Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယခုနှစ် ဒူးရင်းသီးများအသီးလှိုင်ပြီး အရောင်းအဝယ်ကောင်းမွန်နေ
ယခုနှစ်တွင် ဈေးကွက်အတွင်း၌ ယမန်နှစ်ထက် ဒူးရင်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဒူးရင်းသီးရောင်းဝယ်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုနှစ်တွင် အသီးများလှိုင်လှိုင်ပေါ်ထွက်ပြီး ဈေးကောင်းရရှိသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်သည် အကုန်အကျပိုများကြောင်း သိရသည်။
" ဒီနှစ်ကတော့ အရင်နှစ်ကထက် အရောင်းအဝယ်ပိုကောင်းတယ်။ အသီးတွေလည်းကောင်းတယ်။ ဒီနှစ်ကပေါပေါစားရတာပေါ့။ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာတစ်ခုပဲ" ဟု ကိုသန့်ဇင်နှင့်ညီကိုများဒူးရင်းသီးရောင်းဝယ်ရေးမှ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဒူးရင်းသီးဈေးနှုန်းမှာ အနိမ့်ဆုံး ၃,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိရှိပြီး ငွေကျပ် ၅၀,၀၀၀ ဖြင့် ဒူးရင်းသီးဘူဖေးစားသုံးနိုင်ကြောင်းလည်း သိရသည်။
" ဒူးရင်းသီးဘူဖေးကတော့ အသီးကားဝင်တဲ့နေ့ဆိုရင် ရတယ်။ ၅၀,၀၀၀ နဲ့အဝစား။ တနေ့ကို တစ်စီးတော့ ဝင်တယ်" ဟု အဆိုပါပွဲရုံမှ ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးသည့်အပြင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ ထို့ပြင်ရန်ကုန်တိုင်း၊ ပဲခူးအရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရသည်။