“ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး ကိုယ့်မျက်လုံးကို မလှဘူးထင်ရင် ဒီစာကို အမြင်အာရုံ ချို့ယွင်းနေသူတွေ မဖတ်နိုင်ပါဘူး။ ”
လူတိုင်းလူတိုင်းက ကိုယ့်ရုပ်ရည်နဲ့ပတ်သက်ပြီး အားရချင်မှ ရလိမ့်မယ်။ ဖြူသူက ညိုချင်တယ်၊ ညိုသူက ဖြူတာကိုမှ လိုချင်တယ်။ ရုပ်ရည်ချောမောနေရင် တပန်းသာတယ်လေ။
Pretty Privilege ဆိုတာ ဒါပဲ။ မွေးရာပါ ရုပ်ရည်ချောနေရင် လူထင်ကြီးခံရဖို့ ပိုလွယ်တယ်။ လူတွေပိုယုံချင်တယ်။ တစ်ဖက်မှာ ရုပ်ရည်အကျည်းတန်သူကျတော့ အထိနာတာပဲ။
မဟုတ်တာလုပ်လို့ ဒီကြားထဲ ရုပ်ပါမလှဘူးဆို သွားပြီပဲ။ ရုပ်ရည်လှပတဲ့လူတွေကျတော့.. အခွင့်ထူးခံ လူတန်းစားဖြစ်သွားရော။
လူတွေ သတ်မှတ်ထားတဲ့.. Beauty Standard က သိပ်ကြောက်ဖို့ ကောင်းပါတယ်။ စိတ်ထား.. ဘယ်လောက်ပဲ၊ ကောင်းကောင်း ရုပ်ရည်မပြေတာလေးများတွေ့ရင် ဟင် ဒီရုပ်ကြီးက အဲလိုဖြစ်နိုင်ပါ့မလားဆိုတာမျိုး အထင်အမြင် စောင်းချင်ကြတယ်။
ဒီအခါ ကိုယ့်ကိုယ်ကိုယ် ရုပ်ရည်မသားနားဘူးလို့ လက်ခံလိုက်ကြတဲ့ လူတွေက ခေတ်မီနည်းပညာတွေနဲ့ ရုပ်လှဖို့ ငွေကြေးကုန်ကျ၊ ငွေကုန်ကျလို့ အကောင်းရတာ ကိစ္စမရှိဘူး။
တချို့ မတတ်နိုင်တဲ့ကြားက အလိမ်ခံရတာတွေ အများကြီးပဲ။ တွေ့မြင်နေရတာ တကယ် ကြောက်စရာကောင်းပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာဆိုလဲ နှိမ်သလို ခနဲ့သလို ဝိုင်းဝန်းပြီး ထိုးချတာတွေလဲ ပါလာတော့ ကိုယ်က ခံနေရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တာ၊ လူတောမတိုးတော့တာ၊ လူအုပ်ကြီးကို ရှိန်တာတွေ ဖြစ်လာကြတယ်။
◾ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် သားသားနားနား ရှိနေအောင် ဘယ်လိုနေမလဲ။
၁။ သူများတွေက ဘယ်လိုရုပ်ရည်ရှိပါတယ်ဆိုပြီး လိုက်မဝေဖန်နဲ့။
၂။ အရည်အချင်းတစ်ခုခု ရှိအောင်လုပ်ထား။ အရည်အချင်းရှိရင် ဘယ်သူမှ ကိုယ့်ကို လာမနှိပ်ကွပ်ရဲဘူး။
၃။ မတည့်တာ မစားနဲ့၊ ခန္ဓာကိုယ်နဲ့ လက်သင့်မခံစားတွေဆို ကြိုက်ရင်တောင်မစားနဲ့။
၄။ ခံတွင်းနံ့ မနံအောင် ဂရုစိုက်။
၅။ အဝတ်အစားကို သေချာ လျှော်ဖွတ်၊ မီးပူတိုက်ပြီးမှပဲ ဝတ်။ တွန့်ကြေနေတာတွေနဲ့ အပြင်မသွားနဲ့။
၆။ လူတွေကို ကူညီ၊ ကိုယ်ချင်းစာစိတ် မွေးမြူ။
၇။ သူများ အကျင့်မကောင်းတိုင်း၊ အကျင့်မကောင်းဘဲ မနေနဲ့။
ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားဆိုတာ ကိုယ့်အတွင်းစိတ်ထဲကနေ လာတာ။ အပြင်ကနေ လာတာမဟုတ်ဘူး။
----------------