စားပြီး စွန့်ပစ်ထားတဲ့ သရက်သီးစေ့တွေ၊ ကုန်အောင်မစားဘဲ စွန့်ပစ်ထားတဲ့ သရက်သီးတွေနဲ့ သရက်သီးဖြစ်လာမယ့် အကင်းတွေကို ခြေချထားတာကို မြင်တွေ့ ရတော့ များစွာစိတ်မ ချမ်းသာ ဖြစ်ရတယ်။

“လိုသလောက်မစားဘဲ အခုလို ဖျက်လိုဖျက်ဆီး လုပ်သွားတော့ ငါ့ဝင်ငွေကို ထိခိုက်တာပေါ့”

နောက်တစ်နေ့မှာတော့ လယ်သမားကြီးဟာ တုတ်တစ်ချောင်းကိုကိုင်ပြီး သရက်ပင်အောက်မှာ ထိုင်စောင့်နေလိုက်တယ်။ ညနေစောင်းလို့ ကျောင်းကပြန်လာတဲ့ မိန်းကလေးတစ်သိုက်ဟာ သရက်သီးစားဖို့ ရောက်လာကြတယ်။ တုတ်ကိုင်ပြီးစောင့်နေ တဲ့ ဦးလူဝကိုမြင်တာနဲ့ လှည့်ပြန်သွားကြတယ်။ ဦးလူဝလည်း သူ့သရက်ပင်ကို ဖျက်ဆီး တဲ့သူတွေကို တွေ့မြင်သွားတယ်။

“မိန်းမရေ ငါတို့သစ်ပင်ကို ဖျက်ဆီးနေကြတာ ဒီအတိုင်း လက်ပိုက်ကြည့်နေ လို့ မဖြစ်တော့ဘူး။ ငါလည်း နေ့တိုင်းမိုးချုပ်တဲ့အထိ သရက်ပင်အောက်မှာ ထိုင်မစောင့် နိုင်ဘူး။ အဲဒီတော့ သရက်ပင်ပေါ်မှာသရဲဖြူရှိတယ်ဆိုတဲ့အကြောင်းကို ရွာထဲမှာ သတင်း ဖြန့်လိုက်ရင် သရက်ပင်နားကို ဘယ်သူမှ ကပ်ရဲမှာမဟုတ်တော့ဘူး။ လူတွေယုံသွားအောင် ဝတ်ရုံအဖြူကြီးခြုံပြီး ငါ သစ်ပင်ပေါ်မှာ တစ်ပတ်လောက် မိုးချုပ်တဲ့အထိ နေလိုက်မယ်။ ညကျမှအိမ်ကို ပြန်လာခဲ့မယ်"

ဦးလူဝလည်း သူ့အကြံအတိုင်း မိန်းကလေးတွေရောက်မယ့်အချိန် သစ်ပင် ပေါ်မှာဝတ်ရုံအဖြူကြီးခြုံပြီး ခြေထောက်တွဲလောင်းချကာ ထိုင်နေလိုက်တယ်။ ညနေ စောင်းတော့ ကျောင်းဆင်းလာကြတဲ့ မိန်းကလေးတစ်သိုက်ဟာ သရက်သီးခူးစားဖို့ လယ်သမားကြီးရဲ့ ယာထဲကိုရောက်လာကြတယ်။ ဒါပေမဲ့ လှုပ်လှုပ်ရွရွ ဖြူဖြူသဏ္ဌာန် တစ်ခုကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ အားလုံးလန့်ပြီး ထွက်ပြေးကုန်ကြတယ်။ "သရဲ…သရဲ"

အဲဒီလိုနဲ့ ဦးလူဝရဲ့ သရက်ပင်မှာ သရဲရှိတယ်ဆိုတဲ့အကြောင်း တစ်ရွာလုံးပျံ့နှံ့သွားတယ်။ ဦးလူဝရဲ့ သရက်ပင်အနားကို ဘယ်သူမှမကပ်ရဲကြတော့ဘူး။

နောက်တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က- "ငါတို့ အဖေကပြောတယ်။ သရဲဆိုတာ တကယ်မရှိဘူး။ စိတ်အစွဲအလမ်းတွေ ၁.လို့ပြောတယ်” တစ်ယောက်ကငါလည်း "သရဲကို မကြောက်ပါဘူး" တစ်ဖန်နောက်တစ် ယောက်ကလည်း "အဲဒါဆို ငါတို့ ဒီနေ့ တုတ်တွေယူပြီး သရဲကို မောင်းထုတ်ကြမယ်"

ညနေစောင်းသည်နှင့် မိန်းကလေးတစ်သိုက်သည် တုတ်ကိုယ်စီဖြင့် သရက် ၌ ပင်နားသို့ ချဉ်းကပ်သွားကြလေတယ်။ သစ်ပင်ပေါ်တွင်ထိုင်နေသောဦးလူဝဟာအသံနက်ကြီးဖြင့်အော်ကာ မိန်းကလေးများကိုခြောက်လှန့်ပါတယ်။ မိန်းကလေးတစ်သိုက် သစ်ပင်အောက်ကို ရောက်ခါနီးမှာ မိန်းကလေးများလန့်ပြီး ထွက်ပြေးလိမ့်မယ် အထင် ဖြင့် သစ်ပင်ပေါ်မှ ခုန်ချလိုက်တယ်။ မိန်းကလေးတွေဟာ ရုတ်တရက် လန့်သွားပေမဲ့ ထွက်ပြေးခြင်းမပြုဘဲ အသင့်ယူဆောင်လာတဲ့ တုတ်ကိုယ်စီနဲ့ ရိုက်ကြလေတယ်။ “အောင်မယ်လေး သေပါပြီဗျ”

ဦးလူဝက "တော်ကြပါတော့၊ ငါ သရဲမဟုတ်ပါ ဘူး။ သရက်ပင်ပိုင်ရှင် ဦးလူဝပါ” လို့ ပြောရင်း ဝတ်ရုံကို ချွတ်ချလိုက်မှ အံ့အားသင့်သွားကြတယ်။ မိန်းကလေးများရဲ့ ရိုက်နှက်မှုကြောင့် နဖူးပေါက်သွားပြီး သွေးများယိုစီးနေ သလို ခြေလက်များတွင်လည်း ဒဏ်ရာများ ရရှိသွားတယ်။

မိန်းကလေးများက ဦးလူဝကိုကြည့်ကာ များစွာစိတ်မကောင်းဖြစ်သွား ကြတယ်။ ဦးလူဝက -

“မင်းတို့တွေက သရက်သီးတွေကို လိုသလောက်မစားဘဲနဲ့ နေ့စဉ်နဲ့အမျှ ဖျက်လိုဖျက်ဆီးလုပ်ခဲ့တော့ ငါ့မှာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ငါတို့က စိုက်ပျိုးရေးအလုပ်နဲ့ ဝမ်းကျောင်းနေရတာဆိုတော့ ငါတို့ ဝင်ငွေထိခိုက်တာပေါ့။ သရက်ပင်မှာ သရဲရှိတယ်လို့ဆိုလိုက်ရင် ဘယ်သူမှလာရဲကြမှာ မဟုတ်ဘူးဆိုပြီး ကြံမိကြံရာ ကြံ လိုက်တာပါ” ဟု ပြောလေတယ်။

မိန်းကလေးများ စိတ်မကောင်းဖြစ်သွားပြီး "ဦး သမီးတို့ကို ခွင့်လွှတ်ပါ၊ တောင်းပန်ပါတယ်။ နောင်ကို ဘယ်တော့မှ အခုလို သူတစ်ပါးပစ္စည်းကို ခွင့်မတောင်း ဘဲ မစားတော့ပါဘူး။ ဘယ်တော့မှလည်း ဖျက်လိုဖျက်ဆီး မလုပ်တော့ပါဘူး။ သမီးတို့ ကို ခွင့်လွှတ်ပါ”

မိန်းကလေးတွေဟာ ဦးလူဝကို ဆေးခန်းကို ခေါ်သွားကြတယ်။ အဲဒီအချိန် ကစလို့မိန်းကလေးတွေဟာကျောင်းအားရက်များမှာ ဦးလူဝရဲ့ စိုက်ခင်းသို့လာရောက် ပြီး လုပ်အားပေးကြတယ်။ ဦးလူဝကလည်း လုပ်အားခအဖြစ်သူတို့ကြိုက်နှစ်သက်တဲ့ သရက်သီးတွေကို ပြန်ပေးလိုက်သတဲ့ကွယ်။ ။

#ရွှေသွေးဂျာနယ်

image

#starrynightbigbag

ဘာလိုနေသေးလဲ ~ ရေမွန်

#Bigbag #အဆင်မပြေသောချာတိတ်များ

#နယ်ကျွံခြင်း #BigBag

“အရှေ့ဘက်မှလာသော လေပွေလှိုင်းများကြောင့် လည်းကောင်း၊ အနောက်တောင် မုတ်သုံလေ အားကောင်းနေသည့်အတွက်ကြောင့် လည်းကောင်း ယနေ့မှစ၍ (၁၄-၀၇-၂၀၂၅) ရက်နေ့အထိ တစ်ပြည်လုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးသည်းထန်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် တစ်ခါတစ်ရံ မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ”

#ရေမွန် #idiots