25 ပတ် - ဘာသာပြန်ပါ။

ထောင်…ထောင်သား…ထောင်ထွက်
ပြစ်မှုပြစ်ဒဏ်ကြောင့် ထောင်ကျနေသူ ဘယ်သူပဲဖြစ်ဖြစ် ထောင်က အမြန်ဆုံး ထွက်ချင်ကြပါတယ်။ ထောင်ကလွတ်လာသူကိုပဲ “ထောင်ထွက်” လို့ ခေါ်ကြပါတယ်။ ထောင်ထွက်ရယ်လို့ သူ့အလိုလို သီးခြားဖြစ်တည်နေတာ လောကမှာမရှိပါဘူး။ ဆိုလိုတာက ထောင်ကိုအကြောင်းပြုပြီး ထောင်ကထွက်လာတာကိုပဲ ထောင်ထွက် ခေါ်ရသလို လောကုတ္တရာဆိုတာလည်း လောကကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာပါ။ ဒီလောကထဲက ထွက်မြောက်လာတာကိုပဲ “လောကုတ္တရာ” လို့ ခေါ်ရပါတယ်။
ထောင်သားတွေမှန်သမျှတော့ ထောင်ကထွက်ချင်ကြတာချည်းပဲဗျ၊ အဲ…၃၁ဘုံထောင် သံသရာထောင်မှာ လည်နေကြတဲ့ လောက အကျဉ်းသားတွေရော လွတ်ချင်ကြရဲ့လား။ လွတ်ရက်ရှိရဲ့လား။ ထောင်သားက ထောင်ထွက်ဘွဲ့ခံသလို လောကသားတွေက လောကုတ္တရာဘွဲ့ ခံနိုင်ပါမလား။ ပြစ်ဒဏ်ကျခံနေရတဲ့ ထောင်သားတွေမှာ ထောင်လွတ်ရက်ဆိုတာ ရှိပါသေးတယ်။ ပြီးတော့ သူတို့ထွက်မပြေးသာအောင် ကာရံထားတဲ့ ထောင်တံတိုင်း အုတ်နံရံဆိုတာလည်း အမြင့်ပေ ဘယ်ရွေ့ဘယ်မျှဆိုတာ တိုင်းတာလို့ ရနိုင်ပါတယ်။
လောကအကျဉ်းသားတွေ သံသရာထောင်က ဘယ်တော့ ထွက်မှာလဲ၊ အစွဲတွေတစ်ထပ်ပြီးတစ်ထပ် ကိုယ့်ဟာကိုယ်ကာရံ ထားလိုက်တာ သံသရာရဲ့ ထောင်နံရံကြီးတွေက မြင့်သထက် မြင့်လာနေပါပေါ့လား။ အရက်စွဲနေသူကလည်း အရက်ထောင်ကြီးထဲမှာ၊ ကြက်သားကြိုက် ဝက်သားကြိုက်သူတွေကလည်း ကြက်ထောင် ဝက်ထောင်ကြီးတွေထဲမှာ၊ ကိုယ့်အစွဲကကိုယ့်ကို ထောင်ပြန်ချထားတာ၊ ထောင်နံရံတွေဘယ်လောက်မြင့်နေပြီလဲ၊ ဒီထောင်တွေက ဘယ်တော့ထွက်မှာလဲ။
【၁.၆.၉၉၊ ဝါးသုံးရုံသစ်တောစခန်း သြဝါဒ】
🖋️ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
📖 မောင်သွေးချွန် – လက်မိလက်ရဩဝါဒများ
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image
25 ပတ် - ဘာသာပြန်ပါ။

PSG အသင်းမှထွက်ခွါတော့မယ်လို့ တရား၀င်ကြေညာခဲ့ပြီးနောက် ဒွန်နာရူမာဟာ မန်စီးတီးအသင်းသို့ပြောင်းရွှေ့ဖို့ သဘာတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

image
25 ပတ် - ဘာသာပြန်ပါ။

Color ဖျော့ဖျော့လေးဆိုးမယ်ကွာ
မိုးရာသီဆိုတော့ ငြိမ်ငြိမ်လေးပြင်မယ်လေနော်😬
01 Pomeloco
25000k
Instock

image
25 ပတ် - ဘာသာပြန်ပါ။

Color ဖျော့ဖျော့လေးဆိုးမယ်ကွာ
မိုးရာသီဆိုတော့ ငြိမ်ငြိမ်လေးပြင်မယ်လေနော်😬
01 Pomeloco
25000k
Instock

image
25 ပတ် - ဘာသာပြန်ပါ။

Color ဖျော့ဖျော့လေးဆိုးမယ်ကွာ
မိုးရာသီဆိုတော့ ငြိမ်ငြိမ်လေးပြင်မယ်လေနော်😬
01 Pomeloco
25000k
Instock

image
25 ပတ် - ဘာသာပြန်ပါ။

Color ဖျော့ဖျော့လေးဆိုးမယ်ကွာ
မိုးရာသီဆိုတော့ ငြိမ်ငြိမ်လေးပြင်မယ်လေနော်😬
01 Pomeloco
25000k
Instock

image
25 ပတ် - ဘာသာပြန်ပါ။

Color ဖျော့ဖျော့လေးဆိုးမယ်ကွာ
မိုးရာသီဆိုတော့ ငြိမ်ငြိမ်လေးပြင်မယ်လေနော်😬
01 Pomeloco
25000k
Instock

image
25 ပတ် - ဘာသာပြန်ပါ။

Color ဖျော့ဖျော့လေးဆိုးမယ်ကွာ
မိုးရာသီဆိုတော့ ငြိမ်ငြိမ်လေးပြင်မယ်လေနော်😬
01 Pomeloco
25000k
Instock

image
image
image
image
image
25 ပတ် - ဘာသာပြန်ပါ။

vivo လဲကြမ်းနေပြီ Vision Pro လို Mixed Reality Headset ထုတ်ပြသွားတယ်
ဒီ Headset တွေက မျက်နှာပေါ်မှာ တင်သုံးရမယ့် ကွန်ပျူတာတွေပဲပေါ့ စမတ်မျက်မှန်လို့လဲပြောလို့ရတယ်
Apple Vision Pro လို ဒီဇိုင်းကလာဆိုပေမယ့် ပိုမိုက်တယ် အဓိကက ပိုပေါ့တယ်ဗျာ Vision Pro က 600g လောက်လေးတဲ့ကွန်ပျူတာကြီးကို ခေါင်းမှာစွပ်ထားရတာပါ
ထားပါ ဒါက အရမ်းလေးတယ်ဆိုရင် ပန်းသီးနားကြပ် AirPods Max ဆိုရင်တောင်မှ 386g လေးတာပါ vivo ဘက်ကVision MR ကို AirPods Max ထက်တောင် ပေါ့တယ်လို့ဆိုထားတယ်
သူကတော့ Vision Pro လို Concept နဲ့ပဲသွားတာပါ External Battery ကိုကြိုးနဲ့ချိတ်ထားမယ်
Control တွေကိုကတော့ ထုံးစံအတိုင်း Hand Gesture တွေပဲပေါ့
လက်ရှိ ဒီအချက်အလက်တွေပဲသိရသေးတယ် ဘယ်လို Spec တွေသုံးထားလဲ ၊ Sensor တွေသုံးထားလဲကတော့ မိတ်ဆက်မှသိရမှာပါ
နှစ်ကုန်ပိုင်းမှာ မိတ်ဆက်မယ်လို့ သတင်းတော့ကြားနေရပါတယ်
$3500 တန် Vision Pro ထက်တော့ စျေးပိုသက်သာဖို့ မျော်လင့်ပါတယ်

image

“ လောကကြီးမှာ ချစ်ရုံသက်သက် ရေစက်တွေလည်း ရှိတတ်တာကို လက်ခံပေးပါ ”
“ ဖမ်းမဆုပ်နိုင်ဘဲ လက်ကမ်းခဲ့မိတဲ့အတွက် ခွင့်လွှတ်ပါ ၊ ဒီအချိန်ထိ စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ် “
“ စောင့်နေခဲ့တဲ့ ကာလတစ်လျှောက်လုံးကို အဓိပ္ပါယ်ရှိစေခဲ့တဲ့အတွက် ကျုပ်ကလည်း ကျေးဇူးတင်ပါတယ် ။ ရှေ့မတိုးနိုင်ဘဲ ခြေလှမ်းပြင်ခဲ့မိတဲ့အတွက် ကျုပ်ကိုလည်း ခွင့်လွှတ်ပါ”
" ဘဝအဆက်ဆက် စစ်မက်နဲ့ဝေးပါစေ "
ပထမ-အင်္ဂလိပ်မြန်မာစစ်ပွဲအချိန်ကာလနောက်ခံ လွန်ခဲ့တဲ့နှစ် ၂၀၀ ခန့်ဆီသို့ စိတ်ဝိညာဉ်တို့ကို ပြန်လည်ခေါ်ဆောင်သွားခဲ့တဲ့ ဇာတ်လမ်းတစ်ခု ။
ဗဒုံမင်းနန်းစံစဉ်ကာလ နဲ့ စစ်ကိုင်းမင်းနန်းစံချိန်အထိ ခေတ်တခေတ်ကို ခေါ်ဆောင်သွားပေးပြီး သမိုင်းအမှန်နဲ့ ယှဉ်တွဲပြီး သက်ဝင်လှုပ်ရှားနေတဲ့ စိတ်ကူးထဲကဇာတ်ကောင်တွေ နဲ့ တကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကို မြင်ရ ခံစားရမဲ့ စာအုပ်ပေါ့ ။
ရွှေတိဂုံဘုရားကြီးတည်ရှိရာ ရန်ကုန်မြို့ ဗဒုံမင်းတရားစိုးစံရာ အမရပူရမြို့ ကုန်းဘောင်ခေတ်ကာလ ပတ်ဝန်းကျင်ကို စိတ်ကူးနဲ့ရောက်ခဲ့ရတာ ။
သစ်တောတွေထူထပ်လှသေးတဲ့ ရန်ကုန် ကျားဟိန်းသံကိုပင်ကြားရတဲ့ ရန်ကုန်မြို့ပတ်ဝန်းကျင်ကို အဲမွန်ဆိုတဲ့ မွန်ကောင်လေး တစ်ယောက်နဲ့အတူ မြင်တွေ့ခဲ့ရတယ် ။
မွန်လူမျိုးတို့ရဲ့ နှလုံးသား ဗမာလူမျိုးတို့ရဲ့ နှလုံးသား ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ လှုပ်ရှားခဲ့တဲ့ အရိပ်သုံးခုနဲ့ ရယ်သံတွေ ။ စဥ့်ကူးမင်း ခေါင်းလောင်ကို ညဘက်ကြီးထိုးနေခဲ့တဲ့ကောင်မလေးတစ်ယောက် ။ လှေကားတွေကို
စတက်ဘိုင်စတက်လို့ အော်ပြီး ပြေးတက်ခဲ့တဲ့ ကောင်ကလေး ။
ရန်ကုန်ဆိုတာ ဇနပုဒ်ရွာကလေးပါလို့ ပြောတတ်တဲ့ တစ်ချိန်က ဘုရင့်ထီးနန်းစိုက်ရာ အမရပူရရွှေမြို့တော်မှာနေထိုင်ကြတဲ့သူတွေ ။
ခင်ယွန်းမေဆိုတဲ့ နန်းတွင်းအမှုထမ်းမျိုးနွယ်က သမီးပျိုလေး ။ မြဝတီမင်းကြီးဦးစကို တစ်ဖက်သတ် သဘောကျနေခဲ့တဲ့ ခင်ယွန်းရဲ့ အဒေါ်အပျိုကြီးတစ်ယောက် ။ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဗဒုံမင်း နဲ့ ဦးစတို့ကို ဇာတ်ကောင်တွေနဲ့အတူ မြင်ရတော့ အချိန်ခရီးသွားလိုမျိုး ခံစားခဲ့ရတာ။ ကုန်းဘောင်ခေတ်ကို ပြန်ရောက်သွားခဲ့ရသလိုမျိုး ။
ကုန်လွန်ခဲ့ပြီးသော ကုန်းဘောင်ခေတ်ကို ပြန်လည်ရောက်ရှိခံစားပြီး နှလုံးသားမှာ ခိုအောင်းတွယ်ငြိခဲ့တဲ့ ကြည်နူးလွမ်းဆွတ်ဖွယ် ချစ်ခြင်းမေတ္တာတွေ ။
" ချစ်ခြင်းမေတ္တာဟာ အကြောင်းအရာများများ မသိဘဲလည်း ဖြစ်တည်နိုင်တဲ့အရာမျိုး အဝေးကြီး ဝေးသွားလည်း ဆက်ရှိနေနိုင်တဲ့ အရာ "
ရှေ့လှမ်းလို့လည်းမသာ နောက်ဆုတ်ရလည်း ခက်နေခဲ့တဲ့ အဲမွန် နဲ့ ခင်ယွန်းတို့ရဲ့ ချစ်ခြင်းတစ်ပုဒ် ။
ကိုယ်ကတစ်ယောက်ကိုကြိုက်မိခဲ့ပေမဲ့ အဲ့တစ်ယောက်က ကိုယ့်ကိုမမြင်ခဲ့တဲ့ ဝမ်းနည်းဖွယ် ချစ်ခြင်းနဲ့ ချစ်မိခဲ့ကြ "ချစ်မလောက်" နဲ့ "ရှင်ငြိမ်းသာ" တို့တွေ ။
ဗမာစစ်သားကလေး နဲ့ ယိုးဒယားသူလေး တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဖွဲ့နဲ့ လွဲမှားခဲ့တဲ့ ရှေးရေစက်လို့ပြောကြတဲ့ အများမြင်သာအောင် ချစ်ခွင့်မရရှာတဲ့ ရွှေပိုး နဲ့
သျှင်ထွေးတို့ရဲ့ အချစ်တွေ ။
နူးညံ့လွန်းတဲ့ချစ်ခြင်းမေတ္တာကြိုးမျှင်တွေဟာ နှလုံးအိမ်မှာ ရစ်ပတ်နှောင်တွယ်ပြီးတဲ့အခါ တင်းတင်းကြပ်ကြပ်ထပ်အရစ်ခံခဲ့ရတာဟာ စစ်ဆိုတဲ့ ရက်စက်တဲ့နွယ်မျှင်တွေ ။
စစ်ကြောင့် ခံစားခဲ့ရတဲ့ ဘဝတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ဟောဒီမြေပေါ်မှာ ခံစားခဲ့ကြရတာ ။ ဒါဟာတကယ်ဖြစ်ခဲ့တဲ့ စစ်ပွဲတစ်ခု သမိုင်းအစစ်တစ်ခုဆိုတာ သိသိရက်နဲ့တောင် ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေ ရစ်ပတ်ပြီးတဲ့အခါမှာ ဝမ်းနည်းနာကျင် ထိတ်လန့်ခဲ့ရတယ် ။
ဓနုဖြူတိုက်ပွဲဟာအရင်က နှလုံးသားထဲမှာ မရှိခဲ့ပေမဲ့ ဒီစာအုပ်ဖတ်ပြီးချိန်မှာတော့ ဝမ်းနည်းဖွယ်တိုက်ပွဲတစ်ခုဖြစ်ခဲ့ရတယ် ။
ကိုယ်ကောင်းစားရေးအတွက် တခြားသူမကြည့်ခဲ့သူတစ်ယောက်ရဲ့ နှလုံးသားမှာ ဇာတိသွေး ဇာတိမာန်တွေ ဝင်သွားခဲ့တဲ့အချိန်ဟာ ကြည်နူးစရာ ။
ဓနုဖြူတိုက်ပွဲအပြီး ရှေ့ဆက်မဖတ်နိုင်တော့အောင် နှလုံးအိမ်မှာ ဝမ်းနည်းပူဆွေးခဲ့ရတာ ။ ရက်စက်ပါပေ့ စစ်ပွဲရယ်
ကုန်းဘောင်ခေတ်ရဲ့ အချစ် နဲ့ စစ် ဘဝအဖုံဖုံဟာ နှလုံးအိမ်ဝယ် ရစ်ပတ်ပြီးတဲ့အခါ စိတ်အာရုံဟာနွမ်းလျစွာကျန်ရစ်ခဲ့တော့တယ် ။
" လောကကြီးမှာ ချစ်ရုံသက်သက် ရေစက်တွေလည်း ရှိတတ်တာကို လက်ခံပေးပါ "
#နောက်ဆုံးနက္ခတ် #ပုညခင်

image