Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွဲကောပင်စိုက်ပျိုးနည်း 🌳🍀
၁။ စိုက်ပျိုးချိန်နှင့် ရာသီဥတု
ကျွဲကောပင်ကို မိုးဦးကျဖြစ်တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ စိုက်ပျိုးတာ အသင့်တော်ဆုံးပါပဲ။
ပူအိုက်စွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။
၂။ မြေအမျိုးအစား
နှုန်းမြေလိုမျိုး ရေစီးဆင်းမှုကောင်းတဲ့ မြေကို ကြိုက်ပါတယ်။
၃။ မျိုးရွေးချယ်ခြင်း
အစေ့ကနေ စိုက်ပျိုးနိုင်သလို ကိုင်းကူးနည်းနဲ့လည်း စိုက်လို့ရပါတယ်။
ကိုင်းကူးနည်းက အချိန်ကုန်သက်သာပြီး ပိုမိုမြန်မြန်အသီးသီးပါတယ်။ အပင်ကြီးထွားနှုန်းလည်း ပိုကောင်းပါတယ်။ အစေ့က စိုက်ရင်တော့ ၅ နှစ်လောက်မှ အသီးသီးပြီး ကိုင်းကူးရင်တော့ ၃ နှစ်လောက်နဲ့တင် အသီးသီးနိုင်ပါတယ်။
၄။ စိုက်ပျိုးပုံ
အပင်တစ်ပင်နဲ့တစ်ပင်ကို အနည်းဆုံး ပေ ၂၀ ခန့် ခြားပြီး စိုက်သင့်ပါတယ်။
တစ်ဧကကို ကျွဲကောပင် အပင် ၁၀၀ လောက် စိုက်ပျိုးနိုင်ပါတယ်။
အသီးသီးချိန်နှင့် ရိတ်သိမ်းချိန်
ကျွဲကောပင်ဟာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ ပန်းပွင့်ပါတယ်။
ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ အသီးကို ခူးဆွတ်နိုင်ပြီး ရိတ်သိမ်းချိန်က ၂ လလောက် ကြာပါတယ်။
ကျွဲကောပင်ဟာ နှစ်ရှည်သီးနှံဖြစ်ပြီး နှစ် ၃၀ လောက်အထိ အသီးသီးနိုင်တာကြောင့် ရေရှည်အတွက် စိုက်ပျိုးဖို့ကောင်းတဲ့ အပင်တစ်မျိုးပါပဲ။
#ပဲခေါက်ဆွဲ ♡
Black Bean Noodles
❀ ❀ ❀ ❀ ❀ ❀
ကိုးရီးယားပဲခေါက်ဆွဲကိုကိုးရီးယားကားတွေထဲစားနေတာဘဲမြင်ဖူးတာမို့အရသာသစ်တခုကိုမြည်းစမ်းကြည့်ချင်လို့ချက်စားဖြစ်ခဲ့တာလေးပါ။ချက်နည်းမေးလာတဲ့သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာတမျိုးနဲ့စွဲမက်ဖွယ်ပဲခေါက်ဆွဲကိုချက်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း(၄ပွဲစာ)
*********
ဂျုံခေါက်ဆွဲ - တစည်း
ကြက်သား- ၃၀၀ ဂရမ်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့်- အနည်းငယ်
ပဲငပိအမဲအနှစ်(ကိုးရီးယား)- ၁၅၀ ဂရမ်
ကြက်သွန်နီ - တစ်လုံး
ဖရုံသခွား - တစ်စိတ်
ဂေါ်ဖီထုပ် - အနည်းငယ်
အာလူး(အကြီး)- တစ်လုံး
မှို(button mushroom) - ၅လုံး
မုန်လာဥနီ- တစ်စိတ်
ကြက်ပြုတ်ရည် - ၃၅၀ml
ငရုပ်ကောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဂျင်းမှုန့် - ၂ဇွန်းစားပွဲဇွန်း
ဆန်ဗီနီဂါ- ၃ဇွန်း စားပွဲဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့်- ၃ဇွန်းစားပွဲဇွန်း
ရေ - နှစ်ဇွန်း
ဆီ- အနည်းငယ်
တွဲဖက်စားရန်
ကြက်ဥပြုတ် - ၄လုံး (optional)
သခွားသီး- တခြမ်း(အမျှင်)
ပြင်ဆင်ပြုလုပ်ပုံ
1.ဦးစွာကြက်သားသို့မဟုတ်နှစ်သက်ရာအသားကိုရေဆေးသန့်စင်ပြီးဆားဟင်းခပ်မှုန့်ငရုပ်ကောင်းဖြင့်နယ်ထားပါ။
2.ကျန်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအရွယ်တူအတုံးလေးများစိတ်ထားပါ။ခေါက်ဆွဲခြောက်ကိုပြုတ်ထားပါ။ကြက်ဥပြုတ်ထားပါ။သခွားသီး ကိုအမျှင်လေးများစိတ်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအာလူးကိုအရောင်ရရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။အိုးထဲတွင်ဆီ အနည်းငယ်ချန်ပြီးပဲနှစ်ကိုဆီသပ်ပါ။အနံ့မွေးလာပါကဖယ်ထုတ်ထား ပါ။
4.အိုးထဲဆီအနည်းငယ်ထပ်ထည့်ပြီးအရသာနှပ်ထားသောအသားကိုချကြော်ပါ။
5.အသားအရောင်ပြောင်းသည်နှင့်သီးနှံများအားလုံးထည့်ပြီးကြော်ပါ။
6.သီးနှံများကြော်မိပါကဆီသပ်ထားသောပဲအနှစ်ထည့်ပြီးအားလုံးသမအောင်မွေပေးပါ။
7.ကြက်ပြုတ်ရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်ကောင်းနှင့်ဆန်ဗီနီဂါဂျင်းမှုန့်ထည့့်ပြီး သမအောင်မွေပေးပါ။
8.ဆူပွက်ပါကပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းဖြင့်ဖျော်ပြီးလောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။
9.ပြန်လည်ဆူပွက်ပါကခေါက်ဆွဲနှင့်တွဲဖက်စား ရန်အသင့်ဖြစ်ပါပြီ။
10.အသင်ြ့ပုတ်ပြီးသားခေါက်ဆွဲကိုပန်းကန်တွင်ထည့်ပြီးချက်ထားသောပဲအနှစ်ဟင်းကိုအပေါ်မှဆမ်းပေးပြီးကြက်ဥပြုတ်သခွားသီးထည့့်ကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀❀ခေါက်ဆွဲအစိုသို့မဟုတ်စပါကတီခေါက်ဆွဲထမင်းဖြူ ဖြင့်လည်းသုံးဆောင်နိုင်ပါတယ်။
First day of September 1 🤍✨
ဒီလရဲ့ Retrograde တွေကိုငါကောင်းစွာကျော်ဖြတ်နိုင်တယ်🦋
ဒီလရဲ့ ပြည့်ချင်တဲ့ ဆန္ဒတွေလဲပြည့်ဝနေပြီ🩷
ရောင်းအားတွေအများကြီးတိုးပြီး ငွေတွေလဲ အများကြီးဝင်တယ်🌸
ဒီလမှာငါ့ရဲ့အချစ်ရေးကံတွေ ပိုကောင်းနေပြီ
🕯️
လူချစ်လူခင်လဲပေါပြီးစန်းပွင့်တယ်🍁🪽
အစောင့်အရှောက်တွေရဲ့ စောင့်ရှောက်ခြင်းကိုလဲရရှိနေပြီ🐚🍀
ငွေတွေကဒီလမှာ ငါ့အတွက်သုံးမကုန်ဘူး✨
ငါဒီလမှာအများကြီးအချစ်ခံနေရပြီ💫
ကျန်းမာရေးလဲကောင်းတယ် အလုပ်မှာလဲအဆင်ပြေတယ်💫🐚
ဖြစ်ချင်တဲ့နိုင်ငံခြားကံတွေပိုကောင်းမွန်လာပြီ🦋
Manifesting is real ✨
မေတ္တာတွေ အမျိုးမျိုးရှိတယ်
တချိုက ခန္ဓာကိုယ်ကို လိုချင်တယ်
တချိုက စိတ်ကို လိုချင်တယ်
ဒါပေမဲ့ ကိုယ့်မေတ္တာကကျ
သူပြုံးပျော်နေတာလေးပဲလိုချင်တယ်၊
နေခြည်နွေးလေးတွေပဲ
သူ့ကိုယ်ပေါ် ဖြာကျစေချင်တယ်၊
အမြဲကျန်းမာစေချင်တယ်၊
သူဟာ ကိုယ်ပိုင်ရသည်ဖြစ်စေ
မပိုင်ရသည်ဖြစ်စေ ကိုယ်ဟာ
အကောင်းဆုံး ချစ်ပေးလိုက်ဖို ဆန္ဒရှိတယ်။