30 ပတ် - ဘာသာပြန်ပါ။

မကြာခင်ပြီးစီးတော့မည့် ရန်ကုန် - ဒလမြစ်ကူးတံတား

ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန် - ဒလမြစ်ကူးတံတား တည်ဆောက်မှုပြီးစီးတော့မည်ဖြစ်သည်။

အဆိုပါတံတားကို၂၀၁၉ ခုနှစ်၊ မေလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးလမ်းအပြင် ကမ်းနားလမ်းဘက်တွင်လည်း အတက်အဆင်းတဖက်စီ သတ်မှတ်ထားပြီး လူသွားလမ်းလည်း ပါရှိသည်။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်ထားကြောင်း၊ တံတားခံနိုင်ဝန် ယာဉ်တစီးကို ၇၅ တန် သယ်ယူခွင့် သတ်မှတ်ထားကြောင်း သိရသည်။

ပုံစာ - ရန်ကုန်မြစ်ကူး ဒလတံတားကို ရန်ကုန်ဘက်ခြမ်းမှ ဩဂုတ် ၂၄ တွင် တွေ့မြင်ရစဥ်

image
30 ပတ် - ဘာသာပြန်ပါ။

မကြာခင်ပြီးစီးတော့မည့် ရန်ကုန် - ဒလမြစ်ကူးတံတား

ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန် - ဒလမြစ်ကူးတံတား တည်ဆောက်မှုပြီးစီးတော့မည်ဖြစ်သည်။

အဆိုပါတံတားကို၂၀၁၉ ခုနှစ်၊ မေလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးလမ်းအပြင် ကမ်းနားလမ်းဘက်တွင်လည်း အတက်အဆင်းတဖက်စီ သတ်မှတ်ထားပြီး လူသွားလမ်းလည်း ပါရှိသည်။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်ထားကြောင်း၊ တံတားခံနိုင်ဝန် ယာဉ်တစီးကို ၇၅ တန် သယ်ယူခွင့် သတ်မှတ်ထားကြောင်း သိရသည်။

ပုံစာ - ရန်ကုန်မြစ်ကူး ဒလတံတားကို ရန်ကုန်ဘက်ခြမ်းမှ ဩဂုတ် ၂၄ တွင် တွေ့မြင်ရစဥ်

image
image
image

#ကျောက်ကပ်ရောဂါ မဖြစ်အောင် ***
#ကာကွယ်ဖို့အတွက် အဓိကအချက် (၃) ချက်ကို *** #အလေးထားပြီး လိုက်နာနိုင်ပါတယ်။ ***

၁။ အစားအသောက်ပုံစံကို ပြုပြင်ပါ

* ဆားလျှော့စားပါ။ အသင့်စား အစားအစာတွေ၊ အဆင်သင့်ထုတ်ထားတဲ့ စည်သွပ်ဘူးတွေနဲ့ အချိုရည်တွေကို တတ်နိုင်သမျှ ရှောင်ပါ။ အစားအစာကို ကိုယ်တိုင်ချက်ပြုတ်စားတာက ဆားပမာဏကို အကောင်းဆုံး ထိန်းချုပ်နိုင်ပါတယ်။

* သန့်ရှင်းတဲ့ရေကို လုံလုံလောက်လောက် သောက်ပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက် သောက်ပေးတာက ကျောက်ကပ်ကို ကောင်းမွန်စွာ အလုပ်လုပ်စေပြီး ကျောက်ကပ်ကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

* ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများများ စားသုံးပါ။ ဒါတွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို ကျင့်သုံးပါ

* ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အဝလွန်ခြင်းကို ရှောင်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာက ဆီးချိုနဲ့ သွေးတိုးဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒီရောဂါတွေက ကျောက်ကပ်ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပါတယ်။

* ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်းလုပ်တာက သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်လို့ ကျောက်ကပ်ကို ကာကွယ်ပေးနိုင်ပါတယ်။

* ဆေးလိပ်နဲ့ အရက်သေစာကို ရှောင်ပါ။ ဆေးလိပ်သောက်တာက ကျောက်ကပ်ဆီကို သွေးစီးဆင်းမှု လျော့နည်းစေပြီး၊ အရက်အလွန်အကျွံသောက်တာက သွေးပေါင်ချိန်ကို တက်စေနိုင်ပါတယ်။

၃။ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး သတိထားပါ

* ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သောက်သုံးပါ။ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဆေးဝါးတွေ၊ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေကို လိုအပ်တာထက် ပိုသောက်တာမျိုး ရှောင်ပါ။ အချို့ဆေးဝါးတွေက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

* ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို များစွာ လျှော့ချနိုင်ပါလိမ့်မယ်။ သင့်အနေနဲ့ ဆီးချို၊ သွေးတိုး ရှိတယ်ဆိုရင်တော့ ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ကျောက်ကပ်ကို ကာကွယ်ဖို့အတွက် ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။ - Youtube

မြိုင်ရဲ့ Vlog တစ်ပုဒ်ဖြစ်လာဖို့ ဘယ်လိုပြင်ဆင်မလဲ

30 ပတ် - ဘာသာပြန်ပါ။

မြှားပ|စ်|ခံရရင်လည်း Vaseline ပဲလိမ်းပါ 🤨

image
30 ပတ် - ဘာသာပြန်ပါ။

ငရုပ်ကောင်းရှည်သီး -
(သိထားသင့်တဲ့ အရသာစပ်တဲ့ ဆေးဖက်ဝင်အပင်)

​ငရုပ်ကောင်းရှည်သီးဟာ အရင်က လူကြီးတွေ သုံးခဲ့ကြတဲ့ အသီးလေးတစ်ခုပါ။ ဟင်းချက်တဲ့အခါ အနံ့အရသာကောင်းအောင် ထည့်တာအပြင် ကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။

၁။ ​လေဖြတ်တာ၊ လေငန်းဖြတ်တာ၊ ကြွက်သားတောင့်တင်းတာနဲ့ အကြောတွေ တင်းတာ
​ရှေးလူကြီးတွေက "ငရုပ်ကောင်းရှည်သီးက လေဖြတ်တာကို သက်သာစေတယ်" လို့ ပြောလေ့ရှိကြပါတယ်။ ဆိုလိုတာကတော့ ဒါက သွေးလေလည်ပတ်မှုကို အားကောင်းစေပြီး တောင့်တင်းနေတဲ့ ကြွက်သားနဲ့ အကြောတွေကို ဖြည်းဖြည်းချင်း ပြေလျော့စေတာကြောင့် လှုပ်ရှားရတာ ပိုအဆင်ပြေစေပါတယ်။ တခြားသော အနှိပ်ခံတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ တွဲဖက်လုပ်ဆောင်ရင် ပိုပြီး သိသာတဲ့ရလဒ်ကို ရရှိနိုင်ပါတယ်။

၂။ ကိုက်ခဲတာတွေကို သက်သာစေပြီး အကြောဖြေပေးနိုင်တယ်
​ငရုပ်ပေါင်းရှည်သီး အသီးခြောက် ၃-၅ လုံးကို ရေ ၂ ခွက်နဲ့ ပြုတ်ပြီး ရေ ၁ ခွက်စာလောက်ပဲ ကျန်တဲ့အထိ တည်ပါ။ ပြီးရင် နွေးနွေးလေးကို တစ်နေ့ ၁-၂ ကြိမ် သောက်ပေးရင် ခန္ဓာကိုယ်ကို ပြေလျော့စေပြီး ပင်ပန်းနွမ်းနယ်တာတွေကို ကောင်းကောင်း သက်သာစေနိုင်ပါတယ်။

၃။ ​ဗိုက်အောင့် ဗိုက်နာတာကို သက်သာစေတယ်
​တစ်ခါတလေ ဗိုက်ကယ်ပြီး မအီမသာဖြစ်ရင် ငရုပ်ကောင်းရှည်သီးအခြောက်ပြုတ်ရည်ကို ထမင်းစားပြီး သောက်ပေးနိုင်ပါတယ်။ ဒါက လေကိုထုတ်ပစ်ပြီး ဗိုက်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။

၄။ ​ချောင်းဆိုးပြီး အဆုတ်ထဲမှာ သလိပ်ရှိတာကို သက်သာစေတယ်
​ငရုပ်ကောင်းရှည်သီးကို အမှုန့်ကြိတ်ပြီး ပျားရည်နဲ့ရောကာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် စားပေးရင် လည်ချောင်းကို ပိုမိုရှင်းလင်းစေပါတယ်။

၅။ ​အစားအသောက်အရသာကို ပိုမိုကောင်းမွန်စေတယ်
​ဟင်းချက်တဲ့အခါ ငရုပ်ကောင်းရှည်ထည့်ရင် စပ်တဲ့ရနံ့က ပိုမိုပြင်းထန်လာပြီး အရသာလည်း ပိုစပ်လာပါတယ်။

​ငရုပ်ကောင်းရှည်ဟာ လူတွေ သတိမထားမိကြတဲ့ ရိုးရှင်းတဲ့အရာဖြစ်ပေမဲ့ တကယ်သုံးကြည့်တဲ့အခါမှာတော့ သွေးလည်ပတ်မှုနဲ့ ကြွက်သားပြေလျော့တာကို အထောက်အကူပြုပြီး အစားအသောက်ကိုလည်း ပိုမိုအရသာရှိစေတယ်ဆိုတာ သိလာရပါလိမ့်မယ်။

image

ကမ္ဘာ့ပညာရှင်များ ခန့်မှန်းထားတာထက် ပိုအားကောင်းလာတဲ့ ကာဂျီကီ မုန်တိုင်း

ဒီနေ့ ၂၀၂၅ ဩဂုတ်လ ၂၄ ရက်၊ ညနေ ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ (KAJIKI) ဟာ ကမ္ဘာ့ပညာရှင်များ ခန့်မှန်းထားတာထက် အားပိုကောင်းလာကာ တစ်နာရီ ၉၂ မိုင်နှုန်းအထိ ရောက်ရှိခဲ့ပါပြီ။ ၉၉ မိုင်ဆိုရင် Very Storng (အလွန်အားကောင်းတဲ့အဆင့်) ရောက်မှာပါ။ နောက် ၂၄ နာရီအတွင်း အဲ့အဆင့်ကို ရောက်လာနိုင်ပါတယ်။ ဗီယက်နမ်အတွက်တော့ စိတ်မကောင်းပါဘူး။

မြန်မာအတွက် ပြောရရင် ယခင်မှန်းထားတဲ့မိုးရေချိန်ထက် ပိုများနိုင်တယ်။ မိုးကြီးမယ့်ဒေသတွေ များလာမယ်။ ပြည်နယ်နဲ့တိုင်း အားလုံးပါပဲ။ အထူးသဖြင့် မုန်တိုင်းအကြွင်းအကျန် ဖြတ်သန်းမယ့် နေပြည်တော်၊ ရှမ်းပြည်၊ ကယားပြည်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်၊ ရခိုင်ပြည်မြောက်ပိုင်းတို့မှာ မိုးပိုများပါမယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလားပင်လယ်ထဲမှာလဲ မုတ်သုံက အားကောင်းနေတဲ့အတွက် ဒီဘက်ကမုန်တိုင်းက လွင့်လာမယ့်တိမ်တိုက်တွေရယ်ကြောင့် တစ်ပြည်လုံးမှာ ဒီနေ့ကစ ဩဂုတ်လကုန်တဲ့အထိ မိုးတွေရွာပါမယ်။ မိုးတွေကြီးနိုင်ပါတယ်။ ချောင်းရေမြောင်းရေကန်ရေ လျံနိုင်ပါတယ်။ အားလုံး သတိထားကြဖို့ ကြိုတင်ပြင်ဆင်နိုင်ဖို့ တတ်နိုင်သလောက် ရှယ်ပေးကြပါ။

image
30 ပတ် - ဘာသာပြန်ပါ။

Computer မှာ taskbar ပျောက်သွားတဲ့ပြဿနာ ဖြေရှင်းနည်း။

အဆင့် ၁: အလွယ်ကူဆုံး နည်းလမ်းများ (ပထမဆုံး ဒီနည်းတွေကို စမ်းကြည့်ပါ)

1️⃣. Computer ကို Restart လုပ်ပါ။
အကြောင်းအမျိုးမျိုးကြောင့် Windows စနစ်အတွင်း ယာယီချို့ယွင်းမှုတစ်ခုခုဖြစ်ပြီး Taskbar ပျောက်နိုင်ပါတယ်။ Computer ကို Restart ချခြင်းက ဒီယာယီပြဿနာကို 90% ဖြေရှင်းပေးနိုင်ပါတယ်။

2️⃣. Taskbar ကို လက်နဲ့ ထိပြီး ဆွဲထုတ်ကြည့်ပါ။
Taskbar ဟာ screen ရဲ့ ဘယ်၊ ညာ၊ အောက်၊ အပေါ် ဘယ်နေရာမဆို ရောက်နေနိုင်ပါတယ်။ ထိမ်းထားတဲ့နေရာက လွတ်သွားပြီး auto-hide ဖြစ်သွားနိုင်ပါတယ်။

- 🖱️မောက်စ်ကို screen ရဲ့ အောက်ဘက်စွန်း၊ ညာဘက်စွန်း၊ ဘယ်ဘက်စွန်း၊ အပေါ်ဘက်စွန်းတွေဆီ ပွတ်တိုက်လိုက်ပါ။ Taskbar ပေါ်လာခဲ့ရင် ညာဘက်ကလစ်နှိပ်ပြီး "Taskbar settings" ကိုဝင်ကာ "Lock the taskbar" ကို check လုပ်ထားလိုက်ပါ။

3️⃣. Windows Key ကိုနှိပ်ပါ။
keyboard ပေါ်က Windows Logo (Win) Key ကိုနှိပ်ကြည့်ပါ။ Start Menu ပွင့်လာရင် Taskbar ဟာ ပုံမှန်အတိုင်း ပြန်ပေါ်လာတတ်ပါတယ်။

အဆင့် ၂: Settings မှာ ပြန်လည်ချိန်ညှိခြင်း ⚙️

အထက်ပါနည်းတွေနဲ့ မရပါက Settings ထဲဝင်ပြီး စစ်ဆေးရပါမယ်။

1️⃣. Keyboard Shortcut ကိုသုံးပါ: Windows Key + I ကိုနှိပ်ပြီး Settings ကိုဖွင့်ပါ။
- (ဒါမှမရပါက Ctrl + Shift + Esc နှိပ်ပြီး Task Manager ကိုဖွင့်ကာ၊ File > Run new task > ms-settings: လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ)

2️⃣. Settings ထဲရောက်ရင် "Personalization" ကိုနှိပ်ပါ၊ ပြီးရင် left menu ကနေ "Taskbar" ကိုရွေးပါ။

3️⃣. ညာဘက်ခြမ်းက option တွေကို ဒီလိုစစ်ဆေးပါ:
- "Lock the taskbar" - On ဖြစ်နေပါစေ။
- "Automatically hide the taskbar" - Off ဖြစ်နေပါစေ။ (ဒီ option ဖွင့်ထားရင် Taskbar ဟာ mouse နဲ့မထိမချင်း ဖျောက်ထားသလိုဖြစ်နေမှာပါ)
- "Taskbar behaviors" ကိုနှိပ်ပြီး "Taskbar alignment" က Center ဖြစ်နေရင် သူ့ပုံစံပြောင်းသွားနိုင်ပါတယ်။ Left ကိုပြန်ပြောင်းကြည့်ပါ။

4️⃣. Settings ကိုပိတ်ပြီး ပြန်ကြည့်ပါ။

အဆင့် ၃: Windows Explorer ကို Restart လုပ်ခြင်း

Taskbar နဲ့ Desktop Icons အားလုံးဟာ Windows Explorer ဆိုတဲ့ process ကနေ ထိန်းချုပ်ထားတာဖြစ်လို့ ဒီ process ကို restart ချပေးရင် အလုပ်ဖြစ်တတ်ပါတယ်။

1. Keyboard မှာ Ctrl + Shift + Esc ကိုနှိပ်ပြီး Task Manager ကိုဖွင့်ပါ။
2. Processes tab မှာ "Windows Explorer" ဆိုတာကိုရှာပါ။
3. အဲဒီအပေါ်ကို right-click နှိပ်ပြီး "Restart" ကိုရွေးလိုက်ပါ။
4. စက္ကန့်အနည်းငယ်စောင့်ပါ။ Taskbar နဲ့ Desktop ပြန်ပေါ်လာပါလိမ့်မယ်။

အဆင့် ၄: System File Checker ကို အသုံးပြုခြင်း 🔍

အထက်ပါနည်းအားလုံးနဲ့မှမရပါက System File များ ပျက်စီးယိုယွင်းနေတာဖြစ်နိုင်ပါတယ်။ Command Prompt ကိုသုံးပြီး စစ်ဆေးကုသကြည့်ပါ။

1. Start Menu (သို့) Search ထဲမှာ cmd လို့ရိုက်ထည့်ပါ။
2. Command Prompt ပေါ်လာရင် right-click နှိပ်ပြီး "Run as administrator" ကိုရွေးပါ။ ("Administrator: Command Prompt" ဆိုတဲ့ title bar နဲ့ window ပွင့်လာရင် အောင်မြင်ပါပြီ)
3. command window ထဲမှာ အောက်ပါ command ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
sfc /scannow

4. System File Checker က system files တွေကို စစ်ဆေးပြီး ပျက်စီးနေတာရှိရင် အလိုအလျောက် ပြင်ဆင်ပေးပါလိမ့်မယ်။ ပြီးသွားရင် computer ကို Restart ချပါ။

အဆင့် ၅: New User Account ဖန်တီးကြည့်ခြင်း

သင့်ရဲ့ user profile မှာပဲ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။

1. Windows Key + I > Accounts > Family & other users ကိုသွားပါ။
2. "Add account" ကိုနှိပ်ပြီး Local account အသစ်တစ်ခုကို Admin right နဲ့ ဖန်တီးလိုက်ပါ။
3. Computer ကို Sign out လုပ်ပြီး အခုဖန်တီးထားတဲ့ account အသစ်နဲ့ဝင်ကြည့်ပါ။
4. အကယ်၍ account အသစ်မှာ Taskbar ပုံမှန်ပေါ်နေရင် သင့်ရဲ့ မူလ account ရဲ့ setting မှာပြဿနာရှိနေတာပါ။ မူလ account က file တွေကို backup လုပ်ပြီး account အသစ်ကို ပြောင်းသုံးတာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပါတယ်။

📌အနှစ်ချုပ်

အဆင့်ဆင့် စမ်းသပ်ရန်:

1. ပထမဆုံး Computer ကို Restart လုပ်ပါ။
2. မောက်စ်ကို screen စွန်းတွေဆီ ပွတ်တိုက်ကြည့်ပါ။
3. Taskbar Settings ထဲဝင်ပြီး "Auto-hide" ကို Off လုပ်ပါ။
4. Task Manager ကနေ Windows Explorer ကို Restart ချပါ။
5. Command Prompt (Admin) ဖွင့်ပြီး sfc /scannow ကို run ပါ။
6. User Account အသစ်နဲ့ ဝင်ကြည့်ပါ။


𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image

လူတော်တော်များများ မသိကြတာကတော့ ရွှာမှာ အလေ့ကျ ပေါက်နေတတ်တဲ့ "ဘီစပ်" ပင်ဟာ အလွန်ကောင်းမွန်တဲ့ ဆေးဖက်ဝင်အပင်ဖြစ်တယ်ဆိုတာပါပဲ။ အကယ်၍ အဲဒီအပင်ပေါများနေမယ်ဆိုရင် ဒီအပင်ကနေ ဆီထုတ်ပြီး အမျိုးမျိုးအသုံးချလို့ရပါတယ်။ ကိုယ်တိုင်လည်း အလွယ်တကူ ပြုလုပ်နိုင်တာကြောင့် ဈေးကြီးတဲ့ ပစ္စည်းတွေလည်း ဝယ်စရာ မလိုပါဘူး။
ဈေးကြီးတဲ့ ဆေးဝါးတွေနဲ့ ပိုက်ဆံဖြုန်းနေစရာ မလိုပါဘူး။

​✨ ဘီစပ်ဆီရဲ့ အံ့ဖွယ်ကောင်းတဲ့ ဆေးစွမ်းအကျိုးကျေးဇူးများ
* ​ဒဏ်ရာအသစ်များကို လိမ်းပေးရင် သွေးထွက်တာ ရပ်ပြီး
အနာကျက်နှုန်းမြန်စေပါတယ်။
* ​နာတာရှည်အနာ၊ ဆီးချိုကြောင့်ဖြစ်တဲ့အနာ၊ ပြည်တည်နာ၊
သို့မဟုတ် အရေပြား psoriasis ရောဂါကို သက်သာစေပါ
တယ်။
* ​ရောင်ရမ်းနာကျင်ခြင်း၊ ရောင်ရမ်းဖူးယောင်ခြင်း၊ ပွန်းပဲ့
ညိုမည်းခြင်းတို့ကို လျော့ပါးစေပါတယ်။
* ​လက်သည်းခွံငုတ်ခြင်း၊ ခြေထောက် မှိုစွဲခြင်း၊ ရေနွေးပူ
လောင်ခြင်းတို့ကိုလည်း ကောင်းစွာ သက်သာစေပါတယ်။
* ​အနာကို မြန်မြန်ခြောက်စေပြီး စိုစွတ်မနေအောင် ကူညီပေး
ပါတယ်။
* ​လိပ်ခေါင်း၊ ရေယုန်၊ ဝက်ခြံ၊ အနာဆွေးများကို လိမ်းပေး
နိုင်ပြီး အာနိသင်ကောင်းပါတယ်။
* ​အသားအရေ ယားယံတာတွေကို လျှော့ချပေးပြီး အရေပြား
ကို အစိုဓာတ်ထိန်းပေးတဲ့ body lotion အဖြစ်လည်း
အသုံးပြုနိုင်ပါတယ်။
* ​ဆံပင်ပေါင်းတင်ရာမှာလည်း အသုံးပြုနိုင်ပြီး ဈေးကြီးတဲ့
ခရင်မ်တွေလိုပဲ ဆံပင်ကို နူးညံ့လှပစေပါတယ်။

​🛠 လွယ်ကူရိုးရှင်းတဲ့ ပြုလုပ်နည်း အဆင့်ဆင့်......
၁။ ​ဘီစပ်ပင်ရဲ့ ပင်စည်နဲ့ အရွက်တွေကို ရေစင်အောင် ဆေး
ကြောပြီး အပိုင်းအစလေးတွေဖြစ်အောင် လှီးဖြတ်ပါ။
၂။ ​အိုး ဒါမှမဟုတ် ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး
ဆီ (အုန်းဆီ၊ နှမ်းဆီ ဒါမှမဟုတ် ဆန်ဖွဲနုဆီကို သုံးဖို့
အကြံပြုပါတယ်) ထည့်ပါ။
၃။ ​လှီးဖြတ်ထားတဲ့ ဘီစပ်ပင်တွေကို ဆီထဲထည့်ပြီး ကြွပ်လာ
တဲ့အထိ ကြော်ပါ။ ပြီးရင် ပြန်ဆယ်ပါ။
၄။ ဘီစပ်ပင်တွေ ​အားလုံးကုန်သွားတဲ့အထိ ထပ်ခါတလဲလဲ
ကြော်ပြီးရင် ဆီကိုသာ စစ်ယူပါ။
၅။ ​သန့်ရှင်းတဲ့ ပုလင်းထဲကို ထည့်ပြီးသိမ်းထားရင်
တစ်နှစ်အထိ အသုံးပြုနိုင်ပါတယ်။

​💚 ဒီလိုနည်းနဲ့ အိမ်မှာပဲ ဆေးဖက်ဝင်ဆီ အမျိုးမျိုးကို ရရှိနိုင်ပါတယ်။ ဈေးကြီးတဲ့ဆေးဝါးတွေ ဝယ်စရာမလိုဘဲ အနီးအနားမှာ ရှိတဲ့ အပင်ကောင်းကို အကျိုးရှိရှိ အသုံးချနိုင်တာပေါ့။

image

◼ ဂျပန်နိုင်ငံတစ်ဝန်း ရာသီဥတုအပူချိန်သတိပေးချက်များ ထုတ်ပြန်
ဂျပန်နိုင်ငံမှလူအများအပြားသည် ယနေ့တွင်ပြင်းထန်သောအပူချိန်မြင့်တက်မှုကိုခံစားနေရပြီး နေရာအများအပြားတွင် အန္တရာယ်ရှိသောအဆင့်အထိ အပူချိန်မြင့်တက်လျက်ရှိကြောင်း တာဝန်ရှိသူများကထုတ်ပြန်ထားပြီး တစ်ချိန်တည်းတွင် နေရာကွက်၍ မိုးကြီးနိုင်သည့်သတိပေးချက်များလည်းထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံအနောက်ပိုင်းနှင့်အရှေ့ပိုင်းတွင် လွှမ်းခြုံထားသော လေဖိအားများရပ်ဝန်းတစ်ခုကြောင့် အပူချိန်များမြင့်တက်နေကြောင်း ဂျပန်မိုးလေဝသဌာနကပြောသည်။
ဖူကူရှီးမားဒေသမှ အိုကီနာဝါဒေသအထိ နိုင်ငံ၏စီရင်စုပေါင်း ၄၇ ခုအနက် စီရင်စု ၃၇ ခုတွင် အပူကြောင့်လေဖြတ်နိုင်သော အန္တရာယ်သတိပေးချက်များထုတ်ပြန်ထားကြောင်း ဂျပန် အန်အိတ်ချ်ကေ သတင်းက ဖော်ပြသည်။
တိုကျိုမြို့ထဲနှင့် အနီးဝန်းကျင် ကန်တိုဒေသကုန်းတွင်းပိုင်းဧရိယာအများအပြားတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ်နီးပါးအထိရောက်ရှိခဲ့ကြောင်းသိရသည်။
ယနေ့ မွန်းလွဲ ၂ နာရီအထိ ဂန်မာစီရင်စု၊ ကာယုဒေသတွင် ၃၉ ဒသမ ၄ ဆဲလ်စီးယက်စ်၊ ဆိုင်တမ စီရင်စုရှိ ဟာတိုယာမာ‌ဒေသတွင် ၃၉ ဒသမ ၂ ဆဲလ်စီးယက်စ်၊ အီဘာရာကီစီရင်စုမှ ကာဂိုဒေသတွင် ၃၈ ဒသမ ၉ ဆဲလ်စီးယက်စ် အထိ အသီးသီးရောက်ရှိခဲ့သည်။
အပူလျှပ်ခြင်းအားကာကွယ်ရန် လေအေးပေးစက်များကို သင့်တင့်လျှောက်ပတ်စွာ အသုံးပြုရန်၊ အရည်များများ သောက်သုံးရန်၊ ဆားကိုမကြာခဏစားသုံးပေးရန် တာဝန်ရှိသူများက ပြည်သူလူထုအား အကြံပြုထားသည်။
လေဖိအားများရပ်ဝန်းအစွန်နားတွင်လိုက်ပါလာသော ပူနွေးစွတ်စိုသောလေထုကြောင့် လေထုမငြိမ်မသက်ဖြစ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟုမျှော်လင့်ထားကြသည်။
ယင်းဖြစ်စဉ်နှင့်အတူ တိုဟူကုမှကျူးရှူးဒေသအထိ ကျယ်ပြန်သောဧရိယာအတွင်း နေရာကွက်၍မိုးသည်းထန်မှုများ၊ မိုးကြိုးများကျရောက်စေနိုင်ကြောင်းသိရသည်။
ယင်းသို့နေရာကွက်၍မိုးကြီးမှုများဖြစ်ပေါ်ခဲ့ပါက မြေပြိုခြင်းများ၊ အနိမ့်ပိုင်းတွင်ရေကြီးခြင်းများ၊ မြစ်ရေတက်ခြင်းများကိုသတိပြုကြရန် အာဏာပိုင်များကပြည်သူများအားသတိပေးထားသည်။ ထို့ပြင် လျှပ်စီးလက်၍မိုးကြိုးပစ်နိုင်သည့်အန္တရာယ်၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများကို သတိပြုရန်လည်း အသိပေးထုတ်ပြန်ထားသည်။
NHK
#နိုင်ငံတကာသတင်း

image