ကိုရီးယား ၀က်သားကင် (ဝက်ဆလပ်ထုပ်)
------------------------------------------------

ကိုရီးယားကားတွေထဲကလို ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ထုပ်ပြီး စားတာမြင်ပြီးကတည်းက စားချင်နေတဲ့သူလေးတွေအတွက် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်စားလို့ရအောင် အရမ်းကောင်းတဲ့ ကိုရီယားစတိုင် ၀က်သားကင်နည်းလေးပါနော်...🧑‍🍳🧑‍🍳
#newyearseve အမီတင်ပေးလိုက်ပါတယ်ရှင့်...🥰❤️

ပါ၀င်ပစ္စည်းများ

၁။ ၀က်သား သုံးထပ်သား – ၃၀၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ)
၂။ ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
၃။ ငရုတ်သီးစိမ်း တောင့်ရှည် – ၁ခု (ပါးပါးလှီးပါ)
၄။ ကြက်သွန်ဖြူ – ၄ခု ( အရှည်ပါးပါးလှီးပါ)

နုပ်နုပ်စင်းထားရန် ပါ၀င်ပစ္စည်းများ

၁။ သစ်တော်သီး – ၁လုံး (ပါးပါးလှီးထားပါ)
၂။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
၃။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
၄။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၅။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၇။ ငရုတ်ကောင်းမှုန့် – အနည်းငယ်
၈။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၉။ ကိုရီယား ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၃ဇွန်း

ကင်နည်း

၁။ နုပ်နုပ်စင်းထားရန် ပါ၀င်ပစ္စည်းများဖြစ်သော (သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ)တို့ကို ကြိတ်စက်(blender) ဖြင့် ကြေညက်အောက် ကြိတ်ပေးပါ။

၂။ ပြီးနောက် ဇလုံတစ်ခုထဲ (၀က်သား၊ ကြိတ်ထားသော သစ်တော်သီး၊ ငရုတ်သီးနှစ်၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်) တို့ကို ထည့်လိုက်ပါ။

၃။ နုပ်ရန်ပါ၀င်ပစ္စည်း အားလုံးကို သမအောင် ရောနယ်ပြီး ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး နာရီ၀က်ခန့် နှပ်ထားပေးပါ။

၄။ ပြီးမှ မီးကင်ပြားကို ဆီအနည်းငယ်သုတ်ပြီး ၀က်သားများကို ကျက်သည်အထိ တစ်ဖက် ၅-၆ မိနစ်နှုန်းဖြင့် ကင်ပေးပါ။

၅။ ၀က်သားကင်များရပြီဆိုလျှင် ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီးတောင့်ရှည်၊ ကြက်သွန်ဖြူ ထည့်၍ ထုပ်ပြီး သုံးဆောင်လို့ရပါပြီရှင်…😋🤤

#crd_wutyee
#deliciousfoods

image

တစ်ရက်ကို သီဟိုဠ်စေ့ ၄ စေ့ စားရင် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမလဲ
သီဟိုဠ်စေ့ကို ခပ်ဆိမ့်ဆိမ့် အရသာလေးကြောင့် လူသိများကြပါတယ်။ သီဟိုဠ်စေ့ကို နေ့စဉ်စားနေတဲ့အစားအစာတွေ ထဲမှာ ထည့်သွင်းပြီး စားတဲ့ အခါ ခန္ဓာကိုယ်အတွက် အာဟာရဓါတ်တွေက အံ့အားသင့်ရလောက်အောင် ရလာမှာပါ။
9. အသားအရေ ကြည်လင်လာပါတယ်။
သီဟိုဠ်စေ့မှာ ကော့ပါးနဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အသားအရေ အတွက် အကျိုးပြုပါတယ်။ အင်တီအောက်ဆီးဒင့်က အသက်အရွယ် အိုမင်း ရင့်ရော်မှုကို လျှော့ချပေးပြီး ကော့ပါးမှာ ပါဝင်တဲ့ အင်ဇိုင်းပ အသားအရေကို တင်းရင်းစေပါတယ်။
8. ဖျားနာမှုတွေ နည်းပါးလာပါတယ်။
သီဟိုဠ်စေ့မှာ ဇင့်ဓါတ်လည်း ပါဝင်ပါတယ်။ ဇင့်ဓါတ်က ခန်ဓါကိုယျကို ကိုယ်ခံအားစနစ် အတွက် အရေးပါပါတယ်။ အဲဒါကြောင့် သီဟိုဠ်စေ့ 4 စေ့ကို နေ့စဉ် စားပေးရင် ဖျားနာတာတွေ နည်းသွားမှာပါ။
7. အရိုးတွေ သန်မာလာ ပါတယ်။
သီဟိုဠ်စေ့ကို တစ်နေ့တစ်ကြိမ် စားပေးတဲ့ အခါ နေ့စဉ် လိုအပ်တဲ့ ကော့ပါးဓါတ် 30% နဲ့ မဂ္ဂနီဆီယမ် 20 % ရရှိပါတယ်။ ကော့ပါးက အရိုးတွေသန်မာဖို့ အတွက် အားပေးပြီး မဂ္ဂနီဆီယမ်က ခန်ဓါကိုယျကို ကယ်လ်ဆီယမ်တွေ စုပ်ယူဖို့ ကူညီပေး ပါတယ်။ အဲဒါကြောင့် အရိုးပွရောဂါဖြစ်ဖို့ နည်းသွားမှာပါ။
6. မျက်လုံးကျန်းမာရေးကို ကောင်းစေပါတယ်။
သီဟိုဠ်စေ့မှာ ပါဝင်တဲ့ luteinနဲ့ zeaxanthin တွေက မျက်လုံး ကျန်းမာရေးအတွက် အရေးပါပါတယ် ။ သီဟိုဠ်စေ့ကို နေ့စဉ် စားပေးတဲ့ အခါ မျက်ကြည်လွှာကို ခရမ်းလွန် ရောင်ခြည်တွေ ကနေ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
5. ခေါင်းတစ်ခြမ်းကိုက် ရောဂါကိုလည်း ပျောက်စေပါတယ်။
မဂ္ဂနီဆီယမ်ချို့တဲ့တဲ့ အခါ သွေးပေါင်ချိန်မြင့်မားလာပြီး ခေါင်းကိုက်တာ၊ ခန်ဓါကိုယျ အစိတ်အပိုင်းတွေ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ မဂ္ဂနီဆီယမ် မျှမျှတတ ပါဝင်တဲ့ သီဟိုဌ်စေ့ကို ပုံမှန်စားပေးတဲ့အလာ ခေါင်းတစ်ခြမ်းကိုက်တာ သက်သာသွားမှာပါ။
4. သွားကျန်းမာရေးကို ကောင်းစေပါတယ်။
သီဟိုဠ်စေ့မှာပါဝင်တဲ့ Anacardic အက်ဆစ်က သွားပိုးစားစေတဲ့ ဘက်တီးရီးယားနဲ့ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေး ပါတယ်။
3. စွမ်းအင်ပြည့်သလို ခံစားရစေ ပါတယ်။
သီဟိုဠ်စေ့မှာ သတ္ထုဓါတ်၊ ဗီတာမင် E,K,B6၊ ကော့ပါး၊ ဖော့စဖောရပ်၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်တွေ ပါဝင်တာကြောင့် ခန်ဓါကိုယျရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။ အဲဒါကြောင့် တစ်နေ့လုံး အားပြည့်သလို ခံစားနေရမှာပါ။
2. ကိုယ်အလေးချိန် လျှော့ရာမှာလည်း လွယ်ကူစေပါတယ်။
သီဟိုဠ်ကို နေ့စဉ်စားတဲ့ အခါ ကိုယ်အလေးချိန် တက်သွားမယ်လို့ လူအများက ယုံကြည်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သီဟိုဠ်စေ့မှာ ပါဝင်တဲ့ အဆီက ကျန်းမာရေးနဲ့ သင့်လျော် ပါတယ်။ အဝလွန်ရောဂါ ဖြစ်နိုင်ခြေလည်း နည်းသွားမှာပါ။
1. ဆံပင်တွေကို တောက်ပစေပါတယ်။
သီဟိုဠ်စေ့မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်က ဆံပင်တွေကို တောက်ပစေတဲ့ အပြင် ဆံပင်ကျွတ်တာ ကိုလည်း သက်သာစေ ပါတယ်။ ဆံပင်ကိုလည်း ပျော့ပျောင်းစေ ပါတယ်။ ဒါ့အပြင် သီဟိုဠ်စေ့က မယ်လနင်လို့ခေါ်တဲ့ ရောင်ခြည်ပစ္စည်း ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။
Warning
သီဟိုဠ်စေ့ကို တစ်နေ့ကို 4 စေ့ ကနေ 5 စေ့ အထိပဲ စားဖို့လိုတာပါ။ အဲဒီထက် ပိုစားရင် ခေါင်းကိုက်တတ်ပါတယ်။
Credit original writter
#ကျန်းမာရေးဗဟုသုတ

image
30 w - Translate

#မဖတ်ရမြဲတတ်သည် #ရာဇာဝိဇယ
၂၁ရာစုရဲ့ ပွင့်လင်းမြင်သာတဲ့ Relationship ကို background ထားပြီး မိန်းခလေးတွေဖက်က အမြင်ရယ် ယောကျ်ားလေးတွေရဲ့ တွေးခေါ်စဉ်းစားပုံတွေရယ်ကို ရှင်းရှင်း ဘွင်းဘွင်းကြီး အရှိကိုအရှိအတိုင်း ချပြထားတဲ့ စာအုပ်ပါ။
အခန်း (၂၉)ခန်းပါပါတယ်။

ကျွန်တော်ကတော့ စာအုပ်ထဲမှာမိန်းကလေးတွေရဲ့ တွေးခေါ်ပုံတွေကို စာရေးသူသုံးသပ်ပြထားတာက ၉၀%ရာခိုင်နှုန်းလောက် မှန်တယ်လို့ပြောချင်ပါတယ်။

ဒါပေမယ့် ဆန့်ကျင်ဘက်လိင် ရဲ့တွေးခေါ်ပုံတွေကို ဒီလိုတွေးခေါ်တတ်ပါလားဆိုတာ စိတ်ထဲက ကြိုတင်တွေးထားမိတတ်ပေမယ့် စာရေးသူက ငါတို့ ယောကျ်ားထုကြီး ဒီလိုတွေးတတ်ကြပါတယ်ဆိုတာ စာအုပ်လိုက်ကြီး အတည်ချပြလာတော့ စာအုပ်ဖတ်နေရင်း a bit shocked & emotional ဖြစ်ရပါတယ်။

တကယ်နှစ်ရှည်လများတွဲလာတဲ့ RS တွေ အတွက် အဖတ်သင့်ဆုံး စာအုပ်ပါ။ မှတ်ချက်။ ။ အသက် ၁၂နှစ် အောက် ကလေးတွေနဲ့ ကိုယ့်ရဲ့ partner ဘေးမှာ ရှိတဲ့ အချိန် ဒီစာအုပ် မဖတ်သင့်ဘူးလို့ စာရေးသူက မှာထားပါတယ် ။(နှောင်ဂျိန်ပလေး ချင်ရင်တော့ မတားလိုပါ (kidding 😛)
ပြီးတော့ ရှေးရိုးစွဲ ဒါမှဒါပဲ ဆိုတဲ့ culture က အရမ်းလွှမ်းမိုးခံထားရတဲ့သူတွေဆိုလည်း စာအုပ်ထဲက အကြောင်းရာတွေက ယုန်တောင်ပြေး ခွေးမြောက်လိုက် ဖြစ်နေမှာပါ။

စာအုပ်တန်ဖိုး (၇၀၀၀)ကျပ် ဆိုပေမယ့်
အဲ့ထက်အများကြီးတန်တဲ့ ဗဟုသုတတွေရလို့ ဖတ်ရတာ တကယ်တန်တဲ့ စာအုပ်လို့ညွှန်းချင်ပါတယ်။
#self_esteem “ဆိုတဲ့ ခေါင်းစဉ်လေးထဲက စာသားလေးတွေကို နှစ်ခြိုက်လွန်းလို့ အနည်းငယ် spoil လိုက်ပါတယ်။
“Confidence ရှိသူဟာ ငါဘာကောင်ကြီးလို့ ပြောပါမယ်။Esteem သမားကတော့ ကျွန်တော်ဘာကောင်ကြီးလဲဆိုတာ အရေးမကြီးပါဘူးလို့ နှိမ့်ချပါမယ်။
ဒါမှမဟုတ် ကျွန်တော်က ဘာကောင်မှ မဟုတ်ပေမယ့် ခင်ဗျားဘာကောင်ကြီးဖြစ်နေနေ မကြောက်ပါဘူးလို့ ရဲရင့်ပါမယ်။
Confidence သမားက တစ်နေ့ ငါပလ္လင်ပေါ် ထိုင်နိုင်ရမယ်လို့ ကြွေးကြော်ပါတယ်။
မလိုအပ်တဲ့အခါ ကြမ်းပြင်ပေါ်မှာ သက်တောင့်သက်သာ ဆင်းထိုင်နိုင်ပြီး လိုအပ်တဲ့အခါ ပလ္လင်ပေါ်မှာ သက်တောင့်သက်သာ တက်ထိုင်နိုင်တာကိုတော့ self esteem ကောင်းတယ်လို့ခေါ်ပါတယ်။

ဒီအချိန် အရေးတော်ပုံ ကာလအတွင်း စိတ်တွေမွန်းကြပ်လာခဲ့သည်ရှိသော် စာအုပ်လေးတွေကို အဖော်ပြုဖို့ သတိရပါ။📚❤

Book Review By- Htet
📖🌿(ခွင့်ပြုချက်ယူပြီး)
------------

image

ဘွန်ဒစ်လီဂါမှာ ဟက်ထရစ်ရှစ်ကြိမ်ရှိလာတဲ့ ဟာရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ လိုက်ပ်ဇစ်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဟက်ထရစ်ဟာ ဘွန်ဒစ်လီဂါကစားသမားဘ၀ ရှစ်ကြိမ်မြောက်
ဟက်ထရစ် ဖြစ်ခဲ့ပါတယ်။
ဟာရီကိန်းအနေနဲ့ ဒီဟက်ထရစ်ကို ၁၄ မိနစ်အတွင်း သွင်းယူခဲ့တာလည်းဖြစ်တယ်။
၎င်းဟာ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဟက်ထရစ်လေးကြိမ်(ဘိုဟုမ်၊ ဒမ်းစတက်ဒ်၊ ဒေါ့မွန်နဲ့ မိန့်ဇ်)၊ ၂၀၂၄-၂၅ ရာသီမှာ ဟက်ထရစ် သုံးကြိမ် (ဟော်စတိုင်ကီလ်၊
စတုဂတ်၊ အော့စ်ဘတ်) သွင်းယူခဲ့ပါတယ်။
ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၉၈ ပွဲကစားထားရာမှာ သွင်းဂိုးပေါင်းကလည်း ၈၉ ဂိုး ရှိလာခဲ့တယ်။
၎င်းအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာသီမှာ ပြိုင်ပွဲစုံ ၄၄ ဂိုး၊ ၄၁ ဂိုး အသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။
အခုရာသီသစ်မှာတော့ နှစ်ပွဲကစားအပြီးမှာပဲ သွင်းဂိုးပေါင်းက လေးဂိုးအထိ ရှိလာခဲ့ပါတယ်။
လီဗာပူးလ်ကနေ ပေါင် ၆၅.၅ သန်းနဲ့ ရောက်ရှိလာတဲ့ လူးဝစ်ဒီယက်ဇ်ကလည်း ဘွန်ဒစ်လီဂါပွဲဦးထွက်မှာ တစ်ဂိုးသွင်းပြီး နှစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။
Photos: FC Bayern

မင်္ဂလာပါရှင် ဖတ်ဖြစ်ခဲ့တဲ့စာအုပ် ဆရာမနုနုရည်(အင်းဝ)ရဲ့ လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ ဆိုတဲ့ ရသစာပေဝတ္ထုတစ်ပုဒ်ကို sharing လုပ်ပေးချင်ပါတယ်ရှင်။

စာအုပ်အမည် _ လဝန်းစက်ဝိုင်းထက်ပိုင်းပြတ်ကြွေ

စာရေးဆရာ _ နုနုရည်(အင်းဝ)

အမျိုးအစား _ ရသစာပေ( စိတ်ပညာနှင့်ဆက်နွှယ်ပြီးရေးဖွဲ့ထားသော မိန်းကလေးတစ်ယောက်ရဲ့ဘဝအကြောင်း)

စာမျက်နှာ _ ၂၃၇

ဒီစာအုပ်ကလွန်ခဲ့တော့၂၈နှစ်ခန့်ကရေးသားခဲ့တဲ့စာအုပ်တစ်အုပ်လို့အမှာစာမှာဖော်ပြထားပါတယ်။ဆရာမကဒီစာအုပ်ကိုရေးဖို့ စံလွဲစိတ်ပညာအကြောင်း၊ ကျားမခွဲခြားမှု၊ အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence) စသည့် စိတ်ပညာဘာသာရပ်ဆိုင်ရာ စာအုပ်တွေဖတ်ခဲ့ရတယ်လို့ သိရပါတယ်။

ထူးခြားတာတစ်ခုကတော့ စာအုပ်ထဲက ဇာတ်လိုက်ဖြစ်တဲ့မိန်းကလေးဟာ သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အကြောင်းတွေ၊ မြင်ရတွေ့ရတဲ့အရာတွေ၊ ဖြစ်ချင်တာတွေကို သူချစ်ရတဲ့ သူ့အရုပ်လေး “ ဒေါ်လီ” ကိုပြန်ပြောပြနေတဲ့ပုံစံမျိုးရေးဖွဲ့ထားတာဖြစ်ပါတယ်။

ဇာတ်လိုက်မိန်းကလေးက သူ့ဘဝမှာ ‌နာမည် ၃ ခုနဲ့နေထိုင်ခဲ့ရတယ်။ ဘာလို့နာမည်၃ခုနဲ့ နေခဲ့ရတဲ့အကြောင်း‌ကိုပြောပြချင်တာဖြစ်လို့ spoil ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင်။

“ အမှောင်ကို ကြောက်တယ် . .

နှင်းဆီပန်းတွေကို မုန်းတယ် . . .

ပုလဲလုံးတွေကို မုန်းတယ် . . .

အတွယ်တာဆုံးကတော့ . . .

ငယ်ငယ်လေးကတည်းက

မခွဲမခွာအတူနေခဲ့တဲ့

ဒေါ်လီအရုပ်ကလေးပေါ့ . . . ။”

လဝန်းစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေ

ခွေးနီမ

ခွေးနီမတဲ့ ကြီးတော်ခေါ်တဲ့နာမည်လေ သူသိပ်မုန်းတဲ့နာမည်ပေါ့။ ၇လနှင့်မွေးလို့ အဖေကသူ့သမီး မဟုတ်ဟုစွပ်စွဲကာ သူ့မိဘတွေရန်‌တွေဖြစ်၊ ကွဲကြကွာကြပြီး ငယ်စဉ်အခါကတည်းက သူ့ကိုကြီးတော်ဆီမှာပစ်ထားခဲ့ကြတယ်။ ကြီးတော်ရဲ့ လက်အောက်မှာ ကြီးပြင်းခဲ့တဲ့သူဟာ ငယ်ငယ်ကတည်းကမပြောရဲမဆိုရဲ၊ ‌ကြီးတော်ကို အင်မတန် ကြောက်ခဲ့ရသူဖြစ်တယ်။ ထိုချိန်ကတည်းက ဒေါ်လီ အရုပ်ကလေးဟာ သူ့အတွက် တွယ်တာရာ၊ သူ့ခံစားချက်တွေကိုထုတ်ဖော်ရာ ထွက်ပေါက်လေးတစ်ခု ဖြစ်လာတယ်။ လူကြီးတစ်ယောက်ရဲ့ဆိုဆုံးမမှု မှားယွင်းပုံကြောင့် ထိုစဉ်ကတည်း ကလေးငယ်တစ်ယောက်ဟာ စိတ်တွင်းအနာတရ ဖြစ်လာတတ်တယ်။

ခင်ကျော်လေး

ခင်ကျော်လေးတဲ့ မိဘတွေနာမည်နှစ်ခုစလုံးပါတဲ့နာမည်လေးပေါ့၊ သူ့အမေပေးထားတဲ့ သူသိပ်ကြိုက်တဲ့နာမည်လေးပေါ့။

ကြီးတော်ဆုံးပါးပြီးနောက်မှာ သူဟာ သူ့‌အမေကလာခေါ်ခဲ့တယ်။ သူ့အမေနှင့် နေရမယ်ဆိုတော့သူပျော်ခဲ့တာပေါ့။ သို့သော် သူသည် သူ့အမေရဲ့နောက်အိမ်ထောင်ရယ်၊ သူ့ရဲ့မအေတူ‌ဖအေကွဲ မောင်နှမတွေရှိသော ထိုအိမ်၌ ကျောင်းတက်ရင်း ကျဉ်းကျပ်စွာ လိုက်နေခဲ့ရတယ်။ အမေရဲ့ ချစ်မေတ္တာကိုတစ်ယောက်ထဲအပိုင်ရချင်သောသူဟာ မောင်နှမတွေအပေါ်မနာလိုဝန်တိုမှု‌တွေတိုးလာခဲ့တယ်။ ကျောင်းတွေပိတ်ချိန်မှာတော့ အဖေ့အိမ်မှာသွားနေခဲ့ရတယ်။ အဖေ့နောက်အိမ်ထောင်ရယ်၊ ‌ကျန်းမာရေးမကောင်းသော ဖအေတူမအေကွဲမောင်နှင့် ထပ်၍နေထိုင်ခဲ့ရပြန်တယ်။ အဲဒီနောက်မှာ သူရဲ့စိတ်အတွင်း မှာလည်း အနာတရဖြစ်စရာတွေပိုများလာခဲ့ပြန်ပါတယ်။

ခင်ငြိမ်းအေး

“ခင်ငြိမ်းအေး” သူကိုယ်တိုင်ပြောင်းခဲ့တဲ့နာမည်‌လေးပေါ့။ သူ့ကိုကြီးခေါ်တာတော့ငြိမ်းတဲ့။

မူလတန်းပြဆရာမလေးငြိမ်း၊ သူချစ်ခင်နှစ်သက်ရ‌သူ ကိုကြီးနှင့် လက်ထက်ခဲ့သောငြိမ်း။

ထိုနာမည် သုံးခုနှင့် မိန်းကလေးဟာ သူ့ဘဝဘယ်လိုနေထိုင်ခဲ့ရလဲ၊ ဘယ်လိုကြီးပြင်း လာခဲ့လဲ၊ သူ့ရဲ့အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်မလဲ၊ သူမျှော်မှန်းထားသလို အေးချမ်း သာယာတဲ့ဘဝမျိုးရနိုင်မလားဆိုတာဖတ်ရှုရမှာဖြစ်ပါတယ်။ ပုံစံတစ်မျိုးကွဲထွက်နေတဲ့ စာအုပ်လေးမလို့ ဖတ်ကြည့်ကြဖို့အကြံပြုချင်ပါတယ်ရှင်။

ဒီစာအုပ်ကိုဖတ်နေရင်း တော်တော်ကိုမွန်းကြပ်ရပါတယ်၊ အရေးအသားက ကိုယ်တိုင် တွေ့ကြုံနေရသလို ဖတ်နေရင်းနဲ့ကို မွန်းကြပ်ပြီးစိတ်ညစ်သွားတယ်။ ဇာတ်လိုက် မိန်းကလေးကိုတော့ သနားဂရုဏာသက်ရပြန်ပါရော။ စိတ်အဆင်မပြေတဲ့အချိန်မှာ တော့မဖတ်သင့်ဘူးလို့ထင်ပါတယ်။

Rating _3.9/5 မကြိုက်တဲ့အချက်တော့ရှိပါတယ်။ ဇာတ်အရမ်းနာပါတယ်။ ကိုယ့်အမြင်အရ အဲလိုပုံစံမျိုးသိပ်မကြိုက်လို့ပါ။
အမှားပါရင်နားလည်ခွင့်လွှတ်ပေးကြပါရှင်။
>>Review by Helena

#နုနုရည်အင်းဝ
#လဝန်းစက်ဝိုင်းထက်ပိုင်းပြန်ကြွေ
#allinbookshelenasharing
#bookreview #books #သင်္ကြန် #စိတ်ကူးချိုချို

image
30 w - Translate

"မိဘများရဲ့နောက်ဆုံးအချိန်..."
~~~~~~~~~~~~~~~~~~~
လူ့ဘဝကြီးထဲကို
ခေါ်ဆောင်လာခဲ့တဲ့ မိဘများကို
နောက်ဆုံးအချိန်မှာ
ပျော်အောင်ထားပေးပါ။
မိဘများ လူ့လောကထဲမှာရှိနေတုန်း
ပြုစုပါ ယုယပေးပါ။
လောကမှာ အစားထိုးမရနိုင်တဲ့သူတွေဟာ
မိဘများပါပဲ။
ယခု သင်ဆင်းရဲချင်ဆင်းရဲလိမ့်မယ်
ချမ်းသာချင်ချမ်းသာလိမ့်မယ်။
မိသားစုအသိုင်းအဝိုင်း
သူငယ်ချင်းတွေနဲ့သာ
အချိန်ကုန်ချင်ကုန်နေလိမ့်မယ်။
မိဘတွေကို အချိန်ပေးဖို့
မမေ့​လျော့လိုက်ပါနဲ့။
ငွေမရှိပေမယ့်လည်း
မိဘများကိုပြုစုနိုင်ပါတယ်။
မိဘတွေကို ပျော်အောင်ထားပါ။
သူတို့ရဲ့နောက်ဆုံးနေဝင်ချိန်မှာ
စိတ်ချမ်းသာအောင်ထားရှိခြင်းဖြင့်
သင့်ဘဝ နောက်ဆုံးအချိန်မှာလည်း
စ်ိတ်ချမ်းသာပါလိမ့်မယ်။
ကျော်လင်းနိုင်(ရိုးရာလေး)
🙏🙏🙏🙏🙏🙏🙏🙏🙏

image