ပုဇွန် ကင်မွန်းချဥ်အစပ်ကြော်နည်း

ချဥ်ချဥ်စပ်စပ်လေးနဲ့သူ့တမျိုးထဲလည်းထမင်းလေးနဲ့စားလို့ကောင်းပါတယ်

ကင်မွန်းရွက်တွေခြွေပြီးရေဆေးသန့်စင်ထားပါ

ပုဇွန်ကိုလည်းအဆင်သင့်ကိုင်ထားပါ
ချက်မဲ့အိုးထဲဆီထည့်ပြီး ဆီပူရင်နနွင်းလေးထည့်ပြီးကြက်သွန်နီတစ်လုံးကြက်သွန်ဖြူ တစ်လုံးပါးပါးလှီးပြီးထည့်ဆီသတ်ပါ

ကြက်သွန်တွေနွမ်းလာရင်အရောင်တင်မုန့်ထမင်းစားဇွန်းတဝက်လောက်ထည့်ပါ

ငပိစိမ်းစားလေးနည်းနည်းထည့်ပါ
ပြီးရင်ငရုတ်သီးအကြမ်းဖတ်ကိုအစပ်စားနိုင်သလောက်ထည့်ပါ
ရေဆေးသန့်စင်ကိုင်ထားပြီးသားပုစွန်လေးတွေထဲပါ

ပြီးရင်အရွက်ခြေပြီးသန့်စင်ထားတဲ့ကင်ပွန်းရွက်လေးတွေထည့်ပါ
အရသာအတွက် ကြက်သားမုန့် ဆားလိုသလိုထည့်ပါ

ခဏလောက်ဆီလေးပြန်အောင် ကြော်ပြီရင်ငရုတ်သီးစိမ်းလေထည့်ပါ
ပြီးရင်အရသာမြည်းပြီးရပါပြီရှင်

Crd

image

အိမ်ချက် မာလာရှမ်းကော
--------------------------------
--------------------------------
မာလာရှမ်းကော ငရုတ်သီး ဆီသပ်ရန် ပါ၀င်ပစ္စည်းများ

• စီချွမ့်ငရုတ်ကောင်း - စားပွဲတင်ဇွန်း ၃ဇွန်း
• နတ်နတ်ပွင့် - ရခု
• ကလဝေရွက် - ၅ရွက်
• သစ်ဂျပိုး - ၄ခု
• လီမ္မော်ခွံခြောက် - ၁ခု
• ဇာလိဖိုလ်သီး - ၁ခု (ခြစ်တံဖြင့် အမှုန့်များ ခြစ်ထည့်ပေးပေးပါ)
• ဂျင်း - ၇ပြား
• ဖာလာ - စားပွဲတင်ဇွန်း တ၀က်
• ငရုတ်သီးခြောက်နီ - ၅ခု (လက်မ၀က်ရွယ်များ ပိုင်းဖြတ်ပါ)
--------------------------------
မာလာရှမ်းကော ချက်ရန် ပါ၀င်ပစ္စည်းများ

• ငရုတ်သီးဆီမွှေး - စားပွဲတင်ဇွန်း ၄ဇွန်း
• ကြက်သွန်ဖြူ - ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
• ငရုတ်သီးခြောက်နီ - ၁၀ခု (လက်မ၀က် ရွယ်များပိုင်းဖြတ်ပါ)
• ဆား - စားပွဲတင်ဇွန်း ၁ဇွန်း
• အသားမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
• အချိုမှုန့် - စားပွဲတင်ဇွန်း တ၀က်
• မြေပဲနီ - ၁ထုပ် (အကျက်)
• နှမ်း - စားပွဲတင်ဇွန်း ၂ဇွန်းစာ (အပေါ်မှ ဖြူးရန်)
• ကြက်သွန်မြိတ် - စည်း၀က် (၁လက်မအရွယ်များပိုင်းဖြတ်ပါ)
• နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)

မာလာရှမ်းကော ပါ၀င်သည့် အစာပလာများ

• ပုဇွန်ထုပ် - ၂၀ ကျပ်သား (သန့်စင်ပေးထားပါ)
• ခေါက်ဆွဲခေါက် - ၁ထုပ် (ပြုတ်ထားပေးပြီ ပြန်ဆယ်ထားပါ)
• ကြက်အူချောင်း(အစို) - ၅ချောင်း (အချောင်း လှီးထားပါ)
• ငါးသားလုံး - ၁၀လုံး (ထက်ခြမ်းခြမ်းပါ)
• ငါးတို့ဟူး - ၄ခု (အရှည်အတုံးများ လှီးဖြတ်ပါ)
• ကြာစွယ် - ၁ခု (အခွံနွှာပြီ ပါးပါးလှီးပါ)
• အာလူး - ၂လုံး (အခွံနွှာပြီ ပါးပါးလှီးပါ)
• အပ်မှို - ၁စည်း (အမြစ်ပိုင်း လှီးဖြတ်ပါ)
• ဂေါ်ဖီ - တစိတ် (ပိုင်းဖြတ်ပါ)
• မှိုနားရွက် - လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
• ပဲလိပ် - လက်တဆုပ်စာ (ရေစိပ်ထားပြီ ထပ်ခြမ်းခြမ်းပါ)
• ပြောင်းဖူး - ဖူးဝက် (ပြုတ်ပြီ အတုံးတုံးထားပါ)
• ကြက်သွန်မြိတ် - ၂စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
• မုန့်ညှင်းစိမ်း - ၁စည်း (၁လက်မရွယ်များ ပိုင်းဖြတ်ပါ)
• ကန်စွန်းရွက် - စည်း၀က် (ပိုင်းဖြတ်ပေးပါ)
• နံနံပင် - လက်တဆုတ်စာ (ပါးပါးလှီးပါ)
--------------------------------
မာလာ ငရုတ်သီးဆီသပ် ချက်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ(၄၀၀ ဂရမ်)ကို ထည့်ပါ။

၂။ ဆီပူလာလျှင် ဂျင်း၊ စီချွမ့်ငရုတ်ကောင်း၊ နတ်နတ်ပွင့်၊ ငရုတ်သီးခြောက်၊ ဖာလာ၊ ကလဝေရွက်၊ သစ်ဂျပိုး၊ လီမ္မော်ခွံ၊ ဇာလိဖိုလ်သီးမှုန့် တို့ကို ထည့်ပြီ ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၃။ ပြီလျှင် ငရုတ်သီးခြောက်နီများ ထည့် ၁မိနစ်ခန့် ထပ်ဆီသပ်ပါ။

၄။ ထို့နောက် ဇကာဖြင့် ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ဖယ်ထားလိုက်ပါ။

၅။ ဒယ်ထဲမှ ငရုတ်သီးဆီသပ်ကို ဒီအတိုင်းထားပါ။
--------------------------------
မာလာရှမ်းကော ချက်နည်း

၁။ ခုနက ငရုတ်သီးဆီသပ်ထားသော ဒယ်ထဲသို့ ကြက်သွန်ဖြူများထည့်ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးဆီမွှေး၊ ငရုတ်သီးခြောက်နီများထည့်ပြီ ၁မိနစ် ဆီသပ်ပါ။

၃။ ပြီနောက် ပုဇွန်ထုပ်၊ ကြက်သွန်မြိတ် များကို ထည့်ပြီ ရောမွှေပေးပါ။

၄။ ပြီလျှင် (ကြက်အူချောင်း၊ ငါးသားလုံး၊ ငါးတို့ဟူး၊ ဂေါ်ဖီ၊ ပဲလိပ်၊ မှိုနားရွက်၊ ပဲထပ်) တို့ကို ထည့်ပေးပြီ ရေ(၂၀၀မီလီလီတာ)ခန့် ထည့်ပေးပြီ အဖုံးအုပ်ပြီ ခဏတည်ထားပါ။

၅။ ရေခမ်းခါနီး (ခေါက်ဆွဲ) ၊ ကြာစွယ်၊ ပြောင်းဖူး၊ အာလူး၊ အရသာအတွက် (ဆား၊ အသားမှုန့်၊ အချိုမှုန့်) တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ် တည်ထားပါ။

၆။ ထို့နောက် (ကန်စွန်းရွက်၊ မုန့်ညှင်းရွက်၊ အပ်မှို) တို့ကို ထပ်ထည့်ပေးပါ။

ရ။ နောက်ဆုံးမှ မြေပဲထည့် ရောမွှေ။ အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်၊ နှမ်းများ ဖြူးပေးပါ။

၈။ အရသာရှိစွာဖြင့် မာလာရှမ်းကော ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…
--------------------------------
Crd -

image

တစ်ခါတလေ အဘိုးက ဒူးနာလို့ လမ်းလျှောက်ရတာ အဆင်မပြေဘူး။ အဲ့ဒီအခါ အဘွားက စပါးလင် ၃-၅ ပင်ကို သွားခုတ်ပြီး နည်းနည်းထုချေ၊ ကြမ်းကြမ်းတမ်းတမ်းလှီးပြီး သန့်ရှင်းတဲ့ရေနဲ့ အိုးထဲထည့်ပြုတ်တယ်။ အိုးထဲက မွှေးကြိုင်တဲ့ ရနံ့နဲ့ အငွေ့တွေ ထွက်လာပြီး တစ်အိမ်လုံး မွှေးပျံ့စေတယ်။

အဘိုးက စပါးလင်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညနေတစ်ခွက် သောက်တယ်။ ချိုလည်းမချိုဘူး၊ ပြင်းလည်းမပြင်းဘူး၊ ဒါပေမဲ့ သောက်လိုက်ရင် ကိုယ်လက်ပေါ့ပါးပြီး လမ်းလျှောက်ရတာ ပိုကောင်းလာတယ်။ ဆီးလည်း ကောင်းကောင်းသွားတယ်။ ဆီးရွှင်ပြီး၊ ဆီးချုပ်တာ၊ ဆီးအောင့်တာမျိုး မရှိဘူး။ ဝမ်းလည်း မချုပ်ဘူး၊ ဗိုက်အောင့်တာလည်း သက်သာတယ်။ ထမင်းစားပြီး ဗိုက်အောင့်ရင်လည်း တစ်ခွက်လောက် သောက်လိုက်ရင် လေတွေထွက်ပြီး သက်သာသွားတယ်။

ကိုယ်လက်မအီမသာ ဖြစ်လာပြီးဆိုရင် အဘွားက ပူပူနွေးနွေး သောက်ခိုင်းပြီး စောင်ခြုံပေးထားတယ်။ ချွေးတွေထွက်ပြီး နိုးလာတဲ့အခါတိုင်း လန်းဆန်းသွားတယ်။ ညဘက် အိပ်မပျော်ဘူးဆိုရင် အဘိုးက စပါးလင်ပြုတ်ရည်ကို နွေးနွေးလေးလုပ်ပြီး အနံ့ကို ရှူရှိုက်လိုက်တာနဲ့ စိတ်တည်ငြိမ်ပြီး ကောင်းကောင်း အိပ်ပျော်သွားတယ်။

🌿 စပါးလင်ပြုတ်ရည်က ဘာတွေ ဘာကူညီပေးနိုင်လဲ...?
* အဆစ်အမြစ် နာကျ'င်တာ၊ ဒူးနာတာကို သက်သာစေတယ်။
လမ်းလျှောက်ရတာ ပိုသွက်လက်ပြီး အဆင်ပြေစေတယ်။
* ဆီးသွားတာကို ကူညီပေးတယ်။
ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို
ဖယ်ရှားပေးလို့ ကိုယ်လက်ပေါ့ပါးပြီး သက်သောင့်သက်
သာဖြစ်စေတယ်။
* ဗိုက်အောင့်တာ၊ လေပွတာကို လျှော့ချပေးတယ်။
အစာစားပြီးနောက် နွေးနွေးလေးသောက်ပေးရင် လေထိုး
လေအောင့်တာကို သက်သာစေတယ်။
* ဖျားနာတာကို လျှော့ချပေးတယ်။
ပူပူနွေးနွေး သောက်ပြီး ချွေးထုတ်လိုက်ရင် ကိုယ်လက်ပေါ့
ပါးစေပါတယ်။
* ကောင်းကောင်းအိပ်ပျော်စေတယ်။
မွှေးကြိုင်တဲ့ရနံ့က စိတ်ကိုတည်ငြိမ်စေပြီး
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
* သွေးပေါင်ချိန်ကို တည်ငြိမ်စေတယ်။
ပုံမှန်သောက်ရင် သွေးပေါင်ချိန် တက်တာ၊ ကျတာ မဖြစ်
အောင် ကူညီပေးတယ်။

စပါးလင်ပြုတ်နည်း.......။ (လွယ်ကူတဲ့ နည်းလမ်း)
* စပါးလင် (အစို) ၃-၅ ပင် (ထုချေ၊ အပိုင်းပိုင်းလှီးပါ)
* ရေသန့် ၁ လီတာ
* ဆွမ်းမွှေးရွက် ၂-၃ ရွက် (အနံ့ပိုမွှေးချင်ရင် ထည့်နိုင်သည်)
* အလယ်အလတ် မီးနဲ့ ၁၀-၁၅ မိနစ်ခန့် ပြုတ်ပါ။
ပြီးရင် အရည်ကို စစ်ယူပါ။

နွေးနွေးလေး သောက်နိုင်သလို၊ ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံပြီးလည်း သောက်သုံးနိုင်ပါတယ်။ တစ်နေ့ကို ၁-၂ ခွက် မနက်၊ ညနေ သို့မဟုတ် မအိပ်ခင် သောက်ပါ။

လမ်းလျှောက်ရတာ အဆင်မပြေသူတွေ၊ အိပ်မပျော်တက်တဲ့သူတွေ၊ ဗိုက်အောင့်တတ်သူတွေအတွက် စပါးလင်ပြုတ်ရည်လေး တစ်ခွက်ရှိရုံနဲ့ ဘဝက နည်းနည်း ပိုလွယ်ကူလာပါလိမ့်မယ်။

ဖြစ်နေပြီဆိုရင် ထပြီး ပြုတ်လိုက်ပါတော့.....။
လွယ်လွယ်လေးနဲ့ နေ့တိုင်း မွှေးမွှေးလေး သောက်နိုင်ပါတယ်။
မဖြစ်သေးဘူးဆိုပြီး ဖြစ်လာတဲ့အထိ မစောင့်ပါနဲ့......!!!

image

ခုလို အရမ်းပူတဲ့အချိန်မှာ ရွှေရင်အေးကြိုက်တဲ့သူတွေအတွက်
ရွှေရင်အေး လုပ်နည်းလေးတင်ပေလိုက်ပါတယ် ရှင့် 😋😍

နိုင်ငံခြားမှာ အလွယ်ရတဲ့ အုန်းနို့ဗူးကို အသုံးပြုထားပေမဲ့ မြန်မာမှာနေသူတွေအဘို့ အုန်းသီးကိုခြစ်ညှစ်လို့ရလာတဲ့ အုန်းနို့ရည်ကို အသုံးပြုရင် ပိုစားကောင်းမှာသေချာပါတယ်..။
အုန်းနို့ရှောင်လိုသူများကလည်း နို့စိမ်းဗူးကို အစားထိုးအသုံးပြုနိုင်ပါတယ်..။
ရွှေရင်အေးရဲ့ အဓိက အရသာက ချို့ဆိမ့်မွှေးအီတဲ့ အုန်းနို့၊ သကြားနဲ့ ရေခဲ အေးအေးတို့အပေါ်မှာမူတည်တာမို့
သကြားခိုပြီး ဆေးသကြားထိုးတာမျိုး အုန်းနို့နည်းတာမျိုး၊ ရေခဲများများအသုံးမပြုနိုင်တာမျိုးဆိုရင် ရွှေရင်အေးရဲ့အရသာကို လျှော့ပါးစေပါတယ်..။
နွေနေက ပူပြီးဆိုတော့ သကြားရည်၊ အုန်းနို့တို့ကိုရောပီးဖျော်ထားတာက သိုးလွယ်တယ်၊ သီးသန့်စီဖျော်ထားပီး စိတ်ကြိုက်အရသာထွက်အောင်ရောစပ်ပေးတာက ကတီးကတီး ထစားတတ်သူတို့အတွက် အဆင်ပြေပါတယ်ရှင့်....။

ပါ၀င်ပစ္စည်းများ............. (၁၀ ပွဲစာ)

1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ
2. သာကူ ၂၅ ကျပ်သား ကျိုထားပါ။
3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ။
4. ပေါင်မုန့် ၁၀ ချပ်
5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တစ်ထုတ် ကျိုထားပါ။
6. အုန်းနို့ရည် ၁ ဗူး ခွဲ (၆၀၀ မီလီလီတာ)
7. သကြား ၂၅၀ ဂရမ် ကို ရေအနည်းငယ်ဖြင့်
သကြားပျော်ရုံလေး အပူပေးထားပါ။
8. ရေခဲ လိုသလောက်
9. ဆား အနည်းငယ်

ပြုလုပ်နည်း............

1. မုန့်လက်ဆောင်းဖတ် ပြုလုပ်နည်း၊ အုန်းနို့ကျောက်ကျောကျိုနည်းနဲ့ သာကူကျိုနည်းတို့ကို သီးသန့် ရေးပေးထားလို့ ဒီနေရာမှာ ကောက်ညှင်းချက်နည်း/ပေါင်းနည်းကိုဘဲ ရေးပေးလိုက်ပါတယ်..။

2. ကောက်ညှင်းကို ချက်ချက် ပေါင်းပေါင်း အလုံးဆန်မပျက် မာမာ အိအိလေးဖြစ်ဘို့က အဓိကျပါတယ်..။

3. ကောက်ညှင်းပေါင်း/ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ...။

4. ချက်တော့မည်ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပြီးပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ။ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ။ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်။

5. တချို့ rice cooker တွေမှာ ကောက်ညှင်းဆန်ချက်တဲ့ setting သီးသန့်ပါရှိပါတယ်၊ ကောက်ညှင်းဆန် rice cooker ခွက် ၃ ခွက်အတွက် ရေ rice cooker ခွက် ၁ ခွက်ခွဲ ထည့်ပီး ချက်နိုင်ပါတယ်..။

6. အုန်းနို့ရည် ၁ ဗူး ခွဲ (၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။

7. သကြားကို ရေအနည်းငယ်ဖြင့် သကြားပျော်ရုံလေး အပူပေးပါ....။

8. ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းစားနိုင်ပါပီရှင်၊

image

🌴မသိသူကျော်သွား သိသူဖော်စား
💐💐💐💐💐

အပင်အမည်ကတော့ နေရာအလိုက် နည်းနည်းကွဲပြားပါတယ်

#ခရာပင် ၊ ခယောင်းပင် ၊ ဆူးခရာ စသဖြင့် ဒေသအလိုက် ကွဲပြားပေမယ့် ဆေးစွမ်းနဲ့ အာနိသင်ကတော့

အမျိုးသားများ အတွက် အင်မတန်ကောင်းပါတယ်။ ခယောင်းလမ်းကို လျှောက်ရဲလား ဆိုတဲ့ အတိုင်း အပင်က ဆူးလေးတွေနဲ့ပါ။

#ဆေးစွမ်းများ...

✅အသဲခြောက် ခြင်းကို အတော်နိုင်ပါတယ်။

✅အသိမိတ်ဆွေတစ်ယောက် အရက်သောက်ပါတယ်။

✅ကျန်းမာရေးက ချို့တဲ့ လာတော့ ဆရာဝန်အဆင့်ဆင့်ပြ နောက်ဆုံး အသဲခြောက်နေပြီ ဆေးမနိုင်တော့တဲ့ အဆင့်ကိုရောက်လာခဲ့ပါတယ်။

✅ခြောက်လတောင်မခံတော့ဘူး ဖြစ်လာပါတယ်။ အဲ့ဒီမှာ တခြားမိတ်ဆွေတစ်ယောက်က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရ

✅ပျောက်ကင်းဖူးတဲ့ အညွှန်းနဲ့ ခရာပင်(ခေါ်) ခယောင်းပင်

✅အမြစ် တွေပါမကျန် နည်းနည်းအခြောက်ခံပြီး ရေနွေးကြမ်းထဲ လက်ဖက်ခြောက်ခပ်သလိုထည့်ထည့် သောက် လာတာ

✅အခုဆို ခြောက်လခံမယ့်သူက နှစ်နှစ်ရှိပါပြီ အသားအရေကအစ ပြန်လည် လန်းနေပါပြီ။

✅နောက်တစ်ခုက ✅

✅အမျိုးသားများ အူကျ ဘောကျခြင်းပါ

✅အပင်ကို အမြစ်ပါမကျန် အခြောက်ခံ အမှုန့်ကြိတ် ပြီး အုန်းဆီနဲ့ ခပ်ပြစ်ပြစ်ဖျော် အပေါ်ကို ကျနေတဲ့ဘော ကို အပေါ်ကို သပ်သပ်တင်ပြီး လိမ်းပေး ပျောက်ကင်းပါတယ်။

✅အပင်က ဘယ်နေရာတွေမှာ ပေါက်သလည်းဆို လယ်ယာ မြေ စားကျတ်မြေ ၊ ကိုင်း၊ ကျွန်း၊ နေရာစုံ တွေ မှာ အလေ့ကျကို ပေါက်တာပါ။

✅အပွင့်လေးတွေကို အခြောက်ခံပြီး ရေနွေးကြမ်း လက်ဖက်ခြောက်လို မျိုးထည့်ထည့်သောက်ရင်လည်း အဆုတ်အားကောင်းစေပြီး အိပ်ပျော်စေပါတယ်။

တခြား အသုံးဝင်ပုံများ ရှိခဲ့မယ်ဆိုရင်လည်း ဝေမျှပေးခဲ့ပါအုံးနော်

#ကျန်းမာရေးအတွက်သဘာဝဆေးဘက်ဝင်အပင်များအကြောင်းမျှဝေပေးပါတယ်

Credit original writter

image

🍌 ငှက်ပျောဖူး ကျန်းမာရေးအကျိုးပြုပုံ

ကူးစက်ရောဂါတွေကို ကာကွယ်ပေးတယ်။

ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အနာကျက်စေနိုင်သလို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယ်။

ငှက်ပျောဖူးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရှိသူတွေ စားပေးလို့ရပါတယ်။

နောက်ထပ် အကျိုးကျေးဇူး တစ်ရပ်က ဟီမိုဂလိုဘင် ပမာဏကို မြင့်တက်စေတာကြောင့် သွေးနီဥဆဲလ် ထုတ်လုပ်မှုကို တိုးစေပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

နို့ထွက်များစေတယ်။

နို့တိုက် မေမေတွေ နို့ထွက်များစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ငှက်ပျောဖူးက သွေးတအားဆင်းတာ၊ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သားအိမ်ကိုလည်း ကျန်းမာစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးတယ်။

ငှက်ပျောဖူးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဝိတ်ကျစေတယ်။

ငှက်ပျောဖူးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကျစေဖို့ ထောက်ပံ့ပေးပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောဖူးကို ရေနွေးထဲ စိမ်သောက်တာကလည်း ဝိတ်ကျစေဖို့ ထောက်ကူပေးမှာပါ။

စိတ်ခံစားမှု ကောင်းစေတယ်။

ငှက်ပျောဖူးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်။

ငှက်ပျောဖူးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှု ကောင်းစေသလို ဝမ်းချုပ်တာလည်း ကင်းစေပါတယ်။

မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကလည်း အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဒါတွေအပြင် ငှက်ပျောဖူးက ဗီတာမင် A၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပြီး

လေဒီလေးတွေမှာ ရာသီလာစဉ် ခံစားရတဲ့ ပြဿနာကို သက်သာစေနိုင်သလို အရွယ်တင်စေနိုင်ပါတယ်။

နှလုံး ကျန်းမာစေပါတယ်။

ကင်ဆာ ကာကွယ်ပေးပါတယ်။

အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်။

ကဲ ငှက်ပျောဖူးကို အရသာရှိရှိလေးစားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

ဘာတွေ သတိထားရမလဲ

ငှက်ပျောဖူးက ကျန်းမာရေး အကျိုးများတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် အများကြီးစားရင် လေချုပ်တာ ဗိုက်အောင့်တာတွေ ဖြစ်နိုင်တာကြောင့် အများကြီး မစားဖို့ ပြောပါရစေ။
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်

Credit original writter

image

🧔 ပူပြင်းတဲ့ရာသီတွင် ရေချိုးရင်းဦးနှောက်သွေးကြောမပြတ်စေရန်နည်းလမ်းများ....

လွန်ခဲ့သော ရက်ပိုင်း အတွင်းက စာရေးသူ၏ လူနာမိတ်ဆွေ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ရာသီဥတု အလွန်ပူသဖြင့် အဲကွန်းဖွင့်ထားသော အခန်းတွင် ညဘက် အိပ်စက်ပြီး နံနက်စောစော အိပ်ရာထချိန်တွင် ရေချိုးခန်းဝင်ကာ ရေချိုးသည်
ရေချိုးနေရင်း တစ်ကိုယ်လုံး လေးလံလာသဖြင့် ရေချိုးခန်းတံခါးကို ဖွင့်ပြီး အိမ်ရှေ့ခန်းတွင် ရှိနေသော ခင်ပွန်းဖြစ်သူကို လှမ်းခေါ်သည်။ခင်ပွန်း ဖြစ်သူသည်
သူ့ကို ပွေ့ယူပြီး အိပ်ရာပေါ်တွင် အသာချ၍ ရေစိုဝတ်များ လဲပေးနေစဉ်မှာပင် စကားမပြောနိုင် ခေါ်၍မရ လုံးဝ မလှုပ်ရှားတော့ဘဲ အသက်မရှူတော့။
လည်ပင်း သွေးကြောကို စမ်းသပ်ကြည့်ရာ သွေးမတိုး၍ မောင်နှမတော်သူများကို ဖုန်းဆက်ခေါ်လိုက်ရာ ရောက်လာပြီး ဆေးရုံပို့ရန် ကားစီစဉ်ကြသော်လည်းလုံးဝ မလှုပ်ရှားတော့သဖြင့်အသက်သေဆုံးမှန်း သိရှိကြပြီး ဆေးရုံ မပို့ဖြစ်တော့ဟု ဆိုသည်။
အမှန်မှာ အိပ်ရာထချိန်တွင် အဲကွန်းခန်းမှ ထွက်လာပြီး ရေတန်းချိုးသဖြင့် သေဆုံးခြင်း မဟုတ်ပါ။
သေသေချာချာ မေးမြန်းကြည့်မှသိရသည်မှာ သူတို့နေသည်မှာ တိုက်ခန်းအသစ်ဖြစ်သည်။
မနေ့ကမှ ပြောင်းလာရာ တစ်ညအိပ်ပြီး နံနက်အိပ်ရာထတွင် သေဆုံးရခြင်း ဖြစ်သည်။
နံနက်အိပ်ရာ ထပြီးနောက် အိမ်ရှေ့ခန်းတွင်တံ မြက် စည်း လှည်းသန့်ရှင်းရေး လုပ်သည်။
ဘုရားခန်းတွင်လည်းသန့်ရှင်းရေး လုပ်သည်။ သောက်တော်ရေနှင့် ဘုရားပန်းများလဲရန် ပြင်ဆင်ပြီးမှ ရေချိုးခန်းအတွင်း ဝင်ပြီး ရေချိုးသည်။ ရေချိုးနေရင်းမှ နေမကောင်း ဖြစ်လာသဖြင့်
ခင်ပွန်းဖြစ်သူကို လှမ်းခေါ်ခြင်း ဖြစ်သည်။ ရောဂါ၏ အခြေခံ အကြောင်းလည်း ရှိသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့တွင် ဆီးချိုရောဂါ ဝင်လာသည်။ ဆီးချို အထူးကု ဆရာဝန်နှင့်လည်း ပြသည်။
ကုသမှု ခံယူသည်။ ဆီးချိုကျဆေးလည်း သောက်နေသည်။သို့သော် သူ့အားနည်းချက်မှာ အစားမရှောင် အစားအသောက် မဆင်ခြင်ခြင်း ဖြစ်သည်။
စားချင်ရာစားပြီး ဆေးသောက်လိုက်မည်ဟု အတွေးအခေါ်မျိုး သူ့တွင်ရှိသည်။
သေဆုံးမည့် နံနက်က အိပ်ရာထ ချိန်တွင် မိမိဘာသာလက်ထိပ် သွေးဖောက်ပြီး ဆီးချိုစစ်သည့် ကိရိယာဖြင့် စစ်ဆေးသည်။
အိုကေသည်၊ ကောင်းသည်ဟု ဆိုသည်။ သို့သော် သူသတိမထားမိသည်မှာ သွေးတိုးဖြစ်သည်။
အဲကွန်း ဖွင့်ထားသော အအေးခန်းမှ ထွက်လာသူသည်အပူချိန် မတူသည့် ပြင်ပသို့ ရောက်လာလျှင် သွေးပေါင်တက်လာတတ်သည်။
သတိပြုသင့်သည့် အရာဖြစ်သည်။သွေးတိုးသည် တိတ်တဆိတ် လူသတ်သမား အလစ်ချောင်းနေသော လူသတ်သမားဖြစ်သည်။
သတိရှိကြ စေချင်သည်။ သွေးတိုး၊ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်၍ရုတ်တရက် သေဆုံးရသူ အများအပြား ရှိသည်။
အချို့ကလည်း ဝေဒနာ မခံစားရဘဲ ရက်ရှည်လများ လေဖြတ်ပြီး ဒုက္ခိတ မဖြစ်ဘဲ ယခုလို သေသွားရခြင်းကို ကောင်းသည်ဟု ဆိုကြသူများလည်းရှိသည်။
ရေချိုးရင် သွေးတိုးပြီး ဦးနှောက်သွေးကြော မပြတ်စေရန် ကာကွယ်နိုင်သည့် နည်းကို တင်ပြလိုသည်။
ရေမချိုးမီ လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်ပါ။ သို့မဟုတ်လမ်းလျှောက်ပါ။
ကြွက်သားနှင့် အာရုံကြောများ တစ်ညလုံး အိပ်ထားသဖြင့်ညောင်းနေသည်ကို လန်းဆန်းစေရန် ဖြစ်သည်။
ပြီးလျှင် ရေမချိုးမီ ရေအေး (ပုံမှန် အေးသောရေ) မတ်ခွက် တစ်ခွက်ခန့် သောက်ပါ။
ဝမ်းအတွင်း အစာအိမ်မှ အပူနှင့် လေပူများ ငြိမ်သွားမှ ရေချိုးလျှင် သွေးဆောင့်တိုးခြင်းမှ ကာကွယ်နိုင်ပါသည်။ ပူသော ရာသီတွင် သတိပြုလုပ်ဆောင်ကြပါ။
ကြည်လွင်မြင့် (မုဒြာ)

Credit original writter

image

➡ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဆက်စပ်နေသော ကြောက်စရာကောင်းတဲ့ ရောဂါများ

ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူ တွေဟာ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ၊ လေ ဖြတ်နိုင်ခြေနဲ့ တခြားကျန်းမာရေးပြဿ နာတွေကို ခံစားရနိုင်ခြေ ပိုများတတ်ပါ တယ်။ ခေါင်းတစ်ခြမ်းကိုက်တာကြောင့် နာကျင်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ခံစားရ ပြီး အလုပ်ပျက်၊ ကျောင်းပျက်တဲ့အထိ ခံစားရနိုင်ပါတယ်။ လေ့လာမှုအရ ခေါင်း တစ်ခြမ်းကိုက်ဝေဒနာကို ခံစားရသူတွေ ဟာ စိတ္ဓာတ္က်တာ၊ စိုးရိမ်စိတ်များတာ၊ နှလုံးနဲ့သွေးကြောရောဂါဖြစ်တာ စတာ တွေ ဖြစ်ပွားနိုင်ခြေများတယ်လို့ သုတေ သနေတြအရ သိရပါတယ်။
စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်များခြင်း
ခေါင်းတစ်ခြမ်းကိုက်တာနဲ့ စိတ် ဓာတ္က်တာ၊ စိုးရိမ်စိတ်များတာ စတဲ့ စိတ် ပိုင်းဆိုင်ရာဝေဒနာတွေက ဆက်စပ်နေပါ တယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစား နေရသူတွေမှာ စိတ္ဓာတ္က်တာ၊ စိုးရိမ် စိတ်များတာတွေ ဖြစ်တတ်သလို တချို့ စိတ်ဝေဒနာ ခံစားရသူတွေက ခေါင်းတစ် ခြမ်းကိုက်တာကို ခံစားရတတ်ပါတယ်။ လေ့လာမှုအရ အသက် ၄၀ ဝန်းကျင်အ ရွယ် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစား နေရတဲ့ အမျိုးသမီးတွေက စိတ္ဓာတ္က် တာနဲ့ စိုးရိမ်စိတ်များတာကို ပိုမိုဖြစ်ပွားကြ တယ္လို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၃၆ ရာခိုင် နှုန်းက စိတ်ဓာတ်ကျရောဂါဖြစ်ပွားတာကို တွေ့ရပါတယ်။
နှလုံးနှင့် သွေးကြောရောဂါများ
ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ သုံးပုံ တစ္ပုံက အမြင်အာရုံပြဿနာတွေဖြစ် တဲ့ အလင်းရောင်ကိုမကြည့်နိုင်တာ၊ ခဏ တာ အမြင်အာရုံချို့တဲ့တာတွေခံစားရနိုင် ပါတယ်။ လေ့လာမှုတွေရ ခေါင်းတစ်ခြမ်း ကိုက္တာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ အ ပါအဝင် လေဖြတ်နိုင်ခြေလည်း မြင့်မား တာကို တွေ့ရပါတယ်။ အမေရိကန်မှာ ခေါင်းတစ်ခြမ်းကိုက်သူပေါင်း သုံးသောင်း နီးပါးပါဝင်တဲ့ လေ့လာမှုကို ပြုလုပ်ခဲ့ရာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မား တာကို အများဆုံးတွေ့ရပြီး သွေးဖိအား မြင့်မားတာကို ဒုတိယအများဆုံးတွေ့ရပါ တယ်။ သုတေသီတွေက ဆက်လက်လေ့ လာခဲ့ရာ ခေါင်းတစ်ခြမ်းကိုက်တဲ့အချိန်မှာ ထွက်တဲ့ ဒြပ်ပေါင်းက သွေးကြောနံရံတွေ ကို ပျက်စီးစေလို့ နှလုံးရောဂါနဲ့ လေဖြတ် နိုင်ခြေ မြင့်မားရတာကို တွေ့ရှိခဲ့ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာ အောင် ထိန်းနိုင်ပါက နှလုံးနဲ့ သွေးကြော ရောဂါတွေဖြစ်ပွားမှုကို ကာကွယ်နိုင်ပါ တယ်။
ဝက်ရူးပြန်ခြင်း
ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ဝက်ရူး ပြန်တာက ဦးနှောက်ရဲ့လုပ်ဆောင်ချက်မှု ကြောင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်သူတွေ က ဝက်ရူးပြန်ရောဂါဖြစ်နိုင်ခြေရှိပြီး ဝက် ရူးပြန်ရောဂါရှိသူတွေကလည်း ခေါင်းတစ် ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ပညာ ရှင်တွေက ရောဂါဖြစ်ပွားမှုနဲ့ ကာကွယ်နိုင် တဲ့ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဒီရောဂါ နှစ်ခုရဲ့ ဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။ နယူးယော့ခ်မှာရှိတဲ့ ကိုလံဘီယာတက္က သိုလ်မှာ ပြုလုပ်တဲ့လေ့လာမှုမှာ ဝက်ရူး ပြန်ရောဂါရှိသူတွေရဲ့ ဆွေမျိုးသားချင်း တွေကို လေ့လာခဲ့ရာမှာ ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာရှိသူ နှစ်ဆရှိတာကို တွေ့ရပြီး ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ဆွေမျိုးတွေ ကို လေ့လာမှု ပြုလုပ်ခဲ့ရာမှာတော့ ဝက်ရူး ပြန်ရောဂါရှိသူ နည်းတာကို တွေ့ရပါတယ်။
ဓာတ်မတည့်ခြင်း
နှာခေါင်း ဓာတ်မတည့်ရောဂါရှိသူ တွေဟာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံ စားရတတ်ပါတယ်။ နှာခေါင်းရဲ့အချွဲလွှာ ကို ထောက်ပံ့ပေးနေတဲ့ အာရုံကြော ကြောင့်ဖြစ်ရတာပါ။ နှာခေါင်းဓာတ်မ တည့်သူတွေမှာ အာရုံကြောကို လှုံ့ဆော် တာ ဒါမှမဟုတ် ရောင်ရမ်းတာတွေ ကြောင့် ယားယံတာနဲ့ နှာရည်ကျတာတွေ ဖြစ်ပေါ် စေပါတယ်။
လေဖြတ်ခြင်း
ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေက လေဖြတ်တာ နှစ်ဆပိုများနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ခေါင်း တစ်ခြမ်းကိုက်ရောဂါရှိတယ်၊ အမျိုး သမီးဖြစ်တယ်၊ အသက် ၄၅ နှစ်အထက် ဖြစ်တယ်ဆိုရင် လေဖြတ်နိုင်ခြေ ပိုမ်ားပါ တယ်။
အကြားအာရုံထိခိုက်ခြင်း
ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူ တွေက အကြားအာရုံ ရုတ်တရက် ဆုံးရွုံး နိုင်ခြေလည်း မြင့်မားပါတယ်။ ခေါင်းတစ် ခြမ်းကိုက်ဝေဒနာခံစားရအပြီး ရက်ပိုင်း အတွင်း အကြားအာရုံရုတ်တရက် ဆုံးရွုံး တာမျိုး ဖြစ်တတ်ပေမယ့် အဖြစ်နည်းပါ တယ်။
ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါက အသက် ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတစ်ခုဖြစ် ပြီး ခေါင်းတစ်ခြမ်းကိုက်တာက အာရုံ ကြောရောဂါတစ်ခုပါ။ ပန်းနာရင်ကျပ် ရောဂါက အသက်ရှူလမ်းကြောင်းမှာ အ လွန်အမင်းကျပ်ပြီး ရောင်ရမ်းမှုကို ဖြစ် စေပါတယ်။ ဦးနှောက်ရဲ့အပြင်ဘက်ရှိ သွေးကြောတွေ ရောင်ရမ်းမှု ဖြစ်တာက ခေါင်းတစ်ခြမ်းတာကို ဖြစ်စေပါတယ်။
ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက်မပေါ့ဆပါနဲ့ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit original writter

image

🗣တောင်ပေါ်ဒေသ လူမျိုးများ အလေးထားသုံးစွဲခဲ့တဲ့ အဖိုးတန် ဆေးဖက်ဝင် ချဉ်စော်ခါးသီး

(ချဉ်စော်ခါးသီး ရေနွေးစိမ်သောက်ခြင်းရဲ့ အံ့ဖွယ်အာနိသင်)
ဝက်ခြံပျောက်တယ် .. အဆီကျတယ်… ချဉ်စော်ခါးသီး
“ချဉ်စော်ခါးသီး အခြောက် ၃-ဖတ် လောက် ကို ရေစင်အောင်ဆေးပြီး၊ ရေနွေး ပူပူခွက်ထဲ စိမ်သောက်လို့ရကြောင်း၊ အဲဒီလိုသောက်တဲ့အခါ ပထမဆုံးစသောက်တဲ့ တစ်ကြိမ်သာ ချဉ်ကြောင်း၊ သို့သော် သံပုရာသီးလို အချဉ်မစူးကြောင်း၊ ချဉ်စော်ခါးသီးကလည်း အဆီချ-ကိုလက်စထေရော ကျစေကြောင်း၊ ဝက်ခြံပျောက်စေကြောင်း...

သူ့ရဲ့ထူးခြားချက်က ပတမဆုံးတစ်ခွက်သောက်ပြီး နောက် ၁၅-မိနစ်လောက်အကြာမှာ ဆီးအိမ်ထဲမှာ ရှိတဲ့ဆီးတွေတစက်မကျန် ဆီးသွားပစ်တာကြောင့် ကိုယ်ထဲက ယူရစ်အက်ဆစ်တွေကျပြီး သိသိသာသာ ပေါ့ပါးသွားကြောင်း၊ ဒါကြောင့် အသိမိတ်ဆွေတွေထဲမှာ ဆီးချုပ်-ဆီးအောင့် ရောဂါရှိသူတွေကို ချဉ်စော်ခါးသီး ရေးနွေးစိမ် သောက်သင့်ပါတယ်။ တောင်ပေါ်ဒေသ လူမျိုးများ၏ ရေလဲသုံးသော အဖိုးတန် ဆေးဖက်ဝင်အသီး ဖြစ်ပါတယ်။
အသီးရင့်မှည့်လာပါက ပါးလွှာသော အခွံမာလေးအား ဖြည်းညှင်းစွာ ဓါးဖြင့်နွှာရပါတယ်။ ရေဖြင့် စင်ကြယ်စွာ ဆေးကြောပြီးတဲ့အခါ ဓါးဖြင့် ပါးလွှာစွာ လှီးဖြတ်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ပျားရည်(သို့မဟုတ်) သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့်နှပ်ထားပါ။ (ချင်းပါးပါး လှီးထဲ့ပါက အရသာပို၍ ကောင်းမွန်စေပါတယ်)

နောက်တစ်နေ့မှာ တစ်ပြားမှ နှစ်ပြား တစ်နေ့ (၃)ကြိမ်မျှ စားပေးခြင်းဖြင့်-
(က) လေထိုးလေအောင့်ခြင်းကို သက်သာစေပါတယ်။
(ခ) အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ အသံကိုကြည်လင်စေပါတယ်။
(ဂ) သွေးတိုးသောသူများ၊ နှလုံးအဆီပိတ်သူများ၊ အဆီများသူများ၊ အသည်းရောဂါ ဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူများကို ကောင်းကျိုးပြုရုံသာမက သက်ရှည်ကျန်းမာစေပါတယ်။
(ဃ) တိုင်းရင်းဆေးပညာအလိုအရ တေဇောဓာတ်၊ ပထဝီဓာတ်နှင့် အာပေါဓာတ်ကြွယ်ဝ၍ ဝါယောဓာတ်ကို ပို့ဆောင်ပေးနိုင်တာကြောင့် အာယုဝဃုန သက်ရှည်ကျန်းမာစေသော အသီးဖြစ်ပါတယ်
ရှေးသမားတော်ကြီးများ၏ အဆိုအရ-
(က) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ ဝက်သားဖြင့် ချက်စားခြင်းဖြင့် ဝက်သားနှင့် မတည့်သောသူများအတွက် အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါတယ်။
(ခ) ငဒန်၊ ငမြင်းစာသော အဆီများသော ငါးများဖြင့်လည်း ချက်စားနိုင်ပါတယ်။
(ဂ) ကြက်၊ ဘဲ များဖြင့် ချက်စားလျှင်လည်း လွန်စွာ အရသာရှိလှပါတယ်။

Credit original writter

image

Me : အမေ ဒီနေ့ ဘာဟင်းချက်လဲ
Mom : ဘာမှ မ ရှိ ဘူး န- င် ဝ- ယ် ထာ: တဲ့ ကာဗာ တွေ စာ :
Me :

image