Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မနီလာမြို့တော်တွင် ရေကြီးမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်နှင့်အနီးတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း သောင်းချီရွှေ့ပြောင်းခံခဲ့ရကာ လူနှစ်ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများကဇူလိုင် ၂၂ ရက်တွင် ပြောသည်။
မနီလာနှင့်အနီးရှိခရိုင်များတွင် ကျောင်းများနှင့် အစိုးရရုံးများ ပိတ်ထားရပြီး ညလုံးပေါက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မာရီကီနာမြစ်ရေလျှံခဲ့သည်။ မြစ်ကမ်းဘေးတွင် နေထိုင်ကြသည့် လူဦးရေ ၂၃ဝဝဝ ကျော်ကို ညအတွင်းမှာပင်ကျောင်းများ၊ ကျေးရွာအဆောက်အအုံများနှင့် အကာအရံရှိသည့် နေရာများသို့ရွှေ့ပြောင်းပေးခဲ့ရသည်။
ကေဇွန်နှင့် ကာလူကန်မြို့များတွင်လူဦးရေ ၂၅ဝဝဝ ကို အခြားနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ရွှေ့ပြောင်းရသူအများစုသည် မြစ်ထဲစီးဝင်သည့်ချောင်းဘေးရှိမြေနိမ့်ဒေသတွင် နေထိုင်သူများဖြစ်သည်ဟု ကယ်ဆယ်ရေးသမားများကပြောသည်။
မြစ်ရေသည် အမြင့် ၁၈ မီတာအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ ကာလူကန်မြို့တွင် သက်ကြီးအမျိုးသမီးတစ်ဦးနှင့် ၎င်း၏ယာဉ်မောင်းသည် တံတားတစ်ခုကိုဖြတ်ကူးရန် ကြိုးစားနေစဉ် ရေမျောပါ ပျောက်ဆုံးသွားခဲ့သည်ဟု အရေးပေါ်လုပ်ငန်းဌာနက ပြောသည်။ မော်တော်ယာဉ်ကိုယမန်နေ့ညက ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသော်လည်း နှစ်ဦးစလုံးကို ရှာမတွေ့သေးပေ။
မိုးသည်းထန်မှုကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းတွင်လည်း လူသုံးဦးသေဆုံးပြီး ခုနစ်ဦးပျောက်ဆုံးနေသည်ဟု အမျိုးသား ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့က ပြောသည်။ ဖိလစ်ပိုင်နိုင်ငံသို့ နှစ်စဉ် မုန်တိုင်းနှင့်ဆိုင်ကလုန်း အနည်းဆုံး ၂၀ ကြိမ်ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။
ဘီဘီစီ
UNESCO မှ အမေရိကန်နုတ်ထွက်ရန် ထရမ့်ဆုံးဖြတ်
UNESCOသည် အမေရိကန်၏ အကျိုးစီးပွားများနှင့် မကိုက်ညီသော အစီအစဉ်များကို ထောက်ခံနေခြင်းကြောင့် UNESCO မှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်ရန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော် ဒုတိယပြန်ကြားရေးအတွင်းဝန် အန်နာ ကယ်လီက ပြောသည်။
ကယ်လီက "သမ္မတ ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုကို UNESCO ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဘာလို့လဲဆိုတော့ UNESCO က နိုးကြားလာမှု၊ ကွဲပြားမှုတွေရှိတဲ့ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေကို ထောက်ခံနေတာက နိုဝင်ဘာလမှာ အမေရိကန်တွေ မဲပေးခဲ့တဲ့ မူဝါဒတွေနဲ့ လုံးဝကို ဆန့်ကျင်နေလို့ပါပဲ" ဟု New York Post သို့ မှတ်ချက်ပြုပြောကြားခဲ့သည်။
"နိုင်ငံ၏ နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်မှုအားလုံးသည် ကျွန်ုပ်တို့၏ အမျိုးသားအကျိုးစီးပွားများနှင့် ကိုက်ညီမှုရှိစေရန်"ထရမ့်အစိုးရအဖွဲ့က အာရုံစိုက်ခဲ့ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ UNESCO သည် ၎င်း၏ အမှုဆောင်ဘုတ်အဖွဲ့ကို အသုံးပြု၍ "အစ္စရေးဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေးလုပ်ရပ်များ" ကို မြှင့်တင်ခဲ့ကြောင်း၊ ၎င်းတွင် "ဂျူးဘာသာဝင်တို့၏ ဘုရားဖူးရာနေရာများကို 'ပါလက်စတိုင်း ကမ္ဘာ့အမွေအနှစ်' နေရာများအဖြစ် သတ်မှတ်ခြင်း" များ ပါဝင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
သူမသည် အဆိုပါအဖွဲ့အစည်းအား တရုတ်လိုလားသော အမြင်များရှိကြောင်း စွပ်စွဲခဲ့ပြီး UNESCO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Xing Qu သည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ၎င်းမှာ "တရုတ်နိုင်ငံသည် UNESCO အပေါ် ၎င်း၏သြဇာအာဏာကို အသုံးပြု၍ ဘေဂျင်း၏အကျိုးစီးပွားအတွက် အထောက်အကူပြုသော ကမ္ဘာလုံးဆိုင်ရာစံနှုန်းများကို မြှင့်တင်ခဲ့သည်" ဟု သူမက ယုံကြည်ကြောင်းဆိုသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ထရမ့်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) နှင့် ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကယ်ဆယ်ရေးနှင့် လုပ်ငန်းများအေဂျင်စီ (UNRWA) တို့မှ အမေရိကန်ကို နုတ်ထွက်ရန်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်ခေါင်းဆောင်သည် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များကို ဝေဖန်ခဲ့ပြီး အဆိုပါအဖွဲ့အစည်းသည် အစဥ်အလာရှိသော်လည်း ကြီးမားသောကိစ္စများကို အကောင်အထည်မဖော်နိုင်ခဲ့သည်မှာ ကြာလှပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် UNESCO မှ နုတ်ထွက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။ အလွန်အမင်း နိုင်ငံရေးအရ အသုံးချခံရခြင်းနှင့် ရန်ပုံငွေများကို စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကို ကိုးကား၍ ၁၉၈၄ ခုနှစ်တွင် သမ္မတ ရော်နယ် ရေဂင်၏ အစိုးရအဖွဲ့က နုတ်ထွက်ခဲ့သည်။
ထို့နောက် အမေရိကန်သည် UNESCO နှင့် ၂၀၀၃ ခုနှစ်တွင် ပြန်လည်ပူးပေါင်းခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်သည် UNESCO ၏ ကြွေးမြီတိုးလာခြင်း၊ များစွာသော ပြုပြင်ပြောင်းလဲမှုများ လိုအပ်ခြင်းနှင့် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုများ ဆက်လက်ရှိနေခြင်းတို့ကို စိုးရိမ်ကြောင်း ဖော်ပြကာ ထပ်မံနုတ်ထွက်ခဲ့ပြန်သည်။
အမေရိကန်ပြည်ထောင်စုသည် ၂၀၂၃ ခုနှစ်တွင် အဆိုပါအဖွဲ့အစည်းသို့ ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
📣 သင့်ခွေလေးတွေ အမွေးကျွတ်သက်သာအောင်အတတ်နိုင်ဆုံး ဘယ်လိုမျိုးလုပ်ပေးလို့ရလဲ။
ကာကွယ်ဖို့ဆိုရင်ဖြစ်ရတဲ့ အကြောင်းအရင်းကိုသိဖို့လိုပါတယ်။
📌 ခွေးလေးတွေအမွှေးကျွတ်ရတာဟာအကြောင်းရင်းအမျိုးမျိုးရှိပါတယ်။
➡️ ရာသီအလိုက်ကျွတ်တာ၊
➡️ မျိုးရိုးကြောင့်ကျွတ်တာ၊
➡️ ကျန်းမာရေးကြောင့်ကျွတ်တာ။
ဘယ်လိုမျိုးဖြေရှင်းကြမလဲ❓
✅ တစ်ပတ်လျှင် ၃-၄ ကြိမ် အမွှေးများကို ပုံမှန်ဖြီးပေးပါ။
✅ ၄-၈ ပတ်တစ်ကြိမ် သူတို့အတွက် သီးသန့်ထုတ်ဆပ်ပြာဖြင့် ရေချိုးသန့်စင်ပေးပါ။
✅ Omega-3 & Omega-6 ကြွယ်ဝသော အစားအစာများကို အာဟာရပြည့်ဝအောင် ကျွေးပါ။ အသားဓာတ်များသောအစာများ ရွေးချယ်ကျွေးမွေးပါ။
✅ ရေသန့်သန့်ကို များများတိုက်ပါ။ သူတို့ရဲ့ နေရာထိုင်ခင်းတွေကို သန့်ရှင်းစွာထားပေးပါ။ ဆ
✅ တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် ပုံမှန်ပြသပြီး သန်း၊ ဟော်မုန်းမညီမျှခြင်း၊ အရေပြားရောဂါများ ရှိမရှိ စစ်ဆေးပါ။
🔺ပုံမှန်အမွှေးကျွတ်ခြင်းကို အထက်ပါအကြံပြုချက်များနဲ့ ထိန်းသိမ်းနိုင်ပေမယ့်
ပုံမှန်မဟုတ်ဘဲ ရုတ်တရက် အစုအပြုံလိုက်အမွှေးကျွတ်ခြင်း၊ အရေးပြား နီမြန်းရောင်ရမ်းပြီးအမွှေးကျွတ်ခြင်း၊ အသားအရေများခြောက်သွေ့ပြီးအမွှေးကျွတ်ခြင်းတို့ကဲ့သို့ ပုံမှန်မဟုတ်ပါက တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်ပါ။
မီးပူတိုက်ရာမှာ ဒီလိုပြဿနာမျိုး ကြုံနေရလား ‼️
မီးပူမှာပေနေတဲ့ အပူလောင်ကွက်တွေကို သန့်ရှင်းရေးလုပ်နည်း
မီးပူတွေကိုကြာကြာသုံးလာတဲ့အခါ အပူလောင်ကွက်တွေဖြစ်လာပြီး တိုက်ရတာမချောမွေ့တော့ဘဲ တစ်ခါတလေဆို အဝတ်အစားတွေမှာပါ ကပ်ကုန်တတ်ပါတယ်။
ဒါဆိုရင် ဒီနည်းလမ်းလေးတွေကို စမ်းကြည့်ပါဦးနော်....။
✅ သွားတိုက်ဆေးကို အသုံးပြုခြင်း
လူကြီးသုံး သွားတိုက်ဆေးကိုယူပြီး ပေနေတဲ့နေရာမှာ သုတ်လိမ်းထားပါ။ ပြီးရင် မီးပူကိုဖွင့်ပြီး သွားတိုက်ဆေးကို ပူလာအောင်ထားပါ။ သွားတိုက်ဆေး စပြီးပူလာတာနဲ့ မီးပူကိုပိတ်ပြီး မီးပူအောက်ခံပြား အေးသွားတဲ့အထိ စောင့်ပါ။ အဲဒီနောက် ရေဆွတ်ပြီးညှစ်ထားတဲ့ အဝတ်စတစ်ခုနဲ့ အပူလောင်ကွက်အားလုံးကို သုတ်ပေးပါ။
✅
မုန့်ဖုတ်ဆိုဒါကို ရေနဲ့ ၂:၁ အချိုးရောပြီး ပျစ်ခဲအောင်မွှေပါ။ ပြီးရင် မီးပူအောက်ခံပြားပေါ် သုတ်လိမ်းပြီး ရေဆွတ်ညှစ်ထားတဲ့အဝတ်တစ်ခုနဲ့ အပူလောင်ကွက်တွေပြောင်သွားတဲ့အထိ ပွတ်တိုက်ပေးပါ။
သင့်အတွက် အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်စမ်းသပ်ကြည့်ပါ။ သင့်မီးပူက အရင်လိုပဲ ချောချောမွေ့မွေ့ ပြန်တိုက်လို့ရသွားပါလိမ့်မယ်။
👉 ပြောင်းဖူးကြော်နည်း လက်ဆောင်ပေးမယ် 🌽🎉😘
အပြင်က ကြွပ်ကြွပ်ရွရွ၊ အတွင်းသားက နူးညံ့ပြီး ပြောင်းဖူးနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ အချဉ်ရည်လေးနဲ့အတူ မိသားစုတစ်စုလုံး စားလို့ကောင်းမှာပါ။
အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ........
* အုန်းသကြား - ၃၀၀ ဂရမ်
* ရေ - ၃၀၀ မီလီလီတာ
* ဆား (အမှုန့်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ငရုတ်သီးနီ (အစပ်) ကြမ်းကြမ်းထောင်းထားတာ
- စားပွဲတင်ဇွန်း ၁/၂ ဇွန်း
* မန်ကျည်းမှည့် အနှစ်ရည် (ပျစ်ပျစ်ညှစ်ထားတာ)
- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
* မြေပဲလှော် (ကြမ်းကြမ်းထောင်းထားတာ)
- နှစ်သက်သလောက်
* နံနံပင် - အလှဆင်ရန်
ပြောင်းဖူးကြော်အတွက် ပါဝင်ပစ္စည်းများ........
* ပြောင်းဖူးစိမ်း - ၄-၅ ဖူး
* ဆန်မှုန့် - ၁၀၀ ဂရမ်
* ဂျုံမှုန့် - ၂၅၀ ဂရမ်
* ဆား (အမှုန့်) - စားပွဲတင်ဇွန်း ၁/၂ ဇွန်း
* ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ရေ - ၅၀၀ ဂရမ်
ပြုလုပ်နည်း.........
၁။ ပြောင်းဖူးစိမ်းများကို အချပ်လိုက် လှီးဖြတ်ပြင်ဆင်ထားပါ။
၂။ ဇလုံတစ်လုံးထဲတွင် ဂျုံမှုန့်နှင့် ပါဝင်ပစ္စည်းများအားလုံးကို ရောထည့်ပြီး ရေကို တဖြည်းဖြည်းချင်း ထည့်ပေးပါ။ (တစ်ခါတည်း အကုန်မထည့်ပါနှင့်) လက်မွှေတံဖြင့် နို့ဆီလို ပျစ်ပျစ်လေး (မပျစ်လွန်း၊ မကျဲလွန်း) ဖြစ်လာသည်အထိ မွှေပေးပါ။
၃။ ပြောင်းဖူးများကို ပန်းကန်လုံးတစ်လုံးထဲသို့ ခွဲထည့်ပြီး အမှတ် (၂) က ဂျုံရည်ကို မများလွန်းစေဘဲ ပြောင်းဖူးများနှင့် သမအောင် ရောနယ်ပေးပါ။
၎။ ကြော်ရန်အတွက် ဆီကို ဒယ်အိုးထဲထည့်၍ မီးအလယ်အလတ်ဖြင့် အပူပေးပါ။ ဆီပူလာလျှင် ပြောင်းဖူးဂျုံရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့်စီ ခပ်ယူ၍ တစ်ခုနှင့်တစ်ခု မကပ်စေရန် ခပ်ခွာခွာထည့်ကာ ကြော်ပေးပါ။
၅။ ဂျုံရည်များ မာလာပြီး ဝါဖန့်ဖန့်အရောင်ရလာသည်အထိ မီးအလယ်အလတ်ဖြင့် ကြော်ပါ။ ထို့နောက် နောက်တစ်ဖက်လှန်ကာ ရွှေဝါရောင်သန်းပြီး ကြွပ်လာသည်အထိ ဆက်ကြော်ပါ။ ရွှေဝါရောင်သန်းပြီး ကြွပ်လာလျှင် ဆယ်ယူကာ ဆီစစ်ထားပါ။
၆။ အချဉ်ရည်ပြုလုပ်ရန် ရေ၊ အုန်းသကြားနှင့် ဆားတို့ကို အိုးထဲထည့်ပြီး မီးအလယ်အလတ်ဖြင့် အားလုံး ပျော်ဝင်သည်အထိ ကြိုပါ။ ဆူပွက်ပြီး အမြှုပ်ကြမ်းများထလာလျှင် မန်ကျည်းမှည့်အနှစ်နှင့် ထောင်းထားသော ငရုတ်သီးထည့်ပါ။ နောက်တစ်ကြိမ် ဆူပွက်လာလျှင် မီးပိတ်ပြီး အအေးခံထားပါ။ (အေးသွားလျှင် အချဉ်ရည် ပိုပျစ်လာမည်)။ ပန်းကန်လုံးထဲ ထည့်ကာ မြေပဲလှော်အကြမ်းများနှင့် နံနံပင်ဖြူး၍ တည်ခင်းပါ။
အကြံပြုချက်များ........
* ဂျုံရည်ဖျော်သည့်အခါ ရေကို တဖြည်းဖြည်းချင်း ထည့်ပါ။
တစ်ခါတည်း အကုန်မထည့်ပါနှင့်။ ဂျုံရည်သည် နို့ဆီလို
ပျစ်ပျစ်လေး (မပျစ်လွန်း၊ မကျဲလွန်း) ဖြစ်နေရပါမည်။
* မီးအလယ်အလတ်ဖြင့် ရွှေဝါရောင်သန်းပြီး ကြွပ်လာ
သည်အထိ ကြော်ပါ။
* အချဉ်ရည်နှင့်အတူ ပူပူနွေးနွေး သုံးဆောင်ပါ။