Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🇨🇭ကြက်သွန်ဖြူစားတယ်၊ရေနွေးသောက်တယ်၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ်။ စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။
⚠⚠⚠
သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။
အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ်ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ် ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးကလွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီးရုတ်တရက်သေနေကြပါတယ်။ အဲဒီသွေးခဲခြင်းမဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။
သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်ကြရတယ်။ဒါကြောင့် သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်သွားတယ်။
လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလားတဲ့...
ရပါတယ်။
သဘာဝနည်းနဲ့ သွေးကျဲအောင်လုပ်တဲ့နည်းကို အခုပြောပြပါမယ်။
သွေးကျဲဆေးလိုပဲသဘာဝမှာ သွေးကျဲအောင် လုပ်ပေးနိုင်တာကတော့...
#ကြက်သွန်ဖြူဖြစ်ပါတယ်
ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက် စားပေးသင့်တယ်။
သဘာဝမှာသွေးမခဲအောင် လုပ်ပေးနိုင်တာတစ်ခု ရှိပါသေးတယ်။အဲဒါကတော့...
#နနွင်းဖြစ်ပါတယ်
နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေစုပ်ယူနိုင်တာ ဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်ဇွန်း သောက်သင့်တယ်။
နောက်တစ်ခုကတော့...
#သံလွင်ဆီဖြစ်ပါတယ်
ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲရှိတယ်။ နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။
သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့.. သွေးပျစ်ရတာက ရေသောက်နည်းလို့.. ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။ ဒါကြောင့်...
#တစ်နေ့ကို_ရေ၄လီတာလောက်_သောက်ရမယ်။
#ရေခပ်နွေးနွေး သောက်တာအကောင်းဆုံးပဲ။
သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။
အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်...
#သံပရာရည် ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။ အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေစားလေ့ရှိပါတယ်။ အခုမြန်မာပြည်မှာတော့ #ကင်ပွန်းချဥ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။
သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။ အဲဒါကို #သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။
သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့💥(ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်) တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှုမှန်မှာ ဖြစ်တယ်။
အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်တယ်။
ဒါကြောင့်
#လမ်းလျှောက်ပေးရမယ်
လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးကနှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။#ခြေသလုံး၂ခုဟာ_ဒုတိယနှလုံး တွေဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။
သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်ကပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ဦးနှောက်တွေမှာ သွားပိတ်တာများတယ်။
သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။ဒီလိုပဲ 💥#ဉာဏ်ရှိသလို လုပ်သွားရမှာပဲ.. ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၃၆၀ ကျပ်
ဝယ်ဈေး - ၄၂၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၀ ကျပ်
ဝယ်ဈေး - ၃၃၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၁၃၀ ကျပ်
ဝယ်ဈေး - ၅၀၂၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၁၄ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၂ ကျပ်
ဝယ်ဈေး - ၁၀၂၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၇၃ ကျပ်
ဝယ်ဈေး - ၂၉.၁၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၀.၁၉ ကျပ်
ဝယ်ဈေး - ၄၉.၁၉ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၆ ကျပ်
ဝယ်ဈေး - ၃.၀၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၁၅ ကျပ်
ဝယ်ဈေး - ၅၈၀၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၀ ကျပ်
ဝယ်ဈေး - ၂၇၈၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၂ ကျပ်
ဝယ်ဈေး - ၅၅၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၉၄ ကျပ်
ဝယ်ဈေး - ၁၁၇၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၆၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၈၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၄၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၀၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၂၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၈၈၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူကရိန်းသို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရန် တရုတ်နိုင်ငံ အဆင်သင့်ရှိဟုဆို
ရုရှားနှင့်ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူနိုင်ချိန်တွင် ယူကရိန်းသို့ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စေလွှတ်ရန်တရုတ်နိုင်ငံအသင့်ရှိကြောင်း ဂျာမနီသတင်းမီဒီယာများက ဩဂုတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရုရှားနှင့်ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ရယူနိုင်ချိန်တွင် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် အသင့်ရှိမှုကို တရုတ်တာဝန်ရှိသူများက ဥရောပသမဂ္ဂသံတမန်များကို အသိပေးထားကြောင်း ဂျာမနီမီဒီယာများ၏ အဆိုအရသိရသည်။
သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းသို့ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် ကုလသမဂ္ဂ၏ ခွင့်ပြုချက်ဖြင့်သာ စေလွှတ်ဖြန့်ကြက်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂသံတမန် သတင်းအရင်းအမြစ်များက မီဒီယာများသို့ ထုတ်ပြောထားသည်။
တရုတ်နိုင်ငံသည် အနာဂတ် တစ်ချိန်ချိန်၌ ယူကရိန်းနိုင်ငံသို့ ငြိမ်း ချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များစေလွှတ်ရေးနှင့်ပတ်သက်၍ ဖြစ်နိုင် ခြေများကိုဆွေးနွေးရာတွင်ပါဝင်လာသည့် နောက်ဆုံးအင်အားကြီးနိုင်ငံ ဖြစ်သည်။
ရုရှားနှင့်ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်ရာယူရာတွင် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးသည့်အနေဖြင့် ယူကရိန်းသို့တပ်ဖွဲ့ဝင်များစေလွှတ်ရန် ဥရောပနိုင်ငံ ၁၀ နိုင်ငံခန့်က ဆန္ဒရှိနေကြကြောင်း သိရသည်။
သို့ရာတွင် လုံခြုံရေးအာမခံချက်အတွက် ယူကရိန်းနိုင်ငံသို့ မြေပြင်တပ်များ စေလွှတ်မည်မဟုတ်ကြောင်း အမေရိကန်အစိုးရက ပြောကြားထားသည်။
ရိုက်တာ
ပေါင်မုန့်အုန်းနို့ဆမ်း_(အုန်းနို့_သာကူ)
☃☃☃ငယ်စဥ်ဘဝ သတိရမိ😍
ငယ်ငယ်က အရမ်းကြိုက် ခဏခဏစား စားမဝတဲ့
မုန့်လေးပါ...
ပါဝင်ပစ္စည်းများ
အုန်းသီး၁လုံး (အုန်းနို့ညှစ်ထားပါ)
သကြား - (၁၀ကျပ်သား)
ပေါင်မုန့် - (၁ထုပ်)
ဆား အနည်းငယ်
ရေ အနည်းငယ်
ပါဝင်ပစ္စည်းတွေကလဲနည်းတော့ အရမ်းကြီးအလုပ်မရှုပ်တော့ဘူးပေါ့😍
ဘယ်လိုလုပ်လဲ.....ကြည့်လိုက်ရအောင်နော်
သကြားကို အရင်ကျိုရပါမယ်။ပြီးလျှင် ရေထည့်ပါ။ (ရေသန့်ဘူးသေးရဲ့၃ပုံ ပုံရင် ၁ပုံထည့်ပါ။)
ထို့နောက်မီးဖိုပေါ်မှာတင်ထားပါ ရေပွက်လာလျှင် သကြားထည့်ပြီးကျေသည်အထိ ကျိုပေးပါ။
သကြားရည်ကျိုပြီးလျှင် အုန်းနို့ရည်တွေကို ရောထည့်ပြီးကျိုပေးပါ။ဆားအနဲငယ်ပါထည့်ရ်ျ ၁၅ မိနစ်ခန့်ကျိုပေးပါ။
အုန်းနို့ရည်တွေပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်ရပါပြီ။
ထို့နောက်ပေါင်မုန့်ပေါ်သို့ အုန်းနို့ရည်တွေဆမ်းလိုက်ပါ။
😍ဒါဆိုအရသာရှိပြီးစားကောင်းတဲ့ ပေါင်မုန့်အုန်းနို့ဆမ်းလေးကိုရရှိမှာဖြစ်ပါတယ်😍
အရမ်းလဲမခက် ပါဝင်ပစ္စည်းတွေလဲနည်းတယ်ဆိုတော့အခုပဲလုပ်စားလိုက်ရအောင်နော်
*******
နောက်တနည်း
ပါဝင်ပစ္စည်းများ
သာဂူ – ရေနွေးကြမ်းပန်းကန် ၁/၂ စာ
ကြိုက်နှစ်သက်ရာပေါင်မုန့်
စပျစ်သီးခြောက်
အုန္းနို့ – ၁ ဘူး
ဆား – အနည်းငယ်
သကြား – ထမင်းစားဇွန်း ၂ ဇွန်း
(အချိုလိုရင် စိတ်ကြိုက်ထည့်ပါ။ ကလေးအတွက်မို့ သကြားလျှော့ ထည့်ပြီး စပျစ်သီးခြောက်ကို သုံးထားတာပါ။)
ပြုလုပ်နည်း
၁။ အုန်းနို့ကို သကြားနှင့် ဆားထည့်၍ ဆူပွက်ပြီး အနည်းငယ်ပျစ်လာအောင် ကျိုပါ။ စပျစ်သီး ခြောက်ထည့်၍ မီးပိတ်ပြီး အအေးခံပါ။
၂။ သာဂူကို အစေ့ပျောက်အောင် ကျိုပြီး ရေအေးနှင့်လောင်းကာ အအေးခံရေခဲသေတ္တာထဲ
၁ နာရီခန့် ထည့်ပါ။
၃။ ပွဲပြင်လျှင် အုန်းနို့ပေါင်မုန့်သာဂူ ထည့်ပါ။
ပေါင်မုန့် Sandwich လုပ်နည်း
😍😍😍😍😍