Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◼ သက်ကြီးဘိုးဘွားများ၏လူမှုရေးပင်စင် ၁၀,၀၀၀ ကျပ် စက်တင်ဘာဒုတိယပတ်မှသာ ထုတ်ယူနိုင်မည်ဟုဆို
အသက်(၈၅) နှစ်အထက်သက်ကြီးဘိုးဘွားများအား ပေးအပ်မည့်လူမှုရေးပင်စင် ၁၀,၀၀၀ ကျပ်ကို စက်တင်ဘာဒုတိယပတ်မှသာ စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
အဆိုပါလူမှုရေးပင်စင်ကို ယနေ့(စက်တင်ဘာ ၁ ရက်)မှ နိုဝင်ဘာ ၂၈ ရက်အထိ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင်ထုတ်ပေးမည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line နံပါတ်သို့ စံတော်ချိန် ဒစ်ဂျစ်တယ်မှဆက်သွယ်မေးမြန်းရာ ဘဏ်ခွဲတိုင်းတွင် ထောက်ပံ့ငွေမရောက်ရှိသေး၍ထုတ်ယူ၍ မရနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
"လူမှုရေးပင်စင်နဲ့ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကိုလည်းမေးလို့ရပါတယ်။ ထောက်ပံ့ငွေက ၁၀,၀၀၀ ပါ။ သုံးလတစ်ဖြတ်နဲ့စုစုပေါင်း ၃၀၀၀၀ ကျပ်ထုတ်ပေးမှာပါ။ လျှောက်လွှာတင်ပြီးလို့ ထုတ်မယ်ဆိုရင် ဒီလဒုတိယအပတ်လောက်မှပဲသွားထုတ်လိုက်ပါနော်။ အခုကပိုက်ဆံမဝင်သေးဘူး။ စာတွေပဲရောက်တာဆိုတော့ တချို့ဘဏ်တွေကမထုတ်ပေးဘူး။ မြောက်ဒဂုံဘက်က ဘဏ်တွေရောပဲ။ အခုဘဏ်တိုင်းကို ပိုက်ဆံမရောက်သေးဘူး" ဟု အဆိုပါ Help Line မှတာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
လျှောက်ထားသူ သက်ကြီးဘိုးဘွားများ၏ နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) အိမ်ထောင်စုစာရင်း မိတ္တူ၊ (၄"x၆" အရွယ်ဓာတ်ပုံ၊ ငွေထုတ်ယူမည့် ကိုယ်စားလှယ်(သား၊ သမီး၊ မြေး) ၏ နိုင်ငံသားစိစစ် ရေးကတ်မိတ္တူဖြင့် သတ်မှတ်လျှောက်လွှာပုံစံဖြည့်သွင်း၍ ပြီးခဲ့သည့်မေ ၃၁ ရက်နောက်ဆုံးထား၍ စာရင်းသွင်းခြင်းကို လက်ခံခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါလူမှုရေးပင်စင်လျှောက်ထားရာတွင် ၁၉၄၀ ခုနှစ်၊ မတ်လ ၃၀ ရက်မတိုင်မီမွေးဖွားသည့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်လျှောက်ထားခဲ့သူ အဆိုပါ သက်ကြီးဘိုးဘွားများကို တစ်ဦးလျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် စုစုပေါင်း ၃၀,၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနကထုတ်ပြန်သည်။
"အန်တီတို့ အဖေရှိတုန်းကလည်း လူမှုရေးပင်စင်ရခဲ့ပါတယ်။ ၂၀၁၇ လောက်ကဖြစ်မယ်။ အဲဒီတုန်းက လည်း ၁၀,၀၀၀ ပေးတာပဲ။ အမှန်တော့ အသက်(၈၅) နှစ်အထက်ဆို လူကြီးတွေကသိပ်မကျန်တော့ ဘူးလေ။ တကယ်ပေးချင်ရင် အသက်အပိုင်းအခြားကိုပြန်ပြင်သင့်တယ်။ နောက်ပြီး ၁၀,၀၀၀ ဆိုတာက စာရွက် စာတမ်းကြေးနဲ့တင်ကုန်နေပြီ။ အသွားအပြန် တက္ကစီခတောင်မရှိဘူး။
အခုခေတ်အနေအထား အရ သွားစရိတ်လာစရိတ်လည်းကာမိအောင် ၅၀,၀၀၀ လောက်ပေးရင်တောင်မဆိုးဘူးပေါ့" ဟု လူမှုရေးပင်စင်ထုတ်ခဲ့ဖူးသည့် သက်ကြီးအမျိုးသားတစ်ဦး၏မိသားစုဝင်တစ်ဦးကပြောသည်။
သတ်မှတ်ထားသည့်ရက်များအတွင်းထုတ်ပေးမည်ဖြစ်ပြီး လာရောက်ထုတ်ယူမည့် အကျိုးခံစားခွင့်ရှိသူ ကိုယ်တိုင်(သို့မဟုတ်) ကိုယ်စားလှယ်များမှ နိုင်ငံသားအသိမှတ်ပြုကတ်ပြား (မူရင်း) ကိုယူဆောင်လာ ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်အသိပေးထားသည်။
သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက်(၉၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကိုထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ အသက်(၈၅) နှစ်နှင့်အထက်ပြောင်းလဲ၍တစ်ဦးလျှင်တစ်လ ၁၀,၀၀၀ ကျပ်နှုန်းဖြင့် သုံးလလျှင်တစ်ကြိမ်ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်တစ်ကြိမ်လျှင် ၃၀,၀၀၀ ကျပ် နှုန်းဖြင့် နှစ်ကြိမ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - လူမှုဝန်ထမ်းဦးစီးဌာန
(၂၀၁၈-၂၀၁၉ ခုနှစ်၊ လူမှုရေးပင်စင်စာအုပ်အဟောင်းပုံ)
#ပြည်တွင်းသတင်း
မွှေးကြိုင်တဲ့ ဝက်သားချဉ်ကင်!
ဒီနည်းလမ်းလေးအတိုင်း လုပ်ကြည့်ပါ၊ စိတ်ကြိုက်တွေ့သွားပါလိမ့်မယ်။
ထိုင်းလမ်းဘေးဆိုင်တွေမှာရောင်းတဲ့အရသာအတိုင်း အရသာကလည်း တော်တော်ကောင်းပြီး ဝက်သားလည်း ပေါများပါတယ်။ 😋😋✅✅
ဝက်သားချဉ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ......
* ဝက်သားကြိတ် ၉၀၀ ဂရမ်
* ကြက်သွန်ဖြူ ၁၀၀ ဂရမ် (ညက်နေအောင်ထောင်းပါ)
* ပေါင်းပြီးသား ကောက်ညှင်းပေါင်း ၁၂၀ ဂရမ်
* ဆားမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
* အရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ဝက်အရေခွံ
(စိတ်ကြိုက်ထည့်နိုင်သည်၊ အခုလုပ်တာက မထည့်ထားပါ)
* ဒီပမာဏက အထုပ် ၁၀-၁၁ ထုပ်ခန့် ပြုလုပ်နိုင်ပါသည်။
ပြုလုပ်ပုံအဆင့်ဆင့်......
၁။ ဝက်သားကြိတ် ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ပေါင်းပြီးသား ကောက်ညှင်းပေါင်း၊ ဆားမှုန့်၊ အရသာမှုန့်တို့ကို ရောစပ်ပြီး ကောင်းစွာရောမွှေကာ ပျစ်လာသည်အထိ နယ်ပါ။
၂။ ၄ x ၇ လက်မ အရွယ်အစားရှိ အိတ်ထဲသို့ ဝက်သားချဉ်အရောအနှောကို တစ်ထုပ်လျှင် ၁၀၀ ဂရမ်ခန့် ထည့်ပြီး စိတ်ကြိုက် ငရုတ်သီးစိမ်း ထည့်နိုင်ပါသည်။ အိတ်ထဲမှ လေများကုန်အောင်ဖယ်ထုတ်ပြီး ပုံပါအတိုင်း အလုံးလေးများဖြစ်အောင် လိပ်၍ ပတ်ပါ။ ပုံထဲကအတိုင်း ရော်ဘာကြိုးဖြင့် စည်းပါ။ ပုံမှန် အပူချိန်ဖြင့် ၁-၂ ရက်ထားပါက အသင့်တော်ဆုံး ချဉ်သောအရသာကို ရရှိပါမည်။
၃။ မီးအေးအေးဖြင့် ကင်ခြင်း သို့မဟုတ် အသင့်အတင့် နူးနပ်သည်အထိ မီးဖို၌ ဖုတ်ပြီး စားသုံးနိုင်ပါတယ်။